ပင်နယ်တီနဲ့ ပတ်သတ်ပြီး ကတိစကား ပေးလိုက်တဲ့ ပင်နယ်တီ မာစတာ ဘရူနိုဖာနန်ဒက်စ်

ယူနိုက်တက်ရဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်သမား ဘရူနို ဖာနန်ဒက်စ်ဟာ ပင်နယ်တီနဲ့ ပတ်သတ်ပြီး မှတ်တမ်းကောင်းတွေ ရှိထားကာ ယူနိုက်တက်နဲ့ တစ်ကြိမ်မှ မလွဲချော်ဘဲ ကန်ခဲ့တဲ့ မှတ်တမ်းကောင်း ရှိခဲ့သူပါ။ ဒါပေမယ့် နယူးကာဆယ် အသင်းနဲ့ တွေ့ခဲ့တဲ့ ပွဲမှာတော့ ဂိုးသမား ကားလ် ဒါလောကို မကျော်နိုင်ခဲ့ဘဲ ပထမဆုံး အကြိမ် လွဲချော်ခဲ့ရပါတယ်။

ဘရူနို ဖာနန်ဒက်စ်ကတော့ သူ့ရဲ့ ကန်တဲ့ နည်းစနစ် ပြောင်းခဲ့တဲ့ ဒီတစ်ကြိမ်မှာတင် လွဲချော်ခဲ့တာ အတွက် စိတ်ပျက်နေပြီး နောက်တစ်ကြိမ် အမှားမလုပ်ဖို့နဲ့ ဒိထက် ကောင်းအောင် ပင်နယ်တီမှာ ကြိုးစားမှာ ဖြစ်ကြောင်း ကတိစကား ဆိုခဲ့ပါတယ်။

” ကျနော်လည်း လူသားပါပဲ.. ဒါမျိုး လွဲချော်မှုက ဖြစ်တတ်ပါတယ်။ ကျနော်ကတော့ ဒါမျိုး လုံး၀ ထပ်မဖြစ်ချင်ပါဘူး။ နယူးကာဆယ်နဲ့ ပွဲတုန်းကလိုမျိုး မဖြစ်စေချင်တော့ဘူး။ အဲဒီပွဲမှာ ဂိုးသမားက ကောင်းခဲ့သလို ကျနော်ကလည်း လုပ်တာ မမှန်ခဲ့ဘူး။ ကျေနာ် ဂိုးသမားအကြောင်းကို ကြို လေ့လာခဲ့တယ်။ ဒါပေမယ့် ကျနော် ကန်ချင်တဲ့ အတိုင်း ထွက်မလာခဲ့ဘူး။ ဒီအတွက် ဂိုးသမားရဲ့ အားထုတ်မှုကိုလည်း အသိအမှတ်ပြုရမှာပါ။ ပင်နယ်တီနဲ့ ပတ်သတ်ပြီး ကျနော် ပိုကောင်းအောင် လုပ်ပြဖို့ လိုပါတယ်။ နောက်အကြိမ်တွေဆို ကျနော် သေချာပေါက် ဝင်အောင် ကန်မှာပါ။ ” လို့ ဖာနန်ဒက်စ်က ပြောဆိုလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ နယူးကာဆယ်နဲ့ ပွဲ မတိုင်ခင်က သူ့ ကစားသမား ဘဝတလျောက် ပင်နယ်တီ ကန်သွင်းမှု ၃၃ ကြိမ် ရှိခဲ့ပြီး အကြိမ် ၃၀ ဂိုး အဖြစ် ပြောင်းလဲ နိုင်ခဲ့ပါတယ်။ သူ နောက်ဆုံး လွဲချော်ခဲ့တာက အောက်တိုဘာ ၂၀၁၈ က ဖြစ်ပြီး စပို့တင်း လစ္စဘွန်း အတွက် ကန်စဉ်က ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းလာပြီး ရာနှုန်းပြည့် ဂိုး အဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ ပင်နယ်တီ မာစတာ ဘရူနို ဖာနန်ဒက်စ်ရဲ့ မှတ်တမ်းကတော့ နယူးကာဆယ်နဲ့ ပွဲမှာ ကျိုးပျက်ခဲ့ရပြီး ပေါ်တူဂီသားကတော့ ဒါမျိုး ပေါ့လျော့မှု နောက်တစ်ကြိမ် လုံး၀ မဖြစ်စေဖို့ ပရိသတ်တွေထံ ကတိစကား ပါးခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ချန်ပီယံလိဂ် အုပ်စုပွဲ အဖြစ် ပီအက်စ်ဂျီနဲ့ ရင်ဆိုင် ကစားရတော့မှာ ဖြစ်ပြီး ထိုပွဲပြီးရင်လည်း ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းကို အိုးထရက်ဖို့ဒ်မှာ ဧည်ခံ ကစားရဦးမှာ ဖြစ်ပါတယ်။

