ဒီတစ်ပတ် ချန်ပီယံလိဂ် ရှုံးထွက် ဒုတိယအကျော့ ပွဲစဉ်များ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

ဒီတစ်ပတ်မှာတော့ ဥရောပ ပွဲစဉ်တွေ ပြန်လည်စတင်ပြီ ဖြစ်ပြီး ၁၆သင်း ရှုံးထွက် အဆင့် ရောက်နေတဲ့ ချန်ပီယံလိဂ် ပွဲများလည်း ပါဝင်ပါတယ်။ ချန်ပီယံလိဂ် ပွဲတွေ အတွက် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ရဲ့ သုံးသပ်ခန့်မှန်းချက်တွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဂျူဗင်တပ် Vs လိုင်ယွန်

ပထမအကျော့ ရလဒ်။ ။ လိုင်ယွန် 1-0 ဂျူဗင်တပ်

ပွဲချိန်။ ။ သြဂုတ်လ ၈ ရက် (စနေနေ့) နံနက် ၁း၃၀ နာရီ

ဂျူဗင်တပ်ကတော့ ကွာတားဖိုင်နယ် အဆင့်ရောက်ဖို့ နောက်ထပ် အမှတ်ရစရာ comeback နိုင်ပွဲ တစ်ခု ဖန်တီးရဖို့ ရှိလာပါပြီ။ ပြီးခဲ့တဲ့ ရာသီက အက်သလက်တီကို မက်ဒရစ်ကို ဒုတိယအကျော့်မှာ သူတို့ ကျော်ဖြတ်လာခဲ့တဲ့ နိုင်ပွဲကို တချို့ မေ့လျော့နေလောက်ပြီ ထင်ပါတယ်။

လိုင်ယွန်ကတော့ သူတို့ နောက်ဆုံး ကစားထားတဲ့ ဥရောပပွဲ ၁၉ ပွဲမှာ ၄ ပွဲသာ ရှုံးနိမ့်ထားပါတယ်။ ပြည်တွင်းက ပြင်သစ် လိဂ်ဖလားမှာတော့ ပီအက်စ်ဂျီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ရှုံးထားတာကြောင့် နောက်ရာသီ ချန်ပီယံလိဂ် ပွဲ ကစားချင်ရင် ဒီရာသီ ဗိုလ်စွဲမှာ ဖြစ်နိုင်မယ့် အေနအထား ရှိနေပါတယ်။ ဒီပွဲက ခက်ခဲတဲ့ ပွဲ ဖြစ်မှာ ဖြစ်ပြီး နှစ်သင်းကြားမှာ အဆုံးအဖြတ်က ရိုနယ်ဒို ဖြစ်သွားနိုင်တယ် ထင်ပါတယ်။ ကျနော်ကတော့ ဂျူဗင်တပ် အနိုင်ဘက်က ရှိပါမယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး ဂိုးသွင်းပြီး ဂျူဗင်တပ် အနိုင် (သို့မဟုတ်) ဂျူဗင်တပ် 3-1 လိုင်ယွန်

မန်စီးတီး Vs ရီးရဲလ်မက်ဒရစ်

ပထမအကျော့ ရလဒ်။ ။ ရီးရဲလ်မက်ဒရစ် 1-2 မန်စီးတီး

ပွဲချိန်။ ။ သြဂုတ်လ ၈ ရက် (စနေနေ့) နံနက် ၁း၃၀ နာရီ

ဒီပွဲကတော့ မန်စီးတီးဟာ ချန်ပီယံလိဂ် ၁၃ ကြိမ် ဗိုလ်စွဲထားတဲ့ ရီးရဲလ်ကို ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ မန်စီးတီးဟာ ဖေဖော်ဝါရီလထဲ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ပထမအကျော့ မှာတော့ နောက်ဆုံး ၁၅ မိနစ်မှာ သွင်းတဲ့ ဂိုးတွေနဲ့ အနိုင်ရထားပါတယ်။ လော့ဒေါင်းကာလ အပြီးမှာ မန်စီးတီးရဲ့ စွမ်းဆောင်ရည်နဲ့ ရလဒ်တွေ ကျဆင်းလာနေတာ အံ့အားသင့်ဖွယ် တွေ့ရပါတယ်။ ဒါကလည်း ပရီးမီးယားလိဂ်မှာ သူတို့က ဒုတိယ နေရာ သေချာပြီး ဖြစ်တာကြောင့် ချန်ပီယံလိဂ် ဒုတိယ အကျော့ အတွက် အာရုံရောက်နေပြီ ဖြစ်နိုင်ပါတယ်။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ ပွဲတွေ ပြန်စတည်းက အကောင်းဆုံး ပုံစံ ရနေပြီး နောက်ဆုံး ကစားထားတဲ့ လာလီဂါပွဲ ၁၁ ပွဲမှာ ၁၀ ပွဲ ထိ နိုင်ထားပါတယ်။ စိတ်ထဲမှာတော့ ဒီပွဲက သြဂုတ် ၂၃ မှာ ကစားပြီး ဖလားမြှောက်ရမယ့် ပွဲ ဖြစ်သင့်တယ် ထင်မိတယ်။

