ဆောင်းပါးရှည် | ယူရိုပါလိဂ် ဘတ်ဂျက်၊ ချန်ပီယံလိဂ်လုပ်ခနဲ့ အာဆင်နယ်ရဲ့ ဘဏ္ဍာရေးပြဿနာ

UNICODE – မနေ့တုန်းကပဲ အာဆင်နယ်အသင်းဟာ အသင်းဝန်ထမ်း ၅၅ ဦးကို အလုပ်ထုတ်မယ့် ကိစ္စကို လုပ်ဆောင်သွားတော့မယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်သွားခဲ့ပါတယ်။

လာမယ့် ရက်ပေါင်း ၃၀ အတွင်း ဒီကိစ္စကို လုပ်ဆောင်မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ကာ ဂန်းနားပရိသတ်တွေကို တုန်လှုပ်စေတဲ့ သတင်းလည်း ဖြစ်လာခဲ့တယ်။ အဆိုပါ သတင်းထုတ်ပြန်ချက်မှာတော့ အာဆင်နယ်အသင်း တာဝန်ရှိသူတွေက ဒီဆုံးဖြတ်ချက်တွေကို ပေါ့ပေါ့တန်တန် လုပ်ခဲ့တာ မဟုတ်ဘဲ ဆုံးဖြတ်ချက်တွေ မချခင်မှာ ကလပ်ရဲ့ ကုန်ကျစိတ်တွေကို ရှုထောင့်ပေါင်းစုံကနေ လေ့လာပြီးမှ လုပ်ဆောင်ခဲ့တာပါလို့ ထည့်သွင်း ဖော်ပြခဲ့တယ်။

အာဆင်နယ်အသင်းဟာ ဝန်ထမ်းပေါင်း ၅၉၀ ကို အမြဲတမ်း ဝန်ထမ်းအဖြစ် ခန့်အပ်ထားတာဖြစ်ပြီး အခုလို ဝန်ထမ်း ၅၅ ဦး လျော့ချမယ်ဆိုတာက ၁၀% လောက်ကို ထုတ်ပယ်ခြင်း ဖြစ်လာပါမယ်။ သူတို့ ၅၅ ဦးအတွက် တစ်ပတ်လုပ်ခက ပေါင် ၃၅၀၀၀ ဖြစ်ပြီး ကလပ် လုပ်ခ စုစုပေါင်း ၂၃၂ သန်းထဲက တစ်နှစ်ကို ပေါင် ၂ သန်းစာ သက်သာမှာဖြစ်တယ်။

ဘယ်သူတွေကို အလုပ်က ရပ်နားမလဲ

  • စီးပွားရေးပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းက ဝန်ထမ်းတွေကို သက်ရောက်မှု အများဆုံးဖြစ်မယ်
  • ကင်းထောက်ပိုင်းတွေကိုလည်း သက်ရောက်မှုရှိမယ်
  • အဓိက စီနီယာကင်းထောက် သုံးဦးကိုလည်း အနားပေးမယ်
    Francis Cagigao (နိုင်ငံတကာ ကင်းထောက်အကြီးအကဲ), Peter Clarke (ဗြိတိန် ကင်းထောက်အကြီးအကဲ) နဲ့ Brian McDermott
  • ပထမအသင်း ပြန်လည်ကြံ့ခိုင်ရေးဆိုင်ရာ coordinator ဖြစ်သူ Tim Parham ပါမယ်

ဧပရယ်လတုန်းကပဲ အာဆင်နယ် စီနီယာအသင်းသားတွေက လုပ်ခရဲ့ ၁၂.၅% ကို ဖြတ်တောက်ခံဖို့ သဘောတူညီခဲ့ကြပြီး အခုတစ်ကြိမ်မှာ ကလပ် ဝန်ထမ်းစုစုပေါင်းရဲ့ ၁၀% ကို ရာထူးကနေ အနားပေးဖို့ စီစဉ်လာတာဖြစ်တယ်။ ဒီကိစ္စကြောင့် ဂန်းနားဟောင်းကြီးတွေတင် မကဘဲ အာဆင်နယ် အသင်းသားတွေပါ အံ့အားသင့်ခဲ့ရပါတယ်။

