ဘောလုံးပရိသတ်တိုင်း နှစ်သက်ကြမယ့် တိုက်စစ်အတွဲ မြင်ရခွင့်ကို ဖျက်ဆီးခဲ့တဲ့ ကိုဗစ်

UNICODE – ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကိုရိုနာကပ်ဘေးကြောင့် နိုင်ငံတကာ ပိတ်ဆို့မှုတွေ မတိုင်ခင် ပြင်သစ်ကလပ် ပီအက်ဂျီကို ပြောင်းဖို့ စဉ်းစားခဲ့သေးတယ်လို့ ပြင်သစ်သတင်းဌာနကို ကိုးကားပြီး ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

အသက် ၃၅ နှစ်အရွယ် ပေါ်တူဂီ တိုက်စစ်သမားဟာ ၂၀၁၈ မှာတော့ ရီးရဲလ်မက်ဒရစ်ကနေ စီးရီးအေကလပ် ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် စီးရီးအေဖလားကို ၂ ကြိမ်ဆက် အနိုင်ရထားခဲ့သူ ဖြစ်ပါတယ်။ France Football က ဖော်ပြရာမှာတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်ရဲ့ စွမ်းဆောင်ရည်ကို အားမရတာကြောင့် အသင်းပြောင်းဖို့ စဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။

ရော်နယ်ဒိုက ဘရာဇီးစတား နေမာနဲ့ တွဲကစားလိုပြီး ပြင်သစ်လူငယ်လေး အမ်ဘတ်ပီရဲ့ ထွန်းတောက်လာမှုကိုလည်း သဘောကျမှုရှိခဲ့တယ်။ ပီအက်ဂျီကို ပြောင်းရွှေ့ဟာ နေမာ၊ အမ်ဘတ်ပီတို့နဲ့ တွဲဘက်ပြီး ကမ္ဘာအကောင်းဆုံး တိုက်စစ်တွဲလုံးအဖြစ် ဖန်တီးလိုစိတ်မျိုး ရှိခဲ့တယ်လို့ အဆိုပါ သတင်းက ဖော်ပြခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ပေါ်တူဂီအသင်း ယူရိုဖလား အနိုင်ရခဲ့တဲ့ ပဲရစ်မြို့ကို ရော်နယ်ဒိုက သူ့အတွက် ထူးရှယ် နေရာတစ်ခုအဖြစ် အမြဲ မှတ်ယူထားပါတယ်။ မနှစ်က အောက်တိုဘာလမှာ ချန်ပီယံလိဂ်ပွဲအဖြစ် လိုကိုမိတစ် မော်စကိုအသင်းကို ဂျူဗင်တပ်က ၂-၁ နဲ့ အနိုင်ရတဲ့ပွဲမှာ ရော်နယ်ဒိုက တူရင်ကလပ်ကို စိတ်ပျက်မှုတွေ ရှိခဲ့တာဖြစ်တယ်။

ရော်နယ်ဒို ကိုယ်တိုင်က စွမ်းဆောင်ရည်ကောင်း မရခဲ့သလို တူရင်ကလပ်ဟာ ပရီးမီးယားလိဂ်နဲ့ လာလီဂါလို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ လိဂ်မဟုတ်ဘူးလို့လည်း သူခံစားခဲ့ရတယ်။ ဒါကြောင့် ဥရောပဘောလုံးလောကမှာ အရှိန်နဲ့ တိုးတက်လာတဲ့ ပီအက်ဂျီကို ပြောင်းဖို့ကို သူစိတ်ဝင်စားခဲ့တာပါ။ အပြောင်းအရွှေ့ဟာ ဖြစ်နိုင်ချေရှိတဲ့ အဆင့်ထိကို ရောက်ရှိခဲ့ပါတယ်။

ဒါပေမယ့် ကိုဗစ်-၁၉ ကပ်ဘေး ပေါ်ပေါက်လာခြင်းက ဒီအပြောင်းအရွှေ့အတွက် ဖြစ်နိုင်ချေကိစ္စတွေကို ဖျက်ဆီးခဲ့တာဖြစ်တယ်။ ကမ္ဘာတစ်လွှား ဖြစ်ပေါ်နေတဲ့ ဘဏ္ဍာရေး ပြဿနာတွေကြောင့် ပြင်သစ်ကလပ်ထံ ရော်နယ်ဒို ပြောင်းရွှေ့ဖို့ ဖြစ်မလာနိုင်တ့ ကိစ္စ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုနဲ့ ဆာရီကြား မကျေလည်မှုတွေက ဒီသတင်းတွေကို ဆက်ပြီး မီးထိုးနေဦးမယ့် အနေအထားဖြစ်တယ်။

စီးရီးအေကလပ်အတွက် ၈၈ ပွဲမှာ ၆၃ ဂိုး သွင်းထားတဲ့ ရော်နယ်ဒိုဟာ ဥရောပရွှေဖိနပ်ဆုကို အနိုင်ရဖို့ မရှိတော့ပေမယ့် ချန်ပီယံလိဂ်မှာ ဆက်လက် စွမ်းဆောင်နိုင်ဖို့ ရည်မှန်းနေဦးမှာ ဖြစ်ပါတယ်။

