ယူနိုက်တက်ရဲ့ ယူရိုပါလိဂ်ဖလား ယူမယ့် ရည်မှန်းချက်ကို အဓိက ဒုက္ခပေးမယ့်အသင်း စခိုးလ် သတိပေး

အိုလေ ဂန်နာ ဆိုးရှားရဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ယူရိုပါလိဂ် ကွာတားဖိုင်နယ် အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဗိုလ်စွဲ ဖလားယူဖို့လည်း ရေပန်းအစားဆုံး အသင်း ဖြစ်နေပါတယ်။ ယူနိုက်တက် ကွင်းလယ်ဟောင်း ပေါစခိုးလ်က သူ့အသင်းဟောင်းရဲ့ လက်ရှိ အနေအထားကို အားရနေပေမယ့် ယူနိုက်တက်ရဲ့ ဆုဖလားအိပ်မက်ကို အဓိက အနှောင့်အယှက်ပေးနိုင်မယ့် ပြိုင်ဘက်အသင်းတွေ အကြောင်းလည်း သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

” ယူရိုပါလိဂ်က လောလောဆယ်တော့ ယူနိုက်တက်အတွက် အခွင့်အရေးကြီး ဖြစ်တယ်။ ဒါပေမယ့် ဒီပြိုင်ပွဲမှာ အသင်းကောင်းတွေလည်း ကျန်ရှိနေပါသေးတယ်။ ဆီဗီလာလို့ ဒီပြိုင်ပွဲမှာ သုံးကြိမ်ဆက် ဖလားယူထားတဲ့ အသင်းမျိုးကိုလည်း မေ့လျော့ထားလို့ မရပါဘူး။ ရိုးမား ဆိုလည်း ကွာလတီကောင်းတွေ ရှိတဲ့ အသင်း ဖြစ်တယ်။ အီတလီအသင်းတွေက အမြဲ ရင်ဆိုင်ရ ခက်ခဲတတ်တယ်လေ။

ဒါပေမယ့် ယူနိုက်တက်ကို အကြီးဆုံး ခြိမ်းခြောက်နိုင်မယ့် ပြိုင်ဘက်အသင်းကတော့ အင်တာမီလန် လို့ ကျနော် ထင်ပါတယ်။ ဒီပြိုင်ပွဲမှာ သူတို့က ယူနိုက်တက်နဲ့ အတူ အကောင်းဆုံး အသင်း ဖြစ်တယ်။ ဒီနှစ်သင်း ဗိုလ်လုပွဲမှာသာ ဆုံရင် တကယ့်ကို ပွဲကြီးပွဲကောင်း ဖြစ်မှာပါ။ ဒါမျိုးမြင်ရဖို့လည်း ကျနော် မျှော်လင့်တယ်။ အဲလိုသာ ဖြစ်လာရင် နှစ်သင်းလုံးလည်း သိပ်တက်ကြွလိမ့်မယ်။ အထူးသဖြင့် အင်တာဘက်က ကစားသမားတွေပေါ့။ ယူနိုက်တက်က ထွက်ပြီး ခြေစွမ်းပြနေတဲ့ လူကာကူကို ကြည့်လိုက်ပါ။ တကယ့်ကို ပြောစရာတွေ တပုံကြီးနဲ့ ပွဲ ဖြစ်လာလိမ့်မယ်။

ယူနိုက်တက်ကသာ ခြေစွမ်း အကောင်းဆုံးမှာ ရှိနေရင် စိတ်ဓာတ်ပိုင်းလည်း အိုခေပြီး လန်းဆန်းနေရင် သူတို့က အင်တာမီလန်ထက် ပိုကောင်းတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတယ်လို့ ကျနော်ထင်တယ်။ သူတို့ အပြည့်အစုံနဲ့ လာနိုင်ဖို့ပဲ လိုတာပါ။ သူတို့ (ကွာတား အဆင့်မှာ) ကိုပင်ဟေဂင် ကို အနိုင်ယူနိုင်လိမ့်မယ် ထင်ပါတယ်။ အဲဒီမှာက ပြသနာ မဟုတ်ပါဘူး။ ” လို့ ပေါစခိုးလ်က ဆိုပါတယ်။

အင်တာမီလန် ကတော့ နောက်ဆုံး ၈ သင်း အဆင့်မှာ ရိမ်းဂျားစ် ဒါမှမဟုတ် ဘိုင်ယန် လီဗာကူဆင် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အင်တာဘက်မှာ ယူနိုက်တက် ကစားသမားဟောင်းတွေ ရှိနေပြီး လူကာကူနဲ့ ယန်း အပြင် ဆန်းချက်ကလည်း အပြီးသတ် ပြောင်းရွှေ့နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ညက ပွဲမှာ လက်စ်အသင်းကို အနိုင်ယူပြီး ကွာတားတက်သွားတဲ့ ယူနိုက်တက်ကတော့ ကိုပင်ဟေဂင် အသင်းနဲ့ ရင်ဆိုင်ဖို့ ဂျာမနီသို့ ဆက်လက် ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ပြည်တွင်းဖလား တွေ မသိမ်းနိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဆုဖလား မျှော်လင့်ချက် အဖြစ် ယူရိုပါလိဂ် ဖလားကို အရယူဖို့တော့ စိတ်အားထက်သန်နေပါတယ်။

