မက်ဆီကို ရပ်တန့်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကို ဘိုင်ယန်ကွင်လယ်လူ ဂေါ်ရက်စကာ ပြော

UNICODE – ဘိုင်ယန်ကွင်းလယ်လူ ဂေါ်ရက်စကာက ချန်ပီယံလိဂ်မှာ ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာပွဲကြို ပွဲနဲ့ ပက်သက်ပြီး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ရှော်ကေးကစားသမားဘဝ ရီးရဲလ်မက်ဒရစ်နဲ့ ပြိုင်ဘက်အဖြစ် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးပြီး စီရော်နယ်ဒိုနဲ့ ထိပ်တိုက်တွေ့ဖူးတဲ့ ဂေါ်ရက်စကာဟာ ဒီတစ်ကြိမ်မှာတော့ မက်ဆီကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

ဂေါ်ရက်စကာက ” စီရော်နယ်ဒိုနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ကျနေ်ာတို့ခေတ်အတွက် နောက်ထပ် ဘောလုံး အကျော်အမော်ကြီးကို ရင်ဆိုင်ရတော့မှာက သိပ်ကောင်းပါတယ်။ မက်ဆီကို ရပ်တန့်ဖို့ တစ်ခုတည်းသော နည်းလမ်းက စုပေါင်း လုပ်ဆောင်ဖို့ဖြစ်ပါတယ်။

မက်ဆီက ဘောလုံးပါရမီကောင်းတွေကို လက်ဆောင်ရထားသူဆိုတာ လူတိုင်း သိကြပါတယ်။ ခက်ခဲတဲ့ အခြေအနေတွေမှာ များစွာသော ဖြေရှင်းနည်းတွေကို သူ ရှာဖွေနိုင်စွမ်းရှိတယ်။ အသင်းအနေနဲ့ ကျနေ်ာတို့ ယှဉ်ပြိုင် တိုက်ခိုက်သွားရမှာပဲဖြစ်ပါတယ်။ ကစားသမားတစ်ဦးက သူ့ကို မပျော်ရွှင်အောင် ထိန်းချုပ်ပြနိုင်မလားဆိုတာကို ကျနော် မသိပါဘူး။ အသင်းအနေနဲ့ စုစည်းတိုက်ခိုက်ပြီး ကျနေ်ာတို့ရဲ့ ပွဲကို အကောင်းဆုံး ကြိုးစားရမှာဖြစ်ပါတယ် ” လို့ ဆိုခဲ့တယ်။

၂၀၁၈ ခုနှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရှော်ကေးကနေ ဘိုင်ယန်ကို ပြောင်းခဲ့တဲ့ ဂေါ်ရက်စကာကို သူ့ရဲ့ ပြောင်းရွှေ့မှု မတိုင်ခင် ဘာစီလိုနာကလည်း စိတ်ဝင်စားခဲ့သေးတာ ဖြစ်ပါတယ်။ သူကတော့ ဘာစီလိုနာကို မပြောင်းခဲ့တာက မှန်ကန်တဲ့ ရွေးချယ်မှုလို့ ယုံကြည်နေပါတယ်။

” ရှော်ကေမှာတုန်းက ရွေးချယ်စရာတွေ များခဲ့ပေမယ့် ဘိုင်ယန်ကို ရွေးချယ်ဖို့ကိုပဲ ဆုံးဖြတ်ခဲ့တယ်။ အဲ့သည် ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ကျနော် ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး ” လို့ ဂေါ်ရက်စကာက ပြောပါတယ်။

ကိုဗစ်ကြောင့် ဥရောပပြိုင်ပွဲတွေမှာ စည်းမျဉ်းတွေ ပြောင်းလဲထားပါတယ်။ ရံှူးထွက်တွေကို နှစ်ကျော့အစား တစ်ကျော့တည်းဖြင့် ဆုံးဖြတ်မှာဖြစ်ပြီး ဒါက အသင်းကြီးတွေ ထိပ်တိုက်တွေ့ရမှာ ဒုတိယအကြိမ်ဆိုတာ ရှိတော့မှာ မဟုတ်လို့ အမှားမခံတော့တဲ့ အနေအထားလည်းဖြစ်တယ်။

