ဆောင်းပါး | လီဗာပူးက ဘာလို့ အပြောင်းအရွှေ့မှာ ငွေတပြားသုံးဖို့တောင် ချွေတာနေသလဲ

UNICODE – နွေဈေးကွက်အတွက် ပြိုင်ဘက်အသင်းတွေက အရူးအမူး လုပ်ရှားနေသလောက် ပရီးမီးယားလိဂ် ချန်ပီယံကြီး လီဗာပူးကတော့ အေးအေးဆေးဆေး ရှိလွန်းလှပါတယ်။ ဥရောပချန်ပီယံ၊ ကမ္ဘာချန်ပီယံနဲ့ အင်္ဂလန်ချန်ပီယံတွေအဖြစ် ဗိုလ်ဝင်ခံထားတဲ့ လီဗာပူးရဲ့ ရှေ့ဆက်မယ့် အစီအစဉ်က ဘာတွေလဲ။

လူမှုကွန်ယက်မှာ လီဗာပူးပရိသတ်တွေက ကစားသမားသစ်တွေ ခေါ်ယူဖို့ အသင်းကို တောင်းဆိုပေမယ့် အသင်းနဲ့ မန်နေဂျာကလောပ့်တို့က တည်တည်ငြိမ်ငြိမ်ရှိနေခြင်းက ဘာတွေကြောင့်လဲ။ ဒါနဲ့ ပက်သက်လို့ တယ်လီဂရပ်ရဲ့ လီဗာပူးသတင်းထောက် Chris Bascombe က ဖြေရှင်းမှု ပြုလုပ်သွားပါတယ်။

လီဗာပူးအသင်း ဒီရာသီ အပြောင်းအရွှေ့ ဈေးကွက်မှာ ငြိမ်သက်နေတာက ဒီအကြောင်းပြချက်တွေကြောင့် ဖြစ်ပါတယ်။

တယ်လီဂရပ် မေး – ကလော့ပ်က ရာသီသစ်မစခင်မှာ ကစားသမား ခေါ်ယူမှုတွေ လုပ်လိုနေသလား?
Bascombe ဖြေ – လုပ်လိုပါတယ်။

မေး – အဲ့အတွက်ကော ကလော့ပ်မှာ ရွေးချယ်ခေါ်ယူလိုတဲ့ ကစားသမားတွေရှိနေလား?
ဖြေ – ရှိပါတယ်။

မေး – လယ်လာနာနဲ့ လိုဗရန်တို့ ထွက်ခွာသွားပြီး ရှာကွီရီပါ ထွက်ခွာနိုင်ဆဲ အခြေအနေမှာ အသင်းလူစာရင်း တောင့်တင်းလာဖို့အတွက် အင်အားဖြည့်ဖို့ လိုအပ်မယ်ဆိုတာကိုကော ကလော့ပ်က သတိပြုမိရဲ့လား?
ဖြေ – သူ ဒါကို ကောင်းကောင်း သတိပြုမိပါတယ်။

မေး – လူစာရင်းကို အင်အားဖြည့်ဖို့နဲ့ အသင်းလူစာရင်းကို ပြန်တည်ဆောက်ဖို့ ဈေးကွက်ဖွင့်နေချိန်ထက် ပိုကောင်းတဲ့ အချိန်မျိုး မရှိဘူးဆိုတာကိုကော ကလော့ပ်က သတိပြုမိရဲ့လား?
ဖြေ – အသေအချာကို သတိပြုမိတာပေါ့။

မေး – ဒါဆိုရင် လီဗာပူးက လူသစ်တွေခေါ်မှာလား?
ဖြေ – အသေအချာကြီး ခေါ်မယ်လို့ အာမခံချက် မရှိပါဘူး။

