NEWS: ဖလားနှစ်လုံး အနိုင်ရဖို့ ကူညီခဲ့တဲ့ အသင်းသားကို သန်း ၂၀ ဖြင့် ရောင်းထုတ်မယ့် အာဆင်နယ်

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းဟာ အာဆင်နယ်အသင်းမှ ဂိုးသမား မာတီနက်စ်ကို ပေါင် သန်း ၂၀ ဖြင့် လက်မှတ်ထိုးနိုင်ဖို့ မျှော်လင့်နေတယ်လို့ တယ်လီဂရပ်က ဖော်ပြသွားပါတယ်။

အာဆင်နယ်အတွက် အက်ဖ်အေဖလား အနိုင်ရဖို့ ကူညီပေးခဲ့သလို ကွန်မြူနတီဒိုင်း အောင်နိုင်မှုမှာလည်း အဓိက ပါဝင်ပေးခဲ့တဲ့ ဂိုးသမားဟာ ဗီလာကို ပြောင်းဖို့ကိစ္စတွေ အပြီးသတ်ဖို့ကို စီစဉ်နေပါပြီ။ ဂိုးသမား တွမ်ဟက်တန်က ဒူးဒဏ်ရာကနေ ပြန်သက်သာလာဖို့ အောက်တိုဘာလအထိ စောင့်ရဦးမှာဖြစ်ခြင်းကြောင့် မန်နေဂျာ ဒန်စမစ်က ဂိုးသမားသစ် ရှာဖွေလာခဲ့ခြင်း ဖြစ်ပါတယ်။

အာဂျင်တီးနား ဂိုးသမားဟာ အာဆင်နယ်နဲ့ စာချုပ် ၂ နှစ် ကျန်ရှိနေသေးသော်လည်း ဗီလာက ဟက်တန် ဒဏ်ရာရနေချိန်မှာ အဓိက ပွဲကစားခွင့်ပေးမယ်ဆိုတဲ့ မက်လုံးက လက်စွမ်းပြနိုင်ရင် တစ်ရာသီလုံး ကစားရမယ့် အခွင့်အရေးအဖြစ် မာတီနက်စ်ကို သဘောတွေ့စေခဲ့ပါတယ်။

အက်စတွန်ဗီလာဘက်က ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ကနဦး ပေါင် ၁၅ သန်းပေးမယ့် စာချုပ်ဖြစ်ပြီး အပြီးသတ် မဟုတ်သေးပေမယ့် အာဆင်နယ်က မူအားဖြင့် သဘောတူညီထားတဲ့ သဘောဖြစ်ပါတယ်။ လာမယ့် ရက်ပိုင်းအတွင်း အမြန်အပြီးသတ်ဖို့ ဆက်လက် ဆွေးနွေးပါလိမ့်မယ်။

တနင်္လာနေ့မှာ ရှက်ဖီးယူနိုက်တက်နဲ့ ရာသီအဖွင့်ပွဲ ကစားရတော့မယ့် ဗီလာက အဆိုပါပွဲ မတိုင်ခင် အပြောင်းအရွှေ့ ကိစ္စကို အပြီးဖြတ်လိုတယ်။ မာတီနက်စ်က သဘောတူမယ်ဆိုရင် ရှက်ဖီးပွဲအမှီ ခေါ်ယူသွားမှာဖြစ်တယ်။ အာဆင်နယ်ဘက်က ဘရတ်ဖိုဒ့်အသင်းမှ ဂိုးသမား ဒေးဗစ် ရေရာကို ပြန်လည် ခေါ်ယူလိုနေပြီး ချန်ပီယံရှစ်ကလပ်က ရောင်းထုတ်ပေးဖို့ ငြင်းဆန်ထားပါတယ်။

အာဆင်နယ်မှာ လီနို၊ မာတီနက်စ်တို့နောက် တတိယဂိုးသမားအဖြစ် မတ်မာဆီ ရှိနေပါတယ်။ သူကလည်း အာဆင်နယ်ကို မကြာခင်မှာပဲ နုတ်ဆက်သွားတော့မှာပါ။ မာဆီကိုယ်တိုင်ကလည်း ပုံမှန်ပွဲကစားခွင့်ပေးမယ့် အသင်းကို ရှာဖွေနေတာဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကလပ္ အက္စတြန္ဗီလာအသင္းဟာ အာဆင္နယ္အသင္းမွ ဂိုးသမား မာတီနက္စ္ကို ေပါင္ သန္း ၂၀ ျဖင့္ လက္မွတ္ထိုးႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ တယ္လီဂရပ္က ေဖာ္ျပသြားပါတယ္။

