ချီဝဲလ်၊ ဇီယက်နဲ့ သီယေဂိုတို့ ဘရိုက်တန်နဲ့ ရာသီအဖွင့်ပွဲ လွဲမယ်လို့ မန်နေဂျာလမ်းပတ် အတည်ပြု

မန်နေဂျာလမ်းပတ်က ကစားသမားသစ်တွေဖြစ်တဲ့ ချီဝဲလ်၊ ဇီယက်နဲ့ ဆေးဗားတို့ဟာ ရာသီအဖွင့်ပွဲကို ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့ပါတယ်။

လက်စတာကနေ ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူခဲ့တဲ့ ချီဝဲလ်နဲ့ အေဂျက်ကနေ ပေါင် ၃၃ သန်းဖြင့် ခေါ်ယူခဲ့တဲ့ ဇီယက်တို့ဟာ ဒဏ်ရာပြဿနာတွေ ရှိနေတာပါ။ ပြင်သစ်ကလပ်ကနေ လန်ဒန်ကို ရောက်လာခဲ့ပြီဖြစ်တဲ့ သီယေဂိုကတော့ အခုချိန်ထိ ချယ်ဆီး လေ့ကျင့်ရေး အစီအစဉ်တွေကို ပူးပေါင်း ပါဝင်နိုင်ခြင်း မရှိသေးတာဖြစ်တယ်။

လမ်းပတ်က ပြောရာမှာ “ ရာသီကြိုတုန်းက ဘရိုက်တန်နဲ့ပွဲမှာ ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ဇီယက်က ရာသီအဖွင့်ပွဲအမှီ ကြံ့ခိုင်နေမှာ မဟုတ်ပါဘူး။ သီတင်းပတ် အချို့လောက် အနားယူရမယ်လို့ ထင်တယ်။ ဒါပေမယ့်လို့ အခြေအနေကို နှစ်ပတ်လောက်တော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ချီဝဲလ်ကတော့ ကြံ့ခိုင်ရေးပိုင်းကို ကြိုးစားနေပြီး ဒီအပတ်ထဲမှာ တိုးတက်လာပါတယ်။ သူက မှန်ကန်တဲ့ ဦးတည်ချက်နဲ့ သွားနေပြီး ဘရိုက်တန်ပွဲအတွက်တော့ အဆင်သင့် မဖြစ်ပါဘူး။ သီယေဂိုကလည်း လန်ဒန်ကို ရောက်နေပါတယ်။ ဒါပေမယ့် ဒီသီတင်းပတ်အကုန်ထိ ကျနေ်ာတို့နဲ့ လေ့ကျင့်ခွင့် မရသေးဘူး။ ဒီတော့ ဘရိုက်တန်နဲ့ပွဲအတွက် ပါဝင်နိုင်မှာ မဟုတ်ပါဘူး ” လို ဆိုခဲ့တယ်။

လမ်းပတ်အတွက် သတင်းကောင်းကတော့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ တံကောက်ကြောဒဏ်ရာတွေ ရှိခဲ့တဲ့ ပူလီဆစ်နဲ့ ကွီတာက ပြန်လည် သက်သာလာခဲ့သလို ကြံ့ခိုင်မှု အကောင်းဆုံး အနေအထားမှာ ရှိနေပါပြီ။ ပူလီဆစ်ဟာ ချယ်ဆီးရဲ့ ကျောနံပါတ် ၁၀ ကို ဆက်ခံပြီး ရာသီသစ်ကို စတင်မှာ ဖြစ်တယ်။

လမ်းပတ်ကပဲ “ တနင်္လာနေ့ပွဲအတွက် သူတို့ ယှဉ်ပြိုင်ပါလိမ့်မယ်။ လေ့ကျင့်ရေးမှာ အကောင်းဆုံး ကြိုးစားနေသလို သူတို့ရဲ့ စိတ်ဓါတ်ပိုင်းကလည်း သိပ်ကောင်းပါတယ်။ ဒဏ်ရာပြဿနာကလည်း လုံးဝ ကင်းနေတဲ့ အခြေအနေပါ။ ကျနေ်ာတို့ စီမံသွားရပါလိမ့်မယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – မန္ေနဂ်ာလမ္းပတ္က ကစားသမားသစ္ေတြျဖစ္တဲ့ ခ်ီဝဲလ္၊ ဇီယက္နဲ႔ ေဆးဗားတို႔ဟာ ရာသီအဖြင့္ပြဲကို ပါဝင္ႏုိင္မွာ မဟုတ္ဘူးလို႔ အတည္ျပဳခဲ့ပါတယ္။