မေး – ဘာကြောင့်လဲ?
ဖြေ – ဘာကြောင်းလဲဆိုတော့ လီဗာပူးရဲ့ ဘဏ္ဍာရေး တည်ငြိမ်မှုနဲ့ အပြောင်းအရွှေ့ အသုံးစရိတ်က စီးပွားရေးဆိုင်ရာ ပါတနာတွေ၊ ချန်ပီယံလိဂ် ဝင်ငွေတွေနဲ့ ကွင်းဝင်ကြေးကနေ ရလာမယ့် ငွေကြေးတွေကို မှီခိုနေရလို့ပါပဲ။ အကုန်လုံးက ကိုဗစ်-၁၉ ကြောင့် အနုတ်လက္ခဏာပြမှုတွေ ဖြစ်နေကြပါတယ်။ ကွင်းထဲ လူဝင်ခွင့်မရတာက ပွဲတိုင်းမှာ သန်းပေါင်း အနည်းငယ် (တစ်ပွဲကို ပေါင် ၃ သန်းဝန်းကျင်) ထိခိုက်စေပါတယ်။

Zoom ကနေ လီဗာပူးနဲ့ တွဲဘက် စီးပွားရေး ပါတနာတွေနဲ့ ဆွေးနွေးမှုအရ စပွန်ဆာကုမ္ပဏီတွေ လျော့ကျလာသလို အချို့က အသစ် ပြန်ပြင်တာတွေ၊ ညိနှိုင်းတာတွေ လုပ်လိုနေကြပါတယ်။ (လီဗာပူးအသင်းရဲ့ စပွန်ဆာတွေထဲက Western Union နဲ့ NIVEA men တို့ စပွန်ဆာ ရပ်နားတယ်လို့ သတင်းထွက်ထားပြီး အတည်မပြုနိုင်၊ အခြားသော စပွန်ဆာအချို့လည်း ရပ်ဆိုင်းမှုတွေရှိနေ)

၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကို ဘယ်အချိန်မှာ ဘယ်လို ကစားမလဲဆိုတာလည်း မသိရသေးပါဘူး။ ဒီတော့ လက်ရှိ အချိန်ထိ ချန်ပီယံလိဂ်ကနေ ဝင်ငွေ ဘယ်လိုရမလဲဆိုတာ ဘယ်အသင်းကမှ မသိသေးပါဘူး။ ဘဏ္ဍာရေးဆိုင်ရာ အခြေအနေနဲ့ ပက်သက်လို့ အခုချိန်မှာ အလုပ်လုပ်နေတာက ခန့်မှန်းကိစ္စတွေပဲ ဖြစ်ပါတယ်။

လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG က ကလော့ပ် သဘောကျနေတဲ့ သီယေဂို အယ်ကန်တာရာအတွက် အသုံးစရိတ်ကို သူတို့ အိတ်ထဲကနေ စိုက်ထုတ်ပြီး ခေါ်ယူပေးဖို့ဆိုတာက မခက်ခဲပါဘူး။ လီဗာပူးက ကိုယ်ပိုင် ရပ်တည်ချက်နဲ့ပဲ ကိုယ်ဘာသာ ပြည့်စုံအောင် တည်ဆောက်လိုနေတာ ဖြစ်ပါတယ်။

အပြောင်းအရွှေ့ ဈေးကွက်က နောက်ရာသီထဲထိ သက်တမ်းတိုးနိုင်ပြီး အခြေအနေပေါ် မူတည်ကာ လီဗာပူးရဲ့ အခြေအနေကလည်း ပြောင်းလဲသွားနိုင်ပါတယ်။ သူတို့မှာ ကစားသမားခေါ်ယူဖို့ အသုံးစရိတ်ရှိပါတယ်။ ဒါက အဓိက မကျပါဘူး။ သူတို့က လာမယ့် ၆ လကနေ ၁၂ လအတွင်း ပရိသတ်မပါဘဲ ဘောလုံးကစားရမယ့် အခြေအနေမှာ ကလပ်ရဲ့ ဘဏ္ဍာရေးကို အန္တရာယ်ကင်းစေဖို့အတွက် ကာလရှည် တာဝန်ယူမှုကို သေချာအောင်ပဲ လုပ်လိုနေတာပါ။

