အိမ်ပြန်ချင်ပြီ၊ မိန်းမလည်း မျှော်နေပြီလို့ ချန်ပီယံလိဂ် ရှုံးပွဲအပြီး စိတ်ပျက်စွာ ဆိုခဲ့တဲ့ ဒီဘရိုင်း

Unicode – မန်ချက်စတာ စီးတီးအသင်းဟာ ညက လိုင်ယွန်နဲ့ ကွာတားဖိုင်နယ်ပွဲမှာ ၃-၁ နဲ့အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ် အိပ်မက်တွေ လေထဲမှာတင် အငွေ့ပျံ ပျောက်ကွယ်ခဲ့ရပြီ ဖြစ်ပါတယ်။

မန်စီးတီး ကွင်းလယ်ကြယ်ပွင့် ဒီဘရိုင်းကတော့ ရှုံးပွဲအပြီးမှာ စိတ်ပျက်စွာနဲ့ အိမ်ပြန်ချင်ပြီ၊ မိန်းမဖြစ်သူကလည်း မျှော်နေပါပြီလို့ ပြောဆိုခဲ့ပါတယ်။ ဒီဘရိုင်းရဲ့ ဇနီး ဖြစ်သူက ကိုယ်ဝန်ဆောင်နေရတာ ဖြစ်ပြီး မီးဖွားဖို့ နီးနေပြီလည်း ဖြစ်ပါတယ်။

မန်စီးတီးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတစ်သင်း ဖြစ်ပေမယ့် ကွာတား အဆင့်ကနေ မကျော်နိုင်ဘဲ လှည့်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ နှစ်တွေ ပြောင်းသွားလည်း တူညီတဲ့ အရာတွေပဲ ထပ်ခါထပ်ခါ လာဖြစ်နေတယ်လို့ ဒီဘရိုင်းက ဝန်ခံခဲ့ပါတယ်။

” ကျနော် အိမ်ပြန်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မိန်းမကလည်း မီးဖွားတော့မှာမို့ မျှော်နေပြီ။ ကျနော်လည်း အာရုံပြောင်းပစ်ဖို့ လိုပြီ။ ဒါက နှစ်တွေ ပြောင်းသွားလဲ ဒါချည်း တူညီစွာ ထပ်ဖြစ်နေတယ်။ ပထမပိုင်းက လုံလောက် ကောင်းမွန်မှု မရှိခဲ့ဘူး။ ဒုတိယပိုင်းမှာ ကောင်းကောင်း ပြန်ကစားနိုင်ခဲ့တယ်။ ချေပဂိုး သွင်းပြီး ၁-၁ ဖြစ်သွားတယ် အခွင့်အရေး တချို့ ရခဲ့တယ်။ ဒါပေမယ့် ၂-၁၊ ၃-၁ ထိ ဖြစ်သွားခဲ့ရပြန်တယ်။

ဒုတိယပိုင်းမှာ ကျနော်တို့ ပိုပြီး တွန်းတွန်းတိုက်တိုက်နဲ့ အားထည့် ကစားခဲ့တယ်။ ၂-၁ အနေအထားမှာ စတားလင်း ဂိုး ဝင်သွားရင် ၂-၂ ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့က ၃-၁ ဖြစ်အောင် လုပ်နိုင်ခဲ့ပြီး ပွဲပြီးသွားခဲ့တယ်။ လိုင်ယွန်က အခွင့်အရေးအများကြီး ဖန်တီးနိုင်ခဲ့တာ မဟုတ်ဘူး ဒါပေမယ့် ဒါတွေကနေ ကျနော်တို့ သင်ခန်းစာ ယူရပါမယ်။ ” လို့ ဒီဘရိုင်းက ဆိုပါတယ်။

မန်စီးတီးနည်းပြ ပက် ဂွာဒီယိုလာရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကလည်း ဒီနှစ်မှာ ထပ်မံ ပြိုပျက်ခဲ့ရတယ် ဆိုရမှာပါ။ ဂွာဒီယိုလာက ဘာစီလိုနာနဲ့ အတူ ချန်ပီယံလိဂ်ဖလား နှစ်ကြိမ်တိုင် ရဖူးပေမယ့် အဲဒီနောက် ဘိုင်ယန်မြူးနစ်နဲ့ လက်ရှိ မန်စီးတီး အသင်း ကို ကိုင်တွယ်ရာမှာတော့ ဗိုလ်လုပွဲထိတောင် တက်လှမ်းနိုင်ခြင်း မရှိပါဘူး။

