သောကြာနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

ပရီးမီးယားလိဂ်ရဲ့ ဂုဏ်သိက္ခာအကြီးဆုံး တစ်ဦးချင်းဆုလို့ ခေါ်ရမယ့် PFA Player of the Year award ဆုအတွက် ဆန်ကာတင်စာရင်း ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ လီဗာပူးအသင်းမှ လေးဦးထိ ပါဝင်လာခဲ့ပြီး ဟန်ဒါဆန်၊ ဗန်ဒိုက်၊ မာနေး၊ ထရန့်တို့ ဖြစ်ကာ မန်စီးတီးမှ ဒီဘရိုင်းနဲ့ စတာလင်တို့ ဖြစ်ပါတယ်။

ကိုင်းဟာဗက်ဟာ ချယ်ဆီးအသင်းထံ ပြောင်းရွှေ့ဖို့ ကိစ္စတွေကို အပြီးသတ် လုပ်ဆောင်ဖို့အတွက် ဂျာမနီအသင်း အခြေစိုက်တဲ့ စတုဂတ်ကနေ ထွက်ခွာသွားပြီလို့ တယ်လီဂရပ်က အတည်ပြုပါတယ်။

ပရီးမီးယားလိဂ်ဟာ တရုတ်မှာ ပြသခွင့်ယူထားတဲ့ ရုပ်သံပါတနာကုမ္ပဏီ PPTV နဲ့ လမ်းခွဲဖို့ သဘောတူညီလိုက်ပြီလို့ တယ်လီဂရပ် သတင်းဌာနက ဖော်ပြသွားပါတယ်။ ဒီစာချုပ် ဖျက်သိမ်းလိုက်ခြင်းကြောင့် ပရီးမီးယားလိဂ်ဟာ ဝင်ငွေ ပေါင် သန်း ၅၀၀ ဆုံးရံှူးမယ်လို့ သိရပါတယ်။

အင်တာမီလန်သို့ ပြောင်းရွှေ့သွားပြီ ဖြစ်တဲ့ အဲလစ်ဆစ် ဆန်းချက်က မန်ချက်စတာမှာ ပထမရက် ထရိန်နင် စဆင်းတည်းက မပျော်ဘဲ အာဆင်နယ် ပြန်ချင်ခဲ့ကြောင်း ဖွင့်ဟခဲ့တဲ့ အပေါ် ယူနိုက်တက် ခံစစ်မှူးဟောင်း ရာဖေးကတော့ ဆန်းချက် တစ်ယောက် သရဲတွေ့ခဲ့လို့ ကြောက်လန့်ပြီး ပွဲတိုင်းလည်း ခြေစွမ်းမပြတာ ဖြစ်မယ်လို့ ပြန်လည် လှောင်ပြောင်ခဲ့ပါတယ်။

ဈေးကွက်ထဲမှာ ဂိုးသမား တစ်ဦး ခေါ်ယူဖို့ ရှာဖွေနေတဲ့ ချယ်ဆီးဟာ ယူနိုက်တက် အရန် ဂိုးသမား ရိုမဲရိုးကို ခေါ်ယူဖို့ ပစ်မှတ် စာရင်းသွင်းထားပါတယ်။ ယူနိုက်တက်ကလည်း ရိုမဲရိုးကို ဒီနွေမှာ ထွက်ခွာခွင့် ပြုဖို့ ရှိပါတယ်။

ဒီလထဲ နေးရှင်းလိဂ်ပွဲစဉ်တွေ အတွက် အင်္ဂလန်လက်ရွေးစင် အသင်းမှာ ခေါ်ယူခံခဲ့ရပြီးမှ ပြန် ဖယ်ထုတ်ခံခဲ့ရတဲ့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ နောက်လ ထဲမှာတော့ ထပ်မံ ရွေးချယ်ခံရဖို့ ရှိနေပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက် စောင့်ကြည့်နေတယ် သတင်းထွက်ထားတဲ့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့် သီယေဂို အယ်ကန်တာရာကတော့ လက်ရှိကလပ်မှာပဲ ပျော်ရွှင်နေပြီး ကိုယ့်အိမ် လို ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အိုဇေးဟာ အာတီတာရဲ့ စိတ်ကြိုက်ကစားသမားမဖြစ်တာကြောင့် အသင်းမှာ အခွင့်မရေးမရခဲ့ပဲ နည်းပြနဲ့ ပြေလည်တဲ့ဆက်ဆံရေး မရှိခဲ့ပေမယ့် ၎င်းတို့အနေနဲ့ အာဆင်နယ်ရဲ့ အကျိုးအတွက် သူတို့ရဲ့ သဘောထားမတိုက်ဆိုင်မှုတွေကို ဖြေရှင်းဖို့လိုတယ်လို့ ကမ့်ဘဲလ်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လီဗာပူးဘယ်အစွန်လူ ရော်ဘတ်ဆန်က မက်ဆီက ကမ္ဘာအကောင်းဆုံး ကစားသမားဖြစ်ပြီး သူ့လို ကစားသမားကို ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရမှာထက် ဘာစီလိုနာမှာပဲ ဆက်ရှိနေစချင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