အာဆင်နယ်အသင်းသားတွေဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပဲ ဝင်ရောက်ခွင့်ရှိတာကြောင့် လုပ်ခရဲ့ ၇.၅% ကို ထပ်မံ အလျော့ခံရဦးမှာပါ။ သူတို့တွေကတော့ ဒီလျော့ချမှုဟာ ကလပ်က ဝန်ထမ်းအားလုံးရဲ့ အလုပ်ကို ကာကွယ်ပေးနိုင်မယ် မျှော်လင့်ခဲ့တာဖြစ်တယ်။ ဒါပေမယ့် လုပ်ခလျော့မှုက ကာလရှည်ဖြစ်သွားနိုင်ကာ ဘယ်လောက်ထိ ကြာမြင့်မယ်ဆိုတာ ကြိုတင် ခန့်မှန်းနိုင်ခြင်း မရှိပါဘူး။ ဒီအခြေအနေမှာ အာဆင်နယ်က နောက်ထပ် ခြေလှမ်းအဖြစ် ဝန်ထမ်းလျော့ချမှုကို လုပ်လာခဲ့တာဖြစ်တယ်။

ဒီဆုံးဖြတ်ချက်တွေဟာ ဘယ်သူတွေ ဆုံးဖြတ်သလဲ

ဆမ်လီဟီနဲ့ ဗီနိုင်း ဦးဆောင်တဲ့ ဗြိတိန်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်မှုလည်းဖြစ်တယ်။ ဒါ့အပြင် ဆမ်လီဟီးနဲ့ အီဒူးတို့ရဲ့ စာချုပ်ကိစ္စ တွက်ချက်မှုတွေကိုလည်း အခြေခံတယ်။

စိတ်မကောင်းစရာ တစ်ခုက အာဆင်နယ်ပိုင်ရှင် ခရွန်ကီရဲ့ အမေရိကန်ဘောလုံးအသင်း The LA Rams မှာတော့ တူညီတဲ့ ဘဏ္ဍာရေး ထိန်းချုပ်မှုတွေ လုပ်ဆောင်နေခြင်းမရှိသလို ဘယ်လို လုပ်ခဖြတ်တောက်မှုမှ မရှိပါဘူး။

ဝန်ထမ်းလျော့ချခြင်းမှာ အဓိက အကြောင်း လေးချက်ရှိပါတယ်။

  • ပထမအချက်ကတော့ စီနီယာအသင်းရဲ့ လုပ်ခ ကြီးမြင့်မှုဖြစ်ပါတယ်။ အာဆင်နယ်ဟာ အိုဇေးကို တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ပေးထားရပြီး ဒါဟာ တစ်နှစ်ကို ပေါင် ၁၈ သန်းပေးနေရတာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ဘဏ္ဍာရေးကို အဓိက ထိခိုက်နေစေတဲ့ ထိုးနှက်ချက်ထဲက တစ်ခုလည်းဖြစ်လာပါတယ်။
  • ဒုတိယတစ်ချက်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲနေ့ ဝင်ငွေ သိပ်ကောင်းပြီး ၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ ပွဲနေ့ဝင်ငွေကနေ တစ်ရာသီလုံးအတွက် ပေါင် ၉၆.၄ သန်း ရခဲ့ပါတယ်။ ဒီပမာဏဟာ အာဆင်နယ်အသင်း တစ်ရာသီ စုစုပေါင်းဝင်ငွေရဲ့ ၂၄.၃၃% ထိ ရှိပါတယ်။ ဒါဟာ ကွင်းဝင်ငွေကို မှီခိုရတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အမြင့်ဆုံးအသင်းလည်းဖြစ်စေခဲ့တယ်။