အာဆင္နယ္အတြက္ အက္ဖ္ေအဖလား အႏုိင္ရဖို႔ ကူညီေပးခဲ့သလို ကြန္ျမဴနတီဒိုင္း ေအာင္ႏုိင္မႈမွာလည္း အဓိက ပါဝင္ေပးခဲ့တဲ့ ဂိုးသမားဟာ ဗီလာကို ေျပာင္းဖို႔ကိစၥေတြ အျပီးသတ္ဖို႔ကို စီစဥ္ေနပါျပီ။ ဂိုးသမား တြမ္ဟက္တန္က ဒူးဒဏ္ရာကေန ျပန္သက္သာလာဖို႔ ေအာက္တိုဘာလအထိ ေစာင့္ရဦးမွာျဖစ္ျခင္းေၾကာင့္ မန္ေနဂ်ာ ဒန္စမစ္က ဂိုးသမားသစ္ ရွာေဖြလာခဲ့ျခင္း ျဖစ္ပါတယ္။

အာဂ်င္တီးနား ဂိုးသမားဟာ အာဆင္နယ္နဲ႔ စာခ်ဳပ္ ၂ ႏွစ္ က်န္ရွိေနေသးေသာ္လည္း ဗီလာက ဟက္တန္ ဒဏ္ရာရေနခ်ိန္မွာ အဓိက ပြဲကစားခြြင့္ေပးမယ္ဆိုတဲ့ မက္လံုးက လက္စြမ္းျပႏုိင္ရင္ တစ္ရာသီလံုး ကစားရမယ့္ အခြင့္အေရးအျဖစ္ မာတီနက္စ္ကို သေဘာေတြ႔ေစခဲ့ပါတယ္။

အက္စတြန္ဗီလာဘက္က ဒုတိယအၾကိမ္ ကမ္းလွမ္းမႈဟာ ကနဦး ေပါင္ ၁၅ သန္းေပးမယ့္ စာခ်ဳပ္ျဖစ္ျပီး အျပီးသတ္ မဟုတ္ေသးေပမယ့္ အာဆင္နယ္က မူအားျဖင့္ သေဘာတူညီထားတဲ့ သေဘာျဖစ္ပါတယ္။ လာမယ့္ ရက္ပိုင္းအတြင္း အျမန္အျပီးသတ္ဖို႔ ဆက္လက္ ေဆြးေႏြးပါလိမ့္မယ္။

တနလၤာေန႔မွာ ရွက္ဖီးယူႏုိက္တက္နဲ႔ ရာသီအဖြင့္ပြဲ ကစားရေတာ့မယ့္ ဗီလာက အဆိုပါပြဲ မတိုင္ခင္ အေျပာင္းအေရႊ႔ ကိစၥကို အျပီးျဖတ္လိုတယ္။ မာတီနက္စ္က သေဘာတူမယ္ဆိုရင္ ရွက္ဖီးပြဲအမွီ ေခၚယူသြားမွာျဖစ္တယ္။ အာဆင္နယ္ဘက္က ဘရတ္ဖိုဒ့္အသင္းမွ ဂိုးသမား ေဒးဗစ္ ေရရာကို ျပန္လည္ ေခၚယူလိုေနျပီး ခ်န္ပီယံရွစ္ကလပ္က ေရာင္းထုတ္ေပးဖို႔ ျငင္းဆန္ထားပါတယ္။

အာဆင္နယ္မွာ လီႏို၊ မာတီနက္စ္တို႔ေနာက္ တတိယဂိုးသမားအျဖစ္ မတ္မာဆီ ရွိေနပါတယ္။ သူကလည္း အာဆင္နယ္ကို မၾကာခင္မွာပဲ ႏုတ္ဆက္သြားေတာ့မွာပါ။ မာဆီကိုယ္တိုင္ကလည္း ပံုမွန္ပြဲကစားခြင့္ေပးမယ့္ အသင္းကို ရွာေဖြေနတာျဖစ္ပါတယ္။