ေဆာက္သမ္တန္ Vs မန္စီးတီး – ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္း

[Zawgyi] ေဆာက္သမ္တန္ နဲ႔ မန္စီးတီး ပြဲအတြက္ ပြဲခ်ိန္/ ထူးျခားသတင္း/ လူစာရင္း/ ပြဲၾကိဳ စိန္ေခၚစကားမ်ား/ ေရပန္းစားမႈ/ ရလဒ္ခန္႔မွန္းေတြကို စုစည္း ေဖာ္ျပထားတာ ျဖစ္ပါတယ္။

ဘယ္လိုပြဲလဲ?

ေနာက္ဆံုး 4 ပြဲမွာ 3 ပြဲထိ အေရးနိမ့္ထားတဲ့ မန္စီးတီးအသင္း အမွတ္ကြာဟမႈေတြ ပိုမၾကီးမားေစဖို႔ အားထုတ္လာပါေတာ့မယ္။ စိန္႔အသင္းကလည္း အာဆင္နယ္ကို အႏိုင္ယူျပီး စိတ္ဓါတ္တက္ၾကြေနမွာပါ။ အရင္လေတြတုန္းကေတာ့ မန္စီးတီးရဲ႕ ခ်န္ပီယံအိပ္မက္ေတြကို စိန္႔အသင္း ရပ္တန္႔ႏိုင္မယ္ မေမွ်ာ္လင့္ႏိုင္ေပမယ့္ ဒီလထဲမွာ မန္စီးတီးဟာ ၾကီးၾကီးမားမား ရုန္းကန္ေနရပါတယ္။

ဘယ္အခ်ိန္ကန္မွာလဲ?

ဒီဇင္ဘာ ၃၀၊ တနဂၤေႏြေန႔ ည ၈း၄၅ နာရီ တိတိ ျဖစ္ပါတယ္။

ႏွစ္သင္းရဲ႔ ထူးျခားသတင္း

စိန္႔ကစားသမားေတြျဖစ္တဲ့ Hojbjerg, Obafemi, Bertrand နဲ႔ Lemina တို႔ လြဲေခ်ာ္ပါမယ္။ မန္စီးတီးဘက္ကလည္း ဒီလပ္၊ ဖာနန္ဒင္ဟိုနဲ႔ ဒီဘရိုင္းတို႔ ပါႏိုင္ဖို႔ မရွိပါဘူး။ ဒါေပမယ့္လို႔ ေဆးဗားကေတာ့ ျပန္ပါလာႏိုင္ပါလိမ့္မယ္။

လက္ရွိအဆင့္ရပ္တည္မႈ

ပြဲၾကိဳေျပာစကားမ်ား

Southampton manager Ralph Hasenhuttl

“သူတို႔က ပိုၿပီး အႏၲရာယ္ရွိႏိုင္ပါတယ္။ ႏွစ္ပြဲဆက္တိုက္ ရႈံးနိမ့္တယ္ဆိုတာ မန္ခ်က္စတာစီးတီး အတြက္ သာမန္ကိစၥ မဟုတ္ပါဘူး။ သူတို႔မွာ ဒဏ္ရာျပႆနာ အနည္းငယ္လဲရွိပါတယ္။ ဒါေပမယ့္ သူတို႔အသင္းမွာ အရည္အခ်င္းေတြမ်ားစြာ ရွိပါတယ္။ ဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနၿပီးမွ ႏွစ္ပြဲ ရႈံးနိမ့္ခဲ့တာေၾကာင့္ ယုံၾကည္ခ်က္ေတြ အနည္းငယ္ ေပ်ာက္ဆုံးႏိုင္ပါတယ္။ ဒါဟာ အခက္ခဲဆုံး စိန္ေခၚမႈျဖစ္ႏိုင္တယ္ဆိုတာ က်ေနာ္တို႔ ေမွ်ာ္လင့္ထားပါတယ္။ က်ေနာ္တို႔အေနနဲ႔ ေအာင္ျမင္မႈလိုခ်င္တယ္ဆိုရင္ ၿပီးျပည့္စုံတဲ့ကစားပုံနဲ႔ ေျခစြမ္းျပသထားႏိုင္ဖို႔ လိုအပ္ပါတယ္.။”