ဒီနေရာမှာ အခြားသော အသင်းတွေကတော့ လီဗာပူးမလုပ်တဲ့ ကြီးမားတဲ့ လုပ်ခနဲ့ ထိပ်တန်း လက်မှတ်ထိုးမှုတွေကို စွန့်စားလုပ်ဆောင်ဖို့ ပြင်ဆင်နေကြတာ ရှင်းပါတယ်။ ကလပ်အချို့က လီဗာပူးကို လိုက်မှီဖို့ အဲ့လို လုပ်လိုတယ်။ သူတို့က ဘဏ်တွေကနေ စွန့်စားမှုမြင့်တဲ့ ငွေချေးငှားမှုတွေလည်း လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြတယ်။ ချမ်းသာတဲ့ sugar-daddy ပိုင်ရှင်တွေကလည်း ပြိုင်ဘက်အသင်းတွေရဲ့ ဘဏ္ဍာရေးအခြေအနေ အခက်တွေ့ကျမှုတွေကို အခွင့်အရေး ယူလိုနေကြတယ်။

လီဗာပူးကတော့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို အလေးထားပြီး မှန်ကန်တဲ့ လုပ်ငန်းစဉ်တွေနဲ့ပဲ လုပ်လိုပါတယ်။ ရေရှည်အတွက် ရည်ရွယ်တဲ့ ကွင်းလယ်နဲ့ တိုက်စစ်သမား ခေါ်ယူမှုတွေကိုလည်း လုပ်လိုနေတယ်။ လီဗာပူးနဲ့ ကလော့ပ်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ပရီးမီးယားလိဂ်ကော၊ ယူအီးအက်ဖ်အေနဲ့ ဖီဖာကပါ အပြောင်းအရွှေ့ ဖွင့်ချိန်တွေနဲ့ ပက်သက်ပြီး တရားဝင် ကြေညာချက်တွေ မရှိသေးပါဘူး။ ကိုဗစ်-၁၉ ကို ရင်ဆိုင်ရတဲ့ တိုက်ပွဲမှာ ပိုကောင်းလာတဲ့ အခြေအနေကို လီဗာပူးဘက် စောင့်ဆိုင်းသွားမှာဖြစ်ပါတယ်။

ZAWGYI – ေႏြေစ်းကြက္အတြက္ ျပိဳင္ဘက္အသင္းေတြက အရူးအမူး လုပ္ရွားေနသေလာက္ ပရီးမီးယားလိဂ္ ခ်န္ပီယံၾကီး လီဗာပူးကေတာ့ ေအးေအးေဆးေဆး ရွိလြန္းလွပါတယ္။ ဥေရာပခ်န္ပီယံ၊ ကမၻာခ်န္ပီယံနဲ႔ အဂၤလန္ခ်န္ပီယံေတြအျဖစ္ ဗိုလ္ဝင္ခံထားတဲ့ လီဗာပူးရဲ႕ ေရွ႔ဆက္မယ့္ အစီအစဥ္က ဘာေတြလဲ။

လူမႈကြန္ယက္မွာ လီဗာပူးပရိသတ္ေတြက ကစားသမားသစ္ေတြ ေခၚယူဖို႔ အသင္းကို ေတာင္းဆိုေပမယ့္ အသင္းနဲ႔ မန္ေနဂ်ာကေလာပ့္တို႔က တည္တည္ျငိမ္ျငိမ္ရွိေနျခင္းက ဘာေတြေၾကာင့္လဲ။ ဒါနဲ႔ ပက္သက္လို႔ တယ္လီဂရပ္ရဲ႕ လီဗာပူးသတင္းေထာက္ Chris Bascombe က ေျဖရွင္းမႈ ျပဳလုပ္သြားပါတယ္။

လီဗာပူးအသင္း ဒီရာသီ အေျပာင္းအေရႊ႔ ေစ်းကြက္မွာ ျငိမ္သက္ေနတာက ဒီအေၾကာင္းျပခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။

တယ္လီဂရပ္ ေမး – ကေလာ့ပ္က ရာသီသစ္မစခင္မွာ ကစားသမား ေခၚယူမႈေတြ လုပ္လိုေနသလား?
Bascombe ေျဖ – လုပ္လိုပါတယ္။

ေမး – အဲ့အတြက္ေကာ ကေလာ့ပ္မွာ ေရြးခ်ယ္ေခၚယူလိုတဲ့ ကစားသမားေတြရွိေနလား?
ေျဖ – ရွိပါတယ္။

