လာမယ့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဘယ်သူဖြစ်မလဲနဲ့ အမှတ်ပေးဇယား ခန့်မှန်းလိုက်တဲ့ စူပါကွန်ပျူတာ

ဒီနေ့မှာတော့ လာမယ့် ၂၀၂၀-၂၁ ဘောလုံးရာသီ အတွက် ပရီးမီးယားလိဂ် ပွဲစဉ် ဇယားတွေ အပြည့်အစုံ ထွက်ပေါ်လာခဲ့ပြီးနောက် Unikrn ဝဘ်ဆိုဒ်ကနေ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေကို ဖော်ထုတ်သွားပါတယ်။

ပြီးသွားတဲ့ ဘောလုံးရာသီမှာ ပြည်တွင်း ပရီးမီးယားလိဂ်ဖလား လက်လွှတ်ခဲ့ရတဲ့ အပြင် ဥရောပ အောင်မြင်မှုလည်း မရခဲ့တဲ့ မန်စီးတီးဟာ လာမယ့် ဘောလုံးရာသီအတွက် အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ပြီး ဖလားယူဖို့ အားခဲနေသလို လက်ရှိ ချန်ပီယံ လီဗာပူးကလည်း နှစ်ပေါင်းများစွာ ဝေးကွာထားတဲ့ အမှတ်ပေးဖလား ခုမှ ပြန်ရတာ ဖြစ်တာကြောင့် ချန်ပီယံဆုကို ကာကွယ်ဖို့ စိတ်အား ထက်သန်နေမှာ ဖြစ်ပါတယ်။

ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်၊ စပါး စတဲ့ အသင်းကြီးတွေကလည်း ထိပ်သီးအဆင့်ကနေ ဆင်း မပေးရအောင် ဆုဖလားတွေ ပြန်ယူပြဖို့ အားထုတ်ပြင်ဆင်နေကြပြီ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကြားက ဘယ်လိုတွေ ဖြစ်လာဦးမလဲ ရင်ခုန်ဖွယ် ဖြစ်ပါတယ်။

ဒီနေ့ ပွဲစဉ် ဇယားတွေ ထွက်လာ အပြီးမှာ စူပါကွန်ပျူတာရဲ့ တွက်ချက်မှုတွေ အရတော့ မန်စီးတီးက လီဗာပူးထက် အသာရပြီး ချန်ပီယံ ဖြစ်သွားမယ်လို့ ဆိုထားပါတယ်။ အဆင့် ၃ မှာတော့ ယူနိုက်တက်၊ ၄ မှာ ချယ်ဆီးတို့ လက်ရှိ ဘောလုံးရာသီ အပြီး ရပ်တည်မှုအတိုင်း ဆက်ရှိနေကြမှာ ဖြစ်ကာ စပါးနဲ့ အာဆင်နယ်တို့က ၅နဲ့ ၆ အသီးသီး ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

တွက်ချက်ခန့်မှန်းထားတဲ့ အမှတ်ပေးဇယား အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

  1. Manchester City
  2. Liverpool
  3. Manchester United
  4. Chelsea
  5. Tottenham
  6. Arsenal
  7. Leicester
  8. Wolves
  9. Everton
  10. Southampton
  11. West Ham
  12. Leeds United
  13. Brighton
  14. Sheffield United
  15. Burnley
  16. Crystal Palace
  17. Newcastle United
  18. Aston Villa
  19. Fulham
  20. West Brom

Zawgyi – ဒီေန႔မွာေတာ့ လာမယ့္ ၂၀၂၀-၂၁ ေဘာလံုးရာသီ အတြက္ ပရီးမီးယားလိဂ္ ပြဲစဥ္ ဇယားေတြ အျပည့္အစံု ထြက္ေပၚလာခဲ့ျပီးေနာက္ Unikrn ၀ဘ္ဆိုဒ္ကေန စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈေတြကို ေဖာ္ထုတ္သြားပါတယ္။

ျပီးသြားတဲ့ ေဘာလံုးရာသီမွာ ျပည္တြင္း ပရီးမီးယားလိဂ္ဖလား လက္လႊတ္ခဲ့ရတဲ့ အျပင္ ဥေရာပ ေအာင္ျမင္မႈလည္း မရခဲ့တဲ့ မန္စီးတီးဟာ လာမယ့္ ေဘာလံုးရာသီအတြက္ အင္အားျဖည့္တင္းမႈေတြ လုပ္ေဆာင္ျပီး ဖလားယူဖို႔ အားခဲေနသလို လက္ရွိ ခ်န္ပီယံ လီဗာပူးကလည္း နွစ္ေပါင္းမ်ားစြာ ေ၀းကြာထားတဲ့ အမွတ္ေပးဖလား ခုမွ ျပန္ရတာ ျဖစ္တာေၾကာင့္ ခ်န္ပီယံဆုကို ကာကြယ္ဖို႔ စိတ္အား ထက္သန္ေနမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီး၊ ယူနိုက္တက္၊ အာဆင္နယ္၊ စပါး စတဲ့ အသင္းၾကီးေတြကလည္း ထိပ္သီးအဆင့္ကေန ဆင္း မေပးရေအာင္ ဆုဖလားေတြ ျပန္ယူျပဖို႔ အားထုတ္ျပင္ဆင္ေနၾကျပီ ျဖစ္ျပီး ကိုရိုနာဗိုင္းရပ္စ္ အၾကပ္အတည္းၾကားက ဘယ္လိုေတြ ျဖစ္လာဦးမလဲ ရင္ခုန္ဖြယ္ ျဖစ္ပါတယ္။

ဒီေန႔ ပြဲစဥ္ ဇယားေတြ ထြက္လာ အျပီးမွာ စူပါကြန္ပ်ဴတာရဲ႕ တြက္ခ်က္မႈေတြ အရေတာ့ မန္စီးတီးက လီဗာပူးထက္ အသာရျပီး ခ်န္ပီယံ ျဖစ္သြားမယ္လို႔ ဆိုထားပါတယ္။ အဆင့္ ၃ မွာေတာ့ ယူနိုက္တက္၊ ၄ မွာ ခ်ယ္ဆီးတို႔ လက္ရွိ ေဘာလံုးရာသီ အျပီး ရပ္တည္မႈအတိုင္း ဆက္ရွိေနၾကမွာ ျဖစ္ကာ စပါးနဲ႕ အာဆင္နယ္တို႔က ၅နဲ႕ ၆ အသီးသီး ရွိမယ္လို႔ ခန္႔မွန္းထားပါတယ္။

တြက္ခ်က္ခန္႔မွန္းထားတဲ့ အမွတ္ေပးဇယား အျပည့္အစုံကေတာ့ ေအာက္ပါအတိုင္း ျဖစ္ပါတယ္။