ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်မယ့် တတိယမြောက် အစုအဖွဲ့က စုစည်းမိနေပြီလား

လန်ဒန်အခြေစိုက်ကလပ် ချယ်ဆီးအသင်းဟာ ဒီနွေမှာတော့ ဇီးယက်၊ ဝါနာ၊ မူယမ်ဘာ၊ ချီးဝဲလ်၊ ဆား၊ သီယေဂို တို့ကို ခေါ်ယူထားခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီးရဲ့ နောက်ထပ် ကမ်းလှမ်းမှုတွေမှာတော့ လေဗာကူဆင်မှ ဟာဗက်၊ ဝက်ဟမ်းမှ ရိုက် အပြင် ဂိုးသမားတစ်ဦးလည်း ပါဝင်သွားနိုင်ပါတယ်။ ဒါကြောင့် လက်တလော မေးခွန်းထုတ်နေကြတာကတော့ ရာသီသစ်မှာ ချန်ပီယံကာကွယ်မယ့် လီဗာပူးထံက ပရီးမီးယားလိဂ်ဖလားကို ပြိုင်လုမယ့် ကလပ်တွေထဲမှာ မန်စီးတီးအပြင် ချယ်ဆီးပါ ပါဝင်လာခဲ့ပြီလားလို့ ဖြစ်တယ်။

ချယ်ဆီးခံစစ်က မနှစ်တုန်းက ပြိုင်ပွဲစုံ ၇၉ ဂိုးထိ ပေးထားရတယ်။ အဆိုပါ ခံစစ်ကြောင်းမှာ အဓိက အားနည်းခဲ့ခြင်းက ဂိုးသမား၊ ဗဟိုခံစစ်မှူးနဲ့ ဘယ်အစွန်နေရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနွေမှာတော့ မန်နေဂျာလမ်းပတ်က ခံစစ်ကြောင်းကို ဦးဆောင်ပေးဖို့ သီယေဂိုကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူထားသလို ဘယ်ခြမ်းအတွက်လည်း ချီးဝဲလ်ကို ပေါင် သန်း ၅၀ အကုန်အကျ ခံထားပြီဖြစ်ပါတယ်။

နိုက်ခံစစ်မှူး ဆားကို ရခဲ့ပေမယ့်လည်း အသင်းမှာ သုံးဦးမှာ မဟုတ်ဘဲ အငှားချသွားမှာပါ။ ဒါ့အပြင် လူငယ်ကြယ်ပွင့် မူယမ်ဘာကလည်း လူငယ်အသင်းမှာပဲ တိုးတက်လာအောင် ကြိုးစားနေဦးမှာ ဖြစ်ပါတယ်။ မန်နေဂျာလမ်းပတ် အလိုရှိနေတဲ့ ဂိုးသမားသစ်ရခဲ့ရင်တော့ ခံစစ်က မနှစ်ကနဲ့ ခြားနားစွာကို တောင့်တင်းသွားမှာဖြစ်ပါတယ်။

ချယ်ဆီးဟာ ပက်ဒရို၊ ဝီလီယမ်တို့ကို လက်လွတ်ထားရသလို အထောင်တိုက်စစ်မှူး ဂျီရူးကလည်း အသက်အရွယ် ရလာခဲ့ပြီဖြစ်တယ်။ ဒီနေရာတွေအတွက် ချယ်ဆီးက ဇီးယက်၊ ဝါနာတို့နဲ့ တိုက်ရိုက် အစားထိုးမှာဖြစ်ကာ ဟာဗက်ကို ရခဲ့မယ်ဆိုရင် တိုက်စစ်မှာ ရှိနေတဲ့ မောင့်၊ ပူလီဆစ်၊ အိုဒွိုင်း၊ အေဘရာဟမ်တို့နဲ့ တွဲဘက်ပြီး ရွေးချယ်စရာတွေ များလာတော့မှာဖြစ်တယ်။

ချယ်ဆီးကွင်းလယ်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ကွင်းလယ်တွေထဲ ပါဝင်ထားခဲ့ပြီး ကန်တေ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုတို့ ရှိနေတဲ့ တွဲလုံးက လိဂ်ရဲ့ ဘယ်လို ကွင်းလယ်ကိုမဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိကြောင်း မနှစ်က ပြသထားပြီဖြစ်တယ်။ အားနည်းတယ်လို့ ယူဆရတဲ့ ကွင်းလယ်အဖျက် နေရာအတွက်လည်း ရိုက်လို ကစားသမားနဲ့ သတင်းထွက်နေတာဖြစ်တယ်။

ချယ်ဆီးအသင်းဟာ လူငယ်နဲ့ ဝါရင့်တွေ စုစည်းမိနေပြီဖြစ်ကာ ပွဲထွက် လူစာရင်းကော အရန်ခုံကပါ အတော်လေး အင်အားတောင့်တင်းနေခဲ့ပါပြီ။ ဒါကြောင့် လမ်းပတ် ဦးဆောင်တဲ့ အပြာရောင် လန်ဒန်အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်မယ့် အသင်းတွေထဲက တစ်သင်းအဖြစ် အားလုံးက မျက်ခုံးပင့်ကြည့်နေကြပြီ ဖြစ်ပါတယ်။

ZAWGYI – လန္ဒန္အေျခစိုက္ကလပ္ ခ်ယ္ဆီးအသင္းဟာ ဒီေႏြမွာေတာ့ ဇီးယက္၊ ဝါနာ၊ မူယမ္ဘာ၊ ခ်ီးဝဲလ္၊ ဆား၊ သီေယဂို တို႔ကို ေခၚယူထားခဲ့ျပီျဖစ္ပါတယ္။

