အဓိက နှစ်ချက်ကြောင့် ချယ်ဆီးတို့ ဘိုင်ယန်ကို မယှဉ်နိုင်ဘဲ အရှုံးပေါ် အရှုံးဆင့်မယ်လို့ ချာလီနစ်ကိုးလပ်စ် ဆို

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယ အကျော့ အဖြစ် ဒီတစ်ပတ်မှာ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး လန်ဒန်သားတို့ အတွက် လွယ်ကူတဲ့ ပွဲစဉ်တော့ ဖြစ်မှာ မဟုတ်ပါဘူး။ ပထမအကျော့ မှာ ချယ်ဆီးက ဘိုင်ယန်ကို ၃-၀ နဲ့ ရှုံးနိမ့်ထားပြီး ဖြစ်လို့ ဒီတကျော့မှာ ဂိုးမပေးရဘဲ အနည်းဆုံး ၄ ဂိုးသွင်းမှ နောက်တစ်ဆင့် တက်ရောက်နိုင်မှာပါ။

စကိုင်းစပေါ့မှ ပင်တိုင် သုံးသပ်သူ ချာလီနစ်ကိုးလပ်စ် ကတော့ ချယ်ဆီးအသင်း ဘိုင်ယန်မြူးနစ်ကို ဖြတ်ကျော်နိုင်မှာ မဟုတ်ဘဲ အဓိက အကြောင်းနှစ်ချက်ကြောင့် အရှုံးပေါ် အရှုံးဆင့်ရဦးမယ်လို့ သုံးသပ် ပြောဆိုထားပါတယ်။ ပထမ တစ်ချက်က ချယ်ဆီး ခံစစ် ဖြစ်ပြီး ဒုတိယ တစ်ချက်ကတော့ အသင်းလိုက် စိတ်ဓာတ်ပိုင်းကို ၎င်းက ရည်ညွှန်းခဲ့တာပါ။

” ဒီပွဲမှာ ရောဘတ် လီဝန်ဒေါစကီးကို တိုက်စစ်မှာ ပိုင်ဆိုင်ထားတဲ့ ဘိုင်ယန် အတွက် သက်တောင့်သက်သာ ပွဲတစ်ပွဲ ဖြစ်လာမှာပါ။ ပိုလန်သားဟာ ဥရောပ ထိပ်သီးဂိုးသွင်းရှင် ဖြစ်ပြီး ပျော့ကွက်တွေ ရှိနေတဲ့ ချယ်ဆီး ခံစစ်နဲ့ အကြိုက်ပါပဲ။ ဒါကြောင့် ချယ်ဆီးအတွက် ကျနော်တော့ မျှော်လင့်ချက် သိပ်မထားတော့ဘူး။

ပရီးမီးယားလိဂ်မှာ ထိပ်သီးလေးသင်းထဲ ဝင်တာက အောင်မြင်တယ် လို့ ဆိုရင် ကျနော် သဘော မတူစရာ မရှိပါဘူး။ ဒါပေမယ့် တလောျက်လုံး သူတို့ လိုအပ်ချက်တွေ ရှိနေတာကိုလည်း မြင်ကြမှာပါ။ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာရောပေါ့။ ဖရန့်လမ်းပတ်က တိုက်စစ် ကစားချင်တယ် ရှေ့ တက်ပြီးရင်း တက်စေချင်တယ်။ ဒါပေမယ့် ဒီလို ကစားဖို့ ဆို နောက်တန်းက စိတ်ချရမှာ ဖြစ်မှာ သူတို့ကတော့ အဲဒီလို မဟုတ်ပါဘူး။ ခံစစ် သုံးယောက်တန်း ဖြစ်ဖြစ် လေးယောက်ပဲ ထားထား အလုပ်မဖြစ်ပါဘူး။ ဒါ့အပြင် တောင်ပံတွေကလည်း ပြသနာ ရှိနေပါသေးတယ်။

ဒီလို အချိန်မှာ ချယ်ဆီး ကစားသမား တစ်ချို့ကလည်း ဒီနွေမှာ အသင်းကနေ ထွက်ခွာရတော့မှာပဲ လို့ စိတ်ထဲမှာ ရှိနေပြီ။ ဂျီရူး၊ ဝီလီယံ၊ ဂျော်ဂျင်ဟိုတို့နဲ့ တချို့ ကစားသမားတွေက ထွက်ရဖို့ ရှိနေတယ်။ ဒီလို အခြေအနေတွေက အသင်းကို အနေအထားကောင်းဆီ ဆွဲ မခေါ်နိုင်ပါဘူး။ သူတို့ ထွက်ပြီး ကစားတောင် ဒီရာသီက ချယ်ဆီးအတွက် ပြီးနေပါပြီ။ ဒီတော့ ဘိုင်ယန်အတွက် လွယ်ကူနေမှာပါ။ ” လို့ ချာလီ နစ်ကိုးလပ်စ်က သုံးသပ်ထားပါတယ်။

