အံ့သြသင့်စရာ ရွေးချယ်မှုတွေပါနေတဲ့ ဆောက်ဂိတ်ရဲ့ စက်တင်ဘာလအတွက် အင်္ဂလန်လူစာရင်း

မကြာသေးခင်က ဂရိမှာ ပြဿနာတွေ ကြုံထားရတဲ့ မက်ဂွဲရားနဲ့ လူငယ်ကစားသမားတွေဖြစ်တဲ့ ဖိုဒန်၊ ဂရင်းဝုဒ်တို့ ပါဝင်တဲ့ အင်္ဂလန် လက်ရွေးစင် လူစာရင်း ထွက်ပေါ်လာပါပြီ။

စက်တင်ဘာလမှာ ယှဉ်ပြိုင်ကစားရမယ့် နေးရှင်းလိဂ်အတွက် အင်္ဂလန်လူစာရင်းကို ရွေးချယ်ခြင်းဖြစ်ပါတယ်။ မက်ဂွဲရားဟာ ဂရိမှာ ပြဿနာဖြစ်ခဲ့ခြင်းအတွက် အမူရင်ဆိုင်ခဲ့ရပေမယ့် အင်္ဂလန်ကို ပြန်ရောက်လာခဲ့ပါပြီ။ သူ့ရဲ့ ရှေ့နေကပဲ Syros ကျွန်းမှာ ဆက်နေကာ အမှုကို ရင်ဆိုင်ပေးသွားမှာဖြစ်ပါတယ်။

စိတ်လှုပ်ရှားစရာကတော့ မန်စီးတီးလူငယ်လေး ဖိုဒန် (၂၀ နှစ်)နဲ့ ယူနိုက်တက်ကြယ်ပွင့် ဂရင်းဝုဒ် (၁၈ နှစ်) တို့ ဒီစာရင်းမှာ ပါဝင်လာခြင်းဖြစ်တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ပွဲ မကစားဖူးသေးတဲ့ လိဒ်စတား ကီဗင် ဖီးလစ် (၂၄ နှစ်) ကလည်း အင်္ဂလန်လူစာရင်းထဲ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။ ဒါပေမယ့်လို့ အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်ကို ချန်လှပ်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် ဒူးဒဏ်ရာကြောင့် မပါခဲ့သလို လက်စတာမှ ဘမ်ချီဝဲလ်လည်း မပါခဲ့ပါဘူး။ သူတို့ နှစ်ဦးက ဒဏ်ရာပြဿနာတွေ ရှိနေခဲ့တာဖြစ်တယ်။ ဒါပေမယ့်လို့ စပါးနဲ့ ရာသီကြို ပူးပေါင်းနိုင်မှာ မဟုတ်တဲ့ ဟယ်ရီကိန်း၊ ဒဏ်ရာကြောင့် မာဆေးဆိုဒ်က လီဗာပူးမှာပဲ ရှိနေတဲ့ ထရန့်တို့ကိုတော့ ရွေးချယ်သွားခဲ့တယ်။

မနှစ်ကရာသီမှာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို စိန်ခေါ်ပြခဲ့တဲ့ ဆောက်သမ်တန် တိုက်စစ်မှူး ဒန်နီအင့် အင်္ဂလန်လူစာရင်းအတွက် ခေါ်ယူခံခဲ့ရတာကတော့ ထိုက်တန်းခဲ့ပါတယ်။ ဒါ့အပြင် အူစိန်ဘော့ရဲ့ ပါတီပွဲကို သွားတက်ခဲ့ပြီး ကိုဗစ်စစ်ဆေးမှုမှာ ပိုးမတွေ့ဘူးလို့ ရလဒ်ထွက်ခဲ့တဲ့ စတာလင်ကိုလည်း ထည့်သွင်းထားခဲ့တယ်။ အခြားသော အင်္ဂလန်ကြယ်ပွင့်တွေဖြစ်တဲ့ ဆန်ချို၊ ဒင်းဟန်ဒါဆန်၊ ရပ်ဖိုဒ့်တို့လည်း ရွေးချယ်ခံထားရပါတယ်။

အင်္ဂလန်ဟာ စက်တင်ဘာလ ၅ ရက်နေ့မှာ အိုက်စ်လန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ၃ ရက် အကြာမှာတော့ ဒိန်းမတ်နဲ့ ယှဉ်ပြိုင်ကစားရပါမယ်။

အင်္ဂလန်လူစာရင်း အပြည့်အစုံ

Goalkeepers: Dean Henderson, Jordan Pickford, Nick Pope

Defenders: Trent Alexander-Arnold, Eric Dier, Joe Gomez, Michael Keane, Harry Maguire, Tyrone Mings, Kieran Trippier, Kyle Walker

Midfielders: Phil Foden, Mason Mount, Kalvin Phillips, Declan Rice, James Ward-Prowse, Harry Winks

Forwards: Tammy Abraham, Mason Greenwood, Danny Ings, Harry Kane, Marcus Rashford, Jadon Sancho, Raheem Sterling