ကိုဗစ်ကာလမှာ ကွင်းပိတ်ကစားရခြင်းက အာဆင်နယ်ရဲ့ ဝင်ငွေကို ကြီးကြီးမားမား ထိခိုက်စေခဲ့ပါတယ်။ ဒါ့အပြင် ရာသီသစ်မှာလည်း ကွင်းထဲ ပရိသတ်ဝင်ခွင့် မသေချာသေးတာကြောင့် အာဆင်နယ်ရဲ့ ဝင်ငွေက ထိခိုက်ဦးမှာဖြစ်သလို ရုပ်သံလွှင့်ခတွေ၊ စီးပွားရေးဆိုင်ရာ ဈေးကွက်တွေက တိုးပွားမလာဘဲ လျော့နည်းသွားမယ့် အခြေအနေမှာပါ ရှိနေပါတယ်။ ဒီအချက်က အာဆင်နယ်တင် မကပဲ ပရီးမီးယားလိဂ်ကလပ်တွေ အားလုံးရင်ဆိုင်ရမယ့် ပြဿနာဖြစ်တယ်။

  • တတိယအချက်က ပိုမို စုဖွဲ့မှုကောင်းပြီး ထိရောက်တဲ့ လုပ်ထုံးလုပ်နည်းအတွက် လူလျော့ခြင်းဖြစ်တယ်။
  • စတုတ္ထအချက်ကတော့ လူစာရင်းအတွက် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဆောင်နိုင်ဖို့ဖြစ်တယ်။

ကစားသမားတွေဘက်က ဘယ်လို တုန့်ပြန်မလဲ

အာဆင်နယ်ကစားသမားတွေက ဒီအခြေအနေကို သဘောမကျပါဘူး။ သူတို့ဟာ ဧပရယ်လတုန်းက လုပ်ခတွေ လျော့ချခံခဲ့တာက ဝန်ထမ်းတွေရဲ့ အလုပ်ကို ကယ်တင်နိုင်ဖို့လို ယုံကြည်ခဲ့ကြတာပါ။ ဒီအခြေအနေအတွက် အသင်းတာဝန်ရှိသူတွေနဲ့ စကားပြောပါမယ်။

အာဆင်နယ်ရဲ့ ကစားသမား ခေါ်ယူရေး အစီအစဉ်ကကော

အာဆင်နယ်က ဝီလီယမ်ကို ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားဆဲပါ။ သူ့လို ဝါရင့်ကစားသမားကို အလွတ်နဲ့ရမှာကို အာဆင်နယ်ဘက်က လက်လွတ်မခံလိုပါဘူး။ အခြားသော အသင်းတွေက ပိုကောင်းတဲ့ လုပ်ခ ပေးနိုင်ပေမယ့် အာဆင်နယ်ဘက်ကတော့ ဆုဖလား အောင်မြင်မှုနဲ့ စွမ်းဆောင်ရည်ကို အခြေခံတဲ့ လုပ်ခကို ပေးမှာဖြစ်တယ်။

ဝီလီယမ်ပြီးရင်ကော လူသစ်တွေ ခေါ်ဦးမလား

အာဆင်နယ်က အက်ဖ်အေ အနိုင်ရပြီး ယူရိုပါလိဂ် ဝင်ကတည်းက အစီအစဉ်တွေ ချထားပါတယ်။ အာဆင်နယ်ဟာ အက်ဖ်အေဖလား အနိုင်ရခြင်းကြောင့် ပေါင် ၃.၆ သန်း ဆုကြေးရခဲ့ပြီး ယူရိုပါလိဂ် ဝင်ခွင့်ရတာက ဝင်ငွေ ပေါင် သန်း ၄၀ လောက် အကျိုးဖြစ်စေပါတယ်။ သူတို့ဟာ ကွင်းလယ်လူနဲ့ ဗဟိုခံစစ်မှူးကို ခေါ်ယူဖို့ ရည်ရွယ်ထားပါတယ်။

