ရာသီသိမ်းရင် ချယ်ဆီးနဲ့ အာဆင်နယ်တို့ ပရီးမီးယားလိဂ် ဘယ်နေရာမှာ ရှိမလဲ သုံးသပ်လိုက်တဲ့ ဒန်နီမာဖီ

အတွေ့အကြုံ နုနယ်သေးပြီး ငယ်ရွယ်တဲ့ နည်းပြတွေ ကိုယ်စီ ခန့်အပ်ထားတဲ့ ချယ်ဆီးနဲ့ အာဆင်နယ် အသင်းတို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြီးချိန်မှာ အမှတ်ပေးဇယား ရဲ့ ဘယ်နေရာမှာ ရှိမလဲ ဆိုတာ လီဗာပူး ကွင်းလယ်ဟောင်း ဒန်နီမာဖီက သုံးသပ်ခဲ့ပါတယ်။ မာဖီကတော့ ချယ်ဆီးအသင်းဟာ သေချာပေါက် ထိပ်သီးလေးသင်းထဲ ဝင်မှာ ဖြစ်ပြီး အာဆင်နယ်လည်း ယူနိုက်တက်၊ စပါးတို့ကို ကျော်ဖြတ်ကာ လေးသင်းထဲ ဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဖရန့်လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက အဆင့် ၄ နဲ့ သိမ်းခဲ့တာ ဖြစ်ပြီး နွေမှာလည်း တီမိုဝါနာ ကိုင်ဟာဗက်ဇ် ချေးဝဲလ် စတဲ့ ကစားသမားကောင်းတွေ ခေါ်ယူ အားဖြည့်ထားပါတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ ရာသီမှာ အဆင့် ၈ နဲ့သာ ပြီးဆုံးခဲ့ရပေမယ့် နည်းပြ အာတီတာ လက်ထက် သိသိသာသာ တိုးတက်မှုတွေ မြင်နေရပြီး ရာသီ အကုန်မှာ အက်ဖ်အေဖလား ရယူနိုင်ခဲ့တဲ့ အပြင် ဒီရာသီ အစ ကွန်မြူနတီ ဒိုင်းမှာလည်း လီဗာပူးကို အနိုင်ယူကာ ဗိုလ်စွဲထားပါတယ်။

လမ်းပတ်ဟာ ဒီရာသီမှာ ကစားသမားသစ်တွေ ခေါ်ထားလို့ ဖိအားတွေတော့ ပိုမို ရှိနိုင်ပေမယ့် ပရီးမီးယားလိဂ် အဆင့် ၄ အတွင်းတော့ သေချာပေါက် ဝင်နိုင်တဲ့ အကြောင်း မာဖီက အခုလို သုံးသပ် ပြောဆိုခဲ့ပါတယ်။

” ဖရန့်လမ်းပတ် အနေနဲ့ ဒီရာသီမှာ အရင်နှစ်ကထက် ပိုဖိအား ရှိလာမယ် ဆုဖလား ရယူပေးဖို့ လိုလာလိမ့်မယ်။ အေဗရာမိုဗစ်ချ်ကလည်း အသုံးစရိတ်အတွက် ဘဏ်ကနေ ရက်ရက်ရောရော ထုတ်သုံးပေးထားတယ်လေ။ ဒါပေမယ့် ဒီဖိအားတွေက လမ်းပတ် အနေနဲ့ နည်းပြ ဘ၀ အောင်မြင်မှု ယူဖို့ ရှိနေတဲ့ ဖိအားတွေထက် ပိုပြီးတော့ များလာစရာ မရှိပါဘူး။ အခု သူ့မှာ လူစာရင်းကောင်း ပိုင်ဆိုင်ထားပြီ ဖြစ်လို့ ဆင်ခြေတွေလည်း ပေးစရာ မရှိဘဲ ရအောင် လုပ်ပြဖို့သာရှိပါတယ်။

သူတို့မှာ ဒဏ်ရာ ပြသနာ အနည်းငယ် ရှိနေပေမယ့် ချယ်ဆီးက ရာသီတလောျက် ပို တိုးတက်လာဦးမှာပါ။ အဆင့် ၄ အတွင်းတော့ သူတို့ သေချာပေါက် ဝင်နိုင်မယ် ကျနော် ထင်ပါတယ်။ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်ဖို့တော့ နောက်ထပ် တစ်နှစ်လောက် သူတို့ အချိန်ယူရဦးမှာပါ။” လို့ မာဖီက ချယ်ဆီးနဲ့ ပတ်သတ်ပြီး သုံးသပ်ခဲ့ပါတယ်။

အင်္ဂလန်သား ကွင်းလယ်ဟောင်းက အာဆင်နယ်ကိုလည်း မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးတို့ကို ကျော်ဖြတ်ပြီး ထိပ်သီး လေးသင်းထဲ ဝင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

