ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲနေ့ ပွဲစဉ်များ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်များ

ဥရောပ ထိပ်သီး ပြိုင်ပွဲ ဖြစ်တဲ့ ယူအီးအက်ဖ်အေရဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲ အုပ်စုအဆင့် ပွဲတွေကတော့ ဒီတစ်ပတ် စတင်ပြီ ဖြစ်ပါတယ်။ ဥရောပ လိဂ် အသီးသီးက ထိပ်သီး အသင်းတွေသာ ပြိုင်ဆိုင်ခွင့် ရတဲ့ နေရာ ဖြစ်တာကြောင့် တခြား ပြိုင်ပွဲတွေထက် အားထုတ်မှုရော ပြိုင်ဆိုင်မှု ပါ ပြင်းထန်တာကြောင့် ကြည့်ကောင်းတဲ့ ပွဲတွေ များစွာ ရှိပါတယ်။

ဒီတစ်ပတ်မှာတော့ အင်္ဂလန်မှ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူး၊ ချယ်ဆီးအသင်းတို့ ပွဲစဉ်တွေပါ အဖွင့်ပွဲမှာ ပါဝင်နေပါတယ်။ ဒီပွဲတွေ အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ပီအက်စ်ဂျီ Vs မန်ယူနိုက်တက်

ပွဲချိန်။ ။ အောက်တိုဘာ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၃၀ နာရီ

မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့ညမှာ နယူးကာဆယ်ကို လေးဂိုး တစ်ဂိုးနဲ့ ရင်ခုန်ပွဲ နိုင်ပွဲ ရထားပါတယ်။ ဒါပေမယ့် ပဲရစ်မှာတော့ အဲဒီပွဲထက် များစွာ ခက်ခဲတဲ့ စမ်းသပ်မှုက စောင့်နေမှာပါ။ နေမာ အမ်ဘတ်ပီလို ကစားသမားတွေက ယူနိုက်တက် အတွက် ရင်ဆိုင်ဖို့ သိပ်ကွာလွန်းနေပါတယ်။ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဗိုလ်လုပွဲထိ ရောက်ထားတဲ့ ပီအက်စ်ဂျီကပဲ ဒီပွဲကနေ အမှတ်ပြည့် ရသွားမယ် ကျနော် ထင်ပါတယ်။ နှစ်သင်းလုံးကတော့ ဂိုးသွင်းမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ ပီအက်စ်ဂျီ 2-1 မန်ယူနိုက်တက်

ချယ်ဆီး Vs ဆီဗီလာ

ပွဲချိန်။ ။ အောက်တိုဘာ ၂၁ ရက် (ဗုဒ္ဓဟူးနေ့) နံနက် ၁း၃၀ နာရီ

ချယ်ဆီးက ဒီပွဲမတိုင်ခင်မှာ ဆောက်သမ်တန်နဲ့ ပွဲကို ၂ဂိုး အသာနဲ့ ဦးဆောင်ပြီးကာမှ ၃-၃ ရလဒ်နဲ့ သရေကျထားခဲ့ပါတယ်။ ဒါဟာ ဒီရာသီ ချယ်ဆီးတို့ ၃-၃- နဲ့ သရေကျတဲ့ ဒုတိယ အကြိမ် ဖြစ်ပါတယ်။ ဒီပွဲမှလည်း သွင်းဂိုးတွေ မြင်ရဦးမယ်လို့ ကျနော် မျှော်လင့်ထားတယ်။ ဆီဗီလာကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ပွဲမှာ ဂရာနာဒါကို ရှုံးနိမ့်ထားတယ်။ မျှမျှ တတ ပြောရရင်တော့ ဒီနှစ်သင်းလုံးက ရလဒ်ကောင်းဖို့ လိုနေပါပြီ။ တီမိုဗာနာ ကတော့ စနေနေ့က ပွဲမှာ ဂိုးပေါက် တွေ့ခဲ့ပြီ ဖြစ်ပါတယ်။ သူသာ အဲဒီပွဲလို ကြွေတက်နေရင်တော့ ချယ်ဆီးပဲ အသာရသွားပါမယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ချယ်ဆီး 2-1 ဆီဗီလာ