Manchester City manager Pep Guardiola:

“ျပီးခဲ့တဲ့ ၁၆လလံုး အတူတူ အေကာင္းဆံုး ပံုေဖာ္ခဲ့တဲ့ ဒီကစားသမားေတြကို ဘာလို႕ မယံုၾကည္ရမွာလဲ။ သူတို႔ကုိ က်ေနာ္ အျမဲယံုၾကည္မႈ ရွိပါတယ္။ သူတို႔ေကာင္းမြန္စြာ ကစားနုိင္ရင္ က်ေနာ္တို႔ နုိင္ကို နုိင္တယ္။

ပြဲတစ္ပြဲကို ၾကိဳတင္ျပင္ဆင္တယ္ဆိုတာ နုိင္ပြဲရဖို႔အတြက္ပဲ။ ကံၾကမၼာေကာင္းေတြဆိုတာ မိုးေပၚက က်လာမွာ မဟုတ္ဘူး။ ကိုယ့္ဘာသာ အားထုတ္ရမွာ ျဖစ္တယ္။ ခင္ဗ်ားတို႔ကပဲ က်ေနာ္တို႔ဟာ ျဖိဳခြင္းလို႔ မရတဲ့သူေတြလို႔ တင္စားခဲ့ၾကတယ္။ က်ေနာ္တို႔ကေတာ့ အဲဒီလို တခါမွ မေတြးဖူးဘူး.. က်ေနာ္ ဒီလိုေျပာတာလဲ ခင္ဗ်ားတို႔ ၾကားဖူးၾကလို႔လား။ တကယ္လို႕ နုိင္ပြဲရတယ္ဆိုရင္ က်ေနာ္တို႔ အလုပ္ေတြ အမ်ားၾကီးလုပ္ အားထုတ္ခဲ့လို႔ပဲ။”

အေလးေပးျခင္းမ်ား

  • Southampton: 19/2
  • Draw: 5/1
  • Man City: 3/10

ပြဲၾကိဳခန္႔မွန္းမႈ?

မန္စီးတီးအေနနဲ႕ ေနာက္ပြဲမွာ လီဗာပူးနဲ႕ ေတြ႔ရမွာ ေမ့ထားျပီး ဒီပြဲကို အေကာင္းဆံုး ကစားဖို႔ နုိင္ပြဲေတြ ဆက္ခဲ့တဲ့ ေန႕ရက္ေတြဆီ ျပန္ဦးတည္နုိင္ဖို႔ လိုေနပါျပီ။ ရွံဳးပြဲ ၂ပြဲဆက္ ေတြ႔ထားေပမယ့္ အဲဒီပြဲမွာ စီးတီး အဓိက ကစားသမားေတြ မပါ၀င္နုိင္ခဲ့ပါဘူး။ ဂြာဒီယိုလာက သူအားထားရတဲ့ ကစားသမားေတြ ျပန္သံုးလို႔ ရေနပါျပီ။ စိန္႔ေတြ အေနနဲ႕ စီးတီးကို ဖက္ျပိဳင္ တိုက္ခိုက္နုိင္မလား စိတ္၀င္စားစရာပါ.. ဒါေပမယ့္ ေက်ာ္ျဖတ္နုိင္စရာ မျမင္ပါဘူး။

