ရုပ်ရှင်ရုံတွေတောင် ဖွင့်သေးရင် ဘောလုံးကွင်းထဲ ဘာလို့ ပရိသတ်ဝင်ခွင့် မပေးနိုင်ရမှာလဲ မေးခွန်းထုတ်လိုက်တဲ့ ဝက်စ်ဟမ်းအသင်း ဒုဥက္ကဌ ဘရာဒီ

ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်းအသင်း ဒါရိုက်တာ၊ အသင်း ဒုဥက္ကဌ ကာရန် ဘရာဒီကတော့ ရုပ်ရှင်ရုံလို အလုံပိတ် အခန်းတွေထဲမှာတော့ လူစုလူဝေး ပြန်လုပ်ခွင့် ပေးနေသေးရင် ဘောလုံးကွင်းတွေထဲမှာလည်း နေရာခြားပြီး ပရိသတ် ဝင်ခွင့် ဘာလို့ ပြန်မပေးနိုင်ရမှာလဲ လို့ ဗြိတိန် အာဏာပိုင်တွေကို မေးခွန်းထုတ်ကာ ဘောလုံး ကလပ်အသင်းတွေ အတွက် တောင်းဆို လိုက်ပါတယ်။

အင်္ဂလန်မှာ Social Distancing စည်းမျဉ်းတွေ အတိုင်း ရုပ်ရှင်ရုံတွေ ပြန် ဖွင့်ခွင့် ပြသခွင့် ပြုနေပြီ ဖြစ်တာကြောင့် ဘောလုံး ကွင်းတွေမှာလည်း ပရိသတ်ပြည့် မဟုတ်တောင် ခုံခြားကာ စည်းမျဉ်း အတိုင်း ပြန်ဖွင့်ခွင့် ပြုနိုင်သင့်ပြီလို့ ဘရာဒီက ယုံကြည်နေပါတယ်။ အခုလို ဘောလုံးကွင်းတွေကို ပိတ်ထားသေးတာက ဆိုးဝါးလွန်းတဲ့ ဆုံးဖြတ်ချက်ပဲလို့ သူမက ဝေဖန်ခဲ့ပါတယ်။

” ပရိသတ်ေွကလည်း ကွင်းထဲက အသံတွေကို လွမ်းဆွတ်နေကြပါပြီ။ အစိုးရရဲ့ အနေအထားနဲ့ သူတို့ ခွင့်မပြုလိုတဲ့ အကြောင်းပြချက်တွေကို နားလည်ပါတယ်။ ဒါပေမယ့် ကျမတို့ကို အခုလို ပိတ်ပင်ထားတာမှ မျှတတဲ့ အတွေးအခေါ်တော့ ရှိဖို့ လိုတယ်။ တကယ်လို့ ရုပ်ရှင်ရုံတွေမှာ လူခြားပြီး ပရိသတ် ပြန်ကြည့်ခွင့် ပြုရင် ဘာလို့ ဘောလုံးမှာ မရရမှာလဲ။ ရူဘီကလပ်တွေရောပါ ပြောတာပါ။

ဒါက လုံးဝကို အဆင်ပြေ ဖြစ်နိုင်ပါတယ်။ ဥပမာ ပြောမယ်ရှင်။ လူတွေကို လေးခုံခြား တစ်ယောက် ထိုင်စေတာမျိုးပေါ့။ ကျမတို့ လန်ဒန်ကွင်းမှာဆို ပရိသတ် တစ်သောင်းခွဲလောက် ပြန် ဝင်ကြည့်ခွင့် ပေးတာမျိုးပေါ့။ လိုအပ်တဲ့ စစ်ဆေးတိုင်းတာမှုတွေနဲ့ လည်း ကြပ်မတ်ရမယ်။ ပလပ်စတစ် အကာတွေ ခြားတာ၊ မက်စ် တပ်တာ၊ အပူချိန် စစ်တာ၊ လက်ဆေးရေတွေ ပေးတာ၊ လူခြားပြီး တန်းစီတာ၊ အယ်လ်ကိုဟော သောက်သုံးခွင့် ပိတ်တာ အစရှိသဖြင့်ပေါ့။