မန်စီးတီး Vs ပေါ်တို

ပွဲချိန်။ ။ အောက်တိုဘာ ၂၂ ရက် (ကြာသပတေးနေ့) နံနက် ၁း၃၀ နာရီ

မန်စီးတီးကတော့ ပြီးခဲ့တဲ့ ပွဲမှာ အာဆင်နယ်ကို အနိုင်ယူပြီး ဒီပွဲကို ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။ စီးတီဇန်တွေကတော့ သူတို့ရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလားကို ယူဖို့ မျှော်လင့်ချက် အပြည့် ရှိနေတာကြောင့် ဒီပွဲမှာ အမှတ်ပြည့်ထက် နည်းနည်းမှ အလျော့ခံစရာ မမြင်ပါဘူး။ ပေါ်တိုက ပြီးခဲ့တဲ့ ရာသီကနေ တိုးတက်လာပေမယ့် မန်စီးတီး အတွက်တော့ ပြိုင်ဘက် မဟုတ်သေးပါဘူး။

အိုဝင် ခန့်မှန်းရလဒ်။ ။ မန်စီးတီး 3-0 ပေါ်တို

အေဂျက် Vs လီဗာပူး

ပွဲချိန်။ ။ အောက်တိုဘာ ၂၂ ရက် (ကြာသပတေးနေ့) နံနက် ၁း၃၀ နာရီ

ဒီပွဲကတော့ ချန်ပီယံလိဂ် ဟဲဗီးဝိတ် နှစ်သင်း တွေ့တာ ဖြစ်ပြီး အေဂျက်က လီဗာပူးကို အမ်စတာဒမ်မှာ ဧည့်ခံမှာ ဖြစ်ပါတယ်။ လုံး၀ အကြမ်းစား ပွဲတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ လီဗာပူးကတော့ ပြီးခဲ့တဲ့ စနေက အမှတ်ပြည့် မယူနိုင်ခဲ့တာ ကံမကောင်းခဲ့ပါဘူး။ ဒီပွဲမှာတော့ နှစ်သင်းလုံး သိပ်မကွာပေမယ့် လီဗာပူး တိုက်စစ်အားက အိမ်ရှင် အသင်း အတွက် ကိုင်တွယ်ဖို့ ခက်ခဲပါလိမ့်မယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ အေဂျက် 1-2 လီဗာပူး

Zawgyi – ဥေရာပ ထိပ္သီး ျပိဳင္ပြဲ ျဖစ္တဲ့ ယူအီးအက္ဖ္ေအရဲ႕ ခ်န္ပီယံလိဂ္ ျပိဳင္ပြဲ အုပ္စုအဆင့္ ပြဲေတြကေတာ့ ဒီတစ္ပတ္ စတင္ျပီ ျဖစ္ပါတယ္။ ဥေရာပ လိဂ္ အသီးသီးက ထိပ္သီး အသင္းေတြသာ ျပိဳင္ဆိုင္ခြင့္ ရတဲ့ ေနရာ ျဖစ္တာေၾကာင့္ တျခား ျပိဳင္ပြဲေတြထက္ အားထုတ္မႈေရာ ျပိဳင္ဆိုင္မႈ ပါ ျပင္းထန္တာေၾကာင့္ ၾကည့္ေကာင္းတဲ့ ပြဲေတြ မ်ားစြာ ရွိပါတယ္။

ဒီတစ္ပတ္မွာေတာ့ အဂၤလန္မွ ပရီးမီးယားလိဂ္ ကလပ္ေတြ ျဖစ္တဲ့ မန္စီးတီး၊ ယူနိုက္တက္၊ လီဗာပူး၊ ခ်ယ္ဆီးအသင္းတို႔ ပြဲစဥ္ေတြပါ အဖြင့္ပြဲမွာ ပါ၀င္ေနပါတယ္။ ဒီပြဲေတြ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ပီအက္စ္ဂ်ီ Vs မန္ယူနိုက္တက္

ပြဲခ်ိန္။ ။ ေအာက္တိုဘာ ၂၁ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၃၀ နာရီ

မန္ခ်က္စတာ ယူနိုက္တက္ဟာ စေနေန႔ညမွာ နယူးကာဆယ္ကို ေလးဂိုး တစ္ဂိုးနဲ႕ ရင္ခုန္ပြဲ နုိင္ပြဲ ရထားပါတယ္။ ဒါေပမယ့္ ပဲရစ္မွာေတာ့ အဲဒီပြဲထက္ မ်ားစြာ ခက္ခဲတဲ့ စမ္းသပ္မႈက ေစာင့္ေနမွာပါ။ ေနမာ အမ္ဘတ္ပီလို ကစားသမားေတြက ယူနိုက္တက္ အတြက္ ရင္ဆိုင္ဖို႔ သိပ္ကြာလြန္းေနပါတယ္။ ျပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲထိ ေရာက္ထားတဲ့ ပီအက္စ္ဂ်ီကပဲ ဒီပြဲကေန အမွတ္ျပည့္ ရသြားမယ္ က်ေနာ္ ထင္ပါတယ္။ နွစ္သင္းလံုးကေတာ့ ဂိုးသြင္းမွာပါ။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ပီအက္စ္ဂ်ီ 2-1 မန္ယူနိုက္တက္

