ဆိုးရွားလက္ထက္ အခြင့္အေရးေတြရလာဖို႔ သတင္းထြက္လာတဲ့ လူငယ္ကစားသမား (၅) ဦး

[Zawgyi] ယူႏိုက္တက္ကို ယာယီမန္ေနဂ်ာအျဖစ္ တာဝန္ယူတဲ့ ဆိုးရွားလက္ထက္မွာ အသင္းက ပံုစံေကာင္းေတြ ျပန္ရလာေနပါတယ္။ ဆိုးရွားဟာ လန္းဆန္းတဲ့ တိုက္စစ္မွာ အလိုက္သင့္ ကစားေစမႈ နည္းစနစ္နဲ႔အတူ အသင္းကို ခ်က္ျခင္း အက်ိဳးျဖစ္ေစသလို အနာဂတ္အတြက္ ရည္ရြယ္တဲ့ အုတ္ျမစ္ေတြကိုလည္း စတင္ကာ ပြဲထုတ္လာဖို႔ ရွိပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ထူးခၽြန္တဲ့ အကယ္ဒမီေတြကို ေမြးထုတ္ႏိုင္မႈနဲ႔ နာမည္ထင္ရွားသလို ဆိုးရွားကလည္း ကလပ္အသင္းရဲ႕ အစဥ္အလာကို ျပန္လည္ေတာက္ပလာဖို႔ ရည္ရြယ္မႈေတြ ရွိလာေနတာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွားရဲ႕ လူစာရင္းမွာ လူငယ္ကစားသမားေတြျဖစ္တဲ့ ဂိုးမက္စ္နဲ႔ ဂါနာတို႔ ပါဝင္မႈေတြ ရွိလာခဲ့ျပီး ဒီစိတ္လႈပ္ရွားစရာ လူငယ္ေတြဟာ စီနီယာပြဲထြက္ခြင့္ေတြ ရလာမွာပါ။ ဒီရာသီမွာ လူငယ္ေတြကို ေနရာေပးမယ္ဆိုတာကို ဆိုးရွားက ထုတ္ေျပာထားခဲ့ဖူးျပီး ယူႏိုက္တက္ဂႏၱဝင္ၾကီးေအာက္မွာ ေတာက္ပလာႏိုင္မယ့္ လူငယ္ကစားသမား 5 ဦးကို မန္ခ်က္စတာနံနက္ခင္းသတင္းက စုစညး္ေဖာ္ျပခဲ့ပါတယ္။

Mason Greenwood

ဒီလူစာရင္းမွာ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး လူငယ္ကစားသမားျဖစ္ျပီး လူငယ္အသင္း ပြဲတိုင္းမွာ ပါဝင္ကစားခြင့္ ရေနသူျဖစ္တယ္။ သက္တမ္းအလိုက္ ပြဲေတြမွာ 23 ၾကိမ္အထိ ဂိုးသြင္းယူဖူးတဲ့ အသက္ 17 ႏွစ္အရြယ္ ကစားသမားဟာ လူမႈကြန္ယက္ေတြမွာ သူ႔ရဲ႕ထူးခၽြန္မႈေတြကို အသားေပးေဖာ္ျပျခင္းကို မၾကာခဏ ခံထားရပါတယ္။

ယူႏိုက္တက္ တိုက္စစ္သမားေဟာင္း ဗန္ပါစီရဲ႕ အဆံုးသတ္စြမ္းရည္မ်ိဳးကို ပိုင္ဆိုင္သူလို႔ တင္စားျခင္းေတြကို ပိုင္ဆိုင္ထားတယ္။ သူ႔ရဲ႕ အမ်ိဳးေပါင္းစံုလာတဲ့ အဆံုးသတ္သြင္းဂိုးေတြက ယူႏုိက္တက္ပရိသတ္ေတြကို စိတ္လႈပ္ရွားေစပါတယ္။ ေနာက္လမွာ ယွဥ္ျပိဳင္မယ့္ ရီးဒင္းနဲ႔ အက္ဖ္ေအပြဲမွာ ပါဝင္ခြင့္ရႏိုင္မယ္ ေမွ်ာ္လင့္ထားရတယ္။ အခြင့္အေရးရလာခ်ိန္မွာ ဘယ္လိုအစြမ္းအစကို ထုတ္ေဖာ္ျပသမယ္ဆိုတာက စိတ္ဝင္စားစရာပါပဲ။

