ဆီမီကတ်စ်ဆိုတာ ဘယ်သူလဲ? သူက လီဗာပူးအတွက် ဘယ်လိုတွေ အပြောင်းအလဲ ဖြစ်စေမလဲ

UNICODE – ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ ဒီနွေအတွက် ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် ဂရိကလပ် အိုလံပီယာကိုစ့်အသင်းမှ ဘယ်အစွန်လူ ကိုစတက် ဆီမီးကတ်စ်ကို ခေါ်ယူအားဖြည့်ကြောင်း မကြာခင်မှာ အတည်ပြု ကြေညာသွားတော့မှာ ဖြစ်ပါတယ်။

ဆီမီးကတ်စ်က လက်ရှိမှာ ဟန်ချက်ညီနေပြီး ဖြစ်နေတဲ့ လီဗာပူးအတွက် ဘယ်လို တိုးတက်မှုတွေကို သယ်ဆောင်ပေးလာမှာပါလဲ?

လူစာရင်း တောင့်တင်းဖို့ဆိုတာက အရေးပါတဲ့ အချက်ဖြစ်ပြီး လီဗာပူးအသင်းဟာ အစွန်သမားတွေဖြစ်တဲ့ အလက်ဇန္ဒား-အာနိုးနဲ့ ရော်ဘတ်ဆန်ုတို့အပေါ် အများကြီး မှီခိုနေရတယ်ဆိုတာ လျှို့ဝှက်ချက် မဟုတ်ပါဘူး။ ညာအစွန်အတွက် ထရန့်နေရာမှာ အားဖြည့်ပေးဖို့ ယာဂင်ကလော့ပ်က နီကိုး ဝီလီယမ်ကို စင်တင်လာခဲ့တယ်။ ဘယ်အစွန်မှာ သူနေရာပေးလိုတဲ့ လာရိုစီက စာချုပ်သက်တမ်း မတိုးတာကြောင့် ဆီမီးတက်စ်ကို ခေါ်ယူအားဖြည့်လာခြင်း ဖြစ်ပါတယ်။

ဂရိလက်ရွေးစင်ဟာ မြန်ဆန်တယ်၊ အင်ပြည့်အားပြည့် ကစားနိုင်တယ်၊ တိုက်စစ်ကို လိုက်ပါလိုစိတ်ရှိပါတယ်။ အဓိကအားဖြင့် ကလော့ပ်ရဲ့ လက်မှတ်ထိုးမှုတိုင်းမှာ မြင်ရလေ့ရှိတဲ့ စိတ်ဓါတ်ပိုင်း ခိုင်မာပြီး တိုက်ခိုက်လိုစိတ် ရှိသူဖြစ်တယ်။ သူဟာ ဘောလုံးကို ကိုင်ကစားနိုင်သလို ဖြတ်ထုတ်မှုတွေမှာလည်း ရဲရင့်ပါတယ်။ စာရွက်ပေါ်က အချက်တွေအရတော့ ပေးရတဲ့ တန်ကြေးနဲ့ဆိုရင် ဆီမီးကတ်စ်က သင့်လျော်တဲ့ ကစားသမားလို့ ဆိုရမှာပါ။

သူ့အတွက် လီဗာပူးက ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်း ဝန်းကျင်ပဲ သုံးရမှာဖြစ်ပြီး လီဗာပူးအတွက် ခက်ခဲမယ့် ပမာဏ မဟုတ်ပါဘူး။ ဒီနေရာမှာ ဒေတာအချက်အလက်တွေကို ဘေးဖယ်ထားပြီး ရိုးရှင်းတဲ့ ဆန်းစစ် လေ့လာမှုကိုလည်း လုပ်ကြည့်နိုင်ပါတယ်။ ဆီမီးတက်စ်ဟာ ချန်ပီယံလိဂ်မှာ ၆ ပွဲ ပါဝင်ကစားခဲ့ပြီး ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်နိုင်ခဲ့တယ်၊ ယူရိုပါလိဂ်ကိုလည်း နောက်ထပ် ၄ ပွဲကစားထားတယ်။ သူဟာ ပြည်တွင်းပွဲတင် မကဘဲ ဥရောပပွဲတွေမှာလည်း အတွေ့အကြုံရှိပြီး ဖြစ်နေပါတယ်။ ဒီလို ကစားသမားအတွက် ပေါင် ၁၂ သန်းဆိုတာက တန်တယ်လို့ ပြောလို့ ရပါတယ်။

