လာမယ့် ရာသီ ပရီးမီးယားလိဂ် 1 to 4 ရပ်တည်မှုကို ဂယ်ရီနဗီးလ် ကြိုတင် ခန့်မှန်းချက်ထုတ်

ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဘောလုံးရာသီ သစ် မစတင်ခင်ပဲ လာမယ့် ရာသီပြီးဆုံးချိန်မှာ ပရီးမီးယားလိဂ် အဆင့် ၁ ကနေ ၄ ထိ ဘယ်အသင်းတွေ ဘယ်လို ရပ်တည်မလဲဆိုတာ ကြိုတင် ခန့်မှန်း ဟောကိန်းထုတ်လိုက်ပါတယ်။ နောက်ရာသီ ချန်ပီယံကတော့ မန်ချက်စတာ စီးတီး ဖြစ်မယ်လို့ နဗီးလ်က ဆိုပါတယ်။

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ အမှတ်ပေးဖလား နှစ် ၃၀ အကြာ ဝေးကွာပြီးမှာ ပြီးသွားတဲ့ ရာသီမှာ ပြန်လည် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပြီး စီးတီးနဲ့ ၂၂ မှတ် ဖြတ်ကာ ချန်ပီယံ ဖြစ်ခဲ့တာပါ။ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးကလည်း ယခင်ရာသီများမှာ နှစ်ရာသီ ဆက် စံချိန်တင် မှတ်တမ်းတွေနဲ့ ချန်ပီယံ ဖြစ်ထားခဲ့တာ ဖြစ်ပြီး လာမယ့်ရာသီမှာ ပြန်ရယူဖို့ အလေးအနက် ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကတော့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ တတိယနေရာနဲ့ ရာသီသိမ်းခဲ့ပြီး လမ်းပတ်ရဲ့ ချယ်ဆီးက စတုတ္ထ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်သင်းလုံးကလည်း နောက်ရာသီ အမှတ်ပေးဇယား စိန်ခေါ်ဖို့ထိပါ ပစ်မှတ်ထား ပြင်ဆင်နေတဲ့ အသင်းတွေ ဖြစ်ပါတယ်။

ချယ်ဆီးဆိုရင် ကစားသမားသစ် ခေါ်ယူမှုတွေကို ငွေ အလုံးအရင်း သုံးစွဲ လုပ်ဆောင်နေပြီး ယူနိုက်တက်က ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ခဲ့ကာ ကစားသမားသစ်တွေ ခေါ်ဖို့ ဆက်လက် လှုပ်ရှားနေပါတယ်။ ယူနိုက်တက် ဂန္တဝင် နဗီးလ်ကတော့ သူ့အသင်းဟောင်းဟာ နောက်ရာသီမှာ ချန်ပီယံ မဖြစ်သေးသည့်တိုင် ဒုတိယ နေရာ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နဗီးလ်ရဲ့ လာမယ့်ရာသီ 1 to 4 ခန့်မှန်းမှုက အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. Manchester City (2nd last season)
  2. Manchester United (3rd last season)
  3. Liverpool (1st last season)
  4. Chelsea (4th last season)

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီ အဆင့် ၃ ထိ တက်လှမ်းနိုင်ခဲ့တာက တိုးတက်မှုကြီး ရှိနေတယ် ဆိုတာ ပြသခဲ့တာလို့ နဗီးလ်က ယုံကြည်နေပြီး ပရိသတ်တွေ လက်ခံနိုင်တဲ့ အနေအထား ရောက်အောင် နည်းပြ ဆိုးရှား စွမ်းဆောင်နိုင်ခဲ့တယ်လို့ သုံးသပ်ခဲ့ပါတယ်။ ချယ်ဆီးမှာတော့ လမ်းပတ်ဟာ ကစားသမားသစ်တွေ ခေါ်ထားတာနဲ့ အမျှ လာမယ့်ရာသီ ဖိအားတွေ ပိုမို ရှိလာနိုင်တယ် လို့ ၎င်းက ယူဆထားပြီး လာမယ့်ရာသီမှာတော့ ချန်ပီယံ ဖြစ်ဖို့ မနီးစပ်သေးကြောင်း သုံးသပ်ခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ကစားသမားေဟာင္း ဂယ္ရီနဗီးလ္က ေဘာလံုးရာသီ သစ္ မစတင္ခင္ပဲ လာမယ့္ ရာသီျပီးဆံုးခ်ိန္မွာ ပရီးမီးယားလိဂ္ အဆင့္ ၁ ကေန ၄ ထိ ဘယ္အသင္းေတြ ဘယ္လို ရပ္တည္မလဲဆိုတာ ၾကိဳတင္ ခန္႔မွန္း ေဟာကိန္းထုတ္လိုက္ပါတယ္။ ေနာက္ရာသီ ခ်န္ပီယံကေတာ့ မန္ခ်က္စတာ စီးတီး ျဖစ္မယ္လို႔ နဗီးလ္က ဆိုပါတယ္။