Tahith Chong

တာဟစ္ေခ်ာင္းက ယူႏိုက္တက္အတြက္တင္မကပဲ ဥေရာပရဲ႕ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး လူငယ္ေတြထဲ ပါဝင္သူအျဖစ္ သက္မွတ္ခံထားရတယ္။ ဒါေပမယ့္လို႔ စီနီယာပြဲထြက္ခြင့္ကို မရထားေသးပါဘူး။ ယူႏိုက္တက္ရဲ႕ ညာေတာင္ပံမွာ ပြဲထြက္ခြင့္ရမယ့္ ကစားသမားလို႔ မွတ္ခ်က္ေတြရထားတယ္။ ဂ်ဴဗင္တပ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ပြဲမွာ ေမာ္ရင္ညိဳကို ေခၚယူခဲ့ေပမယ့္ ထည့္သံုးျခင္းေတာ့ မရွိပါဘူး။ ႏိုဝင္ဘာလက နယ္သာလန္ ယူ-23 အသင္းအတြက္ ဆင့္ေခၚျခင္း ခံထားရျပီး လူငယ္အဆင့္ တိုးတက္မႈေတြအတြက္ စိန္ေခၚမႈကို ရရွိထားပါတယ္။

Callum Gribbin

ဆဲလ္ဖိုဒ့္ဖြား ဂရီဘင္ဟာ ယူ-18 အဆင့္ျပိဳင္ပြဲမွာ လီဗာပူးအသင္းကို hat-trick သြင္းျပခဲ့တာကို ျမင္ရတာက အသင္းပရိသတ္ေတြကို စိတ္လႈပ္ရွားေစပါတယ္။ အသက္ 20 အရြယ္ ကစားသမားက အရန္အသင္းအတြက္ ေခဴယူျခင္း ခံထားရေပမယ့္ ဒဏ္ရာျပႆနာေတြ ရင္ဆိုင္ထားရတယ္။ ေက်ာ္ျဖတ္ႏိုင္စြမ္းရွိတဲ့ နည္းစနစ္ပိုင္းအျပင္ ေဘာလံုးေပးမႈေတြမွာ အျမင္ရွိသူျဖစ္တယ္။ သူက တည္ကန္ေဘာေတြမွာလည္း ကၽြမ္းက်င္ပါတယ္။ ရာသီစက စီနီယာအသင္းနဲ႔ ေလ့က်င့္ေရးဆင္းခဲ့ျပီး မန္ေနဂ်ာဆိုးရွား တြန္းအားေပးလာမယ့္ လူငယ္ေတြထဲ ပါဝင္လာမယ့္သူပါ။

Lee O’Connor

အထက္က သံုးဦးလံုးက တိုက္စစ္ပိုင္းေတြမွာ ထင္ရွားလာသူေတြျဖစ္ေပမယ့္ အိုေကာ္နာကေတာ့ ခံစစ္သမားျဖစ္ပါတယ္။ အိုင္းရစ္လူငယ္ေတြထဲမွာ အရည္အခ်င္းရွိ လူငယ္တစ္ဦးျဖစ္ျပီး ဂ်ဴလိုင္လက အသက္ 18 ႏွစ္ အရြယ္မွာတင္ အိုင္ယာလန္ လက္ေရြးစင္အသင္းနဲ႔ ေလ့က်င့္ေရးဆင္းခြင့္ ရရွိထားပါတယ္။ ဒီရာသီ လူငယ္အသင္းမွာလည္း ခံစစ္မွာ တည္ျငိမ္တဲ့ စြမ္းေဆာင္ရည္ေတြ ျပသထားသူပါ။ သူဟာ ညာအစြန္လူအျဖစ္လည္း ကစားႏိုင္ေပမယ့္ အနာဂတ္မွာ ဗဟိုခံစစ္သမားအျဖစ္ပဲ အဓိက ပြဲထြက္လာပါလိမ့္မယ္။

Ro-Shaun Williams

အတြင္းလူေနရာကေန အသင္းရဲ႕ကစားပံု အတင္အခ်ကို ဆံုးျဖတ္ေပးႏိုင္စြမ္းရွိျပီး ေခါင္းေဆာင္မႈစြမ္းရည္ရွိတဲ့ လူငယ္ကစားသမားျဖစ္ပါတယ္။ ေဒသခံေက်ာင္းမွာ ပညာသင္ၾကားစဥ္ကေတာ့ 25 ႏွစ္တိုင္ မည္သူကမွ မခ်ိဳးဖ်က္ႏိုင္တဲ့ မီတာ တစ္ရာ အျမန္ဆံုးစံခ်ိန္ကို ခ်ိဳးဖ်က္ျပထားခဲ့တယ္။ ခံစစ္သမားတစ္ဦးျဖစ္တဲ့ ဝီလီယမ္ဟာ ခံစစ္မွာ ေတာင့္တင္းတဲ့ ကစားဟန္ကို ပိုင္ဆိုင္ထားတယ္။ ဒီလူငယ္ေလးဟာ စီနီယာအဆင့္မွာ ပြဲထြက္ခြင့္ေတြ ရရွိဖို႔ လံုေလာက္တဲ့ အရည္အခ်င္းေတြကို ျပသေနပါတယ္။