အချက်အလက်ပြ ဇယားတွေမှာဆိုရင်တော့ သူက ဘောလုံးနဲ့ လိမ်ခေါက်ကျော်ဖြတ်ရတာကို နှစ်သက်သူဖြစ်ပြီး တိုက်စစ်ပိုင်း အားသန်သူဆိုတာကို မြင်ရပါလိမ့်မယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံလိဂ်မှာ ကစားခဲ့ခြင်းကို နှိုင်းယှဉ်ခြင်း

ရော်ဘတ်ဆန်က ပရီးမီးယားလိဂ်မှာဆိုရင် ခံစစ်ကို အမူမထားဘဲ တိုက်စစ်ကို လိုက်ပါမှုနှုန်း မြင့်ပေမယ့် ချန်ပီယံလိဂ်မှာတော့ အနည်းငယ် ရှေးရိုးဆန်တဲ့ ဘယ်အစွန်လူအဖြစ် ခံစစ်ကို ပိုမို အာရုံစိုက်ပါတယ်။ ထူးခြားတာကတော့ ချန်ပီယံလိဂ်မှာ ဆီမီးတက်စ်ဟာ ရော်ဘတ်ဆန် မလုပ်ထားနိုင်တဲ့ ဘောလုံးထုတ်မှု၊ ပွဲအပေါ် အမျှော်အမြင်ရှိမှုတွေမှာ အားသာချက်ရှိနေတာပဲဖြစ်တယ်။

ပြည်တွင်းလိဂ် ပြိုင်ပွဲတွေမှာ ပြသတဲ့ စွမ်းဆောင်ရည်မှာတော့ ရော်ဘတ်ဆန်က တိုက်စစ်ကို ပိုမိုလိုက်ပါသူဖြစ်ကြောင်း ပေါ်လွင်တယ်။ ဒါပေမယ့် ဆီမီးတက်စ်က ခံစစ်ပိုင်း ကာကွယ်မှုမှာ မဆိုးလှတာကို မြင်တွေ့နိုင်ပါတယ်။ ဆီမီးတက်စ်ဟာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ပြီး တိုက်စစ်အတွက် ဘောလုံးထုတ်ရာမှာ ကောင်းမွန်သူဆိုတာကို မြင်ရမှာဖြစ်တယ်။

ချန်ပီယံလိဂ် စွမ်းဆောင်ရည်တွေကို ပြန်ဆက်ရမယ်ဆိုရင် ဘိုင်ယန်၊ စပါး၊ ရတ်စတားတို့နဲ့ တစ်အုပ်စုတည်း ကျခဲ့တဲ့ အိုလံပီယာကိုစ့်အတွက် ဆီမီးတက်စ်ရဲ့ အခွင့်အရေး ဖန်တီးမှုက မိနစ် ၉၀ တိုင်းမှာ ၁.၆၇ ကြိမ် ဖြစ်တယ်။ တူညီတဲ့ အုပ်စုတွင်း အဆင့် ပြိုင်ပွဲတွေမှာ ရော်ဘတ်ဆန်က ဝ.၆၂ ကြိမ်ပဲ လုပ်နိုင်ပါတယ်။

