အာဆင်နယ် Vs လီဗာပူး ကွန်မြူနတီဒိုင်း ပွဲစဉ်အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

အက်ဖ်အေဖလား ချန်ပီယံ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းတို့ဟာ သြဂုတ်လ ၂၉ ရက် ဒီစနေနေ့မှာတော့ ကွန်မြူနတီဒိုင်း ပွဲစဉ် အဖြစ် ထိပ်တိုက် ရင်ဆိုင် ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ စနေနေ့ည မြန်မာစံတော်ချိန် ၁၀ နာရီမှာပါ။ ဒီပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ချန်ပီယံလိဂ် ဗိုလ်လုပွဲအပြီး တစ်ပတ်လောက် အကြာမှာပဲ ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူးက အက်ဖ်အေဖလား ချန်ပီယံ အာဆင်နယ်ကို စနေနေ့ ဝင်ဘာလေကွင်းမှာ ယှဉ်ပြိုင်ရတော့မှာက ထူးထူးဆန်းဆန်း ဖြစ်နေပါတယ်။ ဒါကတော့ ဘောလုံးရာသီ အသစ် အတွက် ကန့်လန့်ကာ အဖွင့်ပဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးကတော့ ဒီပွဲကနေ အားယူပြီး ဘောလုံးရာသီ ကောင်း စတင်ဖို့ စိတ်အား ထက်သန်နေပါလိမ့်မယ်။ လတ်တလော ခြေစွမ်းတွေ အရဘ သွင်းဂိုးလည်း များမယ် ယူဆရတဲ့ ပွဲပါ။

ဒီနှစ်သင်း ဆုံတဲ့ပွဲတွေမှာ ၂၀၁၅ နောက်ပိုင်း ဂိုးမသွင်းတဲ့ ပွဲရယ်လို့လည်း မရှိပါဘူး။ နောက်ဆုံး တွေ့ဆုံထားတဲ့ ၁၀ ပွဲမှာ ၈ ပွဲက ၃ ဂိုးနဲ့ အထက် ပွဲတွေချည်း ဖြစ်ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ ၈၅ ဂိုး သွင်းထားပြီး အာဆင်နယ်ကတော့ ၅၆ ဂိုး သွင်းထားပါတယ်။

အမ်းမရိတ်မှာတော့ အားထားရတဲ့ တိုက်စစ်မှူး အူဘာမီးယန်းက စာချုပ်သစ် လက်မှတ် ရေးထိုးရခြင်း မရှိသေးပါဘူး။ နောက်နှစ်အနည်းငယ်ထိ သူ့ကို ဆက်ထိန်းထားဖို့က အာဆင်နယ်က လူတိုင်း လိုလားတဲ့ ကိစ္စ လို့ ယုံကြည်ရပါတယ်။ နှစ်ရာသီဆက် ပရီးမီးယားလိဂ်မှာ ၂၂ ဂိုး သွင်းထားတဲ့ အူဘာမီးယန်းဟာ ဒီလို တိုက်စစ်မှူးမျိုး လက်လွှတ်ခံဖို့ ဘယ်လိုမှ စဉ်းစားနိုင်မှာ မဟုတ်ပါဘူး။ အူဘာမီးယန်းဟာ နောက်ဆုံး ဝင်ဘာလေးမှာ ကစားထားတဲ့ နှစ်ပွဲ မှာ နှစ်ဂိုးစီ သွင်းယူထားပါတယ်။ စနေနေ့ကပွဲမှာလည်း သူ ထပ် ဂိုးသွင်းတာ မြင်ရရင် အံ့သြဖွယ် မရှိပါဘူး။

လီဗာပူးကတော့ ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်မှာ သြစတြီးယားမှာ နေပြီး ရာသီကြို ထရိန်နင် ပြုလုပ်နေခဲ့ပါတယ်။ မတ်လတည်းက ချန်ပီယံလိဂ်မှာ အက်သလက်တီကို ကို ရှုံးပြီး ထွက်ခွာခဲ့ရတာဖြစ်လို့ ဥရောပပွဲ ဆက်ကစားနေခဲ့တဲ့ ဂန်းနားတွေထက်တော့ လီဗာပူးက အနားယူချိန် ပို ရထားပါတယ်။

