အောက်တိုဘာ ၆ ရက်နေ့ မတိုင်ခင် လူသစ်ခေါ်ယူမှုတွေ ပြီးမယ် မျှော်လင့်တဲ့ အာတီတာ

ဒီကနေ့ညမှာတော့ ဝင်ဘာလေကွင်းကြီးမှာ အက်ဖ်အေဖလား ချန်ပီယံ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲကို ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

မန်နေဂျာအာတီတာက ပွဲကြိုမှာတော့ ကလပ်ဟာ အပြောင်းအရွှေ့မှာ ပစ်မှတ်ထားမှုတွေ ရှိနေပြီး အောက်တိုဘာလ မတိုင်ခင် အဆိုပါ ကိစ္စတွေကို အပြီးသတ်နိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြောခဲ့ပါတယ်။

အာတီတာက ” အောက်တိုဘာလ ၆ ရက်နေ့ မတိုင်ခင်မှာ ကျနေ်ာတို့ ပစ်မှတ်ထားတဲ့ ကိစ္စတွေ အားလုံးကို အတူတကွ ရောက်ရှိသွားအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက် ရှိပါတယ် ” လို့ ပြောပါတယ်။

အာဆင်နယ်ဟာ ဘရာဇီးခံစစ်မှူး ဂါဘရီရယ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမယ့် မအောင်မြင်သေးပါဘူး။ အပြီးသတ် သဘောတူညီမှု ရခါနီးမှ ပရီးမီးယားလိဂ်ကလပ်ဘက်က ဝင်ကမ်းလှမ်းထားတယ်လို့ သိရကာ သတင်းတွေ ရပ်ဆိုင်းနေတာ ဖြစ်ပါတယ်။

ဂန်းနားမန်နေဂျာက ” အကယ်လို့ အပြောင်းအရွှေ့မှာ ရည်မှန်းထားသလို မလုပ်နိုင်ခဲ့ရင်လည်း ကျနေ်ာတို့ အစီအစဉ်ကို တစ်စုံတစ်ယောက်က ထိုးနှက်တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနေ်ာတို့ ဘာလုပ်လိုတယ်၊ ဘာတွေကို ရည်မှန်းထားတယ်ဆိုတာ ရှင်းပါတယ်။ ကျနေ်ာတို့ လုပ်လိုတဲ့အတိုင်း နီးနီးစပ်စပ် လုပ်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်။

မန်နေဂျာတိုင်းက ပြင်ဆင်ချိန်တွေ ပိုပြီး လိုအပ်မယ်လို့ ထင်ပါတယ်။ တိုတောင်းတဲ့ ရာသီကြို ပြင်ဆင်မှုပြီးရင် နိုင်ငံတကာ တာဝန်တွေ ရောက်လာပါမယ်။ ဒါပေမယ့် ယူရိုပြိုင်ပွဲတွေ ရွှေ့ထားတယ်ဆိုတာ ကျနေ်ာတို့ သိတယ်။ ဒါကပဲ ကစားသမားတွေအတွက် အရမ်းကောင်းပါတယ်။ လက်ရွေးစင်အသင်းတွေက သူတို့ကစားသမားတွေကို နိုင်ငံတကာအဆင့် ပွဲတွေအတွက် လအတန်ကြာ စောင့်ရမှာပါ။

ဒီတော့ ဒီကိစ္စမျိုးတွေမှာ ကျနေ်ာတို့ အသားကျဖို့ လိုပါတယ်။ လူတိုင်းကို ပျော်အောင် လုပ်ပေးနိုင်ဖို့က ခက်ခဲပါတယ်။ အဲ့လို လုပ်နိုင်ဖို့လည်း မလွယ်ပါဘူး။ ဒီလို အခြေအနေကို အသားကျဖို့ လိုပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI – ဒီကေန႔ညမွာေတာ့ ဝင္ဘာေလကြင္းၾကီးမွာ အက္ဖ္ေအဖလား ခ်န္ပီယံ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးနဲ႔ ကြန္ျမဴနတီဒိုင္းပြဲကို ယွဥ္ျပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာအာတီတာက ပြဲၾကိဳမွာေတာ့ ကလပ္ဟာ အေျပာင္းအေရႊ႔မွာ ပစ္မွတ္ထားမႈေတြ ရွိေနျပီး ေအာက္တိုဘာလ မတိုင္ခင္ အဆုိပါ ကိစၥေတြကို အျပီးသတ္ႏုိင္ဖို႔ ေမွ်ာ္္လင့္တယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