ေမး – လယ္လာနာနဲ႔ လိုဗရန္တို႔ ထြက္ခြာသြားျပီး ရွာကီြရီပါ ထြက္ခြာႏုိင္ဆဲ အေျခအေနမွာ အသင္းလူစာရင္း ေတာင့္တင္းလာဖို႔အတြက္ အင္အားျဖည့္ဖို႔ လိုအပ္မယ္ဆိုတာကိုေကာ ကေလာ့ပ္က သတိျပဳမိရဲ႕လား?
ေျဖ – သူ ဒါကို ေကာင္းေကာင္း သတိျပဳမိပါတယ္။

ေမး – လူစာရင္းကို အင္အားျဖည့္ဖို႔နဲ႔ အသင္းလူစာရင္းကို ျပန္တည္ေဆာက္ဖို႔ ေစ်းကြက္ဖြင့္ေနခ်ိန္ထက္ ပိုေကာင္းတဲ့ အခ်ိန္မ်ိဳး မရွိဘူးဆိုတာကိုေကာ ကေလာ့ပ္က သတိျပဳမိရဲ႕လား?
ေျဖ – အေသအခ်ာကို သတိျပဳမိတာေပါ့။

ေမး – ဒါဆိုရင္ လီဗာပူးက လူသစ္ေတြေခၚမွာလား?
ေျဖ – အေသအခ်ာၾကီး ေခၚမယ္လို႔ အာမခံခ်က္ မရွိပါဘူး။

ေမး – ဘာေၾကာင့္လဲ?
ေျဖ – ဘာေၾကာင္းလဲဆိုေတာ့ လီဗာပူးရဲ႕ ဘ႑ာေရး တည္ျငိမ္မႈနဲ႔ အေျပာင္းအေရႊ႔ အသံုးစရိတ္က စီးပြားေရးဆုိင္ရာ ပါတနာေတြ၊ ခ်န္ပီယံလိဂ္ ဝင္ေငြေတြနဲ႔ ကြင္းဝင္ေၾကးကေန ရလာမယ့္ ေငြေၾကးေတြကို မွီခိုေနရလို႔ပါပဲ။ အကုန္လံုးက ကိုဗစ္-၁၉ ေၾကာင့္ အႏုတ္လကၡဏာျပမႈေတြ ျဖစ္ေနၾကပါတယ္။ ကြင္းထဲ လူဝင္ခြင့္မရတာက ပြဲတိုင္းမွာ သန္းေပါင္း အနည္းငယ္ (တစ္ပြဲကို ေပါင္ ၃ သန္းဝန္းက်င္) ထိခိုက္ေစပါတယ္။

Zoom ကေန လီဗာပူးနဲ႔ တြဲဘက္ စီးပြားေရး ပါတနာေတြနဲ႔ ေဆြးေႏြးမႈအရ စပြန္ဆာကုမၸဏီေတြ ေလ်ာ့က်လာသလို အခ်ိဳ႔က အသစ္ ျပန္ျပင္တာေတြ၊ ညိႏိႈင္းတာေတြ လုပ္လိုေနၾကပါတယ္။ (လီဗာပူးအသင္းရဲ႕ စပြန္ဆာေတြထဲက Western Union နဲ႔ NIVEA men တို႔ စပြန္ဆာ ရပ္နားတယ္လို႔ သတင္းထြက္ထားျပီး အတည္မျပဳႏုိင္၊ အျခားေသာ စပြန္ဆာအခ်ိဳ႔လည္း ရပ္ဆုိင္းမႈေတြရွိေန)

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီမွာ ခ်န္ပီယံလိဂ္ကို ဘယ္အခ်ိန္မွာ ဘယ္လို ကစားမလဲဆိုတာလည္း မသိရေသးပါဘူး။ ဒီေတာ့ လက္ရွိ အခ်ိန္ထိ ခ်န္ပီယံလိဂ္ကေန ဝင္ေငြ ဘယ္လိုရမလဲဆိုတာ ဘယ္အသင္းကမွ မသိေသးပါဘူး။ ဘ႑ာေရးဆိုင္ရာ အေျခအေနနဲ႔ ပက္သက္လို႔ အခုခ်ိန္မွာ အလုပ္လုပ္ေနတာက ခန္႔မွန္းကိစၥေတြပဲ ျဖစ္ပါတယ္။