Lawro Prediction: Southampton 0 Manchester City 3

၀ုဗ္က ဖူလ္ဟမ္နဲ႕ပြဲမွာ ကံေကာင္းသြားခဲ့တာပါ။ စပါးကေတာ့ ဒီမွာ ဂိုးေတြ မ်ားလိမ့္မယ္ ထင္ပါတယ္။ သူတို႔က ဒီခ်ိန္မွာ ယံုၾကည္မႈ အျပည့္နဲ႕ ဂိုးေတြ ျမဴးေနတဲ့ အသင္း ျဖစ္ပါတယ္။

Paul Merson Prediction: Southampton 1 Manchester City 4

Sports Home Time

[Unicode] ဆောက်သမ်တန် နဲ့ မန်စီးတီး ပွဲအတွက် ပွဲချိန်/ ထူးခြားသတင်း/ လူစာရင်း/ ပွဲကြို စိန်ခေါ်စကားများ/ ရေပန်းစားမှု/ ရလဒ်ခန့်မှန်းတွေကို စုစည်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဘယ်လိုပွဲလဲ?

နောက်ဆုံး 4 ပွဲမှာ 3 ပွဲထိ အရေးနိမ့်ထားတဲ့ မန်စီးတီးအသင်း အမှတ်ကွာဟမှုတွေ ပိုမကြီးမားစေဖို့ အားထုတ်လာပါတော့မယ်။ စိန့်အသင်းကလည်း အာဆင်နယ်ကို အနိုင်ယူပြီး စိတ်ဓါတ်တက်ကြွနေမှာပါ။ အရင်လတွေတုန်းကတော့ မန်စီးတီးရဲ့ ချန်ပီယံအိပ်မက်တွေကို စိန့်အသင်း ရပ်တန့်နိုင်မယ် မမျှော်လင့်နိုင်ပေမယ့် ဒီလထဲမှာ မန်စီးတီးဟာ ကြီးကြီးမားမား ရုန်းကန်နေရပါတယ်။

ဘယ်အချိန်ကန်မှာလဲ?

ဒီဇင်ဘာ ၃၀၊ တနင်္ဂနွေနေ့ ည ၈း၄၅ နာရီ တိတိ ဖြစ်ပါတယ်။

နှစ်သင်းရဲ့ ထူးခြားသတင်း

စိန့်ကစားသမားတွေဖြစ်တဲ့ Hojbjerg, Obafemi, Bertrand နဲ့ Lemina တို့ လွဲချော်ပါမယ်။ မန်စီးတီးဘက်ကလည်း ဒီလပ်၊ ဖာနန်ဒင်ဟိုနဲ့ ဒီဘရိုင်းတို့ ပါနိုင်ဖို့ မရှိပါဘူး။ ဒါပေမယ့်လို့ ဆေးဗားကတော့ ပြန်ပါလာနိုင်ပါလိမ့်မယ်။

လက်ရှိအဆင့်ရပ်တည်မှု

ပွဲကြိုပြောစကားများ

Southampton manager Ralph Hasenhuttl

“သူတို့က ပိုပြီး အန္တရာယ်ရှိနိုင်ပါတယ်။ နှစ်ပွဲဆက်တိုက် ရှုံးနိမ့်တယ်ဆိုတာ မန်ချက်စတာစီးတီး အတွက် သာမန်ကိစ္စ မဟုတ်ပါဘူး။ သူတို့မှာ ဒဏ်ရာပြဿနာ အနည်းငယ်လဲရှိပါတယ်။ ဒါပေမယ့် သူတို့အသင်းမှာ အရည်အချင်းတွေများစွာ ရှိပါတယ်။ ဇယားထိပ်ဆုံးမှာ ဦးဆောင်နေပြီးမှ နှစ်ပွဲ ရှုံးနိမ့်ခဲ့တာကြောင့် ယုံကြည်ချက်တွေ အနည်းငယ် ပျောက်ဆုံးနိုင်ပါတယ်။ ဒါဟာ အခက်ခဲဆုံး စိန်ခေါ်မှုဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့ မျှော်လင့်ထားပါတယ်။ ကျနော်တို့အနေနဲ့ အောင်မြင်မှုလိုချင်တယ်ဆိုရင် ပြီးပြည့်စုံတဲ့ကစားပုံနဲ့ ခြေစွမ်းပြသထားနိုင်ဖို့ လိုအပ်ပါတယ်.။”

