ဗန်ဒိုက်ရဲ့ နာမည်အကြီးဆုံး အားသာချက်ကပဲ သူ့ရဲ့ အဓိက အားနည်းချက်လို့ တိုရေး ထုတ်ပြော

UNICODE – လီဗာပူးခံစစ်မှူး ဗန်ဒိုက်ဟာ သူ့ရဲ့ အန်ဖီးကစားသမားဘဝ အစောပိုင်းမှာ တစ်ဦးချင်း ကျော်ဖြတ်ခြင်း မခံရတဲ့ စံချိန်ကို ကာလရှည် ရရှိမှုကနေ လူအများ စိတ်ဝင်စားခြင်းကို ခံလာရသူဖြစ်တယ်။

ဗန်ဒိုက်ဟာ လူကောင်ကြီးသလောက် မြန်ဆန်လွန်းပြီး သူ့ရဲ့ အဓိက အရည်အချင်းက အသင်းဖော်တွေကို ဘယ်လို တည်ငြိမ်အောင် ထိန်းရမလဲဆိုတာ နားလည်တဲ့ အချက်ပါပဲ။ နာမည်ကျော် တိုက်စစ်သမားတွေက ဗန်ဒိုက်ကို ရင်ဆိုင်ရခက်တာက သူဟာ စိတ်ရှည်လွန်းပြီး အခြားသော ခံစစ်မှူးတွေလို ဂမူးရှုးထိုး ဝင်ဖျက်တာတွေ မလုပ်ကာ ဂိုးပေါက်ကန်သွင်းနိုင်မယ့် အနေအထားကနေ ဝေးသွားအောင် လုပ်နိုင်စွမ်းကြောင့်လို့ ဝန်ခံထားကြတယ်။

တိုရေးက ” သူက မယုံနိုင်လောက်တဲ့ ကစားသမားပါ။ သူက ထိပ်တန်းကစားသမား တစ်ဦးဖြစ်သလို အရှိန်နဲ့ ကစားနိုင်တာ၊ အရပ်အမောင်းကောင်းတာ၊ ခုန်နိုင်စွမ်းလည်းကောင်းတယ်။ ဗန်ဒိုက်က နည်းစနစ်ပိုင်း ကောင်းသလို အဝေးဘောတွေနဲ့ ပွဲကို ချိန်းနိုင်စွမ်းလည်း ရှိတယ်။ သူက အရည်အချင်းကောင်းတွေ အားလုံးကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ကစားသမားတွေ အများကြီးက ဗန်ဒိုက်ကို တစ်ဦးချင်း ထိပ်တိုက် ယှဉ်ပြိုင်ကြတာ ကျနော် မမြင်ပါဘူး။ ကျနော် အမြင်မှာတော့ ဒါကပဲ ဗန်ဒိုက်ရဲ့ အားနည်းချက်ပါ။ သူက အရပ်အမောင်းကောင်းတော့ ဘောလုံးနဲ့အတူ သူ့ကို တိုက်ခိုက်ရင် သူ ရုန်းကန်ရနိုင်တယ်။ ဒါပေမယ့် ဗန်ဒိုက်က အဲ့လို အနေအထား မဖြစ်အောင် လုပ်ဆောင်မှုမှာ ထူးချွန်လွန်းပါတယ်။

သူက သိပ်တော်လွန်းပြီး ခံစစ်ကို ပြန်ဆင်းရာမှာ ထူးချွန်တယ် ဒါပေမယ့် တစ်ဦးချင်း ရန်လိုစိတ်အပြည့်ဖြင့် ထိပ်တိုက်ဝင်တိုးရင် ဗန်ဒိုက် တကယ်ကို ရုန်းကန်ရနိုင်ပါတယ်။ အဲ့ကနေ တစ်ခုခုမြင်ရနိုင်တယ်။ ဗန်ဒိုက်က တော်သလို ဂိုးမက်စ်ကိုလည်း အသင်းဖော်အဖြစ် ရထားတယ်။ သူ့ကို ကူညီဖို့ ကစားသမားကောင်းတွေလည်းရှိတယ်။ ဒါကလည်း သူ့အတွက် ပိုလွယ်သွားစေတယ်။ ဗန်ဒိုက်က အရည်အချင်းကောင်းတွေ အများကြီးရှိတဲ့ ခံစစ်မှူးတစ်ဦးပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