” ကျနော်ကတော့ အာတီတာ အာဆင်နယ်မှာ အချိန်တိုလေးအတွင်း လုပ်ပြထားတာတွေကို အရမ်း အထင်ကြီး သဘောကျမိတယ်။ ပြီးခဲ့တဲ့ ရာသီမှာတောင် အသင်းအတွက် သူ ဘာတွေ အားစိုက် ပြင်ဆင်ခဲ့သလဲ ကွင်းထဲမှာ မြင်နိုင်ပါတယ်။ အူနိုင်း အမ်မရီတုန်းက အာဆင်နယ် အသင်းက တကယ့် ဟာသပဲ။ အာတီတာကတော့ ရောက်တာနဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ အသင်းကို ပြန် စုစည်းနိုင်ခဲ့တယ်။

လူစာရင်းမှာ ကစားသမားတွေကို လူမှန် နေရာမှန် ဖြစ်အောင် ချထားပြီး အက်ဖ်အေဖလား ကွန်မြူနတီဖလားတွေလည်း ရယူပြနိုင်ခဲ့တယ်။ သူ့မှာ နည်းပြ အတွေ့အကြုံ မရှိဘူး ပြောဆိုနေကြတဲ့ သံသယရှိသူတွေကိုလည်း သူက နှုတ်ပိတ်ပြနိုင်ခဲ့တယ်။ အာဆင်နယ်က ဒီရာသီမှာ လျှော့တွက်ခံထားရတဲ့ အသင်းပါ ဒါပေမယ့် သူက မန်ချက်စတာ ယူနိုက်တက်နဲ့ စပါးကို ကျော်ဖြတ်ပြီး ထိပ်သီး လေးသင်းထဲ ဝင်သွားနိုင်တယ်လို့ ကျနော် မျှော်လင့်ထားတယ်။ အာဆင်နယ်က လုံး၀ ကြီးကြီးမားမား တိုးတက်နေတာပါ ဒါပေမယ့် အသင်း ပရိသတ်တွေက ပရီးမီးယားလိဂ်ဖလား ယူဖို့ ဆန္ဒစော တောင်းဆိုတာတွေ မလုပ်သေးဖို့လည်း ကျနော် ဆုတောင်းပါတယ်။ ” လို့ မာဖီက ပြောဆိုခဲ့ပါတယ်။

Zawgyi – အေတြ႔အၾကံဳ နုနယ္ေသးျပီး ငယ္ရြယ္တဲ့ နည္းျပေတြ ကိုယ္စီ ခန္႔အပ္ထားတဲ့ ခ်ယ္ဆီးနဲ႕ အာဆင္နယ္ အသင္းတို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ျပီးခ်ိန္မွာ အမွတ္ေပးဇယား ရဲ႕ ဘယ္ေနရာမွာ ရွိမလဲ ဆိုတာ လီဗာပူး ကြင္းလယ္ေဟာင္း ဒန္နီမာဖီက သံုးသပ္ခဲ့ပါတယ္။ မာဖီကေတာ့ ခ်ယ္ဆီးအသင္းဟာ ေသခ်ာေပါက္ ထိပ္သီးေလးသင္းထဲ ၀င္မွာ ျဖစ္ျပီး အာဆင္နယ္လည္း ယူနိုက္တက္၊ စပါးတို႔ကို ေက်ာ္ျဖတ္ကာ ေလးသင္းထဲ ၀င္နုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ရာသီက အဆင့္ ၄ နဲ႕ သိမ္းခဲ့တာ ျဖစ္ျပီး ေႏြမွာလည္း တီမို၀ါနာ ကိုင္ဟာဗက္ဇ္ ေခ်း၀ဲလ္ စတဲ့ ကစားသမားေကာင္းေတြ ေခၚယူ အားျဖည့္ထားပါတယ္။ အာဆင္နယ္က ျပီးခဲ့တဲ့ ရာသီမွာ အဆင့္ ၈ နဲ႕သာ ျပီးဆံုးခဲ့ရေပမယ့္ နည္းျပ အာတီတာ လက္ထက္ သိသိသာသာ တိုးတက္မႈေတြ ျမင္ေနရျပီး ရာသီ အကုန္မွာ အက္ဖ္ေအဖလား ရယူနိုင္ခဲ့တဲ့ အျပင္ ဒီရာသီ အစ ကြန္ျမဴနတီ ဒိုင္းမွာလည္း လီဗာပူးကို အနုိင္ယူကာ ဗိုလ္စြဲထားပါတယ္။

လမ္းပတ္ဟာ ဒီရာသီမွာ ကစားသမားသစ္ေတြ ေခၚထားလို႔ ဖိအားေတြေတာ့ ပိုမို ရွိနိုင္ေပမယ့္ ပရီးမီးယားလိဂ္ အဆင့္ ၄ အတြင္းေတာ့ ေသခ်ာေပါက္ ၀င္နုိင္တဲ့ အေၾကာင္း မာဖီက အခုလို သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