Zawgyi – အိုေလ ဂန္နာ ဆိုးရွားရဲ႕ မန္ခ်က္စတာ ယူနုိက္တက္ဟာ ယူရိုပါလိဂ္ ကြာတားဖိုင္နယ္ အဆင့္သို႔ ေရာက္ရွိသြားျပီ ျဖစ္ျပီး ဒီျပိဳင္ပြဲမွာ ဗိုလ္စြဲ ဖလားယူဖို႔လည္း ေရပန္းအစားဆံုး အသင္း ျဖစ္ေနပါတယ္။ ယူနုိက္တက္ ကြင္းလယ္ေဟာင္း ေပါစခိုးလ္က သူ႔အသင္းေဟာင္းရဲ႕ လက္ရွိ အေနအထားကို အားရေနေပမယ့္ ယူနိုက္တက္ရဲ႕ ဆုဖလားအိပ္မက္ကို အဓိက အေႏွာင့္အယွက္ေပးနုိင္မယ့္ ျပိဳင္ဘက္အသင္းေတြ အေၾကာင္းလည္း သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။

” ယူရိုပါလိဂ္က ေလာေလာဆယ္ေတာ့ ယူနိုက္တက္အတြက္ အခြင့္အေရးၾကီး ျဖစ္တယ္။ ဒါေပမယ့္ ဒီျပိဳင္ပြဲမွာ အသင္းေကာင္းေတြလည္း က်န္ရွိေနပါေသးတယ္။ ဆီဗီလာလို႔ ဒီျပိဳင္ပြဲမွာ သံုးၾကိမ္ဆက္ ဖလားယူထားတဲ့ အသင္းမ်ိဳးကိုလည္း ေမ့ေလ်ာ့ထားလို႔ မရပါဘူး။ ရိုးမား ဆိုလည္း ကြာလတီေကာင္းေတြ ရွိတဲ့ အသင္း ျဖစ္တယ္။ အီတလီအသင္းေတြက အျမဲ ရင္ဆိုင္ရ ခက္ခဲတတ္တယ္ေလ။

ဒါေပမယ့္ ယူနိုက္တက္ကို အၾကီးဆံုး ျခိမ္းေျခာက္နုိင္မယ့္ ျပိဳင္ဘက္အသင္းကေတာ့ အင္တာမီလန္ လို႔ က်ေနာ္ ထင္ပါတယ္။ ဒီျပိဳင္ပြဲမွာ သူတို႕က ယူနိုက္တက္နဲ႕ အတူ အေကာင္းဆံုး အသင္း ျဖစ္တယ္။ ဒီနွစ္သင္း ဗိုလ္လုပြဲမွာသာ ဆံုရင္ တကယ့္ကို ပြဲၾကီးပြဲေကာင္း ျဖစ္မွာပါ။ ဒါမ်ိဳးျမင္ရဖို႔လည္း က်ေနာ္ ေမွ်ာ္လင့္တယ္။ အဲလိုသာ ျဖစ္လာရင္ နွစ္သင္းလံုးလည္း သိပ္တက္ၾကြလိမ့္မယ္။ အထူးသျဖင့္ အင္တာဘက္က ကစားသမားေတြေပါ့။ ယူနုိက္တက္က ထြက္ျပီး ေျခစြမ္းျပေနတဲ့ လူကာကူကို ၾကည့္လိုက္ပါ။ တကယ့္ကို ေျပာစရာေတြ တပံုၾကီးနဲ႕ ပြဲ ျဖစ္လာလိမ့္မယ္။

ယူနုိက္တက္ကသာ ေျခစြမ္း အေကာငး္ဆံုးမွာ ရွိေနရင္ စိတ္ဓာတ္ပိုင္းလည္း အိုေချပီး လန္းဆန္းေနရင္ သူတို႔က အင္တာမီလန္ထက္ ပိုေကာင္းတဲ့ ကစားသမားေတြ ပိုင္ဆိုင္ထားတယ္လို႔ က်ေနာ္ထင္တယ္။ သူတို႔ အျပည့္အစံုနဲ႕ လာနုိင္ဖို႔ပဲ လိုတာပါ။ သူတို႔ (ကြာတား အဆင့္မွာ) ကိုုပင္ေဟဂင္ ကို အနုိင္ယူနိုင္လိမ့္မယ္ ထင္ပါတယ္။ အဲဒီမွာက ျပသနာ မဟုတ္ပါဘူး။ ” လို႔ ေပါစခိုးလ္က ဆိုပါတယ္။

အင္တာမီလန္ ကေတာ့ ေနာက္ဆံုး ၈ သင္း အဆင့္မွာ ရိမ္းဂ်ားစ္ ဒါမွမဟုတ္ ဘိုင္ယန္ လီဗာကူဆင္ အသင္းနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ပါတယ္။ အင္တာဘက္မွာ ယူနုိက္တက္ ကစားသမားေဟာင္းေတြ ရွိေနျပီး လူကာကူနဲ႕ ယန္း အျပင္ ဆန္းခ်က္ကလည္း အျပီးသတ္ ေျပာင္းေရႊ႕နုိင္ခဲ့ျပီ ျဖစ္ပါတယ္။

ညက ပြဲမွာ လက္စ္အသင္းကို အနုိင္ယူျပီး ကြာတားတက္သြားတဲ့ ယူနိုက္တက္ကေတာ့ ကိုပင္ေဟဂင္ အသင္းနဲ႕ ရင္ဆိုင္ဖို႔ ဂ်ာမနီသို႔ ဆက္လက္ ခရီးဆက္ရမွာ ျဖစ္ပါတယ္။ ဒီရာသီမွာ ျပည္တြင္းဖလား ေတြ မသိမ္းနုိင္ခဲ့တဲ့ ယူနုိက္တက္ဟာ ဆုဖလား ေမွ်ာ္လင့္ခ်က္ အျဖစ္ ယူရိုပါလိဂ္ ဖလားကို အရယူဖို႔ေတာ့ စိတ္အားထက္သန္ေနပါတယ္။