ZAWGYI – ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ႏုိင္ငံတကာ ပိတ္ဆို႔မႈေတြ မတိုင္ခင္ ျပင္သစ္ကလပ္ ပီအက္ဂ်ီကို ေျပာင္းဖို႔ စဥ္းစားခဲ့ေသးတယ္လို႔ ျပင္သစ္သတင္းဌာနကို ကိုးကားျပီး ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

အသက္ ၃၅ ႏွစ္အရြယ္ ေပၚတူဂီ တိုက္စစ္သမားဟာ ၂၀၁၈ မွာေတာ့ ရီးရဲလ္မက္ဒရစ္ကေန စီးရီးေအကလပ္ ဂ်ဴဗင္တပ္ထံ ေျပာင္းေရႊ႔ခဲ့ျပီးေနာက္ စီးရီးေအဖလားကို ၂ ၾကိမ္ဆက္ အႏုိင္ရထားခဲ့သူ ျဖစ္ပါတယ္။ France Football က ေဖာ္ျပရာမွာေတာ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္ရဲ႕ စြမ္းေဆာင္ရည္ကို အားမရတာေၾကာင့္ အသင္းေျပာင္းဖို႔ စဥ္းစားခဲ့တယ္လို႔ ဆိုပါတယ္။

ေရာ္နယ္ဒိုက ဘရာဇီးစတား ေနမာနဲ႔ တြဲကစားလိုျပီး ျပင္သစ္လူငယ္ေလး အမ္ဘတ္ပီရဲ႕ ထြန္းေတာက္လာမႈကိုလည္း သေဘာက်မႈရွိခဲ့တယ္။ ပီအက္ဂ်ီကို ေျပာင္းေရႊ႔ဟာ ေနမာ၊ အမ္ဘတ္ပီတို႔နဲ႔ တြဲဘက္ျပီး ကမၻာအေကာင္းဆံုး တိုက္စစ္တြဲလံုးအျဖစ္ ဖန္တီးလိုစိတ္မ်ိဳး ရွိခဲ့တယ္လို႔ အဆိုပါ သတင္းက ေဖာ္ျပခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္မွာ ေပၚတူဂီအသင္း ယူရိုဖလား အႏုိင္ရခဲ့တဲ့ ပဲရစ္ျမိဳ႔ကို ေရာ္နယ္ဒိုက သူ႔အတြက္ ထူးရွယ္ ေနရာတစ္ခုအျဖစ္ အျမဲ မွတ္ယူထားပါတယ္။ မႏွစ္က ေအာက္တိုဘာလမွာ ခ်န္ပီယံလိဂ္ပြဲအျဖစ္ လိုကိုမိတစ္ ေမာ္စကိုအသင္းကို ဂ်ဴဗင္တပ္က ၂-၁ နဲ႔ အႏုိင္ရတဲ့ပြဲမွာ ေရာ္နယ္ဒိုက တူရင္ကလပ္ကို စိတ္ပ်က္မႈေတြ ရွိခဲ့တာျဖစ္တယ္။

ေရာ္နယ္ဒို ကိုယ္တုိင္က စြမ္းေဆာင္ရည္ေကာင္း မရခဲ့သလို တူရင္ကလပ္ဟာ ပရီးမီးယားလိဂ္နဲ႔ လာလီဂါလို ဆြဲေဆာင္ႏုိင္စြမ္းရွိတဲ့ လိဂ္မဟုတ္ဘူးလို႔လည္း သူခံစားခဲ့ရတယ္။ ဒါေၾကာင့္ ဥေရာပေဘာလံုးေလာကမွာ အရွိန္နဲ႔ တိုးတက္လာတဲ့ ပီအက္ဂ်ီကို ေျပာင္းဖို႔ကို သူစိတ္ဝင္စားခဲ့တာပါ။ အေျပာင္းအေရႊ႔ဟာ ျဖစ္ႏုိင္ေခ်ရွိတဲ့ အဆင့္ထိကို ေရာက္ရွိခ့ဲပါတယ္။

ဒါေပမယ့္ ကိုဗစ္-၁၉ ကပ္ေဘး ေပၚေပါက္လာျခင္းက ဒီအေျပာင္းအေရႊ႔အတြက္ ျဖစ္ႏုိင္ေခ်ကိစၥေတြကို ဖ်က္ဆီးခဲ့တာျဖစ္တယ္။ ကမၻာတစ္လႊား ျဖစ္ေပၚေနတဲ့ ဘ႑ာေရး ျပႆနာေတြေၾကာင့္ ျပင္သစ္ကလပ္ထံ ေရာ္နယ္ဒို ေျပာင္းေရႊ႔ဖို႔ ျဖစ္မလာႏုိင္တ့ ကိစၥ ျဖစ္လာခဲ့ပါတယ္။ ဒါေပမယ့္ ေရာ္နယ္ဒိုနဲ႔ ဆာရီၾကား မေက်လည္မႈေတြက ဒီသတင္းေတြကို ဆက္ျပီး မီးထိုးေနဦးမယ့္ အေနအထားျဖစ္တယ္။

စီးရီးေအကလပ္အတြက္ ၈၈ ပြဲမွာ ၆၃ ဂိုး သြင္းထားတဲ့ ေရာ္နယ္ဒိုဟာ ဥေရာပေရႊဖိနပ္ဆုကို အႏုိင္ရဖို႔ မရွိေတာ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ ဆက္လက္ စြမ္းေဆာင္ႏုိင္ဖို႔ ရည္မွန္းေနဦးမွာ ျဖစ္ပါတယ္။