တိုရေးက သူ့အမြင်ကို ပြောဆိုတာ ဖြစ်ပေမယ့် သူ့ရဲ့ ခန့်မှန်းပြောမှုက မှန်မယ်လို့ အာမခံချက် မရှိပါဘူး။ ဗန်ဒိုက်ဟာ ပရီးမီးယားလိဂ်က တိုက်စစ်သမားတွေနဲ့ တစ်ဦးချင်း မကြာခဏ ထိပ်တိုက်တွေ့ချိန်မှာ ပါးနပ်တဲ့ ဟန့်တားမှုတွေကိုလည်း မကြာခဏ လုပ်ပြထားပြီး စပါး၊ ဘရိုက်တန်ပွဲတွေမှာ တစ်ဦးချင်း ထိပ်တိုက်ရှင်းလင်းမှုတွေက ပြောင်မြောက်ခဲ့သေးတာ ဖြစ်ပါတယ်။

ဒါပေမယ့် လီဗာပူးက ဝတ်ဖိုဒ့်ကို ၃-၀ ဖြင့် အရေးနိမ့်တဲ့ပွဲမှာတော့ ဆာက ဗန်ဒိုက်ကို ရန်လိုတဲ့ ပေါက်ကွဲအားတွေဖြင့် ထိပ်တိုက် ယှဉ်ပြိုင်ခဲ့ပြီး ကောင်းကောင်းဒုက္ခပေးခဲ့ဖူးပါတယ်။

ZAWGYI – လီဗာပူးခံစစ္မွဴး ဗန္ဒိုက္ဟာ သူ႔ရဲ႕ အန္ဖီးကစားသမားဘဝ အေစာပိုင္းမွာ တစ္ဦးခ်င္း ေက်ာ္ျဖတ္ျခင္း မခံရတဲ့ စံခ်ိန္ကို ကာလရွည္ ရရွိမႈကေန လူအမ်ား စိတ္ဝင္စားျခင္းကို ခံလာရသူျဖစ္တယ္။

ဗန္ဒိုက္ဟာ လူေကာင္ၾကီးသေလာက္ ျမန္ဆန္လြန္းျပီး သူ႔ရဲ႕ အဓိက အရည္အခ်င္းက အသင္းေဖာ္ေတြကို ဘယ္လို တည္ျငိမ္ေအာင္ ထိန္းရမလဲဆိုတာ နားလည္တဲ့ အခ်က္ပါပဲ။ နာမည္ေက်ာ္ တိုက္စစ္သမားေတြက ဗန္ဒိုက္ကို ရင္ဆိုင္ရခက္တာက သူဟာ စိတ္ရွည္လြန္းျပီး အျခားေသာ ခံစစ္မွဴးေတြလို ဂမူးရႈးထိုး ဝင္ဖ်က္တာေတြ မလုပ္ကာ ဂိုးေပါက္ကန္သြင္းႏုိင္မယ့္ အေနအထားကေန ေဝးသြားေအာင္ လုပ္ႏုိင္စြမ္းေၾကာင့္လို႔ ဝန္ခံထားၾကတယ္။

တိုေရးက ” သူက မယံုႏုိင္ေလာက္တဲ့ ကစားသမားပါ။ သူက ထိပ္တန္းကစားသမား တစ္ဦးျဖစ္သလို အရွိန္နဲ႔ ကစားႏုိင္တာ၊ အရပ္အေမာင္းေကာင္းတာ၊ ခုန္ႏုိင္စြမ္းလည္းေကာင္းတယ္။ ဗန္ဒိုက္က နည္းစနစ္ပိုင္း ေကာင္းသလို အေဝးေဘာေတြနဲ႔ ပြဲကို ခ်ိန္းႏုိင္စြမ္းလည္း ရွိတယ္။ သူက အရည္အခ်င္းေကာင္းေတြ အားလံုးကို ပိုင္ဆုိင္ထားသူျဖစ္ပါတယ္။