အာတီတာက ” ေအာက္တိုဘာလ ၆ ရက္ေန႔ မတိုင္ခင္မွာ က်ေန္ာတုိ႔ ပစ္မွတ္ထားတဲ့ ကိစၥေတြ အားလံုးကို အတူတကြ ေရာက္ရွိသြားေအာင္ လုပ္ေဆာင္ႏိုင္မယ္လုိ႔ ယံုၾကည္ခ်က္ ရွိပါတယ္ ” လို႔ ေျပာပါတယ္။

အာဆင္နယ္ဟာ ဘရာဇီးခံစစ္မွဴး ဂါဘရီရယ္ကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနေပမယ့္ မေအာင္ျမင္ေသးပါဘူး။ အျပီးသတ္ သေဘာတူညီမႈ ရခါနီးမွ ပရီးမီးယားလိဂ္ကလပ္ဘက္က ဝင္ကမ္းလွမ္းထားတယ္လုိ႔ သိရကာ သတင္းေတြ ရပ္ဆုိင္းေနတာ ျဖစ္ပါတယ္။

ဂန္းနားမန္ေနဂ်ာက ” အကယ္လို႔ အေျပာင္းအေရႊ႔မွာ ရည္မွန္းထားသလို မလုပ္ႏုိင္ခဲ့ရင္လည္း က်ေန္ာတို႔ အစီအစဥ္ကို တစ္စံုတစ္ေယာက္က ထိုးႏွက္တာေၾကာင့္ပဲ ျဖစ္ပါလိမ့္မယ္။ က်ေန္ာတို႔ ဘာလုပ္လိုတယ္၊ ဘာေတြကို ရည္မွန္းထားတယ္ဆိုတာ ရွင္းပါတယ္။ က်ေန္ာတုိ႔ လုပ္လိုတဲ့အတိုင္း နီးနီးစပ္စပ္ လုပ္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ထားပါတယ္။

မန္ေနဂ်ာတိုင္းက ျပင္ဆင္ခ်ိန္ေတြ ပိုျပီး လိုအပ္မယ္လို႔ ထင္ပါတယ္။ တိုေတာင္းတဲ့ ရာသီၾကိဳ ျပင္ဆင္မႈျပီးရင္ ႏုိင္ငံတကာ တာဝန္ေတြ ေရာက္လာပါမယ္။ ဒါေပမယ့္ ယူရိုျပိဳင္ပြဲေတြ ေရႊ႔ထားတယ္ဆိုတာ က်ေန္ာတုိ႔ သိတယ္။ ဒါကပဲ ကစားသမားေတြအတြက္ အရမ္းေကာင္းပါတယ္။ လက္ေရြးစင္အသင္းေတြက သူတို႔ကစားသမားေတြကို ႏုိင္ငံတကာအဆင့္ ပြဲေတြအတြက္ လအတန္ၾကာ ေစာင့္ရမွာပါ။

ဒီေတာ့ ဒီကိစၥမ်ိဳးေတြမွာ က်ေန္ာတို႔ အသားက်ဖို႔ လိုပါတယ္။ လူတိုင္းကို ေပ်ာ္ေအာင္ လုပ္ေပးႏုိင္ဖို႔က ခက္ခဲပါတယ္။ အဲ့လို လုပ္ႏုိင္ဖို႔လည္း မလြယ္ပါဘူး။ ဒီလို အေျခအေနကို အသားက်ဖို႔ လိုပါတယ္ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။