Zawgyi – ယူနိုက္တက္ရဲ႕ ေပၚတူဂီ လက္ေရြးစင္ ကြင္းလယ္သမား ဘရူနို ဖာနန္ဒက္္စ္ဟာ ပင္နယ္တီနဲ႕ ပတ္သတ္ျပီး မွတ္တမ္းေကာင္းေတြ ရွိထားကာ ယူနိုက္တက္နဲ႕ တစ္ၾကိမ္မွ မလြဲေခ်ာ္ဘဲ ကန္ခဲ့တဲ့ မွတ္တမ္းေကာင္း ရွိခဲ့သူပါ။ ဒါေပမယ့္ နယူးကာဆယ္ အသင္းနဲ႕ ေတြ႔ခဲ့တဲ့ ပြဲမွာေတာ့ ဂိုးသမား ကားလ္ ဒါေလာကို မေက်ာ္နိုင္ခဲ့ဘဲ ပထမဆံုး အၾကိမ္ လြဲေခ်ာ္ခဲ့ရပါတယ္။

ဘရူနို ဖာနန္ဒက္စ္ကေတာ့ သူ႔ရဲ႕ ကန္တဲ့ နည္းစနစ္ ေျပာင္းခဲ့တဲ့ ဒီတစ္ၾကိမ္မွာတင္ လြဲေခ်ာ္ခဲ့တာ အတြက္ စိတ္ပ်က္ေနျပီး ေနာက္တစ္ၾကိမ္ အမွားမလုပ္ဖို႔နဲ႕ ဒိထက္ ေကာင္းေအာင္ ပင္နယ္တီမွာ ၾကိဳးစားမွာ ျဖစ္ေၾကာင္း ကတိစကား ဆိုခဲ့ပါတယ္။

” က်ေနာ္လည္း လူသားပါပဲ.. ဒါမ်ိဳး လြဲေခ်ာ္မႈက ျဖစ္တတ္ပါတယ္။ က်ေနာ္ကေတာ့ ဒါမ်ိဳး လံုး၀ ထပ္မျဖစ္ခ်င္ပါဘူး။ နယူးကာဆယ္နဲ႕ ပြဲတုန္းကလိုမ်ိဳး မျဖစ္ေစခ်င္ေတာ့ဘူး။ အဲဒီပြဲမွာ ဂိုးသမားက ေကာင္းခဲ့သလို က်ေနာ္ကလည္း လုပ္တာ မမွန္ခဲ့ဘူး။ ကေ်နာ္ ဂိုးသမားအေၾကာင္းကို ၾကိဳ ေလ့လာခဲ့တယ္။ ဒါေပမယ့္ က်ေနာ္ ကန္ခ်င္တဲ့ အတိုင္း ထြက္မလာခဲ့ဘူး။ ဒီအတြက္ ဂိုးသမားရဲ႕ အားထုတ္မႈကိုလည္း အသိအမွတ္ျပဳရမွာပါ။ ပင္နယ္တီနဲ႕ ပတ္သတ္ျပီး က်ေနာ္ ပိုေကာင္းေအာင္ လုပ္ျပဖို႔ လိုပါတယ္။ ေနာက္အၾကိမ္ေတြဆို က်ေနာ္ ေသခ်ာေပါက္ ၀င္ေအာင္ ကန္မွာပါ။ ” လို႔ ဖာနန္ဒက္စ္က ေျပာဆိုလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ နယူးကာဆယ္နဲ႕ ပြဲ မတိုင္ခင္က သူ႔ ကစားသမား ဘ၀တေလ်ာက္ ပင္နယ္တီ ကန္သြင္းမႈ ၃၃ ၾကိမ္ ရွိခဲ့ျပီး အၾကိမ္ ၃၀ ဂိုး အျဖစ္ ေျပာင္းလဲ နုိင္ခဲ့ပါတယ္။ သူ ေနာက္ဆံုး လြဲေခ်ာ္ခဲ့တာက ေအာက္တိုဘာ ၂၀၁၈ က ျဖစ္ျပီး စပို႔တင္း လစၥဘြန္း အတြက္ ကန္စဥ္က ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းလာျပီး ရာနႈန္းျပည့္ ဂိုး အျဖစ္ ေျပာင္းလဲနိုင္ခဲ့တဲ့ ပင္နယ္တီ မာစတာ ဘရူနို ဖာနန္ဒက္စ္ရဲ႕ မွတ္တမ္းကေတာ့ နယူးကာဆယ္နဲ႕ ပြဲမွာ က်ိဳးပ်က္ခဲ့ရျပီး ေပၚတူဂီသားကေတာ့ ဒါမ်ိဳး ေပါ့ေလ်ာ့မႈ ေနာက္တစ္ၾကိမ္ လံုး၀ မျဖစ္ေစဖို႔ ပရိသတ္ေတြထံ ကတိစကား ပါးခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္ဟာ အဂၤါေန႔မွာ ခ်န္ပီယံလိဂ္ အုပ္စုပြဲ အျဖစ္ ပီအက္စ္ဂ်ီနဲ႕ ရင္ဆိုင္ ကစားရေတာ့မွာ ျဖစ္ျပီး ထိုပြဲျပီးရင္လည္း ပရီးမီးယားလိဂ္မွာ ခ်ယ္ဆီးအသင္းကို အိုးထရက္ဖို႕ဒ္မွာ ဧည္ခံ ကစားရဦးမွာ ျဖစ္ပါတယ္။