မန္ခ်က္စတာ စီးတီးအသင္းဟာ ညက လိုင္ယြန္နဲ႕ ကြာတားဖိုင္နယ္ပြဲမွာ ၃-၁ နဲ႕အေရးနိမ့္ျပီး ျပိဳင္ပြဲကေန ထြက္ခြာခဲ့ရျပီ ျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ အိပ္မက္ေတြ ေလထဲမွာတင္ အေငြ႕ပ်ံ ေပ်ာက္ကြယ္ခဲ့ရျပီ ျဖစ္ပါတယ္။

မန္စီးတီး ကြင္းလယ္ၾကယ္ပြင့္ ဒီဘရိုင္းကေတာ့ ရွံဳးပြဲအျပီးမွာ စိတ္ပ်က္စြာနဲ႕ အိမ္ျပန္ခ်င္ျပီ၊ မိန္းမျဖစ္သူကလည္း ေမွ်ာ္ေနပါျပီလို႔ ေျပာဆိုခဲ့ပါတယ္။ ဒီဘရိုင္းရဲ႕ ဇနီး ျဖစ္သူက ကိုယ္၀န္ေဆာင္ေနရတာ ျဖစ္ျပီး မီးဖြားဖို႔ နီးေနျပီလည္း ျဖစ္ပါတယ္။

မန္စီးတီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းစားတဲ့ အသင္းတစ္သင္း ျဖစ္ေပမယ့္ ကြာတား အဆင့္ကေန မေက်ာ္နုိင္ဘဲ လွည့္ျပန္ခဲ့ရတာ ျဖစ္ပါတယ္။ ဒါဟာ နွစ္ေတြ ေျပာင္းသြားလည္း တူညီတဲ့ အရာေတြပဲ ထပ္ခါထပ္ခါ လာျဖစ္ေနတယ္လို႔ ဒီဘရိုင္းက ၀န္ခံခဲ့ပါတယ္။

” က်ေနာ္ အိမ္ျပန္ရပါမယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ မိန္းမကလည္း္ မီးဖြားေတာ့မွာမို႔ ေမွ်ာ္ေနျပီ။ က်ေနာ္လည္း အာရံုေျပာင္းပစ္ဖို႕ လိုျပီ။ ဒါက နွစ္ေတြ ေျပာင္းသြားလဲ ဒါခ်ည္း တူညီစြာ ထပ္ျဖစ္ေနတယ္။ ပထမပိုင္းက လံုေလာက္ ေကာင္းမြန္မႈ မရွိခဲ့ဘူး။ ဒုတိယပိုင္းမွာ ေကာင္းေကာင္း ျပန္ကစားနုိင္ခဲ့တယ္။ ေခ်ပဂိုး သြင္းျပီး ၁-၁ ျဖစ္သြားတယ္ အခြင့္အေရး တခ်ိဳ႕ ရခဲ့တယ္။ ဒါေပမယ့္ ၂-၁၊ ၃-၁ ထိ ျဖစ္သြားခဲ့ရျပန္တယ္။

ဒုတိယပိုင္းမွာ က်ေနာ္တို႔ ပိုျပီး တြန္းတြန္းတိုက္တိုက္နဲ႕ အားထည့္ ကစားခဲ့တယ္။ ၂-၁ အေနအထားမွာ စတားလင္း ဂိုး ၀င္သြားရင္ ၂-၂ ျဖစ္နုိင္ပါေသးတယ္။ ဒါေပမယ့္ သူတို႔က ၃-၁ ျဖစ္ေအာင္ လုပ္နုိင္ခဲ့ျပီး ပြဲျပီးသြားခဲ့တယ္။ လိုင္ယြန္က အခြင့္အေရးအမ်ားၾကီး ဖန္တီးနုိင္ခဲ့တာ မဟုတ္ဘူး ဒါေပမယ့္ ဒါေတြကေန က်ေနာ္တို႔ သင္ခန္းစာ ယူရပါမယ္။ ” လို႔ ဒီဘရိုင္းက ဆိုပါတယ္။

မန္စီးတီးနည္းျပ ပက္ ဂြာဒီယိုလာရဲ႕ ခ်န္ပီယံလိဂ္ ေမွ်ာ္လင့္ခ်က္ကလည္း ဒီနွစ္မွာ ထပ္မံ ျပိဳပ်က္ခဲ့ရတယ္ ဆိုရမွာပါ။ ဂြာဒီယိုလာက ဘာစီလိုနာနဲ႕ အတူ ခ်န္ပီယံလိဂ္ဖလား နွစ္ၾကိမ္တိုင္ ရဖူးေပမယ့္ အဲဒီေနာက္ ဘိုင္ယန္ျမဴးနစ္နဲ႕ လက္ရွိ မန္စီးတီး အသင္း ကို ကိုင္တြယ္ရာမွာေတာ့ ဗိုလ္လုပြဲထိေတာင္ တက္လွမ္းနုိင္ျခင္း မရွိပါဘူး။