အစိုးရကသာ ကွင်းထဲကို ရာနှုန်းဘယ်လောက်နဲ့ ဆိုပြီး ပြန်ဝင်ခွင့်ပြုမယ်ဆို လိဂ်ဝမ်း၊ လိဂ်တူး ကလပ်တွေလည်း ပြိုလဲစရာ အကြောင်း မရှိပါဘူး။ သူတို့ကိုလည်း ဒီနည်းလမ်းနဲ့ ဆယ်တင်နိုင်မှာပါ။ အလုံပိတ် အခန်းတွေထဲမှာကျ လူစုနဲ့ ပြန်ဝင်ခွင့် ပြုပြီး ဘောလုံးကွင်းတွေကျ မရဘူးဆိုတာ ဖြစ်သင့်သလား တွေးကြည့်ပါ။ တကယ်လို့ ခိုင်လုံတဲ့ အကြောင်းပြချက် ဖြေရှင်းချက် တကယ်ကို ရှိရင်လည်း ကျမကို ဒါမှမဟုတ် ဘောလုံးလောကထဲက တစ်ယောက်ယောက်ကို ပြောပြကြလေ။ ” လို့ ဝက်စ်ဟမ်းအသင်း အကြီးအကဲ ဘရာဒီက တောင်းဆို ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ပရီးမီးယားလိဂ် အသင်းတွေဟာ ချန်ပီယံရှစ်နဲ့ အဆင့်နိမ့်တန်းက ကလပ်အသင်းတွေကို ကူညီထောက်ပံ့မှုတွေ ပေးနေရကြောင်း လူတော်တော်များများက မသိကြဘူးလို့ ထောက်ပြလိုက်ပြီး ဘောလုံး ရေရှည် သွားဖို့ ကွင်းထဲ ပရိသတ်တွေ ပြန်ဝင်ခွင့် ပြုဖို့ ကိစ္စ သေချာ စဉ်းစားသင့်ကြောင်း ဘရာဒီက တိုက်တွန်း ပြောဆိုသွားပါတယ်။

Zawgyi – ပရီးမီးယားလိဂ္ကလပ္ ၀က္စ္ဟမ္းအသင္း ဒါရိုက္တာ၊ အသင္း ဒုဥကၠဌ ကာရန္ ဘရာဒီကေတာ့ ရုပ္ရွင္ရံုလို အလံုပိတ္ အခန္းေတြထဲမွာေတာ့ လူစုလူေ၀း ျပန္လုပ္ခြင့္ ေပးေနေသးရင္ ေဘာလံုးကြင္းေတြထဲမွာလည္း ေနရာျခားျပီး ပရိသတ္ ၀င္ခြင့္ ဘာလို႔ ျပန္မေပးနိုင္ရမွာလဲ လို႔ ျဗိတိန္ အာဏာပိုင္ေတြကို ေမးခြန္းထုတ္ကာ ေဘာလံုး ကလပ္အသင္းေတြ အတြက္ ေတာင္းဆို လိုက္ပါတယ္။

အဂၤလန္မွာ Social Distancing စည္းမ်ဥ္းေတြ အတိုင္း ရုပ္ရွင္ရံုေတြ ျပန္ ဖြင့္ခြင့္ ျပသခြင့္ ျပဳေနျပီ ျဖစ္တာေၾကာင့္ ေဘာလံုး ကြင္းေတြမွာလည္း ပရိသတ္ျပည့္ မဟုတ္ေတာင္ ခံုျခားကာ စည္းမ်ဥ္း အတိုင္း ျပန္ဖြင့္ခြင့္ ျပဳနုိင္သင့္ျပီလို႔ ဘရာဒီက ယံုၾကည္ေနပါတယ္။ အခုလို ေဘာလံုးကြင္းေတြကို ပိတ္ထားေသးတာက ဆိုး၀ါးလြန္းတဲ့ ဆံုးျဖတ္ခ်က္ပဲလို႔ သူမက ေ၀ဖန္ခဲ့ပါတယ္။