အူဘာမီယန် ညိနှိုင်းမှုကို ဘယ်လို သက်ရောက်မလဲ

အူဘာအတွက် ဆွေးနွေးမှုက ရှေ့ဆက်နေဆဲပါ။ အာဆင်နယ်က ချန်ပီယံလိဂ်ကို ပြန်ဝင်လိုတယ်။ အဲ့အတွက် ထိပ်တန်း ကစားသမားကို ထိန်းဖို့လိုတာကို နားလည်ပါတယ်။

Josh Kroenke က အာဆင်နယ်နဲ့ ပက်သက်ပြီး စကားတစ်ခွန်း ပြောဖူးပါတယ်။ ယူရိုပါလိဂ် ဘတ်ဂျက်နဲ့ ချန်ပီယံလိဂ်လုပ်ခ ပေးနေရတဲ့ အသင်းလို့ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ ပိုကြမ်းတဲ့ ကိုင်တွယ်မှုတွေ ထပ်ဖြစ်လာမယ်လို့ ယူဆရပါတယ်။

The Athletic မှ အာဆင်နယ် သတင်းထောက်တွေဖြစ်တဲ့ James McNicholas နဲ့ David Ornstein တို့ရဲ့ ဖော်ပြချက်ကို ကိုးကားပါသည်။

ZAWGYI – မေန႔တုန္းကပဲ အာဆင္နယ္အသင္းဟာ အသင္းဝန္ထမ္း ၅၅ ဦးကို အလုပ္ထုတ္မယ့္ ကိစၥကို လုပ္ေဆာင္သြားေတာ့မယ္လို႔ တရားဝင္ ေၾကညာခ်က္ ထုတ္ျပန္သြားခဲ့ပါတယ္။

လာမယ့္ ရက္ေပါင္း ၃၀ အတြင္း ဒီကိစၥကို လုပ္ေဆာင္မယ္လို႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ကာ ဂန္းနားပရိသတ္ေတြကို တုန္လႈပ္ေစတဲ့ သတင္းလည္း ျဖစ္လာခဲ့တယ္။ အဆိုပါ သတင္းထုတ္ျပန္ခ်က္မွာေတာ့ အာဆင္နယ္အသင္း တာဝန္ရွိသူေတြက ဒီဆံုးျဖတ္ခ်က္ေတြကို ေပါ့ေပါ့တန္တန္ လုပ္ခဲ့တာ မဟုတ္ဘဲ ဆံုးျဖတ္ခ်က္ေတြ မခ်ခင္မွာ ကလပ္ရဲ႕ ကုန္က်စိတ္ေတြကို ရႈေထာင့္ေပါင္းစံုကေန ေလ့လာျပီးမွ လုပ္ေဆာင္ခဲ့တာပါလို႔ ထည့္သြင္း ေဖာ္ျပခ့ဲတယ္။

အာဆင္နယ္အသင္းဟာ ဝန္ထမ္းေပါင္း ၅၉၀ ကို အျမဲတမ္း ဝန္ထမ္းအျဖစ္ ခန္႔အပ္ထားတာျဖစ္ျပီး အခုလို ဝန္ထမ္း ၅၅ ဦး ေလ်ာ့ခ်မယ္ဆိုတာက ၁၀% ေလာက္ကို ထုတ္ပယ္ျခင္း ျဖစ္လာပါမယ္။ သူတို႔ ၅၅ ဦးအတြက္ တစ္ပတ္လုပ္ခက ေပါင္ ၃၅၀၀၀ ျဖစ္ျပီး ကလပ္ လုပ္ခ စုစုေပါင္း ၂၃၂ သန္းထဲက တစ္ႏွစ္ကို ေပါင္ ၂ သန္းစာ သက္သာမွာျဖစ္တယ္။

