ပီအက်ဂျီ V ဘိုင်ယန် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် မိုင်ကယ်အိုဝင် သုံးသပ်နဲ့ ရလဒ် ခန့်မှန်း

ချန်ပီယံလိဂ် ဗိုလ်လုပွဲဖြစ်တဲ့ ပီအက်ဂျီနဲ့ ဘိုင်ယန်မြူးနစ်တို့ပွဲအတွက် မိုင်ကယ်အိုဝင်က သုံးသပ် ခန့်မှန်းသွားပါတယ်။

PSG v Bayern Munich

ပီအက်ဂျီက သူတို့ရဲ့ ပထမဆုံးသော ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားရတော့မှာဖြစ်တယ်။ ဆုဖလား ကိုင်မြောက်နိုင်ဖို့ကိုလည်း မျှော်လင့်နေလိမ့်မယ်။ ပြင်သစ် ချန်ပီယံတွေဟာ ဒီရာသီမှာ ဂျာမနီနှစ်သင်းကို အနိုင်ယူခဲ့ပြီဖြစ်ကာ ဒီတစ်ကြိမ်မှာတော့ ဘွန်ဒက်လီဂါရဲ့ ရှိန်လောက်တဲ့ ချန်ပီယံကို ရင်ဆိုင်သွားရတော့မှာပါ။

ဘိုင်ယန်ကတော့ သူတို့ သမိုင်းမှာ ၁၁ ကြိမ်မြောက် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကစားရတော့မှာဖြစ်ကာ အေစီမီလန်နဲ့ တူညီတဲ့ အရည်အတွက်ဖြစ်တယ်။ သူတို့ထက် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပိုကစားထားနိုင်တဲ့ အသင်းဆိုလို့ ရီးရဲလ်ရဲ့ ၁၆ ကြိမ်ပဲ ရှိထားပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်မှာ ပွဲတိုင်း ဂိုးသွင်းတဲ့ လီဝမ်ဒေါစကီးက ၁၀ ပွဲမှာ ၁၅ ဂိုး သွင်းထားပါပြီ။ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက ရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် တစ်ရာသီ သွင်းဂိုးအများဆုံး ၁၇ ဂိုး စံချိန်ကို သူချိုးဖျက်သွားမယ်ဆိုရင်လည်း အံ့သြစရာ မဟုတ်ဘူး။ ဘိုင်ယန်က ချန်ပီယံလိဂ်ပွဲ ၁၀ ပွဲမှာ သွင်းဂိုး ၄၂ ဂိုးထိ သွင်းယူထားတယ်။ ချန်ပီယံလိဂ်မှာ ပွဲတိုင်း ဂိုးသွင်းပြီး ချန်ပီယံဖြစ်တဲ့ အသင်းတောင် ဖြစ်လာနိုင်ပါတယ်။

ပီအက်စ်ဂျီက ဒီရာသီ ချန်ပီယံလိဂ်မှာ ခံစစ် အကောင်းဆုံးအသင်းဖြစ်ကာ လက်ရှိအချိန်ထိ ၅ ဂိုးပဲ ပေးထားရတယ်။ နှစ်သင်းလုံးမှာ တိုက်စစ်သမားကောင်းတွေ ရှိပြီး ဘိုင်ယန်က သူတို့ ပုံစံအတိုင်း တိုက်စစ်အသားပေး စတိုင်နဲ့ ဂိုးတွေ သွင်းဖို့ ကြိုးစားမှာပါ။ ဒါပေမယ့်လို့ သောမက်စ် တူချယ်နဲ့ အသင်းသားတွေက ကောင်တာတိုက်စစ်မှာ သိပ်ကောင်းပြီး ဘိုင်ယန်ရဲ့ ခံစစ်လိုင်း မြင့်မြင့်ထားမှုကို ဖောက်ထွက်နိုင်ပါတယ်။

ဒီပွဲက ဖျော်ဖြေမှု ပေးနိုင်စွမ်းရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာဖြစ်တယ်။ ခန့်မှန်းဖို့ ခက်ခဲတဲ့ ပွဲဖြစ်ပြီး အရမ်းကောင်းတဲ့ ဗိုလ်လုပွဲ ဖြစ်လာသင့်ပါတယ်။ ဒါပေမယ့် ပြင်သစ်ကလပ်ရဲ့ စိတ်ဓါတ်ပိုင်းကို ကျနော် သံသယရှိပါတယ်။ အခြားတစ်ဘက်မှာ ဘိုင်ယန်ရဲ့ စိတ်ဓါတ်ပိုင်းကတော့ မေးခွန်းထုတ်စရာမရှိတဲ့ အနေအထားပါ။

မန်နေဂျာဖလစ်ရဲ့ အသင်းကပဲ သူတို့အသင်းအတွက် သမိုင်းဝင်မယ့် ၆ ကြိမ်မြောက် ချန်ပီယံလိဂ် ဖလားကို ကိုင်မြောက်သွားနိုင်မယ်လို့ ထင်မိပါတယ်။ နှစ်သင်းလုံး ဂိုးသွင်းပြီး ဘိုင်ယန်က အနိုင်ရပါလိမ့်မယ်။