သူကပဲ ” အခုက ရံှူးထွက်ပွဲပါ။ မှန်ကန်တဲ့ စိတ်ဓါတ်ပိုင်း ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ မနေ့တုန်းက လေဗာကူဆင်ပွဲကို ကြည့်ရတာကို ကျနော် စိတ်ဆိုးမိတယ်။ သူတို့က သိပ်ကောင်းပါတယ် ဒါပေမယ့် မိနစ် ၂၀ အတွက်ကြောင့် သူတို့ ရံှူးနိမ့်ခဲ့တယ်။ နှစ်ကျော့ ကစားရမယ်ဆိုရင် သူတို့ နောက်တစ်ဆင့်ကို တက်နိုင်မယ်လို့ ကျနော် ထင်တယ်။

ကျနေ်ာတို့က ဘယ်လို ပြိုင်ဘက်ကိုမဆို အနိုင်ယူနိုင်တယ်လို့ ထင်ပါတယ်။ ကမ္ဘာအကောင်းဆုံး ကစားသမားတွေ ရှိနေတဲ့ အသင်းကောင်းက ကျနေ်ာတို့ကို ယှဉ်ပြိုင်ဖို့ စောင့်နေပေမယ့် ကုန်ခဲ့တဲ့ ၉ လမှာ လုပ်ခဲ့သလိုပဲ ကျနေ်ာတို့ အကောင်းဆုံး ယှဉ်ပြိုင်နိုင်ပါလိမ့်မယ်။ ကျနေ်ာတို့မှာ အကောင်းမြင်စိတ်တွေ ရှိနေပါတယ် ” လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

ZAWGYI – ဘိုင္ယန္ကြင္းလယ္လူ ေဂၚရက္စကာက ခ်န္ပီယံလိဂ္မွာ ယွဥ္ျပိဳင္ရမယ့္ ဘာစီလိုနာပြဲၾကိဳ ပြဲနဲ႔ ပက္သက္ျပီး ေျပာဆိုမႈေတြ လုပ္ခဲ့ပါတယ္။

ေရွာ္ေကးကစားသမားဘဝ ရီးရဲလ္မက္ဒရစ္နဲ႔ ျပိဳင္ဘက္အျဖစ္ အၾကိမ္ၾကိမ္ ရင္ဆိုင္ခဲ့ဖူးျပီး စီေရာ္နယ္ဒိုနဲ႔ ထိပ္တိုက္ေတြ႔ဖူးတဲ့ ေဂၚရက္စကာဟာ ဒီတစ္ၾကိမ္မွာေတာ့ မက္ဆီကို ျပိဳင္ဘက္အျဖစ္ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

ေဂၚရက္စကာက ” စီေရာ္နယ္ဒိုနဲ႔ အၾကိမ္ၾကိမ္ ရင္ဆိုင္ခဲ့ရျပီးတဲ့ေနာက္ က်ေန္ာတို႔ေခတ္အတြက္ ေနာက္ထပ္ ေဘာလံုး အေက်ာ္အေမာ္ၾကီးကို ရင္ဆိုင္ရေတာ့မွာက သိပ္ေကာင္းပါတယ္။ မက္ဆီကို ရပ္တန္႔ဖို႔ တစ္ခုတည္းေသာ နည္းလမ္းက စုေပါင္း လုပ္ေဆာင္ဖို႔ျဖစ္ပါတယ္။

မက္ဆီက ေဘာလံုးပါရမီေကာင္းေတြကို လက္ေဆာင္ရထားသူဆိုတာ လူတိုင္း သိၾကပါတယ္။ ခက္ခဲတဲ့ အေျခအေနေတြမွာ မ်ားစြာေသာ ေျဖရွင္းနည္းေတြကို သူ ရွာေဖြႏုိင္စြမ္းရွိတယ္။ အသင္းအေနနဲ႔ က်ေန္ာတို႔ ယွဥ္ျပိဳင္ တိုက္ခိုက္သြားရမွာပဲျဖစ္ပါတယ္။ ကစားသမားတစ္ဦးက သူ႔ကို မေပ်ာ္ရႊင္ေအာင္ ထိန္းခ်ဳပ္ျပႏုိင္မလားဆိုတာကို က်ေနာ္ မသိပါဘူး။ အသင္းအေနနဲ႔ စုစည္းတိုက္ခိုက္ျပီး က်ေန္ာတို႔ရဲ႕ ပြဲကို အေကာင္းဆံုး ၾကိဳးစားရမွာျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တယ္။