လီဗာပူးပိုင္ရွင္ေတြျဖစ္တဲ့ FSG က ကေလာ့ပ္ သေဘာက်ေနတဲ့ သီေယဂို အယ္ကန္တာရာအတြက္ အသံုးစရိတ္ကို သူတို႔ အိတ္ထဲကေန စိုက္ထုတ္ျပီး ေခၚယူေပးဖို႔ဆိုတာက မခက္ခဲပါဘူး။ လီဗာပူးက ကိုယ္ပိုင္ ရပ္တည္ခ်က္နဲ႔ပဲ ကိုယ္ဘာသာ ျပည့္စံုေအာင္ တည္ေဆာက္လိုေနတာ ျဖစ္ပါတယ္။

အေျပာင္းအေရႊ႔ ေစ်းကြက္က ေနာက္ရာသီထဲထိ သက္တမ္းတိုးႏုိင္ျပီး အေျခအေနေပၚ မူတည္ကာ လီဗာပူးရဲ႕ အေျခအေနကလည္း ေျပာင္းလဲသြားႏုိင္ပါတယ္။ သူတို႔မွာ ကစားသမားေခၚယူဖို႔ အသံုးစရိတ္ရွိပါတယ္။ ဒါက အဓိက မက်ပါဘူး။ သူတို႔က လာမယ့္ ၆ လကေန ၁၂ လအတြင္း ပရိသတ္မပါဘဲ ေဘာလံုးကစားရမယ့္ အေျခအေနမွာ ကလပ္ရဲ႕ ဘ႑ာေရးကို အႏၱရာယ္ကင္းေစဖို႔အတြက္ ကာလရွည္ တာဝန္ယူမႈကို ေသခ်ာေအာင္ပဲ လုပ္လိုေနတာပါ။

ဒီေနရာမွာ အျခားေသာ အသင္းေတြကေတာ့ လီဗာပူးမလုပ္တဲ့ ၾကီးမားတဲ့ လုပ္ခနဲ႔ ထိပ္တန္း လက္မွတ္ထိုးမႈေတြကို စြန္႔စားလုပ္ေဆာင္ဖို႔ ျပင္ဆင္ေနၾကတာ ရွင္းပါတယ္။ ကလပ္အခ်ိဳ႔က လီဗာပူးကို လိုက္မွီဖို႔ အဲ့လို လုပ္လိုတယ္။ သူတို႔က ဘဏ္ေတြကေန စြန္႔စားမႈျမင့္တဲ့ ေငြေခ်းငွားမႈေတြလည္း လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားၾကတယ္။ ခ်မ္းသာတဲ့ sugar-daddy ပိုင္ရွင္ေတြကလည္း ျပိဳင္ဘက္အသင္းေတြရဲ႕ ဘ႑ာေရးအေျခအေန အခက္ေတြ႔က်မႈေတြကို အခြင့္အေရး ယူလိုေနၾကတယ္။

လီဗာပူးကေတာ့ အေျပာင္းအေရႊ႔ လႈပ္ရွားမႈေတြကို အေလးထားျပီး မွန္ကန္တဲ့ လုပ္ငန္းစဥ္ေတြနဲ႔ပဲ လုပ္လိုပါတယ္။ ေရရွည္အတြက္ ရည္ရြယ္တဲ့ ကြင္းလယ္နဲ႔ တိုက္စစ္သမား ေခၚယူမႈေတြကိုလည္း လုပ္လိုေနတယ္။ လီဗာပူးနဲ႔ ကေလာ့ပ္တို႔ရဲ႕ ရည္ရြယ္ခ်က္ကေတာ့ ရွင္းပါတယ္။ ပရီးမီးယားလိဂ္ေကာ၊ ယူအီးအက္ဖ္ေအနဲ႔ ဖီဖာကပါ အေျပာင္းအေရႊ႔ ဖြင့္ခ်ိန္ေတြနဲ႔ ပက္သက္ျပီး တရားဝင္ ေၾကညာခ်က္ေတြ မရွိေသးပါဘူး။ ကိုဗစ္-၁၉ ကို ရင္ဆိုင္ရတဲ့ တိုက္ပြဲမွာ ပိုေကာင္းလာတဲ့ အေျခအေနကို လီဗာပူးဘက္ ေစာင့္ဆိုင္းသြားမွာျဖစ္ပါတယ္။