လက္ရွိ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းဟာ အမွတ္ေပးဖလား နွစ္ ၃၀ အၾကာ ေ၀းကြာျပီးမွာ ျပီးသြားတဲ့ ရာသီမွာ ျပန္လည္ ဆြတ္ခူးနုိင္ခဲ့တာ ျဖစ္ျပီး စီးတီးနဲ႕ ၂၂ မွတ္ ျဖတ္ကာ ခ်န္ပီယံ ျဖစ္ခဲ့တာပါ။ ပက္ဂြာဒီယိုလာရဲ႕ မန္စီးတီးကလည္း ယခင္ရာသီမ်ားမွာ နွစ္ရာသီ ဆက္ စံခ်ိန္တင္ မွတ္တမ္းေတြနဲ႕ ခ်န္ပီယံ ျဖစ္ထားခဲ့တာ ျဖစ္ျပီး လာမယ့္ရာသီမွာ ျပန္ရယူဖို႔ အေလးအနက္ ျပင္ဆင္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ကေတာ့ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ တတိယေနရာနဲ႕ ရာသီသိမ္းခဲ့ျပီး လမ္းပတ္ရဲ႕ ခ်ယ္ဆီးက စတုတၳ ျဖစ္ခဲ့ပါတယ္။ ဒီနွစ္သင္းလံုးကလည္း ေနာက္ရာသီ အမွတ္ေပးဇယား စိန္ေခၚဖို႔ထိပါ ပစ္မွတ္ထား ျပင္ဆင္ေနတဲ့ အသင္းေတြ ျဖစ္ပါတယ္။

ခ်ယ္ဆီးဆိုရင္ ကစားသမားသစ္ ေခၚယူမႈေတြကို ေငြ အလံုးအရင္း သံုးစြဲ လုပ္ေဆာင္ေနျပီး ယူနိုက္တက္က ဗန္ဒီဘိခ္ကို ေခၚယူနုိင္ခဲ့ကာ ကစားသမားသစ္ေတြ ေခၚဖို႔ ဆက္လက္ လႈပ္ရွားေနပါတယ္။ ယူနိုက္တက္ ဂႏၱ၀င္ နဗီးလ္ကေတာ့ သူ႔အသင္းေဟာင္းဟာ ေနာက္ရာသီမွာ ခ်န္ပီယံ မျဖစ္ေသးသည့္တိုင္ ဒုတိယ ေနရာ ရနိုင္မယ္လို႔ ခန္႔မွန္းထားပါတယ္။ နဗီးလ္ရဲ႕ လာမယ့္ရာသီ 1 to 4 ခန္႔မွန္းမႈက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

  1. Manchester City (2nd last season)
  2. Manchester United (3rd last season)
  3. Liverpool (1st last season)
  4. Chelsea (4th last season)

ယူနိုက္တက္ဟာ ျပီးခဲ့တဲ့ရာသီ အဆင့္ ၃ ထိ တက္လွမ္းနိုင္ခဲ့တာက တိုးတက္မႈၾကီး ရွိေနတယ္ ဆိုတာ ျပသခဲ့တာလို႔ နဗီးလ္က ယံုၾကည္ေနျပီး ပရိသတ္ေတြ လက္ခံနိုင္တဲ့ အေနအထား ေရာက္ေအာင္ နည္းျပ ဆိုးရွား စြမ္းေဆာင္နုိင္ခဲ့တယ္လို႔ သံုးသပ္ခဲ့ပါတယ္။ ခ်ယ္ဆီးမွာေတာ့ လမ္းပတ္ဟာ ကစားသမားသစ္ေတြ ေခၚထားတာနဲ႕ အမွ် လာမယ့္ရာသီ ဖိအားေတြ ပိုမို ရွိလာနိုင္တယ္ လို႔ ၄င္းက ယူဆထားျပီး လာမယ့္ရာသီမွာေတာ့ ခ်န္ပီယံ ျဖစ္ဖို႔ မနီးစပ္ေသးေၾကာင္း သံုးသပ္ခဲ့ပါတယ္။