ချန်ပီယံလိဂ်က ထွက်ရအပြီး ရာထူးက ထုတ်ပယ်ခံရမလား အမေးကို ဒေါသကြီးစွာ ပြန်ဖြေတဲ့ ဆာရီ
UNICODE – ဂျူဗင်တပ်မန်နေဂျာ ဆာရီက မနက်က ယှဉ်ပြိုင်ကစားတဲ့ လိုင်ယွန်နဲ့ ချန်ပီယံလိဂ်ပွဲကို ၂ ကျော့ပေါင်း ရလဒ်ဖြင့် အရေးနိမ့်အပြီး ပွဲပြီး အင်တာဗျူးမှာ မီဒီယာတွေကို ဒေါသတကြီး ရင်ဆိုင် တုန့်ပြန်ခဲ့ပါတယ်။
ချန်ပီယံလိဂ် မအောင်မြင်မှုကြောင့် ရာထူးကနေ ထုတ်ပယ်ခံရမလားဆိုတဲ့ မေးခွန်းတွေကို အခြေတည်ပြီး ဆာရီကို ပြင်းထန်တဲ့ မေးခွန်းထုတ်မှုတွေ လုပ်ခဲ့ကြတာပါ။ ဒီမေးခွန်းတွေကို ဆာရီ အတော်လေး ဒေါသထွက်ခဲ့ကာ လေသံ ခပ်ပြင်းပြင်းနဲ့ ဖြေကြားမှုတွေ လုပ်ခဲ့ပါတယ်။
ဆာရီက ” ထိပ်တန်းအသင်းတွေရဲ့ ဒါရိုက်တာဆိုတာ ပွဲတစ်ပွဲတည်းအပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချတယ်လို့ ငါမထင်ဘူး။ သူတို့က ရာသီတစ်ခုလုံးကို တွက်ချက်ရတာဖြစ်တယ်။ ဒီလို မေးခွန်းတွေနဲ့ ငါ့ကို ထိုးနှက်တာက ငါ့ကို ထိုးနှက်ရာ မရောက်ဘူူး။ ဒါက ဒါရိုက်တာတွေကို ထိုးနှက်သလို ဖြစ်နေတယ်။
ငါ့မှာ စာချုပ်ရှိတယ်။ ဒီစာချုပ်ကို လေးစားရပါမယ်။ အခြား ဘာကိုမှ မမျှော်လင့်ဘူး ” လို့ ဒေါသထွက်စွာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဂျူဗင်တပ်စတား ဒိုင်ဘာလာဟာ ဒဏ်ရာရနေပေမယ့် လူစားဝင် ကစားသမားအဖြစ် ၁၄ မိနစ်လောက် ပါဝင်ကစားခဲ့တယ်။ သူဟာ ထပ်ပြီးလည်း ကြွက်သားဒဏ်ရာ ရသွားတယ်လို့ ယူဆရပါတယ်။ ဆာရီကတော့ သူက ဒိုင်ဘာလာကို သုံးရင်လည်း ဝေဖန်ခံရသလို မသုံးရင်လည်း ဝေဖန်ခံရမှာပါလို့ ဆိုပါသေးတယ်။
အီတလီမန်နေဂျာကြီးက ” ဒိုင်ဘာလာကို မခေါ်ဘဲ ယှဉ်ပြိုင်ရင် ဘာလို့ သူ့ကို စွန့်စားပြီး မသုံးတာလဲလို့ မေးကြလိမ့်မယ်။ ဒီလိုညမှ မသုံးရင် ဘယ်အချိန်မှာ သွားသုံးရမှာလဲ?
စွန့်စားမှု ဖြစ်ခဲ့ပေမယ့် ကော်စတာ မကစားနိုင်ဘူး၊ ဂွာဒရာဒိုက ကြွက်သား ပြဿနာ ရှိနေတယ်။ ဒီတော့ အရန်ခုံမှာလည်း ရှိနေတဲ့ ဒန်နီလိုနဲ့ ဒိုင်ဘာလာ နှစ်ဦးလုံးကို လူစားလဲဖို့ပဲ ရှိတေ့ာတာပဲ ” လို့ ဆိုသွားခဲ့တာဖြစ်ပါတယ်။
ZAWGYI – ဂျူဗင်တပ်မန်နေဂျာ ဆာရီက မနက်က ယှဉ်ပြိုင်ကစားတဲ့ လိုင်ယွန်နဲ့ ချန်ပီယံလိဂ်ပွဲကို ၂ ကျော့ပေါင်း ရလဒ်ဖြင့် အရေးနိမ့်အပြီး ပွဲပြီး အင်တာဗျူးမှာ မီဒီယာတွေကို ဒေါသတကြီး ရင်ဆိုင် တုန့်ပြန်ခဲ့ပါတယ်။