ရော်ဘတ်ဆန်လို ပရီးမီးယားလိဂ် အကောင်းဆုံး ဘယ်အစွန်လူအဖြစ် ၂ ရာသီကြာ သက်သေပြထားတဲ့ ကစားသမားကို ပွဲထွက်နေရာအတွက် စိန်ခေါ်နိုင်ဖို့ဆိုတာက ခက်ခဲမှာပါ။ ဒါပေမယ့် ဒီစိန်ခေါ်မှုကို ဆီမီးတက်စ်က လုပ်နိုင်စွမ်းရှိမယ်လို့ ယူဆရတယ်။ သူ့မှာ အားနည်းချက်တွေ ရှိနိုင်ပမေယ့် တစ်ဦးချင်း ထိုးဖောက်ထွက်မှု၊ ရုပ်ပိုင်းဆိုင်ရာ အားသန်မှုနဲ့ အမြင်ပိုင်းမှာ ရော်ဘတ်ဆန်ကို သာယောင်ယောင်ရှိတဲ့ အချက်အလက်တွေ မြင်နေရပါတယ်။

၂၀၁၉ စက်တင်ဘာလတုန်းက အိုလံပီယာကိုစ့်ဟာ စပါးကို ၂-၂ သရေကစားခဲ့တယ်။ အဲ့ပွဲဟာ ဆီမီးကတ်စ်ရဲ့ တောင်ပံကနေ တိုက်စစ်လိုက်ပါမှုကို အကောင်းဆုံး မြင်တွေ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

အလက်ဇန္ဒား-အာနိုးနဲ့ ရော်ဘတ်ဆန်တို့လိုပဲ ဆီမီးကတ်စ်ကလည်း ပွဲချိန် အများအပြားမှာ ပြိုင်ဘက် ကွင်းတစ်ဝက်မှာပဲ ကစားလေ့ရှိသူပါ။ လီဗာပူးအစွန်လူတွေက ၂၀၁၉-၂၀၂၀ ရာသီမှာ ဂိုးထောက်ပံ့မှု ၁၃ ကြိမ်နဲ့ ၁၂ ကြိမ်တွေ လုပ်ခဲ့တယ်။ ဒီလို လုပ်နိုင်တာက သူတို့ရဲ့ တိုက်စစ်ကို လိုက်ပါနိုင်မှု၊ မာန်ပါတဲ့ ကစားဟန်တွေကြောင့်ဖြစ်တယ်။

လီဗာပူးက ၄-၃-၃ ကို အခြေခံတဲ့ ကစားကွက်ကို ကျင့်သုံးပြီး ပြေနှုန်း၊ စိတ်ဓါတ်ပိုင်း မြင့်မားနှုန်း၊ ထူးချွန်တဲ့ နေရာယူမှုတွေနဲ့ ကစားသူဖြစ်တယ်။ ရော်ဘတ်ဆန်ဟာ ဘယ်အစွန်လူဆိုပေမယ့် သူဟာ ခံစစ်ကာကွယ်သူဖြစ်သလို တောင်ပံသမားလည်းဖြစ်တယ်။ လီဗာပူးရဲ့ ပွဲ အတော်များများမှာ ကောင်တာစတင်သူအဖြစ် ဘယ်တောင်ပံတစ်ယောက် တိုက်ရိုက်ကစားတဲ့ ရော်ဘတ်ဆန်ဟာ မာနေး ဧရိယာထဲ ဝင်သွားခဲ့ရင် တောင်ပံတိုက်စစ်သမားလိုလည်း ကစားနိုင်ပါတယ်။

ကလော့ပ်ရဲ့ များစွာသော လက်မှတ်ထိုးမှုတွေလိုပဲ လီဗာပူးမှာ သူကစားရမယ့် နည်းစနစ်ပိုင်း လိုအပ်ချက်တွေ၊ ရုပ်ပိုင်းဆိုင်ရာ တောင်းဆိုချက်တွေအရ ဆီမီးတက်စ်ဟာ လအတန်ကြာတော့ သင်ယူမှုတွေ လုပ်ရပါမယ်။ အသင်းသစ်မှာ အသားကျမှုနဲ့ တိုးတက်မှုတွေ ရှာဖွေပြီးရင်တော့ ဆီမီးတက်စ်ဟာ ရော်ဘတ်ဆန်ကို ဖိအားပေးမှုတွေ စတင် လုပ်ဆောင်ရမှာပါ။