ဘယ္သူေတြကို အလုပ္က ရပ္နားမလဲ

  • စီးပြားေရးပိုင္းနဲ႔ အုပ္ခ်ဳပ္ေရးပိုင္းက ဝန္ထမ္းေတြကို သက္ေရာက္မႈ အမ်ားဆံုးျဖစ္မယ္
  • ကင္းေထာက္ပိုင္းေတြကိုလည္း သက္ေရာက္မႈရွိမယ္
  • အဓိက စီနီယာကင္းေထာက္ သံုးဦးကိုလည္း အနားေပးမယ္
    Francis Cagigao (ႏုိင္ငံတကာ ကင္းေထာက္အၾကီးအကဲ), Peter Clarke (ျဗိတိန္ ကင္းေထာက္အၾကီးအကဲ) နဲ႔ Brian McDermott
  • ပထမအသင္း ျပန္လည္ၾကံ႕ခိုင္ေရးဆိုင္ရာ coordinator ျဖစ္သူ Tim Parham ပါမယ္

ဧပရယ္လတုန္းကပဲ အာဆင္နယ္ စီနီယာအသင္းသားေတြက လုပ္ခရဲ႕ ၁၂.၅% ကို ျဖတ္ေတာက္ခံဖို႔ သေဘာတူညီခဲ့ၾကျပီး အခုတစ္ၾကိမ္မွာ ကလပ္ ဝန္ထမ္းစုစုေပါင္းရဲ႕ ၁၀% ကို ရာထူးကေန အနားေပးဖို႔ စီစဥ္လာတာျဖစ္တယ္။ ဒီကိစၥေၾကာင့္ ဂန္းနားေဟာင္းၾကီးေတြတင္ မကဘဲ အာဆင္နယ္ အသင္းသားေတြပါ အံ့အားသင့္ခဲ့ရပါတယ္။

အာဆင္နယ္အသင္းသားေတြဟာ လာမယ့္ရာသီ ယူရိုပါလိဂ္ပဲ ဝင္ေရာက္ခြင့္ရွိတာေၾကာင့္ လုပ္ခရဲ႕ ၇.၅% ကို ထပ္မံ အေလ်ာ့ခံရဦးမွာပါ။ သူတို႔ေတြကေတာ့ ဒီေလ်ာ့ခ်မႈဟာ ကလပ္က ဝန္ထမ္းအားလံုးရဲ႕ အလုပ္ကို ကာကြယ္ေပးႏုိင္မယ္ ေမွ်ာ္လင့္ခဲ့တာျဖစ္တယ္။ ဒါေပမယ့္ လုပ္ခေလ်ာ့မႈက ကာလရွည္ျဖစ္သြားႏုိင္ကာ ဘယ္ေလာက္ထိ ၾကာျမင့္မယ္ဆိုတာ ၾကိဳတင္ ခန္႔မွန္းႏုိင္ျခင္း မရွိပါဘူး။ ဒီအေျခအေနမွာ အာဆင္နယ္က ေနာက္ထပ္ ေျခလွမ္းအျဖစ္ ဝန္ထမ္းေလ်ာ့ခ်မႈကို လုပ္လာခဲ့တာျဖစ္တယ္။

ဒီဆံုးျဖတ္ခ်က္ေတြဟာ ဘယ္သူေတြ ဆံုးျဖတ္သလဲ

ဆမ္လီဟီနဲ႔ ဗီႏုိင္း ဦးေဆာင္တဲ့ ျဗိတိန္အမႈေဆာင္အဖြဲ႔ရဲ႕ ဆံုးျဖတ္မႈလည္းျဖစ္တယ္။ ဒါ့အျပင္ ဆမ္လီဟီးနဲ႔ အီဒူးတို႔ရဲ႕ စာခ်ဳပ္ကိစၥ တြက္ခ်က္မႈေတြကိုလည္း အေျခခံတယ္။