နာပိုလီဥက္ကဌ ဒီလော်ရန်းတစ်က ကလပ်ဟာ အာဆင်နယ်ရဲ့ အသက်၃၂နှစ်အရွယ် နောက်ခံလူ ဆိုကရေးတစ်ကို ခေါ်ယူလိုနေကြောင်း အတည်ပြုခဲ့ပြီး ဂရိနောက်ခံလူဟာ စီးတီးကိုပြောင်းရွှေ့ဖွယ်ရှိတဲ့ ကူလီဘာလီအတွက် လမ်းဖွင့်ပေးဖို့ဖြစ်နိုင်ပါတယ်။

ပူလီဆစ်အနေနဲ့ ချယ်ဆီး မှာ လက်ရှိ သူ့ရဲ့အဆင့်အတန်းကို ဆက်ထိန်းထားနိုင်ရင် ဘိုင်ယန်၊ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးရနိုင်ခြေရှိတယ်လို့ အမေရိကန် အသင်းနည်းပြ ဘာဟတ်တာက ပြောဆိုခဲ့ပါတယ်။

ဂျူဗင်တပ်ဟာ ဆာရီလက်ထက်မှာ ဂျော်ဂျင်ဟိုကို အလိုရှိခဲ့တာကြောင့် ပီယာနစ်ကိုပေးပြီး ချယ်ဆီး ထံ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရတယ်လို့ အေးဂျင့်ဖြစ်သူက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ရဲ႕ ဂုဏ္သိကၡာအၾကီးဆံုး တစ္ဦးခ်င္းဆုလို႔ ေခၚရမယ့္ PFA Player of the Year award ဆုအတြက္ ဆန္ကာတင္စာရင္း ထြက္ေပၚလာခဲ့ျပီျဖစ္ပါတယ္။ လီဗာပူးအသင္းမွ ေလးဦးထိ ပါဝင္လာခဲ့ျပီး ဟန္ဒါဆန္၊ ဗန္ဒိုက္၊ မာေနး၊ ထရန္႔တို႔ ျဖစ္ကာ မန္စီးတီးမွ ဒီဘရိုင္းနဲ႔ စတာလင္တို႔ ျဖစ္ပါတယ္။

ကိုင္းဟာဗက္ဟာ ခ်ယ္ဆီးအသင္းထံ ေျပာင္းေရႊ႔ဖို႔ ကိစၥေတြကို အျပီးသတ္ လုပ္ေဆာင္ဖို႔အတြက္ ဂ်ာမနီအသင္း အေျခစိုက္တဲ့ စတုဂတ္ကေန ထြက္ခြာသြားျပီလို႔ တယ္လီဂရပ္က အတည္ျပဳပါတယ္။

ပရီးမီးယားလိဂ္ဟာ တရုတ္မွာ ျပသခြင့္ယူထားတဲ့ ရုပ္သံပါတနာကုမၸဏီ PPTV နဲ႔ လမ္းခြဲဖို႔ သေဘာတူညီလိုက္ျပီလို႔ တယ္လီဂရပ္ သတင္းဌာနက ေဖာ္ျပသြားပါတယ္။ ဒီစာခ်ဳပ္ ဖ်က္သိမ္းလိုက္ျခင္းေၾကာင့္ ပရီးမီးယားလိဂ္ဟာ ဝင္ေငြ ေပါင္ သန္း ၅၀၀ ဆံုးရံွဴးမယ္လို႔ သိရပါတယ္။

အင္တာမီလန္သို႔ ေျပာင္းေရႊ႕သြားျပီ ျဖစ္တဲ့ အဲလစ္ဆစ္ ဆန္းခ်က္က မန္ခ်က္စတာမွာ ပထမရက္ ထရိန္နင္ စဆင္းတည္းက မေပ်ာ္ဘဲ အာဆင္နယ္ ျပန္ခ်င္ခဲ့ေၾကာင္း ဖြင့္ဟခဲ့တဲ့ အေပၚ ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ရာေဖးကေတာ့ ဆန္းခ်က္ တစ္ေယာက္ သရဲေတြ႔ခဲ့လို႔ ေၾကာက္လန္႔ျပီး ပြဲတိုင္းလည္း ေျခစြမ္းမျပတာ ျဖစ္မယ္လုိ႔ ျပန္လည္ ေလွာင္ေျပာင္ခဲ့ပါတယ္။