ဆီမီးတက်စ် ရောက်လာတာက ရော်ဘတ်ဆန်အတွက် သတင်းကောင်းလည်း ဖြစ်နိုင်ပါတယ်။ စကော်တလန်သားဟာ လီဗာပူးအသင်းမှာ အနားယူချိန်မရှိဘဲ ပွဲတိုင်းနီးပါး ပွဲထွက်ကစားနေရသူဖြစ်တယ်။ ဆီမီးတက်စ်ကြောင့် အနားယူချိန်တွေ ရလာနိုင်ခြင်းက သူ့ရဲ့ ကြံ့ခိုင်မှုကို အထောက်အပံ့ ပေးနိုင်ပြီး နေရာပြိုင်ဆိုင်မှုကတော့ သူတို့ နှစ်ဦးလုံးကို ပိုကောင်းတဲ့ ဘယ်အစွန်လူတွေ ဖြစ်လာစေပါလိမ့်မယ်။

လီဗာပူးအသင်းကတော့ မတူညီတဲ့ ဘယ်အစွန်လူ နှစ်ဦးကို ပိုင်ဆိုင်ခြင်း ဖြစ်လာနိုင်ပြီး ယာဂင်ကလော့ပ် နည်းစနစ်ပိုင်း ကုလားဖန်ထိုးဖို့ ပိုကောင်းတဲ့ ရွေးချယ်မှုတွေ ရလာမှဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းဟာ ဒီေႏြအတြက္ ပထမဆံုး လက္မွတ္ထိုးမႈအျဖစ္ ဂရိကလပ္ အိုလံပီယာကိုစ့္အသင္းမွ ဘယ္အစြန္လူ ကိုစတက္ ဆီမီးကတ္စ္ကို ေခၚယူအားျဖည့္ေၾကာင္း မၾကာခင္မွာ အတည္ျပဳ ေၾကညာသြားေတာ့မွာ ျဖစ္ပါတယ္။

ဆီမီးကတ္စ္က လက္ရွိမွာ ဟန္ခ်က္ညီေနျပီး ျဖစ္ေနတဲ့ လီဗာပူးအတြက္ ဘယ္လို တိုးတက္မႈေတြကို သယ္ေဆာင္ေပးလာမွာပါလဲ?

လူစာရင္း ေတာင့္တင္းဖို႔ဆိုတာက အေရးပါတဲ့ အခ်က္ျဖစ္ျပီး လီဗာပူးအသင္းဟာ အစြန္သမားေတြျဖစ္တဲ့ အလက္ဇႏၵား-အာႏိုးနဲ႔ ေရာ္ဘတ္ဆန္ုတို႔အေပၚ အမ်ားၾကီး မီွခိုေနရတယ္ဆိုတာ လွ်ိဳ႕ဝွက္ခ်က္ မဟုတ္ပါဘူး။ ညာအစြန္အတြက္ ထရန္႔ေနရာမွာ အားျဖည့္ေပးဖို႔ ယာဂင္ကေလာ့ပ္က နီကိုး ဝီလီယမ္ကို စင္တင္လာခဲ့တယ္။ ဘယ္အစြန္မွာ သူေနရာေပးလိုတဲ့ လာရိုစီက စာခ်ဳပ္သက္တမ္း မတိုးတာေၾကာင့္ ဆီမီးတက္စ္ကို ေခၚယူအားျဖည့္လာျခင္း ျဖစ္ပါတယ္။