ခ်ယ္ဆီးရဲ႕ ေနာက္ထပ္ ကမ္းလွမ္းမႈေတြမွာေတာ့ ေလဗာကူဆင္မွ ဟာဗက္၊ ဝက္ဟမ္းမွ ရိုက္ အျပင္ ဂိုးသမားတစ္ဦးလည္း ပါဝင္သြားႏုိင္ပါတယ္။ ဒါေၾကာင့္ လက္တေလာ ေမးခြန္းထုတ္ေနၾကတာကေတာ့ ရာသီသစ္မွာ ခ်န္ပီယံကာကြယ္မယ့္ လီဗာပူးထံက ပရီးမီးယားလိဂ္ဖလားကို ျပိဳင္လုမယ့္ ကလပ္ေတြထဲမွာ မန္စီးတီးအျပင္ ခ်ယ္ဆီးပါ ပါဝင္လာခဲ့ျပီလားလို႔ ျဖစ္တယ္။

ခ်ယ္ဆီးခံစစ္က မႏွစ္တုန္းက ျပိဳင္ပြဲစံု ၇၉ ဂိုးထိ ေပးထားရတယ္။ အဆိုပါ ခံစစ္ေၾကာင္းမွာ အဓိက အားနည္းခဲ့ျခင္းက ဂိုးသမား၊ ဗဟိုခံစစ္မွဴးနဲ႔ ဘယ္အစြန္ေနရာေတြ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီေႏြမွာေတာ့ မန္ေနဂ်ာလမ္းပတ္က ခံစစ္ေၾကာင္းကို ဦးေဆာင္ေပးဖို႔ သီေယဂိုကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေခၚယူထားသလို ဘယ္ျခမ္းအတြက္လည္း ခ်ီးဝဲလ္ကို ေပါင္ သန္း ၅၀ အကုန္အက် ခံထားျပီျဖစ္ပါတယ္။

ႏုိက္ခံစစ္မွဴး ဆားကို ရခဲ့ေပမယ့္လည္း အသင္းမွာ သံုးဦးမွာ မဟုတ္ဘဲ အငွားခ်သြားမွာပါ။ ဒါ့အျပင္ လူငယ္ၾကယ္ပြင့္ မူယမ္ဘာကလည္း လူငယ္အသင္းမွာပဲ တိုးတက္လာေအာင္ ၾကိဳးစားေနဦးမွာ ျဖစ္ပါတယ္။ မန္ေနဂ်ာလမ္းပတ္ အလိုရွိေနတဲ့ ဂိုးသမားသစ္ရခဲ့ရင္ေတာ့ ခံစစ္က မႏွစ္ကနဲ႔ ျခားနားစြာကို ေတာင့္တင္းသြားမွာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ပက္ဒရို၊ ဝီလီယမ္တို႔ကို လက္လြတ္ထားရသလို အေထာင္တုိက္စစ္မွဴး ဂ်ီရူးကလည္း အသက္အရြယ္ ရလာခဲ့ျပီျဖစ္တယ္။ ဒီေနရာေတြအတြက္ ခ်ယ္ဆီးက ဇီးယက္၊ ဝါနာတို႔နဲ႔ တိုက္ရိုက္ အစားထိုးမွာျဖစ္ကာ ဟာဗက္ကို ရခဲ့မယ္ဆိုရင္ တိုက္စစ္မွာ ရွိေနတဲ့ ေမာင့္၊ ပူလီဆစ္၊ အိုဒိြဳင္း၊ ေအဘရာဟမ္တို႔နဲ႔ တြဲဘက္ျပီး ေရြးခ်ယ္စရာေတြ မ်ားလာေတာ့မွာျဖစ္တယ္။

ခ်ယ္ဆီးကြင္းလယ္က ပရီးမီးယားလိဂ္မွာ အေကာင္းဆံုး ကြင္းလယ္ေတြထဲ ပါဝင္ထားခဲ့ျပီး ကန္ေတ၊ ကိုဗာဆစ္၊ ေဂ်ာ္ဂ်င္ဟိုတို႔ ရွိေနတဲ့ တြဲလံုးက လိဂ္ရဲ႕ ဘယ္လို ကြင္းလယ္ကိုမဆို ယွဥ္ျပိဳင္ႏုိင္စြမ္း ရွိေၾကာင္း မႏွစ္က ျပသထားျပီျဖစ္တယ္။ အားနည္းတယ္လို႔ ယူဆရတဲ့ ကြင္းလယ္အဖ်က္ ေနရာအတြက္လည္း ရိုက္လို ကစားသမားနဲ႔ သတင္းထြက္ေနတာျဖစ္တယ္။

ခ်ယ္ဆီးအသင္းဟာ လူငယ္နဲ႔ ဝါရင့္ေတြ စုစည္းမိေနျပီျဖစ္ကာ ပြဲထြက္ လူစာရင္းေကာ အရန္ခံုကပါ အေတာ္ေလး အင္အားေတာင့္တင္းေနခဲ့ပါျပီ။ ဒါေၾကာင့္ လမ္းပတ္ ဦးေဆာင္တဲ့ အျပာေရာင္ လန္ဒန္အသင္းဟာ လာမယ့္ရာသီ ပရီးမီးယားလိဂ္ကို စိန္ေခၚမယ့္ အသင္းေတြထဲက တစ္သင္းအျဖစ္ အားလံုးက မ်က္ခံုးပင့္ၾကည့္ေနၾကျပီ ျဖစ္ပါတယ္။