စိတ္မေကာင္းစရာ တစ္ခုက အာဆင္နယ္ပိုင္ရွင္ ခရြန္ကီရဲ႕ အေမရိကန္ေဘာလံုးအသင္း The LA Rams မွာေတာ့ တူညီတဲ့ ဘ႑ာေရး ထိန္းခ်ဳပ္မႈေတြ လုပ္ေဆာင္ေနျခင္းမရွိသလို ဘယ္လို လုပ္ချဖတ္ေတာက္မႈမွ မရွိပါဘူး။

ဝန္ထမ္းေလ်ာ့ခ်ျခင္းမွာ အဓိက အေၾကာင္း ေလးခ်က္ရွိပါတယ္။

  • ပထမအခ်က္ကေတာ့ စီနီယာအသင္းရဲ႕ လုပ္ခ ၾကီးျမင့္မႈျဖစ္ပါတယ္။ အာဆင္နယ္ဟာ အိုေဇးကို တစ္ပတ္လုပ္ခ ေပါင္ ၃၅၀၀၀၀ ေပးထားရျပီး ဒါဟာ တစ္ႏွစ္ကို ေပါင္ ၁၈ သန္းေပးေနရတာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ ဘ႑ာေရးကို အဓိက ထိခိုက္ေနေစတဲ့ ထိုးႏွက္ခ်က္ထဲက တစ္ခုလည္းျဖစ္လာပါတယ္။
  • ဒုတိယတစ္ခ်က္ကေတာ့ အာဆင္နယ္ဟာ ပရီးမီးယားလိဂ္မွာ ပြဲေန႔ ဝင္ေငြ သိပ္ေကာင္းျပီး ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ ပြဲေန႔ဝင္ေငြကေန တစ္ရာသီလံုးအတြက္ ေပါင္ ၉၆.၄ သန္း ရခဲ့ပါတယ္။ ဒီပမာဏဟာ အာဆင္နယ္အသင္း တစ္ရာသီ စုစုေပါင္းဝင္ေငြရဲ႕ ၂၄.၃၃% ထိ ရွိပါတယ္။ ဒါဟာ ကြင္းဝင္ေငြကို မွီခိုရတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ အျမင့္ဆံုးအသင္းလည္းျဖစ္ေစခဲ့တယ္။

ကိုဗစ္ကာလမွာ ကြင္းပိတ္ကစားရျခင္းက အာဆင္နယ္ရဲ႕ ဝင္ေငြကို ၾကီးၾကီးမားမား ထိခိုက္ေစခဲ့ပါတယ္။ ဒါ့အျပင္ ရာသီသစ္မွာလည္း ကြင္းထဲ ပရိသတ္ဝင္ခြင့္ မေသခ်ာေသးတာေၾကာင့္ အာဆင္နယ္ရဲ႕ ဝင္ေငြက ထိခိုက္ဦးမွာျဖစ္သလို ရုပ္သံလႊင့္ခေတြ၊ စီးပြားေရးဆိုင္ရာ ေစ်းကြက္ေတြက တိုးပြားမလာဘဲ ေလ်ာ့နည္းသြားမယ့္ အေျခအေနမွာပါ ရွိေနပါတယ္။ ဒီအခ်က္က အာဆင္နယ္တင္ မကပဲ ပရီးမီးယားလိဂ္ကလပ္ေတြ အားလံုးရင္ဆိုင္ရမယ့္ ျပႆနာျဖစ္တယ္။

  • တတိယအခ်က္က ပိုမို စုဖြဲ႔မႈေကာင္းျပီး ထိေရာက္တဲ့ လုပ္ထံုးလုပ္နည္းအတြက္ လူေလ်ာ့ျခင္းျဖစ္တယ္။
  • စတုတၳအခ်က္ကေတာ့ လူစာရင္းအတြက္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ေဆာင္ႏုိင္ဖို႔ျဖစ္တယ္။