Sports Home Time

[Unicode] ယူနိုက်တက်ကို ယာယီမန်နေဂျာအဖြစ် တာဝန်ယူတဲ့ ဆိုးရှားလက်ထက်မှာ အသင်းက ပုံစံကောင်းတွေ ပြန်ရလာနေပါတယ်။ ဆိုးရှားဟာ လန်းဆန်းတဲ့ တိုက်စစ်မှာ အလိုက်သင့် ကစားစေမှု နည်းစနစ်နဲ့အတူ အသင်းကို ချက်ခြင်း အကျိုးဖြစ်စေသလို အနာဂတ်အတွက် ရည်ရွယ်တဲ့ အုတ်မြစ်တွေကိုလည်း စတင်ကာ ပွဲထုတ်လာဖို့ ရှိပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ထူးချွန်တဲ့ အကယ်ဒမီတွေကို မွေးထုတ်နိုင်မှုနဲ့ နာမည်ထင်ရှားသလို ဆိုးရှားကလည်း ကလပ်အသင်းရဲ့ အစဉ်အလာကို ပြန်လည်တောက်ပလာဖို့ ရည်ရွယ်မှုတွေ ရှိလာနေတာဖြစ်တယ်။

မန်နေဂျာဆိုးရှားရဲ့ လူစာရင်းမှာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂိုးမက်စ်နဲ့ ဂါနာတို့ ပါဝင်မှုတွေ ရှိလာခဲ့ပြီး ဒီစိတ်လှုပ်ရှားစရာ လူငယ်တွေဟာ စီနီယာပွဲထွက်ခွင့်တွေ ရလာမှာပါ။ ဒီရာသီမှာ လူငယ်တွေကို နေရာပေးမယ်ဆိုတာကို ဆိုးရှားက ထုတ်ပြောထားခဲ့ဖူးပြီး ယူနိုက်တက်ဂန္တဝင်ကြီးအောက်မှာ တောက်ပလာနိုင်မယ့် လူငယ်ကစားသမား 5 ဦးကို မန်ချက်စတာနံနက်ခင်းသတင်းက စုစည်းဖော်ပြခဲ့ပါတယ်။

Mason Greenwood

ဒီလူစာရင်းမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်ကစားသမားဖြစ်ပြီး လူငယ်အသင်း ပွဲတိုင်းမှာ ပါဝင်ကစားခွင့် ရနေသူဖြစ်တယ်။ သက်တမ်းအလိုက် ပွဲတွေမှာ 23 ကြိမ်အထိ ဂိုးသွင်းယူဖူးတဲ့ အသက် 17 နှစ်အရွယ် ကစားသမားဟာ လူမှုကွန်ယက်တွေမှာ သူ့ရဲ့ထူးချွန်မှုတွေကို အသားပေးဖော်ပြခြင်းကို မကြာခဏ ခံထားရပါတယ်။

ယူနိုက်တက် တိုက်စစ်သမားဟောင်း ဗန်ပါစီရဲ့ အဆုံးသတ်စွမ်းရည်မျိုးကို ပိုင်ဆိုင်သူလို့ တင်စားခြင်းတွေကို ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ အမျိုးပေါင်းစုံလာတဲ့ အဆုံးသတ်သွင်းဂိုးတွေက ယူနိုက်တက်ပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။ နောက်လမှာ ယှဉ်ပြိုင်မယ့် ရီးဒင်းနဲ့ အက်ဖ်အေပွဲမှာ ပါဝင်ခွင့်ရနိုင်မယ် မျှော်လင့်ထားရတယ်။ အခွင့်အရေးရလာချိန်မှာ ဘယ်လိုအစွမ်းအစကို ထုတ်ဖော်ပြသမယ်ဆိုတာက စိတ်ဝင်စားစရာပါပဲ။