ေစ်းကြက္ထဲမွာ ဂိုးသမား တစ္ဦး ေခၚယူဖို႔ ရွာေဖြေနတဲ့ ခ်ယ္ဆီးဟာ ယူနိုက္တက္ အရန္ ဂိုးသမား ရိုမဲရိုးကို ေခၚယူဖို႕ ပစ္မွတ္ စာရင္းသြင္းထားပါတယ္။ ယူနိုက္တက္ကလည္း ရိုမဲရိုးကို ဒီေႏြမွာ ထြက္ခြာခြင့္ ျပဳဖို႔ ရွိပါတယ္။

ဒီလထဲ ေနးရွင္းလိဂ္ပြဲစဥ္ေတြ အတြက္ အဂၤလန္လက္ေရြးစင္ အသင္းမွာ ေခၚယူခံခဲ့ရျပီးမွ ျပန္ ဖယ္ထုတ္ခံခဲ့ရတဲ့ ယူနုိက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ ေနာက္လ ထဲမွာေတာ့ ထပ္မံ ေရြးခ်ယ္ခံရဖို႔ ရွိေနပါတယ္။

လီဗာပူးနဲ႔ ယူနိုက္တက္ ေစာင့္ၾကည့္ေနတယ္ သတင္းထြက္ထားတဲ့ ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ သီေယဂို အယ္ကန္တာရာကေတာ့ လက္ရွိကလပ္မွာပဲ ေပ်ာ္ရႊင္ေနျပီး ကိုယ့္အိမ္ လို ျဖစ္ေနေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အိုေဇးဟာ အာတီတာရဲ႕ စိတ္ႀကိဳက္ကစားသမားမျဖစ္တာေၾကာင့္ အသင္းမွာ အခြင့္မေရးမရခဲ့ပဲ နည္းျပနဲ႔ ေျပလည္တဲ့ဆက္ဆံေရး မရွိခဲ့ေပမယ့္ ၎တို႔အေနနဲ႔ အာဆင္နယ္ရဲ႕ အက်ိဳးအတြက္ သူတို႔ရဲ႕ သေဘာထားမတိုက္ဆိုင္မႈေတြကို ေျဖရွင္းဖို႔လိုတယ္လို႔ ကမ့္ဘဲလ္က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

လီဗာပူးဘယ္အစြန္လူ ေရာ္ဘတ္ဆန္က မက္ဆီက ကမၻာအေကာင္းဆံုး ကစားသမားျဖစ္ျပီး သူ႔လို ကစားသမားကို ျပိဳင္ဘက္အျဖစ္ ယွဥ္ျပိဳင္ရမွာထက္ ဘာစီလိုနာမွာပဲ ဆက္ရွိေနစခ်င္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

နာပိုလီဥကၠဌ ဒီေလာ္ရန္းတစ္က ကလပ္ဟာ အာဆင္နယ္ရဲ႕ အသက္၃၂ႏွစ္အ႐ြယ္ ေနာက္ခံလူ ဆိုကေရးတစ္ကို ေခၚယူလိုေနေၾကာင္း အတည္ျပဳခဲ့ၿပီး ဂရိေနာက္ခံလူဟာ စီးတီးကိုေျပာင္းေ႐ႊ႕ဖြယ္ရွိတဲ့ ကူလီဘာလီအတြက္ လမ္းဖြင့္ေပးဖို႔ျဖစ္ႏိုင္ပါတယ္။

ပူလီဆစ္အေနနဲ႔ ခ်ယ္ဆီး မွာ လက္ရွိ သူ႔ရဲ႕အဆင့္အတန္းကို ဆက္ထိန္းထားႏိုင္ရင္ ဘိုင္ယန္၊ ဘာစီလိုနာ ဒါမွမဟုတ္ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးရႏိုင္ေျခရွိတယ္လို႔ အေမရိကန္ အသင္းနည္းျပ ဘာဟတ္တာက ေျပာဆိုခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာ ဆာရီလက္ထက္မွာ ေဂ်ာ္ဂ်င္ဟိုကို အလိုရွိခဲ့တာ​​ေၾကာင့္ ပီယာနစ္ကိုေပးၿပီး ခ်ယ္ဆီး ထံ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရတယ္လို႔ ေအးဂ်င့္ျဖစ္သူက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။