ဂရိလက္ေရြးစင္ဟာ ျမန္ဆန္တယ္၊ အင္ျပည့္အားျပည့္ ကစားႏုိင္တယ္၊ တိုက္စစ္ကို လိုက္ပါလိုစိတ္ရွိပါတယ္။ အဓိကအားျဖင့္ ကေလာ့ပ္ရဲ႕ လက္မွတ္ထိုးမႈတိုင္းမွာ ျမင္ရေလ့ရွိတဲ့ စိတ္ဓါတ္ပိုင္း ခိုင္မာျပီး တိုက္ခိုက္လိုစိတ္ ရွိသူျဖစ္တယ္။ သူဟာ ေဘာလံုးကို ကိုင္ကစားႏုိင္သလို ျဖတ္ထုတ္မႈေတြမွာလည္း ရဲရင့္ပါတယ္။ စာရြက္ေပၚက အခ်က္ေတြအရေတာ့ ေပးရတဲ့ တန္ေၾကးနဲ႔ဆိုရင္ ဆီမီးကတ္စ္က သင့္ေလ်ာ္တဲ့ ကစားသမားလို႔ ဆိုရမွာပါ။

သူ႔အတြက္ လီဗာပူးက ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၂ သန္း ဝန္းက်င္ပဲ သံုးရမွာျဖစ္ျပီး လီဗာပူးအတြက္ ခက္ခဲမယ့္ ပမာဏ မဟုတ္ပါဘူး။ ဒီေနရာမွာ ေဒတာအခ်က္အလက္ေတြကို ေဘးဖယ္ထားျပီး ရိုးရွင္းတဲ့ ဆန္းစစ္ ေလ့လာမႈကိုလည္း လုပ္ၾကည့္ႏုိင္ပါတယ္။ ဆီမီးတက္စ္ဟာ ခ်န္ပီယံလိဂ္မွာ ၆ ပြဲ ပါဝင္ကစားခဲ့ျပီး ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ လုပ္ႏုိင္ခဲ့တယ္၊ ယူရိုပါလိဂ္ကိုလည္း ေနာက္ထပ္ ၄ ပြဲကစားထားတယ္။ သူဟာ ျပည္တြင္းပြဲတင္ မကဘဲ ဥေရာပပြဲေတြမွာလည္း အေတြ႔အၾကံဳရွိျပီး ျဖစ္ေနပါတယ္။ ဒီလို ကစားသမားအတြက္ ေပါင္ ၁၂ သန္းဆိုတာက တန္တယ္လို႔ ေျပာလို႔ ရပါတယ္။

အခ်က္အလက္ျပ ဇယားေတြမွာဆိုရင္ေတာ့ သူက ေဘာလံုးနဲ႔ လိမ္ေခါက္ေက်ာ္ျဖတ္ရတာကို ႏွစ္သက္သူျဖစ္ျပီး တိုက္စစ္ပိုင္း အားသန္သူဆိုတာကို ျမင္ရပါလိမ့္မယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံလိဂ္မွာ ကစားခဲ့ျခင္းကို ႏိႈင္းယွဥ္ျခင္း

ေရာ္ဘတ္ဆန္က ပရီးမီးယားလိဂ္မွာဆိုရင္ ခံစစ္ကို အမူမထားဘဲ တိုက္စစ္ကို လိုက္ပါမႈႏႈန္း ျမင့္ေပမယ့္ ခ်န္ပီယံလိဂ္မွာေတာ့ အနည္းငယ္ ေရွးရိုးဆန္တဲ့ ဘယ္အစြန္လူအျဖစ္ ခံစစ္ကို ပိုမို အာရံုစိုက္ပါတယ္။ ထူးျခားတာကေတာ့ ခ်န္ပီယံလိဂ္မွာ ဆီမီးတက္စ္ဟာ ေရာ္ဘတ္ဆန္ မလုပ္ထားႏုိင္တဲ့ ေဘာလံုးထုတ္မႈ၊ ပြဲအေပၚ အေမွ်ာ္အျမင္ရွိမႈေတြမွာ အားသာခ်က္ရွိေနတာပဲျဖစ္တယ္။