လက္စတာကေန ေပါင္ သန္း ၅၀ ျဖင့္ ေခၚယူခဲ့တဲ့ ခ်ီဝဲလ္နဲ႔ ေအဂ်က္ကေန ေပါင္ ၃၃ သန္းျဖင့္ ေခၚယူခဲ့တဲ့ ဇီယက္တို႔ဟာ ဒဏ္ရာျပႆနာေတြ ရွိေနတာပါ။ ျပင္သစ္ကလပ္ကေန လန္ဒန္ကို ေရာက္လာခဲ့ျပီျဖစ္တဲ့ သီေယဂိုကေတာ့ အခုခ်ိန္ထိ ခ်ယ္ဆီး ေလ့က်င့္ေရး အစီအစဥ္ေတြကို ပူးေပါင္း ပါဝင္ႏုိင္ျခင္း မရွိေသးတာျဖစ္တယ္။

လမ္းပတ္က ေျပာရာမွာ “ ရာသီၾကိဳတုန္းက ဘရိုက္တန္နဲ႔ပြဲမွာ ရခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ဇီယက္က ရာသီအဖြင့္ပြဲအမွီ ၾကံ႕ခိုင္ေနမွာ မဟုတ္ပါဘူး။ သီတင္းပတ္ အခ်ိဳ႔ေလာက္ အနားယူရမယ္လို႔ ထင္တယ္။ ဒါေပမယ့္လို႔ အေျခအေနကို ႏွစ္ပတ္ေလာက္ေတာ့ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ခ်ီဝဲလ္ကေတာ့ ၾကံ႕ခိုင္ေရးပိုင္းကို ၾကိဳးစားေနျပီး ဒီအပတ္ထဲမွာ တိုးတက္လာပါတယ္။ သူက မွန္ကန္တဲ့ ဦးတည္ခ်က္နဲ႔ သြားေနျပီး ဘရိုက္တန္ပြဲအတြက္ေတာ့ အဆင္သင့္ မျဖစ္ပါဘူး။ သီေယဂိုကလည္း လန္ဒန္ကို ေရာက္ေနပါတယ္။ ဒါေပမယ့္ ဒီသီတင္းပတ္အကုန္ထိ က်ေန္ာတို႔နဲ႔ ေလ့က်င့္ခြင့္ မရေသးဘူး။ ဒီေတာ့ ဘရိုက္တန္နဲ႔ပြဲအတြက္ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး ” လို ဆိုခ့ဲတယ္။

လမ္းပတ္အတြက္ သတင္းေကာင္းကေတာ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ တံေကာက္ေၾကာဒဏ္ရာေတြ ရွိခဲ့တဲ့ ပူလီဆစ္နဲ႔ ကီြတာက ျပန္လည္ သက္သာလာခဲ့သလို ၾကံ႕ခိုင္မႈ အေကာင္းဆံုး အေနအထားမွာ ရွိေနပါျပီ။ ပူလီဆစ္ဟာ ခ်ယ္ဆီးရဲ႕ ေက်ာနံပါတ္ ၁၀ ကို ဆက္ခံျပီး ရာသီသစ္ကို စတင္မွာ ျဖစ္တယ္။

လမ္းပတ္ကပဲ “ တနလၤာေန႔ပြဲအတြက္ သူတို႔ ယွဥ္ျပိဳင္ပါလိမ့္မယ္။ ေလ့က်င့္ေရးမွာ အေကာင္းဆံုး ၾကိဳးစားေနသလို သူတို႔ရဲ႕ စိတ္ဓါတ္ပိုင္းကလည္း သိပ္ေကာင္းပါတယ္။ ဒဏ္ရာျပႆနာကလည္း လုံးဝ ကင္းေနတဲ့ အေျခအေနပါ။ က်ေန္ာတို႔ စီမံသြားရပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။