၎င်းကပဲ ဘိုင်ယန်မြူးနစ်က ချယ်ဆီးကို ၂-၀ ရလဒ်နဲ့ အနိုင်ယူမယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ခ်န္ပီယံလိဂ္ ရွံဳးထြက္ ဒုတိယ အေက်ာ့ အျဖစ္ ဒီတစ္ပတ္မွာ ဘိုင္ယန္ျမဴးနစ္နဲ႕ ရင္ဆိုင္ ကစားရမွာ ျဖစ္ျပီး လန္ဒန္သားတို႔ အတြက္ လြယ္ကူတဲ့ ပြဲစဥ္ေတာ့ ျဖစ္မွာ မဟုတ္ပါဘူး။ ပထမအေက်ာ့ မွာ ခ်ယ္ဆီးက ဘိုင္ယန္ကို ၃-၀ နဲ႕ ရွံဳးနိမ့္ထားျပီး ျဖစ္လို႔ ဒီတေက်ာ့မွာ ဂိုးမေပးရဘဲ အနည္းဆံုး ၄ ဂိုးသြင္းမွ ေနာက္တစ္ဆင့္ တက္ေရာက္နုိင္မွာပါ။

စကိုင္းစေပါ့မွ ပင္တိုင္ သံုးသပ္သူ ခ်ာလီနစ္ကိုးလပ္စ္ ကေတာ့ ခ်ယ္ဆီးအသင္း ဘိုင္ယန္ျမဴးနစ္ကို ျဖတ္ေက်ာ္နုိင္မွာ မဟုတ္ဘဲ အဓိက အေၾကာင္းနွစ္ခ်က္ေၾကာင့္ အရွံဳးေပၚ အရွံဳးဆင့္ရဦးမယ္လို႔ သံုးသပ္ ေျပာဆိုထားပါတယ္။ ပထမ တစ္ခ်က္က ခ်ယ္ဆီး ခံစစ္ ျဖစ္ျပီး ဒုတိယ တစ္ခ်က္ကေတာ့ အသင္းလိုက္ စိတ္ဓာတ္ပိုင္းကို ၄င္းက ရည္ညႊန္းခဲ့တာပါ။

” ဒီပြဲမွာ ေရာဘတ္ လီ၀န္ေဒါစကီးကို တိုက္စစ္မွာ ပိုင္ဆိုင္ထားတဲ့ ဘိုင္ယန္ အတြက္ သက္ေတာင့္သက္သာ ပြဲတစ္ပြဲ ျဖစ္လာမွာပါ။ ပိုလန္သားဟာ ဥေရာပ ထိပ္သီးဂိုးသြင္းရွင္ ျဖစ္ျပီး ေပ်ာ့ကြက္ေတြ ရွိေနတဲ့ ခ်ယ္ဆီး ခံစစ္နဲ႕ အၾကိဳက္ပါပဲ။ ဒါေၾကာင့္ ခ်ယ္ဆီးအတြက္ က်ေနာ္ေတာ့ ေမွ်ာ္လင့္ခ်က္ သိပ္မထားေတာ့ဘူး။

ပရီးမီးယားလိဂ္မွာ ထိပ္သီးေလးသင္းထဲ ၀င္တာက ေအာင္ျမင္တယ္ လို႔ ဆိုရင္ က်ေနာ္ သေဘာ မတူစရာ မရွိပါဘူး။ ဒါေပမယ့္ တေလာ်က္လံုး သူတို႔ လိုအပ္ခ်က္ေတြ ရွိေနတာကိုလည္း ျမင္ၾကမွာပါ။ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာေရာေပါ့။ ဖရန္႔လမ္းပတ္က တိုက္စစ္ ကစားခ်င္တယ္ ေရွ႕ တက္ျပီးရင္း တက္ေစခ်င္တယ္။ ဒါေပမယ့္ ဒီလို ကစားဖို႔ ဆုိ ေနာက္တန္းက စိတ္ခ်ရမွာ ျဖစ္မွာ သူတို႔ကေတာ့ အဲဒီလို မဟုတ္ပါဘူး။ ခံစစ္ သံုးေယာက္တန္း ျဖစ္ျဖစ္ ေလးေယာက္ပဲ ထားထား အလုပ္မျဖစ္ပါဘူး။ ဒါ့အျပင္ ေတာင္ပံေတြကလည္း ျပသနာ ရွိေနပါေသးတယ္။

ဒီလို အခ်ိန္မွာ ခ်ယ္ဆီး ကစားသမား တစ္ခ်ိဳ႕ကလည္း ဒီေႏြမွာ အသင္းကေန ထြက္ခြာရေတာ့မွာပဲ လို႔ စိတ္ထဲမွာ ရွိေနျပီ။ ဂ်ီရူး၊ ၀ီလီယံ၊ ေဂ်ာ္ဂ်င္ဟိုတို႔နဲ႕ တခ်ိဳ႕ ကစားသမားေတြက ထြက္ရဖို႔ ရွိေနတယ္။ ဒီလို အေျခအေနေတြက အသင္းကို အေနအထားေကာငး္ဆီ ဆြဲ မေခၚနုိင္ပါဘူး။ သူတို႔ ထြက္ျပီး ကစားေတာင္ ဒီရာသီက ခ်ယ္ဆီးအတြက္ ျပီးေနပါျပီ။ ဒီေတာ့ ဘိုင္ယန္အတြက္ လြယ္ကူေနမွာပါ။ ” လို႔ ခ်ာလီ နစ္ကိုးလပ္စ္က သံုးသပ္ထားပါတယ္။

၄င္းကပဲ ဘိုင္ယန္ျမဴးနစ္က ခ်ယ္ဆီးကို ၂-၀ ရလဒ္နဲ႕ အနုိင္ယူမယ္လို႔ ခန္႔မွန္းထားခဲ့ပါတယ္။