မက်ဆီကို အနိုင်ယူရတာက ပျော်စရာကောင်းပါတယ်ဆိုတဲ့ ဘိုင်ယန်ရဲ့ ဂေါ်ရက်စကာ

UNICODE – ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂေါ်ရက်စကာက မက်ဆီနဲ့ အပေါင်းအပါတွေကို အနိုင်ယူရတာက ပျော်စရာကောင်းပါတယ်လို့ ပွဲအပြီးမှာ ပြောဆိုပါတယ်။

ဘိုင်ယန်ဟာ ဘာစီလိုနာကို ၈-၂ ဆိုတဲ့ ရလဒ်ဖြင့် ဂိုးပြတ် အနိုင်ယူပြီး ဆီမီးအဆင့်ကို တက်ရောက်ခဲ့တာပါ။ ဘောလုံးလောကရဲ့ ဂန္တဝင်ကြီးနဲ့ မက်ဆီ ဦးဆောင်တဲ့ အသင်းဟာ ဘယ်လိုမှ ဘိုင်ယန်ရဲ့ ပြိုင်ဘက်အဆင့်မှာ ရှိမနေခဲ့ဘူး။ ဘိုင်ယန်က အသင်းလိုက်နဲ့ မက်ဆီတို့ရဲ့ ဘာကာကို ဖြိုခွဲမယ်ဆိုတဲ့ ပွဲကြိုစကားအတိုင်း အသင်းလိုက်ဖြင့် အနိုင်ယူခဲ့ခြင်းဖြစ်တယ်။

ဘာစီလိုနာဘက်ကတော့ အလာဘာရဲ့ ကိုယ်ဂိုးကို သွင်းမှုအပြင် ဆွာရက်စ်ရဲ့ သွင်းဂိုး တစ်ဂိုး ရခဲ့တာကလွဲလို့ ဘိုင်ယန်မြူးနစ်ကို တုန့်ပြန်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဆီမီးအဆင့်မှာတော့ ဘိုင်ယန်ဟာ မန်စီးတီးနဲ့ လိုင်ယွန်တို့ ထိပ်တိုက်တွေ့မှုမှာ အနိုင်ရတဲ့အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။

ငယ်ဘဝ ဟီးရိုးကို ရက်ရက်စက်စက် အနိုင်ယူရတာနဲ့ ပက်သက်ပြီး နာကျင် ခံစားရလားဆိုတဲ့ မေးခွန်းကို ဂေါ်ရက်စကာက ” အဲ့တာက မနာကျင်ရပါဘူး။ ပျော်စရာကောင်းခဲ့ပါတယ် ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်မှာ ဗိုလ်ဆွဲဖို့ ရေပန်းအစားဆုံး အသင်းဖြစ်လာခဲ့ပြီဖြစ်တယ်။ ဂေါ်ရက်စကာက စွမ်းဆောင်ရည်အပေါ် ကျေနပ်နေပေမယ့် ၎င်းတို့အသင်းရဲ့ ပန်းတိုင်ကို ရောက်ဖို့ရာ အာရုံစူးစိုက်မှုကို မလျော့ဖို့ လိုအပ်မယ်ဆိုတာကို ဝန်ခံတယ်။

ဂေါ်ရက်စကာက ” ပွဲအပြီးမှာ စကားပြောဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဒီရလဒ်နဲ့ ပက်သက်တဲ့ တိုးတက်မှုတွေကို မြင်လာရဖို့ နှစ်ရက်လောက် အချိန်ယူရမှာပါ။ ကျနေ်ာတို့ ယုံကြည်ချက်တွေ သိပ်ကောင်းနေတယ်။ ဒါပေမယ့် အဝတ်လဲခန်းကတော့ ကျနော် ပြောခဲ့သလိုပဲ လှမ်းရမယ့် ခြေသုံးလှမ်းအတွက် ပထမအဆင့်ကို လုပ်ခဲ့နိုင်တာလို့ပဲ ခံယူထားပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။။။