” ဖရန္႔လမ္းပတ္ အေနနဲ႕ ဒီရာသီမွာ အရင္နွစ္ကထက္ ပိုဖိအား ရွိလာမယ္ ဆုဖလား ရယူေပးဖို႔ လိုလာလိမ့္မယ္။ ေအဗရာမိုဗစ္ခ်္ကလည္း အသံုးစရိတ္အတြက္ ဘဏ္ကေန ရက္ရက္ေရာေရာ ထုတ္သံုးေပးထားတယ္ေလ။ ဒါေပမယ့္ ဒီဖိအားေတြက လမ္းပတ္ အေနနဲ႕ နည္းျပ ဘ၀ ေအာင္ျမင္မႈ ယူဖို႔ ရွိေနတဲ့ ဖိအားေတြထက္ ပိုျပီးေတာ့ မ်ားလာစရာ မရွိပါဘူး။ အခု သူ႔မွာ လူစာရင္းေကာင္း ပိုင္ဆိုင္ထားျပီ ျဖစ္လို႔ ဆင္ေျခေတြလည္း ေပးစရာ မရွိဘဲ ရေအာင္ လုပ္ျပဖို႔သာရွိပါတယ္။

သူတို႔မွာ ဒဏ္ရာ ျပသနာ အနည္းငယ္ ရွိေနေပမယ့္ ခ်ယ္ဆီးက ရာသီတေလာ်က္ ပို တိုးတက္လာဦးမွာပါ။ အဆင့္ ၄ အတြင္းေတာ့ သူတို႔ ေသခ်ာေပါက္ ၀င္နုိင္မယ္ က်ေနာ္ ထင္ပါတယ္။ ပရီးမီးယားလိဂ္ ဖလား စိန္ေခၚနုိင္ဖို႕ေတာ့ ေနာက္ထပ္ တစ္နွစ္ေလာက္ သူတို႔ အခ်ိန္ယူရဦးမွာပါ။” လို႔ မာဖီက ခ်ယ္ဆီးနဲ႔ ပတ္သတ္ျပီး သံုးသပ္ခဲ့ပါတယ္။

အဂၤလန္သား ကြင္းလယ္ေဟာင္းက အာဆင္နယ္ကိုလည္း မန္ခ်က္စတာ ယူနိုက္တက္နဲ႕ စပါးတို႔ကို ေက်ာ္ျဖတ္ျပီး ထိပ္သီး ေလးသင္းထဲ ၀င္နုိင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္။

” က်ေနာ္ကေတာ့ အာတီတာ အာဆင္နယ္မွာ အခ်ိန္တိုေလးအတြင္း လုပ္ျပထားတာေတြကို အရမ္း အထင္ၾကီး သေဘာက်မိတယ္။ ျပီးခဲ့တဲ့ ရာသီမွာေတာင္ အသင္းအတြက္ သူ ဘာေတြ အားစိုက္ ျပင္ဆင္ခဲ့သလဲ ကြင္းထဲမွာ ျမင္နုိင္ပါတယ္။ အူနုိင္း အမ္မရီတုန္းက အာဆင္နယ္ အသင္းက တကယ့္ ဟာသပဲ။ အာတီတာကေတာ့ ေရာက္တာနဲ႕ ဖရိုဖရဲ ျဖစ္ေနတဲ့ အသင္းကို ျပန္ စုစည္းနိုင္ခဲ့တယ္။

လူစာရင္းမွာ ကစားသမားေတြကို လူမွန္ ေနရာမွန္ ျဖစ္ေအာင္ ခ်ထားျပီး အက္ဖ္ေအဖလား ကြန္ျမဴနတီဖလားေတြလည္း ရယူျပနိုင္ခဲ့တယ္။ သူ႔မွာ နည္းျပ အေတြ႔အၾကံဳ မရွိဘူး ေျပာဆိုေနၾကတဲ့ သံသယရွိသူေတြကိုလည္း သူက ႏႈတ္ပိတ္ျပနိုင္ခဲ့တယ္။ အာဆင္နယ္က ဒီရာသီမွာ ေလွ်ာ့တြက္ခံထားရတဲ့ အသင္းပါ ဒါေပမယ့္ သူက မန္ခ်က္စတာ ယူနိုက္တက္နဲ႕ စပါးကို ေက်ာ္ျဖတ္ျပီး ထိပ္သီး ေလးသင္းထဲ ၀င္သြားနုိင္တယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။ အာဆင္နယ္က လံုး၀ ၾကီးၾကီးမားမား တိုးတက္ေနတာပါ ဒါေပမယ့္ အသင္း ပရိသတ္ေတြက ပရီးမီးယားလိဂ္ဖလား ယူဖို႔ ဆႏၵေစာ ေတာင္းဆိုတာေတြ မလုပ္ေသးဖို႔လည္း က်ေနာ္ ဆုေတာင္းပါတယ္။ ” လို႔ မာဖီက ေျပာဆိုခဲ့ပါတယ္။