ZAWGYI – မၾကာေသးခင္က ဂရိမွာ ျပႆနာေတြ ၾကံဳထားရတဲ့ မက္ဂြဲရားနဲ႔ လူငယ္ကစားသမားေတြျဖစ္တဲ့ ဖိုဒန္၊ ဂရင္းဝုဒ္တို႔ ပါဝင္တဲ့ အဂၤလန္ လက္ေရြးစင္ လူစာရင္း ထြက္ေပၚလာပါျပီ။

စက္တင္ဘာလမွာ ယွဥ္ျပိဳင္ကစားရမယ့္ ေနးရွင္းလိဂ္အတြက္ အဂၤလန္လူစာရင္းကို ေရြးခ်ယ္ျခင္းျဖစ္ပါတယ္။ မက္ဂြဲရားဟာ ဂရိမွာ ျပႆနာျဖစ္ခဲ့ျခင္းအတြက္ အမူရင္ဆိုင္ခဲ့ရေပမယ့္ အဂၤလန္ကို ျပန္ေရာက္လာခဲ့ပါျပီ။ သူ႔ရဲ႕ ေရွ႔ေနကပဲ Syros ကၽြန္းမွာ ဆက္ေနကာ အမႈကို ရင္ဆိုင္ေပးသြားမွာျဖစ္ပါတယ္။

စိတ္လႈပ္ရွားစရာကေတာ့ မန္စီးတီးလူငယ္ေလး ဖိုဒန္ (၂၀ ႏွစ္)နဲ႔ ယူႏုိက္တက္ၾကယ္ပြင့္ ဂရင္းဝုဒ္ (၁၈ ႏွစ္) တို႔ ဒီစာရင္းမွာ ပါဝင္လာျခင္းျဖစ္တယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ပြဲ မကစားဖူးေသးတဲ့ လိဒ္စတား ကီဗင္ ဖီးလစ္ (၂၄ ႏွစ္) ကလည္း အဂၤလန္လူစာရင္းထဲ ေခၚယူျခင္း ခံခဲ့ရပါတယ္။ ဒါေပမယ့္လို႔ အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္ကို ခ်န္လွပ္ခဲ့ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ဒူးဒဏ္ရာေၾကာင့္ မပါခဲ့သလို လက္စတာမွ ဘမ္ခ်ီဝဲလ္လည္း မပါခဲ့ပါဘူး။ သူတို႔ ႏွစ္ဦးက ဒဏ္ရာျပႆနာေတြ ရွိေနခဲ့တာျဖစ္တယ္။ ဒါေပမယ့္လို႔ စပါးနဲ႔ ရာသီၾကိဳ ပူးေပါင္းႏုိင္မွာ မဟုတ္တဲ့ ဟယ္ရီကိန္း၊ ဒဏ္ရာေၾကာင့္ မာေဆးဆိုဒ္က လီဗာပူးမွာပဲ ရွိေနတဲ့ ထရန္႔တို႔ကိုေတာ့ ေရြးခ်ယ္သြားခဲ့တယ္။

မႏွစ္ကရာသီမွာ ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုကို စိန္ေခၚျပခဲ့တဲ့ ေဆာက္သမ္တန္ တိုက္စစ္မွဴး ဒန္နီအင့္ အဂၤလန္လူစာရင္းအတြက္ ေခၚယူခံခဲ့ရတာကေတာ့ ထိုက္တန္းခဲ့ပါတယ္။ ဒါ့အျပင္ အူစိန္ေဘာ့ရဲ႕ ပါတီပြဲကို သြားတက္ခဲ့ျပီး ကိုဗစ္စစ္ေဆးမႈမွာ ပိုးမေတြ႔ဘူးလို႔ ရလဒ္ထြက္ခဲ့တဲ့ စတာလင္ကိုလည္း ထည့္သြင္းထားခဲ့တယ္။ အျခားေသာ အဂၤလန္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဆန္ခ်ိဳ၊ ဒင္းဟန္ဒါဆန္၊ ရပ္ဖိုဒ့္တို႔လည္း ေရြးခ်ယ္ခံထားရပါတယ္။

အဂၤလန္ဟာ စက္တင္ဘာလ ၅ ရက္ေန႔မွာ အိုက္စ္လန္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ၃ ရက္ အၾကာမွာေတာ့ ဒိန္းမတ္နဲ႔ ယွဥ္ျပိဳင္ကစားရပါမယ္။

အဂၤလန္လူစာရင္း အျပည့္အစံု

Goalkeepers: Dean Henderson, Jordan Pickford, Nick Pope

Defenders: Trent Alexander-Arnold, Eric Dier, Joe Gomez, Michael Keane, Harry Maguire, Tyrone Mings, Kieran Trippier, Kyle Walker

Midfielders: Phil Foden, Mason Mount, Kalvin Phillips, Declan Rice, James Ward-Prowse, Harry Winks

Forwards: Tammy Abraham, Mason Greenwood, Danny Ings, Harry Kane, Marcus Rashford, Jadon Sancho, Raheem Sterling