အသင်းတိုင်း ပွဲထွက် ၁၁ ဦးပဲ သုံးခွင့်ရှိပြီး လူစားလဲမှုကလည်း တူညီစွာ ၃ ကြိမ်ပါဆိုတဲ့ ကလော့ပ်

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ နွေဈေးကွက်ထဲ ခေါ်ယူမှုကြီးတွေ ပြုလုပ်ကာ အသင်းကို အားသစ်လောင်းဖို့ အစီအစဉ် မရှိကြောင်း ထုတ်ပြောလိုက်ပါတယ်။

မနှစ်ကရာသီမှာ ရာသီဝက်အတွင်း မီနာမီနိုကိုပဲ ခေါ်ယူထားတဲ့ လီဗာပူးက ဒီရာသီမှာတော့ ဘယ်အစွန်လူ ကိုစတက်ကိုပဲ ခေါ်ယူထားပါတယ်။ ပြိုင်ဘက်တွေနဲ့ နှိုင်းယှဉ်ရင် လီဗာပူးရဲ့ လူသစ်ခေါ်ယူမှုက သြချလောက်အောင် နည်းပါးပေမယ့် စုစည်းမှုမှာတော့ စံနမူနာယူစရာ အသင်းတစ်သင်းဖြစ်တယ်။ ဒါကပဲ သူလိုအပ်တဲ့ လီဗာပူးအသင်းအဖြစ် ကလော့ပ်က ပြောပါတယ်။

မန်နေဂျာကလော့ပ်က “ ဒီလောက် အသုံးစရိတ်လိုတယ်၊ ဒီအသုံးစရိတ်မှ မရရင် ငါတို့ ခက်ခဲသွားမယ် ဆိုပြီး ဥက္ကဌ ထံ တောင်းဆိုတာတွေ ကျနော်တို့ မလုပ်ပါဘူး။ အခြားအသင်းတွေမှာလည်း သူတို့ ပေါ်လစီနဲ့ သူတို့ ရှိပါတယ်။ အဲ့တာက အရင်နှစ်တွေတည်းကပါပဲ။

ငါတို့ အားလုံးမှာ ကိုယ်ပိုင် ချဉ်းကပ်မှု ပုံစံတွေ ရှိပါတယ်။ အဲ့တာကို ပြောင်းလဲမှာ မဟုတ်သလို၊ ပြောင်းလဲတာလည်း မလုပ်လိုဘူး။ ငါတို့က နေရာကောင်းမှာရှိနေတဲ့ အသင်းကောင်းတစ်သင်းဖြစ်တယ်။ လူတိုင်းက အလုပ်များစေလိုတာနဲ့ပဲ လူသစ် ၅ ဦးလောက် ခေါ်ယူတာတွေကို လုပ်လို့ မရပါဘူး။ အပြောင်းအရွှေ့တိုင်းမှာ လူတိုင်း ကျေနပ်လောက်အောင် လူခေါ်တာလည်း ဘယ်တုန်းကမှ ငါလုပ်မပေးနိုင်ခဲ့ဘူး။

အမြဲတမ်းမှာ လူတိုင်းက နောက်တစ်ယောက်လောက် ခေါ်ပါဦးလို့ တောင်းဆိုခဲ့ကြတာချည်းပဲ။ အခုချိန်ထိတော့ အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် လူခေါ်ယူမှုတိုင်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ စုစည်းမှုတစ်ခုကို ဖန်တီးနိုင်ဖို့ အရေးကြီးပါတယ်။ တကယ်ကို အနိုင်ယူရခက်တဲ့ အသင်းကောင်းတစ်သင်း၊ အသင်းဖော် အချင်းချင်းအတွက် တိုက်ခိုက်ပေးလိုတဲ့ အသင်းတစ်သင်းပေါ့။ အရေးကြီးဆုံးက အဲ့တာပါပဲ။

ချယ်ဆီးက ဈေးကွက်မှာ ရည်ရွယ်ချက်ကောင်းတွေ ရှိနေတယ်။ ယူနိုက်တက်ကော မန်စီးတီးကော ပါပဲ။ အဆုံးသတ်မှာတော့ အားလုံးက ပွဲထွက် ၁၁ ဦးပဲ ထုတ်သုံးခွင့်ရှိပြီး ၃ ဦးပဲ လူစားလဲခွင့်ရှိပါတယ်။ လူစာရင်းကို အပြောင်းအလဲ အများကြီး လုပ်လိုက်ရင် ကာလတိုအတွက်ပဲ ကောင်းပြီး ကာလရှည်အတွက် မကောင်းပါဘူး။ သူတို့ အချင်းချင်း နားလည်မှုရဖို့ အချိန်ယူရပါတယ်။

ကျနေ်ာတို့က အချင်းချင်း နားလည်မှု ရှိထားပြီးသားပါ။ ဒါက အကြီးမားဆုံး အားသာချက် မဟုတ်ပေမယ့် အားသာချက် သေးသေးလေး ဖြစ်ပါတယ်။ ဒါပေမယ့် ငါတို့က အရမ်းကောင်းတဲ့ အခိုက်အတန့်အတွက် အလုပ်လုပ်နေတာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ ေႏြေစ်းကြက္ထဲ ေခၚယူမႈၾကီးေတြ ျပဳလုပ္ကာ အသင္းကို အားသစ္ေလာင္းဖို႔ အစီအစဥ္ မရွိေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

