ချန်ပီယံလိဂ်မှာ ဆုံနေတဲ့ ယူနိုက်တက်က သာမန် အလယ်လတ်တန်းစား အသင်းလို့ နာမည်တပ်လိုက်တဲ့ စီးတီးကြယ်ပွင့်
လိုက်ပ်ဇစ်အသင်းဟာ ချန်ပီယံလိဂ်မှာ တွေ့ဆုံနေတဲ့ မန်ချက်စတာ ယူနိုက်တက်က သာမန် အလယ်အလတ်တန်းစား အသင်းသာ ဖြစ်လို့ ကြောက်ရွံ့မနေကြောင့် ဂျာမန်ကလပ်မှာ အငှား လာကစားနေတဲ့ မန်စီးတီး လူငယ်ကြယ်ပွင့် ခံစစ်မှူး အိန်ဂျယ်လီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်နဲ့ လိုက်ပ်ဇစ်တို့ဟာ ချန်ပီယံလိဂ် အုပ်စု အဆင့်မှာ ပီအက်စ်ဂျီ၊ အစ္စတန်ဘူလ် ဘက်ရှီးယား အသင်းတို့နဲ့ အတူ အုပ်စုကြပ်ထဲ ကျရောက်နေတာ ဖြစ်ပါတယ်။ အိန်ဂျယ်လီနိုကတော့ လိုက်ပ်ဇစ်မှာ အငှား လာကစားတာ ဒုတိယ ရာသီမြောက် ရှိနေပြီ ဖြစ်ပြီး စီးတီး လူင်ယလေးဟာ ဒီရာသီ အငှားပြီးဆုံးရင် အပြီးသတ် ပြောင်းရွှေ့ခွင့်ပါ ရှိနေပါတယ်။
အိန်ဂျယ်လီနိုကတော့ မိခင်ကလပ် မန်စီးတီးနဲ့ မြို့ခံ ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အပေါ် အပြာရောင် ပီသစွာပဲ ခပ်ဖဲ့ဖဲ့နဲ့ တခါတလေ သာမန် အသင်း သာသာပါပဲ လို့ ချန်ပီယံလိဂ် ပြိုင်ဘက် အသင်းများကို သုံးသပ်ရာမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
” ကျနော် ဘက်ရှီးယားအသင်း အကြောင်း သိပ် မသိပါဘူး။ ဒီပြိုင်ပွဲမှာ လစ္စဘွန်း ဆီမီးဖိုင်နယ်အဆင့်မှာ တွေ့ဖူးတဲ့ ပဲရစ် အသင်း အကြောင်းတော့ သိတယ်။ မန်ချက်စတာ ယူနိုက်တက်ကတော့ ကျနော် ကြုံခဲ့သလောက်ဆို တခါတလေ ကမ္ဘာ့အဆင့် ရှိပေမယ့် တခြားအချိန်တွေမှာတော့ သာမန် အလယ်အလတ်တန်းစား အသင်းပါပဲ။ ကျနေ်ာတို့ မြင်တဲ့ အမြင်ကို ဖုံးကွယ်ထားစရာ မရှိပါဘူး။ ” လို့ အိန်ဂျယ်လီနိုက ပြောဆိုခဲ့ပါတယ်။
အသက် ၂၃ နှစ် ရှိပြီ ဖြစ်တဲ့ အိန်ဂျယ်လီနိုက ၎င်း ပရို ကစားသမားဘဝကို မန်စီးတီးနဲ့ အတူ ၂၀၁၄ မှာ စတင်ခဲ့တာ ဖြစ်ပြီး လိုက်ပ်ဇစ်ထံ မသွားခဲ့ ဂွာဒီယိုလာရဲ့ စီးတီး အသင်းကြီးမှာ ၁၂ ပွဲ ပါဝင် ကစားခွင့် ရထားခဲ့ပါတယ်။
အိန်ဂျယ်လီနိုက လက်ရှိ လိုက်ပ်ဇစ် အသင်း မန်နေဂျာ နေးစ်မန်းကိုလည်း စီးတီး မန်နေဂျာ ပက်ဂွာဒီယိုလာနဲ့ အတူ နှိုင်းယှဉ် ချီးကျူးခဲ့ပြီး နှစ်သိးလုံးက ဘောလုံး အမြင်ကောင်းတွေ ရှိနေကြကာ သူ့ အပေါ် ယုံကြည်မှုထားတာချင်းလည်း တူကြကြောင်း ပြောဆိုခဲ့ပါတယ်။
Zawgyi – လိုက်ပ်ဇစ်အသင်းဟာ ချန်ပီယံလိဂ်မှာ တွေ့ဆုံနေတဲ့ မန်ချက်စတာ ယူနိုက်တက်က သာမန် အလယ်အလတ်တန်းစား အသင်းသာ ဖြစ်လို့ ကြောက်ရွံ့မနေကြောင့် ဂျာမန်ကလပ်မှာ အငှား လာကစားနေတဲ့ မန်စီးတီး လူငယ်ကြယ်ပွင့် ခံစစ်မှူး အိန်ဂျယ်လီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
အသက် ၂၃ နှစ် ရှိပြီ ဖြစ်တဲ့ အိန်ဂျယ်လီနိုက ၄င်း ပရို ကစားသမားဘ၀ကို မန်စီးတီးနဲ့ အတူ ၂၀၁၄ မှာ စတင်ခဲ့တာ ဖြစ်ပြီး လိုက်ပ်ဇစ်ထံ မသွားခဲ့ ဂွာဒီယိုလာရဲ့ စီးတီး အသင်းကြီးမှာ ၁၂ ပွဲ ပါဝင် ကစားခွင့် ရထားခဲ့ပါတယ်။