” ပရိသတ္ေြကလည္း ကြင္းထဲက အသံေတြကို လြမ္းဆြတ္ေနၾကပါျပီ။ အစိုးရရဲ႕ အေနအထားနဲ႕ သူတို႔ ခြင့္မျပဳလိုတဲ့ အေၾကာင္းျပခ်က္ေတြကို နားလည္ပါတယ္။ ဒါေပမယ့္ က်မတို႔ကို အခုလို ပိတ္ပင္ထားတာမွ မွ်တတဲ့ အေတြးအေခၚေတာ့ ရွိဖို႔ လိုတယ္။ တကယ္လို႔ ရုပ္ရွင္ရံုေတြမွာ လူျခားျပီး ပရိသတ္ ျပန္ၾကည့္ခြင့္ ျပဳရင္ ဘာလို႔ ေဘာလံုးမွာ မရရမွာလဲ။ ရူဘီကလပ္ေတြေရာပါ ေျပာတာပါ။

ဒါက လံုး၀ကို အဆင္ေျပ ျဖစ္နုိင္ပါတယ္။ ဥပမာ ေျပာမယ္ရွင္။ လူေတြကို ေလးခံုျခား တစ္ေယာက္ ထိုင္ေစတာမ်ိဳးေပါ့။ က်မတို႔ လန္ဒန္ကြင္းမွာဆို ပရိသတ္ တစ္ေသာင္းခြဲေလာက္ ျပန္ ၀င္ၾကည့္ခြင့္ ေပးတာမ်္ိဳးေပါ့။ လိုအပ္တဲ့ စစ္ေဆးတိုင္းတာမႈေတြနဲ႕ လည္း ၾကပ္မတ္ရမယ္။ ပလပ္စတစ္ အကာေတြ ျခားတာ၊ မက္စ္ တပ္တာ၊ အပူခ်ိန္ စစ္တာ၊ လက္ေဆးေရေတြ ေပးတာ၊ လူျခားျပီး တန္းစီတာ၊ အယ္လ္ကိုေဟာ ေသာက္သံုးခြင့္ ပိတ္တာ အစရွိသျဖင့္ေပါ့။

အစိုးရကသာ ကြင္းထဲကို ရာႏႈန္းဘယ္ေလာက္နဲ႕ ဆိုျပီး ျပန္၀င္ခြင့္ျပဳမယ္ဆို လိဂ္၀မ္း၊ လိဂ္တူး ကလပ္ေတြလည္း ျပိဳလဲစရာ အေၾကာင္း မရွိပါဘူး။ သူတို႔ကိုလည္း ဒီနည္းလမ္းနဲ႕ ဆယ္တင္နုိင္မွာပါ။ အလံုပိတ္ အခန္းေတြထဲမွာက် လူစုနဲ႕ ျပန္၀င္ခြင့္ ျပဳျပီး ေဘာလံုးကြင္းေတြက် မရဘူးဆိုတာ ျဖစ္သင့္သလား ေတြးၾကည့္ပါ။ တကယ္လို႔ ခိုင္လံုတဲ့ အေၾကာင္းျပခ်က္ ေျဖရွင္းခ်က္ တကယ္ကို ရွိရင္လည္း က်မကို ဒါမွမဟုတ္ ေဘာလံုးေလာကထဲက တစ္ေယာက္ေယာက္ကို ေျပာျပၾကေလ။ ” လို႔ ၀က္စ္ဟမ္းအသင္း အၾကီးအကဲ ဘရာဒီက ေတာင္းဆို ေျပာျပခဲ့ပါတယ္။

ဒါ့အျပင္ ပရီးမီးယားလိဂ္ အသင္းေတြဟာ ခ်န္ပီယံရွစ္နဲ႕ အဆင့္နိမ့္တန္းက ကလပ္အသင္းေတြကို ကူညီေထာက္ပံ့မႈေတြ ေပးေနရေၾကာင္း လူေတာ္ေတာ္မ်ားမ်ားက မသိၾကဘူးလို႔ ေထာက္ျပလိုက္ျပီး ေဘာလံုး ေရရွည္ သြားဖို႔ ကြင္းထဲ ပရိသတ္ေတြ ျပန္၀င္ခြင့္ ျပဳဖို႔ ကိစၥ ေသခ်ာ စဥ္းစားသင့္ေၾကာင္း ဘရာဒီက တိုက္တြန္း ေျပာဆိုသြားပါတယ္။