ကစားသမားေတြ အမ်ားၾကီးက ဗန္ဒိုက္ကို တစ္ဦးခ်င္း ထိပ္တိုက္ ယွဥ္ျပိဳင္ၾကတာ က်ေနာ္ မျမင္ပါဘူး။ က်ေနာ္ အျမင္မွာေတာ့ ဒါကပဲ ဗန္ဒိုက္ရဲ႕ အားနည္းခ်က္ပါ။ သူက အရပ္အေမာင္းေကာင္းေတာ့ ေဘာလံုးနဲ႔အတူ သူ႔ကို တိုက္ခိုက္ရင္ သူ ရုန္းကန္ရႏုိင္တယ္။ ဒါေပမယ့္ ဗန္ဒိုက္က အဲ့လို အေနအထား မျဖစ္ေအာင္ လုပ္ေဆာင္မႈမွာ ထူးခၽြန္လြန္းပါတယ္။

သူက သိပ္ေတာ္လြန္းျပီး ခံစစ္ကို ျပန္ဆင္းရာမွာ ထူးခၽြန္တယ္ ဒါေပမယ့္ တစ္ဦးခ်င္း ရန္လိုစိတ္အျပည့္ျဖင့္ ထိပ္တိုက္ဝင္တိုးရင္ ဗန္ဒိုက္ တကယ္ကို ရုန္းကန္ရႏုိင္ပါတယ္။ အဲ့ကေန တစ္ခုခုျမင္ရႏုိင္တယ္။ ဗန္ဒိုက္က ေတာ္သလို ဂိုးမက္စ္ကိုလည္း အသင္းေဖာ္အျဖစ္ ရထားတယ္။ သူ႔ကို ကူညီဖို႔ ကစားသမားေကာင္းေတြလည္းရွိတယ္။ ဒါကလည္း သူ႔အတြက္ ပိုလြယ္သြားေစတယ္။ ဗန္ဒိုက္က အရည္အခ်င္းေကာင္းေတြ အမ်ားၾကီးရွိတဲ့ ခံစစ္မွဴးတစ္ဦးပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

တိုေရးက သူ႔အျမင္ကို ေျပာဆိုတာ ျဖစ္ေပမယ့္ သူ႔ရဲ႕ ခန္႔မွန္းေျပာမႈက မွန္မယ္လို႔ အာမခံခ်က္ မရွိပါဘူး။ ဗန္ဒိုက္ဟာ ပရီးမီးယားလိဂ္က တိုက္စစ္သမားေတြနဲ႔ တစ္ဦးခ်င္း မၾကာခဏ ထိပ္တိုက္ေတြ႔ခ်ိန္မွာ ပါးနပ္တဲ့ ဟန္႔တားမႈေတြကိုလည္း မၾကာခဏ လုပ္ျပထားျပီး စပါး၊ ဘရိုက္တန္ပြဲေတြမွာ တစ္ဦးခ်င္း ထိပ္တိုက္ရွင္းလင္းမႈေတြက ေျပာင္ေျမာက္ခဲ့ေသးတာ ျဖစ္ပါတယ္။

ဒါေပမယ့္ လီဗာပူးက ဝတ္ဖိုဒ့္ကို ၃-၀ ျဖင့္ အေရးနိမ့္တဲ့ပြဲမွာေတာ့ ဆာက ဗန္ဒိုက္ကို ရန္လိုတဲ့ ေပါက္ကြဲအားေတြျဖင့္ ထိပ္တိုက္ ယွဥ္ျပိဳင္ခဲ့ျပီး ေကာင္းေကာင္းဒုကၡေပးခဲ့ဖူးပါတယ္။