လီဗာပူးရဲ့ အိမ်ကွင်းတောင့်တင်းတဲ့ ပုံစံကောင်းက ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ဗိုလ်စွဲရာမှာ အခရာ ကျခဲ့ပါတယ်။ အဝေးကွင်းပုံစံကလည်း အဆိုးကြီး မရှိပါဘူး။ လီဗာပူးအသင်းက ကစားသမား တိုင်းဟာ ပြီးခဲ့တဲ့ နှစ်ရာသီဆက် ကောင်းစွာပြသထားတဲ့ ပုံစံကို ဆက်ထိန်းထားဖို့ အဓိက ထားမှာ ဖြစ်ပါတယ်။ ခြေစမ်းပွဲတွေ ကစားထားပြီး ဖြစ်တဲ့ ဒီနှစ်သင်းက ပြင်ဆင်မှုတွေ ပြည့်စုံထားပြီး ဘောလုံးရာသီကို အနိုင်နဲ့ စတင်ချင်နေပါလိမ့်မယ်။ ဒီပွဲဟာ ဂိုးတွေ အများကြီးနဲ့ ရသ အပြည့်ပေးမယ်လို့ ကျနော် မျှော်လင့်ထားတယ်။

နှစ်သင်းလုံး ပြင်ဆင်မှုတွေ ကောင်းပြီး အသင့် ဖြစ်နေပေမယ့် ယာဂင်ကလော့ပ်ရဲ့ အသင်းသားတွေက ဒီစနေမှာ နောက်ထပ် ဆုဖလား တစ်ခု သိမ်းပိုက်သွားမယ် ထင်ပါတယ်။ ကျနော့် အမြင်တော့ လီဗာပူး ၃-၁ နဲ့ အနိုင်ပါ။ ” လို့ အိုဝင်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – အက္ဖ္ေအဖလား ခ်န္ပီယံ အာဆင္နယ္အသင္းနဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းတို႔ဟာ ၾသဂုတ္လ ၂၉ ရက္ ဒီစေနေန႔မွာေတာ့ ကြန္ျမဴနတီဒိုင္း ပြဲစဥ္ အျဖစ္ ထိပ္တိုက္ ရင္ဆိုင္ ယွဥ္ျပိဳင္ရေတာ့မွာပဲ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ၁၀ နာရီမွာပါ။ ဒီပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျပီး တစ္ပတ္ေလာက္ အၾကာမွာပဲ ပရီးမီးယားလိဂ္ ခ်န္ပီယံလီဗာပူးက အက္ဖ္ေအဖလား ခ်န္ပီယံ အာဆင္နယ္ကို စေနေန႔ ၀င္ဘာေလကြင္းမွာ ယွဥ္ျပိဳင္ရေတာ့မွာက ထူးထူးဆန္းဆန္း ျဖစ္ေနပါတယ္။ ဒါကေတာ့ ေဘာလံုးရာသီ အသစ္ အတြက္ ကန္႔လန္႕ကာ အဖြင့္ပဲ ျဖစ္ပါတယ္။ နွစ္သင္းလံုးကေတာ့ ဒီပြဲကေန အားယူျပီး ေဘာလံုးရာသီ ေကာင္း စတင္ဖို႔ စိတ္အား ထက္သန္ေနပါလိမ့္မယ္။ လတ္တေလာ ေျခစြမ္းေတြ အရဘ သြင္းဂိုးလည္း မ်ားမယ္ ယူဆရတဲ့ ပြဲပါ။

ဒီနွစ္သင္း ဆံုတဲ့ပြဲေတြမွာ ၂၀၁၅ ေနာက္ပိုင္း ဂိုးမသြင္းတဲ့ ပြဲရယ္လို႔လည္း မရွိပါဘူး။ ေနာက္ဆံုး ေတြ႔ဆံုထားတဲ့ ၁၀ ပြဲမွာ ၈ ပြဲက ၃ ဂိုးနဲ႕ အထက္ ပြဲေတြခ်ည္း ျဖစ္ပါတယ္။ လီဗာပူးဟာ ျပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္မွာ ၈၅ ဂိုး သြင္းထားျပီး အာဆင္နယ္ကေတာ့ ၅၆ ဂိုး သြင္းထားပါတယ္။