ZAWGYI – ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲျဖစ္တဲ့ ပီအက္ဂ်ီနဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ပြဲအတြက္ မုိင္ကယ္အိုဝင္က သံုးသပ္ ခန္႔မွန္းသြားပါတယ္။

PSG v Bayern Munich

ပီအက္ဂ်ီက သူတို႔ရဲ႕ ပထမဆံုးေသာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ကစားရေတာ့မွာျဖစ္တယ္။ ဆုဖလား ကိုင္ေျမာက္ႏုိင္ဖို႔ကိုလည္း ေမွ်ာ္လင့္ေနလိမ့္မယ္။ ျပင္သစ္ ခ်န္ပီယံေတြဟာ ဒီရာသီမွာ ဂ်ာမနီႏွစ္သင္းကို အႏုိင္ယူခဲ့ျပီျဖစ္ကာ ဒီတစ္ၾကိမ္မွာေတာ့ ဘြန္ဒက္လီဂါရဲ႕ ရွိန္ေလာက္တဲ့ ခ်န္ပီယံကို ရင္ဆိုင္သြားရေတာ့မွာပါ။

ဘိုင္ယန္ကေတာ့ သူတို႔ သမိုင္းမွာ ၁၁ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ကစားရေတာ့မွာျဖစ္ကာ ေအစီမီလန္နဲ႔ တူညီတဲ့ အရည္အတြက္ျဖစ္တယ္။ သူတို႔ထက္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ပိုကစားထားႏုိင္တဲ့ အသင္းဆိုလို႔ ရီးရဲလ္ရဲ႕ ၁၆ ၾကိမ္ပဲ ရွိထားပါတယ္။

ဒီရာသီ ခ်န္ပီယံလိဂ္မွာ ပြဲတိုင္း ဂိုးသြင္းတဲ့ လီဝမ္ေဒါစကီးက ၁၀ ပြဲမွာ ၁၅ ဂိုး သြင္းထားပါျပီ။ ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီတုန္းက ေရာ္နယ္ဒိုရဲ႕ ခ်န္ပီယံလိဂ္ တစ္ရာသီ သြင္းဂိုးအမ်ားဆံုး ၁၇ ဂိုး စံခ်ိန္ကို သူခ်ိဳးဖ်က္သြားမယ္ဆိုရင္လည္း အံ့ၾသစရာ မဟုတ္ဘူး။ ဘိုင္ယန္က ခ်န္ပီယံလိဂ္ပြဲ ၁၀ ပြဲမွာ သြင္းဂိုး ၄၂ ဂိုးထိ သြင္းယူထားတယ္။ ခ်န္ပီယံလိဂ္မွာ ပြဲတိုင္း ဂိုးသြင္းျပီး ခ်န္ပီယံျဖစ္တဲ့ အသင္းေတာင္ ျဖစ္လာႏုိင္ပါတယ္။

ပီအက္စ္ဂ်ီက ဒီရာသီ ခ်န္ပီယံလိဂ္မွာ ခံစစ္ အေကာင္းဆံုးအသင္းျဖစ္ကာ လက္ရွိအခ်ိန္ထိ ၅ ဂိုးပဲ ေပးထားရတယ္။ ႏွစ္သင္းလံုးမွာ တိုက္စစ္သမားေကာင္းေတြ ရွိျပီး ဘိုင္ယန္က သူတို႔ ပံုစံအတိုင္း တိုက္စစ္အသားေပး စတိုင္နဲ႔ ဂိုးေတြ သြင္းဖို႔ ၾကိဳးစားမွာပါ။ ဒါေပမယ့္လို႔ ေသာမက္စ္ တူခ်ယ္နဲ႔ အသင္းသားေတြက ေကာင္တာတိုက္စစ္မွာ သိပ္ေကာင္းျပီး ဘိုင္ယန္ရဲ႕ ခံစစ္လိုင္း ျမင့္ျမင့္ထားမႈကို ေဖာက္ထြက္ႏုိင္ပါတယ္။

ဒီပြဲက ေဖ်ာ္ေျဖမႈ ေပးႏုိင္စြမ္းရွိတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာမွာျဖစ္တယ္။ ခန္႔မွန္းဖို႔ ခက္ခဲတဲ့ ပြဲျဖစ္ျပီး အရမ္းေကာင္းတဲ့ ဗိုလ္လုပြဲ ျဖစ္လာသင့္ပါတယ္။ ဒါေပမယ့္ ျပင္သစ္ကလပ္ရဲ႕ စိတ္ဓါတ္ပိုင္းကို က်ေနာ္ သံသယရွိပါတယ္။ အျခားတစ္ဘက္မွာ ဘိုင္ယန္ရဲ႕ စိတ္ဓါတ္ပိုင္းကေတာ့ ေမးခြန္းထုတ္စရာမရွိတဲ့ အေနအထားပါ။

မန္ေနဂ်ာဖလစ္ရဲ႕ အသင္းကပဲ သူတို႔အသင္းအတြက္ သမုိင္းဝင္မယ့္ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ ဖလားကို ကိုင္ေျမာက္သြားႏုိင္မယ္လို႔ ထင္မိပါတယ္။ ႏွစ္သင္းလံုး ဂိုးသြင္းျပီး ဘိုင္ယန္က အႏုိင္ရပါလိမ့္မယ္။