Tahith Chong

တာဟစ်ချောင်းက ယူနိုက်တက်အတွက်တင်မကပဲ ဥရောပရဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူငယ်တွေထဲ ပါဝင်သူအဖြစ် သက်မှတ်ခံထားရတယ်။ ဒါပေမယ့်လို့ စီနီယာပွဲထွက်ခွင့်ကို မရထားသေးပါဘူး။ ယူနိုက်တက်ရဲ့ ညာတောင်ပံမှာ ပွဲထွက်ခွင့်ရမယ့် ကစားသမားလို့ မှတ်ချက်တွေရထားတယ်။ ဂျူဗင်တပ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာ မော်ရင်ညိုကို ခေါ်ယူခဲ့ပေမယ့် ထည့်သုံးခြင်းတော့ မရှိပါဘူး။ နိုဝင်ဘာလက နယ်သာလန် ယူ-23 အသင်းအတွက် ဆင့်ခေါ်ခြင်း ခံထားရပြီး လူငယ်အဆင့် တိုးတက်မှုတွေအတွက် စိန်ခေါ်မှုကို ရရှိထားပါတယ်။

Callum Gribbin

ဆဲလ်ဖိုဒ့်ဖွား ဂရီဘင်ဟာ ယူ-18 အဆင့်ပြိုင်ပွဲမှာ လီဗာပူးအသင်းကို hat-trick သွင်းပြခဲ့တာကို မြင်ရတာက အသင်းပရိသတ်တွေကို စိတ်လှုပ်ရှားစေပါတယ်။ အသက် 20 အရွယ် ကစားသမားက အရန်အသင်းအတွက် ခေူယူခြင်း ခံထားရပေမယ့် ဒဏ်ရာပြဿနာတွေ ရင်ဆိုင်ထားရတယ်။ ကျော်ဖြတ်နိုင်စွမ်းရှိတဲ့ နည်းစနစ်ပိုင်းအပြင် ဘောလုံးပေးမှုတွေမှာ အမြင်ရှိသူဖြစ်တယ်။ သူက တည်ကန်ဘောတွေမှာလည်း ကျွမ်းကျင်ပါတယ်။ ရာသီစက စီနီယာအသင်းနဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး မန်နေဂျာဆိုးရှား တွန်းအားပေးလာမယ့် လူငယ်တွေထဲ ပါဝင်လာမယ့်သူပါ။

Lee O’Connor

အထက်က သုံးဦးလုံးက တိုက်စစ်ပိုင်းတွေမှာ ထင်ရှားလာသူတွေဖြစ်ပေမယ့် အိုကော်နာကတော့ ခံစစ်သမားဖြစ်ပါတယ်။ အိုင်းရစ်လူငယ်တွေထဲမှာ အရည်အချင်းရှိ လူငယ်တစ်ဦးဖြစ်ပြီး ဂျူလိုင်လက အသက် 18 နှစ် အရွယ်မှာတင် အိုင်ယာလန် လက်ရွေးစင်အသင်းနဲ့ လေ့ကျင့်ရေးဆင်းခွင့် ရရှိထားပါတယ်။ ဒီရာသီ လူငယ်အသင်းမှာလည်း ခံစစ်မှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေ ပြသထားသူပါ။ သူဟာ ညာအစွန်လူအဖြစ်လည်း ကစားနိုင်ပေမယ့် အနာဂတ်မှာ ဗဟိုခံစစ်သမားအဖြစ်ပဲ အဓိက ပွဲထွက်လာပါလိမ့်မယ်။

Ro-Shaun Williams

အတွင်းလူနေရာကနေ အသင်းရဲ့ကစားပုံ အတင်အချကို ဆုံးဖြတ်ပေးနိုင်စွမ်းရှိပြီး ခေါင်းဆောင်မှုစွမ်းရည်ရှိတဲ့ လူငယ်ကစားသမားဖြစ်ပါတယ်။ ဒေသခံကျောင်းမှာ ပညာသင်ကြားစဉ်ကတော့ 25 နှစ်တိုင် မည်သူကမှ မချိုးဖျက်နိုင်တဲ့ မီတာ တစ်ရာ အမြန်ဆုံးစံချိန်ကို ချိုးဖျက်ပြထားခဲ့တယ်။ ခံစစ်သမားတစ်ဦးဖြစ်တဲ့ ဝီလီယမ်ဟာ ခံစစ်မှာ တောင့်တင်းတဲ့ ကစားဟန်ကို ပိုင်ဆိုင်ထားတယ်။ ဒီလူငယ်လေးဟာ စီနီယာအဆင့်မှာ ပွဲထွက်ခွင့်တွေ ရရှိဖို့ လုံလောက်တဲ့ အရည်အချင်းတွေကို ပြသနေပါတယ်။

Sports Home Time