ZAWGYI – ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ ေဂၚရက္စကာက မက္ဆီနဲ႔ အေပါင္းအပါေတြကို အႏုိင္ယူရတာက ေပ်ာ္စရာေကာင္းပါတယ္လို႔ ပြဲအျပီးမွာ ေျပာဆိုပါတယ္။

ဘိုင္ယန္ဟာ ဘာစီလိုနာကို ၈-၂ ဆိုတဲ့ ရလဒ္ျဖင့္ ဂိုုးျပတ္ အႏုိင္ယူျပီး ဆီမီးအဆင့္ကို တက္ေရာက္ခဲ့တာပါ။ ေဘာလံုးေလာကရဲ႕ ဂႏၱဝင္ၾကီးနဲ႔ မက္ဆီ ဦးေဆာင္တဲ့ အသင္းဟာ ဘယ္လိုမွ ဘိုင္ယန္ရဲ႕ ျပိဳင္ဘက္အဆင့္မွာ ရွိမေနခဲ့ဘူး။ ဘိုင္ယန္က အသင္းလိုက္နဲ႔ မက္ဆီတို႔ရဲ႕ ဘာကာကို ျဖိဳခြဲမယ္ဆိုတဲ့ ပြဲၾကိဳစကားအတုိင္း အသင္းလိုက္ျဖင့္ အႏုိင္ယူခဲ့ျခင္းျဖစ္တယ္။

ဘာစီလိုနာဘက္ကေတာ့ အလာဘာရဲ႕ ကိုယ္ဂိုးကို သြင္းမႈအျပင္ ဆြာရက္စ္ရဲ႕ သြင္းဂိုး တစ္ဂိုး ရခဲ့တာကလြဲလို႔ ဘိုင္ယန္ျမဴးနစ္ကို တုန္႔ျပန္ႏုိင္ခဲ့ျခင္း မရွိပါဘူး။ ဆီမီးအဆင့္မွာေတာ့ ဘိုင္ယန္ဟာ မန္စီးတီးနဲ႔ လိုင္ယြန္တို႔ ထိပ္တိုက္ေတြ႔မႈမွာ အႏုိင္ရတဲ့အသင္းနဲ႔ ယွဥ္ျပိဳင္ရပါမယ္။

ငယ္ဘဝ ဟီးရိုးကို ရက္ရက္စက္စက္ အႏုိင္ယူရတာနဲ႔ ပက္သက္ျပီး နာက်င္ ခံစားရလားဆိုတဲ့ ေမးခြန္းကို ေဂၚရက္စကာက ” အဲ့တာက မနာက်င္ရပါဘူး။ ေပ်ာ္စရာေကာင္းခဲ့ပါတယ္ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ခ်န္ပီယံလိဂ္မွာ ဗိုလ္ဆြဲဖို႔ ေရပန္းအစားဆံုး အသင္းျဖစ္လာခဲ့ျပီျဖစ္တယ္။ ေဂၚရက္စကာက စြမ္းေဆာင္ရည္အေပၚ ေက်နပ္ေနေပမယ့္ ၄င္းတို႔အသင္းရဲ႕ ပန္းတိုင္ကို ေရာက္ဖို႔ရာ အာရံုစူးစိုက္မႈကို မေလ်ာ့ဖို႔ လိုအပ္မယ္ဆိုတာကို ဝန္ခံတယ္။

ေဂၚရက္စကာက ” ပြဲအျပီးမွာ စကားေျပာဖို႔ဆိုတာ အရမ္းကို ခက္ခဲပါတယ္။ ဒီရလဒ္နဲ႔ ပက္သက္တဲ့ တိုးတက္မႈေတြကို ျမင္လာရဖို႔ ႏွစ္ရက္ေလာက္ အခ်ိန္ယူရမွာပါ။ က်ေန္ာတို႔ ယံုၾကည္ခ်က္ေတြ သိပ္ေကာင္းေနတယ္။ ဒါေပမယ့္ အဝတ္လဲခန္းကေတာ့ က်ေနာ္ ေျပာခဲ့သလိုပဲ လွမ္းရမယ့္ ေျခသံုးလွမ္းအတြက္ ပထမအဆင့္ကို လုပ္ခဲ့နုိင္တာလို႔ပဲ ခံယူထားပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။။။