ျပည္တြင္းလိဂ္ ျပိဳင္ပြဲေတြမွာ ျပသတဲ့ စြမ္းေဆာင္ရည္မွာေတာ့ ေရာ္ဘတ္ဆန္က တိုက္စစ္ကို ပိုမိုလိုက္ပါသူျဖစ္ေၾကာင္း ေပၚလြင္တယ္။ ဒါေပမယ့္ ဆီမီးတက္စ္က ခံစစ္ပိုင္း ကာကြယ္မႈမွာ မဆိုးလွတာကို ျမင္ေတြ႔ႏုိင္ပါတယ္။ ဆီမီးတက္စ္ဟာ ရုပ္ပိုင္းဆိုင္ရာ ၾကံ႕ခိုင္ျပီး တိုက္စစ္အတြက္ ေဘာလံုးထုတ္ရာမွာ ေကာင္းမြန္သူဆိုတာကို ျမင္ရမွာျဖစ္တယ္။

ခ်န္ပီယံလိဂ္ စြမ္းေဆာင္ရည္ေတြကို ျပန္ဆက္ရမယ္ဆိုရင္ ဘိုင္ယန္၊ စပါး၊ ရတ္စတားတို႔နဲ႔ တစ္အုပ္စုတည္း က်ခဲ့တဲ့ အိုလံပီယာကိုစ့္အတြက္ ဆီမီးတက္စ္ရဲ႕ အခြင့္အေရး ဖန္တီးမႈက မိနစ္ ၉၀ တိုင္းမွာ ၁.၆၇ ၾကိမ္ ျဖစ္တယ္။ တူညီတဲ့ အုပ္စုတြင္း အဆင့္ ျပိဳင္ပြဲေတြမွာ ေရာ္ဘတ္ဆန္က ၀.၆၂ ၾကိမ္ပဲ လုပ္ႏုိင္ပါတယ္။

ေရာ္ဘတ္ဆန္လို ပရီးမီးယားလိဂ္ အေကာင္းဆံုး ဘယ္အစြန္လူအျဖစ္ ၂ ရာသီၾကာ သက္ေသျပထားတဲ့ ကစားသမားကို ပြဲထြက္ေနရာအတြက္ စိန္ေခၚႏုိင္ဖို႔ဆိုတာက ခက္ခဲမွာပါ။ ဒါေပမယ့္ ဒီစိန္ေခၚမႈကို ဆီမီးတက္စ္က လုပ္ႏုိင္စြမ္းရွိမယ္လို႔ ယူဆရတယ္။ သူ႔မွာ အားနည္းခ်က္ေတြ ရွိႏုိင္ပေမယ့္ တစ္ဦးခ်င္း ထိုးေဖာက္ထြက္မႈ၊ ရုပ္ပိုင္းဆိုင္ရာ အားသန္မႈနဲ႔ အျမင္ပိုင္းမွာ ေရာ္ဘတ္ဆန္ကို သာေယာင္ေယာင္ရွိတဲ့ အခ်က္အလက္ေတြ ျမင္ေနရပါတယ္။

၂၀၁၉ စက္တင္ဘာလတုန္းက အိုလံပီယာကိုစ့္ဟာ စပါးကို ၂-၂ သေရကစားခဲ့တယ္။ အဲ့ပြဲဟာ ဆီမီးကတ္စ္ရဲ႕ ေတာင္ပံကေန တိုက္စစ္လုိက္ပါမႈကို အေကာင္းဆံုး ျမင္ေတြ႔ရတဲ့ ပြဲတစ္ပြဲလည္း ျဖစ္ပါတယ္။

အလက္ဇႏၵား-အာႏိုးနဲ႔ ေရာ္ဘတ္ဆန္တို႔လိုပဲ ဆီမီးကတ္စ္ကလည္း ပြဲခ်ိန္ အမ်ားအျပားမွာ ျပိဳင္ဘက္ ကြင္းတစ္ဝက္မွာပဲ ကစားေလ့ရွိသူပါ။ လီဗာပူးအစြန္လူေတြက ၂၀၁၉-၂၀၂၀ ရာသီမွာ ဂိုးေထာက္ပံ့မႈ ၁၃ ၾကိမ္နဲ႔ ၁၂ ၾကိမ္ေတြ လုပ္ခဲ့တယ္။ ဒီလို လုပ္ႏုိင္တာက သူတို႔ရဲ႕ တိုက္စစ္ကို လိုက္ပါႏုိင္မႈ၊ မာန္ပါတဲ့ ကစားဟန္ေတြေၾကာင့္ျဖစ္တယ္။

