ချန်ပီယံလိဂ်ပွဲကြို မက်ဆီနဲ့ ဘာကာကို ပေါ်တင် စိန်ခေါ်စကားဆိုတဲ့ သောမက်စ် မူလာ

UNICODE – ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ ယှဉ်ပြိုင်ရမယ့် ဘာစီလိုနာကို ဘိုင်ယန်မြူးနစ် တိုက်စစ်သမား သောမက်စ် မူလာက ပွဲအကြို စကားစစ်ထိုးမှု စတင်လိုက်ပြီဖြစ်ပါတယ်။

နောက်အပတ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတော့ လီဝမ်ဒေါ့စကီးဟာ မက်ဆီထက် ပိုကောင်းကြောင်း အားလုံး မျက်ဝါးထင်ထင် မြင်ရမယ်လို့ သောမက်စ် မူလာက ထုတ်ပြောလိုက်တာပါ။ ပြောရအောင်လည်း လီဝမ်ဒေါစကီးက ကစားသမားဘဝ အကောင်းဆုံး ပုံစံကို ရနေပြီး ပြိုင်ပွဲစုံ ၄၄ ပွဲမှာ သွင်းဂိုး ၅၃ ဂိုးထိ သွင်းယူထားနိုင်တာ ဖြစ်ပါတယ်။

ဘာစီလိုနာက နာပိုလီကို ၃-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ မက်ဆီကလည်း တစ်ကိုယ်တော်စွမ်းတွေ စွမ်းဆောင်ပြခဲ့သေးတာပါ။ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့သင့်တဲ့ ဒီနှစ်သင်းထဲက တစ်သင်းဟာ ကွာတားအဆင့်မှာတင် နုတ်ဆက်ရမှာဖြစ်ကာ ကွာတားအဆင့်မှာတော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး အတွဲတစ်လွဲလည်း ဖြစ်လာခဲ့ပါတယ်။

မူလာက ‘ သောကြာနေ့မှာတော့ ကျနေ်ာတို့ အားလုံး မြင်တွေ့ရပါမယ်။ ဘယ်သူက ပိုကောင်းသလဲဆိုတဲ့ ဒီမေးခွန်းကို လီဝီက အဖြေထုတ်ပေးသွားမှာပါ။ ဒီကနေ့ပွဲမှာ မက်ဆီ ကစားတာလည်း ကောင်းပါတယ်။ ဒါပေမယ့် အားလုံးက လီဝီ အပေါ်မှာပဲ မူတည်ပါတယ်။ ကျနေ်ာတို့ကတော့ သောကြာနေ့မှာ ဒီမေးခွန်းအတွက် လီဝီ အကောင်းဆုံး အဖြေပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ဘိုင်ယန်မန်နေဂျာ ဖီလစ်ကလည်း ‘ လီဝမ်ဒေါစကီး အခုလိုပဲ ခြေစွမ်းပြနေမယ်ဆိုရင်လည်း ကျနော်ကတော့ စိတ်မရှိပါဘူး။ ဒီကနေ့မှာ သူက ကျနေ်ာတို့အတွက် ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ထပ်ပြီး ပြသခဲ့တယယ်။ သူက ဂိုး ၂ ဂိုး သွင်းနိုင်တာတင် မဟုတ်ဘဲ၊ ဂိုးထောက်ပံ့မှုလည်း ၂ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ အသင်းမှာ သူ့လို ကစားသမားကို ပိုင်ဆိုင်ထားတာအတွက် ကျနေ်ာတို့ ဂုဏ်ယူပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ဘိုင်ယန်ဟာ တည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့် ချန်ပီယံလိဂ်ကို ဗိုလ်ဆွဲနိုင်တဲ့ အသင်းတစ်သင်းအဖြစ် ရေပန်းစားလာတာပါ။ တစ်ဘက်မှာကလည်း ဘာစီလိုနာက စွမ်းဆောင်ရည် မကောင်းပေမယ့် မက်ဆီ အကောင်းဆုံး ဦးဆောင်နိုင်ရင် အန္တရာယ်ကြီးလွန်းတယ်ဆိုတာကို နာပိုလီပွဲက သက်သေပြခဲ့တယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့မှုက ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်တွေကို အတော်လေး စိတ်လှုပ်ရှားနေစေတာ ဖြစ်ပါတယ်။

ZAWGYI – ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာ ယွဥ္ျပိဳင္ရမယ့္ ဘာစီလိုနာကို ဘိုင္ယန္ျမဴးနစ္ တိုက္စစ္သမား ေသာမက္စ္ မူလာက ပြဲအၾကိဳ စကားစစ္ထိုးမႈ စတင္လိုက္ျပီျဖစ္ပါတယ္။