၂၀၁၈ ခုႏွစ္မွာ အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ေရွာ္ေကးကေန ဘိုင္ယန္ကို ေျပာင္းခဲ့တဲ့ ေဂၚရက္စကာကို သူ႔ရဲ႕ ေျပာင္းေရႊ႔မႈ မတိုင္ခင္ ဘာစီလိုနာကလည္း စိတ္ဝင္စားခဲ့ေသးတာ ျဖစ္ပါတယ္။ သူကေတာ့ ဘာစီလိုနာကို မေျပာင္းခဲ့တာက မွန္ကန္တဲ့ ေရြးခ်ယ္မႈလို႔ ယံုၾကည္ေနပါတယ္။

” ေရွာ္ေကမွာတုန္းက ေရြးခ်ယ္စရာေတြ မ်ားခဲ့ေပမယ့္ ဘိုင္ယန္ကို ေရြးခ်ယ္ဖို႔ကိုပဲ ဆံုးျဖတ္ခဲ့တယ္။ အဲ့သည္ ဆံုးျဖတ္ခ်က္နဲ႔ ပက္သက္ျပီး က်ေနာ္ ဘယ္ေတာ့မွ ေနာင္တရမွာ မဟုတ္ဘူး ” လို႔ ေဂၚရက္စကာက ေျပာပါတယ္။

ကိုဗစ္ေၾကာင့္ ဥေရာပျပိဳင္ပြဲေတြမွာ စည္းမ်ဥ္းေတြ ေျပာင္းလဲထားပါတယ္။ ရံွဴးထြက္ေတြကို ႏွစ္ေက်ာ့အစား တစ္ေက်ာ့တည္းျဖင့္ ဆံုးျဖတ္မွာျဖစ္ျပီး ဒါက အသင္းၾကီးေတြ ထိပ္တိုက္ေတြ႔ရမွာ ဒုတိယအၾကိမ္ဆိုတာ ရွိေတာ့မွာ မဟုတ္လို႔ အမွားမခံေတာ့တဲ့ အေနအထားလည္းျဖစ္တယ္။

သူကပဲ ” အခုက ရံွဴးထြက္ပြဲပါ။ မွန္ကန္တဲ့ စိတ္ဓါတ္ပိုင္း ေပါင္းစပ္ဖို႔ လိုအပ္ပါတယ္။ မေန႔တုန္းက ေလဗာကူဆင္ပြဲကို ၾကည့္ရတာကို က်ေနာ္ စိတ္ဆိုးမိတယ္။ သူတို႔က သိပ္ေကာင္းပါတယ္ ဒါေပမယ့္ မိနစ္ ၂၀ အတြက္ေၾကာင့္ သူတို႔ ရံွဴးနိမ့္ခဲ့တယ္။ ႏွစ္ေက်ာ့ ကစားရမယ္ဆိုရင္ သူတို႔ ေနာက္တစ္ဆင့္ကို တက္ႏုိင္မယ္လို႔ က်ေနာ္ ထင္တယ္။

က်ေန္ာတို႔က ဘယ္လို ျပိဳင္ဘက္ကိုမဆို အႏုိင္ယူႏုိင္တယ္လို႔ ထင္ပါတယ္။ ကမၻာအေကာင္းဆံုး ကစားသမားေတြ ရွိေနတဲ့ အသင္းေကာင္းက က်ေန္ာတို႔ကို ယွဥ္ျပိဳင္ဖို႔ ေစာင့္ေနေပမယ့္ ကုန္ခဲ့တဲ့ ၉ လမွာ လုပ္ခဲ့သလိုပဲ က်ေန္ာတို႔ အေကာင္းဆံုး ယွဥ္ျပိဳင္ႏုိင္ပါလိမ့္မယ္။ က်ေန္ာတို႔မွာ အေကာင္းျမင္စိတ္ေတြ ရွိေနပါတယ္ ” လို႔ ဆက္လက္ ေျပာဆိုခဲ့ပါတယ္။