လီဗာပူးက ၄-၃-၃ ကို အေျခခံတဲ့ ကစားကြက္ကို က်င့္သံုးျပီး ေျပႏႈန္း၊ စိတ္ဓါတ္ပိုင္း ျမင့္မားႏႈန္း၊ ထူးခၽြန္တဲ့ ေနရာယူမႈေတြနဲ႔ ကစားသူျဖစ္တယ္။ ေရာ္ဘတ္ဆန္ဟာ ဘယ္အစြန္လူဆိုေပမယ့္ သူဟာ ခံစစ္ကာကြယ္သူျဖစ္သလို ေတာင္ပံသမားလည္းျဖစ္တယ္။ လီဗာပူးရဲ႕ ပြဲ အေတာ္မ်ားမ်ားမွာ ေကာင္တာစတင္သူအျဖစ္ ဘယ္ေတာင္ပံတစ္ေယာက္ တိုက္ရိုက္ကစားတဲ့ ေရာ္ဘတ္ဆန္ဟာ မာေနး ဧရိယာထဲ ဝင္သြားခဲ့ရင္ ေတာင္ပံတိုက္စစ္သမားလိုလည္း ကစားႏုိင္ပါတယ္။

ကေလာ့ပ္ရဲ႕ မ်ားစြာေသာ လက္မွတ္ထိုးမႈေတြလိုပဲ လီဗာပူးမွာ သူကစားရမယ့္ နည္းစနစ္ပိုင္း လိုအပ္ခ်က္ေတြ၊ ရုပ္ပိုင္းဆိုင္ရာ ေတာင္းဆိုခ်က္ေတြအရ ဆီမီးတက္စ္ဟာ လအတန္ၾကာေတာ့ သင္ယူမႈေတြ လုပ္ရပါမယ္။ အသင္းသစ္မွာ အသားက်မႈနဲ႔ တိုးတက္မႈေတြ ရွာေဖြျပီးရင္ေတာ့ ဆီမီးတက္စ္ဟာ ေရာ္ဘတ္ဆန္ကို ဖိအားေပးမႈေတြ စတင္ လုပ္ေဆာင္ရမွာပါ။

ဆီမီးတက္စ္ ေရာက္လာတာက ေရာ္ဘတ္ဆန္အတြက္ သတင္းေကာင္းလည္း ျဖစ္ႏုိင္ပါတယ္။ စေကာ္တလန္သားဟာ လီဗာပူးအသင္းမွာ အနားယူခ်ိန္မရွိဘဲ ပြဲတိုင္းနီးပါး ပြဲထြက္ကစားေနရသူျဖစ္တယ္။ ဆီမီးတက္စ္ေၾကာင့္ အနားယူခ်ိန္ေတြ ရလာႏုိင္ျခင္းက သူ႔ရဲ႕ ၾကံ႕ခိုင္မႈကို အေထာက္အပံ့ ေပးႏုိင္ျပီး ေနရာျပိဳင္ဆိုင္မႈကေတာ့ သူတို႔ ႏွစ္ဦးလံုးကို ပိုေကာင္းတဲ့ ဘယ္အစြန္လူေတြ ျဖစ္လာေစပါလိမ့္မယ္။

လီဗာပူးအသင္းကေတာ့ မတူညီတဲ့ ဘယ္အစြန္လူ ႏွစ္ဦးကို ပိုင္ဆုိင္ျခင္း ျဖစ္လာႏုိင္ျပီး ယာဂင္ကေလာ့ပ္ နည္းစနစ္ပိုင္း ကုလားဖန္ထိုးဖို႔ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈေတြ ရလာမွျဖစ္ပါတယ္။