ကစားသမားေတြဘက္က ဘယ္လို တုန္႔ျပန္မလဲ

အာဆင္နယ္ကစားသမားေတြက ဒီအေျခအေနကို သေဘာမက်ပါဘူး။ သူတို႔ဟာ ဧပရယ္လတုန္းက လုပ္ခေတြ ေလ်ာ့ခ်ခံခဲ့တာက ဝန္ထမ္းေတြရဲ႕ အလုပ္ကို ကယ္တင္ႏုိင္ဖို႔လို ယံုၾကည္ခဲ့ၾကတာပါ။ ဒီအေျခအေနအတြက္ အသင္းတာဝန္ရွိသူေတြနဲ႔ စကားေျပာပါမယ္။

အာဆင္နယ္ရဲ႕ ကစားသမား ေခၚယူေရး အစီအစဥ္ကေကာ

အာဆင္နယ္က ဝီလီယမ္ကို ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ထားဆဲပါ။ သူ႔လို ဝါရင့္ကစားသမားကို အလြတ္နဲ႔ရမွာကို အာဆင္နယ္ဘက္က လက္လြတ္မခံလိုပါဘူး။ အျခားေသာ အသင္းေတြက ပိုေကာင္းတဲ့ လုပ္ခ ေပးႏုိင္ေပမယ့္ အာဆင္နယ္ဘက္ကေတာ့ ဆုဖလား ေအာင္ျမင္မႈနဲ႔ စြမ္းေဆာင္ရည္ကို အေျခခံတဲ့ လုပ္ခကို ေပးမွာျဖစ္တယ္။

ဝီလီယမ္ျပီးရင္ေကာ လူသစ္ေတြ ေခၚဦးမလား

အာဆင္နယ္က အက္ဖ္ေအ အႏုိင္ရျပီး ယူရိုပါလိဂ္ ဝင္ကတည္းက အစီအစဥ္ေတြ ခ်ထားပါတယ္။ အာဆင္နယ္ဟာ အက္ဖ္ေအဖလား အႏုိင္ရျခင္းေၾကာင့္ ေပါင္ ၃.၆ သန္း ဆုေၾကးရခဲ့ျပီး ယူရိုပါလိဂ္ ဝင္ခြင့္ရတာက ဝင္ေငြ ေပါင္ သန္း ၄၀ ေလာက္ အက်ိဳးျဖစ္ေစပါတယ္။ သူတို႔ဟာ ကြင္းလယ္လူနဲ႔ ဗဟိုခံစစ္မွဴးကို ေခၚယူဖို႔ ရည္ရြယ္ထားပါတယ္။

အူဘာမီယန္ ညိႏိႈင္းမႈကို ဘယ္လို သက္ေရာက္မလဲ

အူဘာအတြက္ ေဆြးေႏြးမႈက ေရွ႔ဆက္ေနဆဲပါ။ အာဆင္နယ္က ခ်န္ပီယံလိဂ္ကို ျပန္ဝင္လိုတယ္။ အဲ့အတြက္ ထိပ္တန္း ကစားသမားကို ထိန္းဖို႔လိုတာကို နားလည္ပါတယ္။

Josh Kroenke က အာဆင္နယ္နဲ႔ ပက္သက္ျပီး စကားတစ္ခြန္း ေျပာဖူးပါတယ္။ ယူရိုပါလိဂ္ ဘတ္ဂ်က္နဲ႔ ခ်န္ပီယံလိဂ္လုပ္ခ ေပးေနရတဲ့ အသင္းလို႔ ျဖစ္ပါတယ္။ ဒီေတာ့ အနာဂတ္မွာ ပိုၾကမ္းတဲ့ ကိုင္တြယ္မႈေတြ ထပ္ျဖစ္လာမယ္လို႔ ယူဆရပါတယ္။

The Athletic မွ အာဆင္နယ္ သတင္းေထာက္ေတြျဖစ္တဲ့ James McNicholas နဲ႔ David Ornstein တို႔ရဲ႕ ေဖာ္ျပခ်က္ကို ကိုးကားပါသည္။