ခ်ယ္ဆီး Vs ဆီဗီလာ

ပြဲခ်ိန္။ ။ ေအာက္တိုဘာ ၂၁ ရက္ (ဗုဒၶဟူးေန႔) နံနက္ ၁း၃၀ နာရီ

ခ်ယ္ဆီးက ဒီပြဲမတိုင္ခင္မွာ ေဆာက္သမ္တန္နဲ႕ ပြဲကို ၂ဂိုး အသာနဲ႕ ဦးေဆာင္ျပီးကာမွ ၃-၃ ရလဒ္နဲ႕ သေရက်ထားခဲ့ပါတယ္။ ဒါဟာ ဒီရာသီ ခ်ယ္ဆီးတို႔ ၃-၃- နဲ႕ သေရက်တဲ့ ဒုတိယ အၾကိမ္ ျဖစ္ပါတယ္။ ဒီပြဲမွလည္း သြင္းဂိုးေတြ ျမင္ရဦးမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ ဆီဗီလာကေတာ့ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က ပြဲမွာ ဂရာနာဒါကို ရွံဳးနိမ့္ထားတယ္။ မွ်မွ် တတ ေျပာရရင္ေတာ့ ဒီနွစ္သင္းလံုးက ရလဒ္ေကာင္းဖို႔ လိုေနပါျပီ။ တီမိုဗာနာ ကေတာ့ စေနေန႔က ပြဲမွာ ဂိုးေပါက္ ေတြ႔ခဲ့ျပီ ျဖစ္ပါတယ္။ သူသာ အဲဒီပြဲလို ေၾကြတက္ေနရင္ေတာ့ ခ်ယ္ဆီးပဲ အသာရသြားပါမယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ခ်ယ္ဆီး 2-1 ဆီဗီလာ

မန္စီးတီး Vs ေပၚတို

ပြဲခ်ိန္။ ။ ေအာက္တိုဘာ ၂၂ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၃၀ နာရီ

မန္စီးတီးကေတာ့ ျပီးခဲ့တဲ့ ပြဲမွာ အာဆင္နယ္ကို အနုိင္ယူျပီး ဒီပြဲကို ယွဥ္ျပိဳင္တာ ျဖစ္ပါတယ္။ စီးတီဇန္ေတြကေတာ့ သူတို႔ရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ဖလားကို ယူဖို႔ ေမွ်ာ္လင့္ခ်က္ အျပည့္ ရွိေနတာေၾကာင့္ ဒီပြဲမွာ အမွတ္ျပည့္ထက္ နည္းနည္းမွ အေလ်ာ့ခံစရာ မျမင္ပါဘူး။ ေပၚတိုက ျပီးခဲ့တဲ့ ရာသီကေန တိုးတက္လာေပမယ့္ မန္စီးတီး အတြက္ေတာ့ ျပိဳင္ဘက္ မဟုတ္ေသးပါဘူး။

အို၀င္ ခန္႔မွန္းရလဒ္။ ။ မန္စီးတီး 3-0 ေပၚတို

ေအဂ်က္ Vs လီဗာပူး

ပြဲခ်ိန္။ ။ ေအာက္တိုဘာ ၂၂ ရက္ (ၾကာသပေတးေန႔) နံနက္ ၁း၃၀ နာရီ

ဒီပြဲကေတာ့ ခ်န္ပီယံလိဂ္ ဟဲဗီး၀ိတ္ နွစ္သင္း ေတြ႔တာ ျဖစ္ျပီး ေအဂ်က္က လီဗာပူးကို အမ္စတာဒမ္မွာ ဧည့္ခံမွာ ျဖစ္ပါတယ္။ လံုး၀ အၾကမ္းစား ပြဲတစ္ပြဲ ျဖစ္လာဖို႔ ရွိေနပါတယ္။ လီဗာပူးကေတာ့ ျပီးခဲ့တဲ့ စေနက အမွတ္ျပည့္ မယူနုိင္ခဲ့တာ ကံမေကာင္းခဲ့ပါဘူး။ ဒီပြဲမွာေတာ့ နွစ္သင္းလံုး သိပ္မကြာေပမယ့္ လီဗာပူး တိုက္စစ္အားက အိမ္ရွင္ အသင္း အတြက္ ကိုင္တြယ္ဖို႔ ခက္ခဲပါလိမ့္မယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ေအဂ်က္ 1-2 လီဗာပူး