အမ္းမရိတ္မွာေတာ့ အားထားရတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းက စာခ်ဳပ္သစ္ လက္မွတ္ ေရးထိုးရျခင္း မ၇ွိေသးပါဘူး။ ေနာက္နွစ္အနည္းငယ္ထိ သူ႔ကို ဆက္ထိန္းထားဖို႔က အာဆင္နယ္က လူတိုင္း လိုလားတဲ့ ကိစၥ လို႔ ယံုၾကည္ရပါတယ္။ နွစ္ရာသီဆက္ ပရီးမီးယားလိဂ္မွာ ၂၂ ဂိုး သြင္းထားတဲ့ အူဘာမီးယန္းဟာ ဒီလို တိုက္စစ္မွဴးမ်ိဳး လက္လႊတ္ခံဖို႔ ဘယ္လိုမွ စဥ္းစားနုိင္မွာ မဟုတ္ပါဘူး။ အူဘာမီးယန္းဟာ ေနာက္ဆံုး ၀င္ဘာေလးမွာ ကစားထားတဲ့ နွစ္ပြဲ မွာ နွစ္ဂိုးစီ သြင္းယူထားပါတယ္။ စေနေန႔ကပြဲမွာလည္း သူ ထပ္ ဂိုးသြင္းတာ ျမင္ရရင္ အံ့ၾသဖြယ္ မရွိပါဘူး။

လီဗာပူးကေတာ့ ျပီးခဲ့တဲ့ သီတင္းပတ္ အနည္းငယ္မွာ ၾသစၾတီးယားမွာ ေနျပီး ရာသီၾကိဳ ထရိန္နင္ ျပဳလုပ္ေနခဲ့ပါတယ္။ မတ္လတည္းက ခ်န္ပီယံလိဂ္မွာ အက္သလက္တီကို ကို ရွံုးျပီး ထြက္ခြာခဲ့ရတာျဖစ္လို႔ ဥေရာပပြဲ ဆက္ကစားေနခဲ့တဲ့ ဂန္းနားေတြထက္ေတာ့ လီဗာပူးက အနားယူခ်ိန္ ပို ရထားပါတယ္။

လီဗာပူးရဲ႕ အိမ္ကြင္းေတာင့္တင္းတဲ့ ပံုစံေကာင္းက ျပီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ္ ဗိုလ္စြဲရာမွာ အခရာ က်ခဲ့ပါတယ္။ အေ၀းကြင္းပံုစံကလည္း အဆိုးၾကီး မရွိပါဘူး။ လီဗာပူးအသင္းက ကစားသမား တိုင္းဟာ ျပီးခဲ့တဲ့ နွစ္ရာသီဆက္ ေကာင္းစြာျပသထားတဲ့ ပံုစံကို ဆက္ထိန္းထားဖို႔ အဓိက ထားမွာ ျဖစ္ပါတယ္။ ေျခစမ္းပြဲေတြ ကစားထားျပီး ျဖစ္တဲ့ ဒီနွစ္သင္းက ျပင္ဆင္မႈေတြ ျပည့္စံုထားျပီး ေဘာလံုးရာသီကို အနုိင္နဲ႕ စတင္ခ်င္ေနပါလိမ့္မယ္။ ဒီပြဲဟာ ဂိုးေတြ အမ်ားၾကီးနဲ႕ ရသ အျပည့္ေပးမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။

နွစ္သင္းလံုး ျပင္ဆင္မႈေတြ ေကာင္းျပီး အသင့္ ျဖစ္ေနေပမယ့္ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းသားေတြက ဒီစေနမွာ ေနာက္ထပ္ ဆုဖလား တစ္ခု သိမ္းပိုက္သြားမယ္ ထင္ပါတယ္။ က်ေနာ့္ အျမင္ေတာ့ လီဗာပူး ၃-၁ နဲ႕ အနုိင္ပါ။ ” လို႔ အို၀င္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။