Manchester City manager Pep Guardiola:

“ပြီးခဲ့တဲ့ ၁၆လလုံး အတူတူ အကောင်းဆုံး ပုံဖော်ခဲ့တဲ့ ဒီကစားသမားတွေကို ဘာလို့ မယုံကြည်ရမှာလဲ။ သူတို့ကို ကျနော် အမြဲယုံကြည်မှု ရှိပါတယ်။ သူတို့ကောင်းမွန်စွာ ကစားနိုင်ရင် ကျနော်တို့ နိုင်ကို နိုင်တယ်။

ပွဲတစ်ပွဲကို ကြိုတင်ပြင်ဆင်တယ်ဆိုတာ နိုင်ပွဲရဖို့အတွက်ပဲ။ ကံကြမ္မာကောင်းတွေဆိုတာ မိုးပေါ်က ကျလာမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ အားထုတ်ရမှာ ဖြစ်တယ်။ ခင်ဗျားတို့ကပဲ ကျနော်တို့ဟာ ဖြိုခွင်းလို့ မရတဲ့သူတွေလို့ တင်စားခဲ့ကြတယ်။ ကျနော်တို့ကတော့ အဲဒီလို တခါမှ မတွေးဖူးဘူး.. ကျနော် ဒီလိုပြောတာလဲ ခင်ဗျားတို့ ကြားဖူးကြလို့လား။ တကယ်လို့ နိုင်ပွဲရတယ်ဆိုရင် ကျနော်တို့ အလုပ်တွေ အများကြီးလုပ် အားထုတ်ခဲ့လို့ပဲ။”

အလေးပေးခြင်းများ

  • Southampton: 19/2
  • Draw: 5/1
  • Man City: 3/10

ပွဲကြိုခန့်မှန်းမှု?

မန်စီးတီးအနေနဲ့ နောက်ပွဲမှာ လီဗာပူးနဲ့ တွေ့ရမှာ မေ့ထားပြီး ဒီပွဲကို အကောင်းဆုံး ကစားဖို့ နိုင်ပွဲတွေ ဆက်ခဲ့တဲ့ နေ့ရက်တွေဆီ ပြန်ဦးတည်နိုင်ဖို့ လိုနေပါပြီ။ ရှုံးပွဲ ၂ပွဲဆက် တွေ့ထားပေမယ့် အဲဒီပွဲမှာ စီးတီး အဓိက ကစားသမားတွေ မပါဝင်နိုင်ခဲ့ပါဘူး။ ဂွာဒီယိုလာက သူအားထားရတဲ့ ကစားသမားတွေ ပြန်သုံးလို့ ရနေပါပြီ။ စိန့်တွေ အနေနဲ့ စီးတီးကို ဖက်ပြိုင် တိုက်ခိုက်နိုင်မလား စိတ်ဝင်စားစရာပါ.. ဒါပေမယ့် ကျော်ဖြတ်နိုင်စရာ မမြင်ပါဘူး။

Lawro Prediction: Southampton 0 Manchester City 3

ဝုဗ်က ဖူလ်ဟမ်နဲ့ပွဲမှာ ကံကောင်းသွားခဲ့တာပါ။ စပါးကတော့ ဒီမှာ ဂိုးတွေ များလိမ့်မယ် ထင်ပါတယ်။ သူတို့က ဒီချိန်မှာ ယုံကြည်မှု အပြည့်နဲ့ ဂိုးတွေ မြူးနေတဲ့ အသင်း ဖြစ်ပါတယ်။

Paul Merson Prediction: Southampton 1 Manchester City 4

Sports Home Time