ေနာက္အပတ္ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္မွာေတာ့ လီဝမ္ေဒါ့စကီးဟာ မက္ဆီထက္ ပိုေကာင္းေၾကာင္း အားလံုး မ်က္ဝါးထင္ထင္ ျမင္ရမယ္လို႔ ေသာမက္စ္ မူလာက ထုတ္ေျပာလိုက္တာပါ။ ေျပာရေအာင္လည္း လီဝမ္ေဒါစကီးက ကစားသမားဘဝ အေကာင္းဆံုး ပံုစံကို ရေနျပီး ျပိဳင္ပြဲစံု ၄၄ ပြဲမွာ သြင္းဂိုး ၅၃ ဂိုးထိ သြင္းယူထားႏုိင္တာ ျဖစ္ပါတယ္။

ဘာစီလိုနာက နာပိုလီကို ၃-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ မက္ဆီကလည္း တစ္ကိုယ္ေတာ္စြမ္းေတြ စြမ္းေဆာင္ျပခဲ့ေသးတာပါ။ ဗိုလ္လုပြဲမွာ ထိပ္တိုက္ေတြ႔သင့္တဲ့ ဒီႏွစ္သင္းထဲက တစ္သင္းဟာ ကြာတားအဆင့္မွာတင္ ႏုတ္ဆက္ရမွာျဖစ္ကာ ကြာတားအဆင့္မွာေတာ့ စိတ္လႈပ္ရွားစရာ အေကာင္းဆံုး အတြဲတစ္လြဲလည္း ျဖစ္လာခဲ့ပါတယ္။

မူလာက ‘ ေသာၾကာေန႔မွာေတာ့ က်ေန္ာတို႔ အားလံုး ျမင္ေတြ႔ရပါမယ္။ ဘယ္သူက ပိုေကာင္းသလဲဆိုတဲ့ ဒီေမးခြန္းကို လီဝီက အေျဖထုတ္ေပးသြားမွာပါ။ ဒီကေန႔ပြဲမွာ မက္ဆီ ကစားတာလည္း ေကာင္းပါတယ္။ ဒါေပမယ့္ အားလံုးက လီဝီ အေပၚမွာပဲ မူတည္ပါတယ္။ က်ေန္ာတို႔ကေတာ့ ေသာၾကာေန႔မွာ ဒီေမးခြန္းအတြက္ လီဝီ အေကာင္းဆံုး အေျဖေပးႏုိင္မယ္လို႔ ယံုၾကည္ထားပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ဘိုင္ယန္မန္ေနဂ်ာ ဖီလစ္ကလည္း ‘ လီဝမ္ေဒါစကီး အခုလိုပဲ ေျခစြမ္းျပေနမယ္ဆိုရင္လည္း က်ေနာ္ကေတာ့ စိတ္မရွိပါဘူး။ ဒီကေန႔မွာ သူက က်ေန္ာတို႔အတြက္ ဘယ္ေလာက္ေတာင္ အေရးပါသလဲဆိုတာ ထပ္ျပီး ျပသခဲ့တယယ္။ သူက ဂိုး ၂ ဂိုး သြင္းႏုိင္တာတင္ မဟုတ္ဘဲ၊ ဂိုးေထာက္ပံ့မႈလည္း ၂ ၾကိမ္ လုပ္ႏုိင္ခဲ့ပါတယ္။ အသင္းမွာ သူ႔လို ကစားသမားကို ပိုင္ဆုိင္ထားတာအတြက္ က်ေန္ာတို႔ ဂုဏ္ယူပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။

ဒီရာသီမွာ ဘိုင္ယန္ဟာ တည္ျငိမ္တဲ့ ေျခစြမ္းေတြေၾကာင့္ ခ်န္ပီယံလိဂ္ကို ဗိုလ္ဆြဲႏုိင္တဲ့ အသင္းတစ္သင္းအျဖစ္ ေရပန္းစားလာတာပါ။ တစ္ဘက္မွာကလည္း ဘာစီလိုနာက စြမ္းေဆာင္ရည္ မေကာင္းေပမယ့္ မက္ဆီ အေကာင္းဆံုး ဦးေဆာင္ႏုိင္ရင္ အႏၱရာယ္ၾကီးလြန္းတယ္ဆိုတာကို နာပိုလီပြဲက သက္ေသျပခဲ့တယ္။ ဒီႏွစ္သင္း ထိပ္တုိက္ေတြ႔မႈက ကမၻာတစ္ဝန္းက ေဘာလံုးပရိသတ္ေတြကို အေတာ္ေလး စိတ္လႈပ္ရွားေနေစတာ ျဖစ္ပါတယ္။