စီရော်နယ်ဒိုရဲ့ ချန်ပီယံလိဂ် ထူးရှယ်စံချိန် အနီးကို ရောက်လာပြီဖြစ်တဲ့ ဘိုင်ယန်ရဲ့ လီဝမ်ဒေါစကီး

UNICODE – ပိုလန် တိုက်စစ်သမားအတွက်ကတော့ ဒီရာသီက အတော်လေးကို ထူးချွန်ကောင်းမွန်တဲ့ ဘောလုံးရာသီဖြစ်နေသလို ချန်ပီယံလိဂ်မှာ စီရော်နယ်ဒို တင်ထားတဲ့ စံချိန်ကိုတောင် လိုက်မှီလာဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဖြစ် ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ရမယ့် ဘိုင်ယန်ဟာ ချယ်ဆီးကို နှစ်ကျော့ပေါင်း ၇-၁ နဲ့ အနိုင်ယူ ကျော်ဖြတ်ခဲ့တာပါ။ မနက်က ယှဉ်ပြိုင်တဲ့ ချယ်ဆီးနဲ့ပွဲမှာ ကိုယ်တိုင် ၂ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၂ ကြိမ် ပြုလုပ်ခဲ့နိုင်တာကြောင့် လီဝမ်ဒေါစကီးဟာ ပြိုင်ပွဲစုံမှာ သွင်းဂိုး ၅၃ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဒါ့အပြင် လီဝမ်ဒေါစကီးဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၃ ဂိုးထိ ရှိလာခဲ့ပြီဖြစ်ကာ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ်အတွက် ရော်နယ်ဒို သွင်းထားတဲ့ ၁၇ ဂိုးကို မှီဖို့ ၄ ဂိုးပဲ လိုတော့တာဖြစ်တယ်။ ဒီရာသီ ချန်ပီယံလိဂ် ကွာတားနဲ့ ဆီမီးအဆင့်တွေကို တစ်ကျော့တည်း ကစားမှာဖြစ်လို့ လီဝမ် အနေနဲ့ စီရော်နယ်ဒိုရဲ့ စံချိန်ကို မှီနိုင်မလား ကြည့်ရမှာဖြစ်တယ်။

လီဝမ်ဒေါစကီးက ပြောရာမှာ ” ကျနော်အတွက်တော့ အဲ့မှတ်တမ်းကို ချိုးဖျက်ဖို့က အဓိက မကျပါဘူး။ ကျနေ်ာတို့ နောက်ထပ် ရံှူးထွက်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်ပြီး အသင်းအတွက် အရမ်းကောင်းကောင်း ကစားလိုပါတယ်။ အရေးကြီးဆုံးက အကောင်းဆုံး ကစားပြီး နောက်အဆင့်ကို ရောက်ဖို့ပဲ ဖြစ်ပါတယ်။

အသင်းလိုက် အနေအထားအဖြစ် ဘာစီလိုနာထပ် ပိုကောင်းပြီး ဆီးမီးဖိုင်နယ်ကို ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဘာစီလိုနာက အမြဲတမ်း အန္တရာယ်ကြီးပြီး သိပ်ကောင်းတဲ့ ဘောလုံးကို ကစားနေတဲ့ အသင်းဖြစ်တယ်။ ပထမဆုံး မိနစ်ကတည်းက ကျနေ်ာတို့ရဲ့ အရည်အချင်းကို ပြနိုင်ဖို့လိုတယ်။ ပိုကောင်းတဲ့ အသင်းကတော့ နောက်တစ်ဆင့်ကို တက်ရောက်ပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI – ပိုလန္ တိုက္စစ္သမားအတြက္ကေတာ့ ဒီရာသီက အေတာ္ေလးကို ထူးခၽြန္ေကာင္းမြန္တဲ့ ေဘာလံုးရာသီျဖစ္ေနသလို ခ်န္ပီယံလိဂ္မွာ စီေရာ္နယ္ဒို တင္ထားတဲ့ စံခ်ိန္ကိုေတာင္ လိုက္မွီလာဖို႔ ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္အျဖစ္ ဘာစီလိုနာနဲ႔ ယွဥ္ျပိဳင္ရမယ့္ ဘိုင္ယန္ဟာ ခ်ယ္ဆီးကို ႏွစ္ေက်ာ့ေပါင္း ၇-၁ နဲ႔ အႏုိင္ယူ ေက်ာ္ျဖတ္ခဲ့တာပါ။ မနက္က ယွဥ္ျပိဳင္တဲ့ ခ်ယ္ဆီးနဲ႔ပြဲမွာ ကိုယ္တိုင္ ၂ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၂ ၾကိမ္ ျပဳလုပ္ခဲ့ႏုိင္တာေၾကာင့္ လီဝမ္ေဒါစကီးဟာ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၅၃ ဂိုးထိ ရွိလာခ့ဲျပီျဖစ္ပါတယ္။

ဒါ့အျပင္ လီဝမ္ေဒါစကီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၁၃ ဂိုးထိ ရွိလာခဲ့ျပီျဖစ္ကာ ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီက ရီးရဲလ္မက္ဒရစ္အတြက္ ေရာ္နယ္ဒို သြင္းထားတဲ့ ၁၇ ဂိုးကို မွီဖို႔ ၄ ဂိုးပဲ လိုေတာ့တာျဖစ္တယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ ကြာတားနဲ႔ ဆီမီးအဆင့္ေတြကို တစ္ေက်ာ့တည္း ကစားမွာျဖစ္လို႔ လီဝမ္ အေနနဲ႔ စီေရာ္နယ္ဒိုရဲ႕ စံခ်ိန္ကို မွီႏိုင္မလား ၾကည့္ရမွာျဖစ္တယ္။

လီဝမ္ေဒါစကီးက ေျပာရာမွာ ” က်ေနာ္အတြက္ေတာ့ အဲ့မွတ္တမ္းကို ခ်ိဳးဖ်က္ဖို႔က အဓိက မက်ပါဘူး။ က်ေန္ာတုိ႔ ေနာက္ထပ္ ရံွဴးထြက္ပြဲကို ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အသင္းအတြက္ အရမ္းေကာင္းေကာင္း ကစားလိုပါတယ္။ အေရးၾကီးဆံုးက အေကာင္းဆံုး ကစားျပီး ေနာက္အဆင့္ကို ေရာက္ဖို႔ပဲ ျဖစ္ပါတယ္။

အသင္းလိုက္ အေနအထားအျဖစ္ ဘာစီလိုနာထပ္ ပိုေကာင္းျပီး ဆီးမီးဖိုင္နယ္ကို ေရာက္ႏုိင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ဘာစီလိုနာက အျမဲတမ္း အႏၱရာယ္ၾကီးျပီး သိပ္ေကာင္းတဲ့ ေဘာလံုးကို ကစားေနတဲ့ အသင္းျဖစ္တယ္။ ပထမဆံုး မိနစ္ကတည္းက က်ေန္ာတို႔ရဲ႕ အရည္အခ်င္းကို ျပႏုိင္ဖို႔လိုတယ္။ ပိုေကာင္းတဲ့ အသင္းကေတာ့ ေနာက္တစ္ဆင့္ကို တက္ေရာက္ပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။