မႏွစ္ကရာသီမွာ ရာသီဝက္အတြင္း မီနာမီႏိုကိုပဲ ေခၚယူထားတဲ့ လီဗာပူးက ဒီရာသီမွာေတာ့ ဘယ္အစြန္လူ ကိုစတက္ကိုပဲ ေခၚယူထားပါတယ္။ ျပိဳင္ဘက္ေတြနဲ႔ ႏိႈင္းယွဥ္ရင္ လီဗာပူးရဲ႕ လူသစ္ေခၚယူမႈက ၾသခ်ေလာက္ေအာင္ နည္းပါးေပမယ့္ စုစည္းမႈမွာေတာ့ စံနမူနာယူစရာ အသင္းတစ္သင္းျဖစ္တယ္။ ဒါကပဲ သူလိုအပ္တဲ့ လီဗာပူးအသင္းအျဖစ္ ကေလာ့ပ္က ေျပာပါတယ္။

မန္ေနဂ်ာကေလာ့ပ္က “ ဒီေလာက္ အသံုးစရိတ္လိုတယ္၊ ဒီအသံုးစရိတ္မွ မရရင္ ငါတို႔ ခက္ခဲသြားမယ္ ဆိုျပီး ဥကၠဌ ထံ ေတာင္းဆိုတာေတြ က်ေနာ္တို႔ မလုပ္ပါဘူး။ အျခားအသင္းေတြမွာလည္း သူတို႔ ေပၚလစီနဲ႔ သူတို႔ ရွိပါတယ္။ အဲ့တာက အရင္ႏွစ္ေတြတည္းကပါပဲ။

ငါတို႔ အားလံုးမွာ ကိုယ္ပိုင္ ခ်ဥ္းကပ္မႈ ပံုစံေတြ ရွိပါတယ္။ အဲ့တာကို ေျပာင္းလဲမွာ မဟုတ္သလို၊ ေျပာင္းလဲတာလည္း မလုပ္လိုဘူး။ ငါတို႔က ေနရာေကာင္းမွာရွိေနတဲ့ အသင္းေကာင္းတစ္သင္းျဖစ္တယ္။ လူတိုင္းက အလုပ္မ်ားေစလိုတာနဲ႔ပဲ လူသစ္ ၅ ဦးေလာက္ ေခၚယူတာေတြကို လုပ္လို႔ မရပါဘူး။ အေျပာင္းအေရႊ႔တိုင္းမွာ လူတိုင္း ေက်နပ္ေလာက္ေအာင္ လူေခၚတာလည္း ဘယ္တုန္းကမွ ငါလုပ္မေပးႏုိင္ခဲ့ဘူး။

အျမဲတမ္းမွာ လူတိုင္းက ေနာက္တစ္ေယာက္ေလာက္ ေခၚပါဦးလို႔ ေတာင္းဆိုခဲ့ၾကတာခ်ည္းပဲ။ အခုခ်ိန္ထိေတာ့ အလုပ္ျဖစ္ပါတယ္။ ဒါေပမယ့္ လူေခၚယူမႈတိုင္း အလုပ္ျဖစ္မွာ မဟုတ္ပါဘူး။ စုစည္းမႈတစ္ခုကို ဖန္တီးႏုိင္ဖို႔ အေရးၾကီးပါတယ္။ တကယ္ကို အႏုိင္ယူရခက္တဲ့ အသင္းေကာင္းတစ္သင္း၊ အသင္းေဖာ္ အခ်င္းခ်င္းအတြက္ တိုက္ခိုက္ေပးလိုတဲ့ အသင္းတစ္သင္းေပါ့။ အေရးၾကီးဆံုးက အဲ့တာပါပဲ။

ခ်ယ္ဆီးက ေစ်းကြက္မွာ ရည္ရြယ္ခ်က္ေကာင္းေတြ ရွိေနတယ္။ ယူႏုိက္တက္ေကာ မန္စီးတီးေကာ ပါပဲ။ အဆံုးသတ္မွာေတာ့ အားလံုးက ပြဲထြက္ ၁၁ ဦးပဲ ထုတ္သံုးခြင့္ရွိျပီး ၃ ဦးပဲ လူစားလဲခြင့္ရွိပါတယ္။ လူစာရင္းကို အေျပာင္းအလဲ အမ်ားၾကီး လုပ္လိုက္ရင္ ကာလတိုအတြက္ပဲ ေကာင္းျပီး ကာလရွည္အတြက္ မေကာင္းပါဘူး။ သူတို႔ အခ်င္းခ်င္း နားလည္မႈရဖို႔ အခ်ိန္ယူရပါတယ္။

က်ေန္ာတို႔က အခ်င္းခ်င္း နားလည္မႈ ရွိထားျပီးသားပါ။ ဒါက အၾကီးမားဆံုး အားသာခ်က္ မဟုတ္ေပမယ့္ အားသာခ်က္ ေသးေသးေလး ျဖစ္ပါတယ္။ ဒါေပမယ့္ ငါတို႔က အရမ္းေကာင္းတဲ့ အခိုက္အတန္႔အတြက္ အလုပ္လုပ္ေနတာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။