ခန့်မှန်းရလည်း ခက်ခဲတဲ့ ပွဲ ဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးကတော့ ကြားကွင်းမှာ မဟုတ်ဘဲ အီတီဟက်မှာလည်း ကစားရမှာ ဖြစ်လို့ အားသာချက် ကြီးကြီး ရထားတယ် ဆိုရမှာပါ။ ပွဲပယ်ထိထားတဲ့ ဆာဂျီယို ရာမို့စ်ကိုလည်း သူ့အသင်းသားတွေ သိပ် သတိရနေကြပါလိမ့်မယ်။ မန်စီးတီးပဲ နောက်တစ်ဆင့် တက်သွားပြီး ဂျူဗင်တပ်နဲ့ ပွဲကောင်းတွေ့ပါလိမ့်မယ်။
အိုဝင် ခန့်မှန်းရလဒ်။ ။ နှစ်သင်းလုံး ဂိုးသွင်း (သို့မဟုတ်) မန်စီးတီး 3-1 ရီးရဲလ်မက်ဒရစ်

ဘာစီလိုနာ Vs နာပိုလီ

ပထမအကျော့ ရလဒ်။ ။ နာပိုလီ 1-1 ဘာစီလိုနာ

ပွဲချိန်။ ။ သြဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁း၃၀ နာရီ

ဘာစီလိုနာ အသင်းဟာ အိမ်ကွင်းမှာ ဥရောပပွဲ ရှုံးပွဲ မရှိတာ ၇ နှစ်ကြာခဲ့ပြီ ဖြစ်ပြီး ဒီရာသီမှာ ၁၃ကြိမ်ဆက် ကွာတားဖိုင်နယ် တက်ရောက်ဖို့ ယုံကြည်မှု အပြည့် ရှိနေပါလိမ့်မယ်။ နာပိုလီကတော့ ၁၆သင်း အဆင့်ထက် ကျော်ဖူးတဲ့ အစဉ်အလာ မရှိပါဘူး။

ပထမအကျော့ အိမ်ကွင်းမှာ နာပိုလီက တစ်ဂိုးစီ သရေရလဒ် ယူထားနိုင်ပေမယ့် ဂရစ္စမန်းရဲ့ ပွဲချိန် ၅၇ မိနစ်က ချေပဂိုးကြောင့် အီတလီသားတို့ ယုံကြည်ချက် မှိန်ဖျော့ပြီ ထင်ပါတယ်။ စီးရီးအေမှာလည်း သူတို့က အဆင့် ၇ နဲ့ပဲ သိမ်းထားတာ ဖြစ်ပြီး ဘာစီလိုနာကတော့ ဘောလုံးရာသီ ဆိုးကနေ ရုန်းထွက်ဖို့ ဒီပွဲကနေ ရလဒ်ကောင်း ယူမယ်လို့ အသည်းအသန် ဆန္ဒရှိနေပါတယ်။ ဒီပွဲမှာတော ဆက်တီယန်ရဲ့ အသင်းသားတွေက သက်တောင့်သက်သာ နိုင်ပွဲ ယူသွားပါလိမ့်မယ်။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဘာစီလိုနာ 2-0 နာပိုလီ

ဘိုင်ယန်မြူးနစ် Vs ချယ်ဆီး

ပထမအကျော့ ရလဒ်။ ။ ချယ်ဆီး 0-3 ဘိုင်ယန်မြူးနစ်

ပွဲချိန်။ ။ သြဂုတ်လ ၉ ရက် (တနင်္ဂနွေနေ့) နံနက် ၁း၃၀ နာရီ

ဖေဖော်ဝါရီလထဲ စတန်းဖို့ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပထမအကျော့ ပွဲမှာ ပထမပိုင်း ဂိုးမရှိ သရေကျခဲ့ပေမယ့် ဘိုင်ယန်က ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ဂိုးပြတ် အနိုင်ယူထားပါတယ်။ ဖရန့်လမ်းပတ်ဟာ ၂၀၁၂ ဘိုင်ယန်ကို နိုင်ပြီး အသင်းရဲ့ ပထမဆုံး ချန်ပီယံလိဂ် ဖလား ကို ယူခဲ့စဉ်က ချယ်ဆီးအသင်းခေါင်းဆောင် ဖြစ်ခဲ့ပါတယ်။

ဒီတစ်ကြိမ်မှာ ဘိုင်ယန်ကို ကျော်ဖြတ်ဖို့ ဆိုတာ ချယ်ဆီးအတွက် မျှော်လင့်ချက် ရေးရေးသာ ရှိတယ် ဆိုရမှာပါ။ ဘိုင်ယန်က နောက်ဆုံး ကစားထားတဲ့ ချန်ပီယံလိဂ် အိမ်ကွင်းပွဲ ၅ ပွဲမှာ ၃ ပွဲထိ ရှုံးထားတယ် ဆိုပေမယ့် သုံးဂိုး ကွာခြားချက်က ချယ်ဆီးတို့ အတွက် ခက်ခဲပါတယ်။

ချယ်ဆီးက သုံးဂိုးတင် သွင်းရမှာ မဟုတ်ဘဲ ဘိုင်ယန်ရဲ့ ဂိုးသွင်းစက်ကိုလည်း ရပ်တန့်ရဦးမှာပါ။ လီဝန်ဒေါစကီးဟာ ဒီရာသီ ချန်ပီယံလိဂ် သွင်းဂိုး ၁၁ ဂိုး ရှိထားပြီး နောက်ထပ် တိုးဖို့ အသင့်ပြင်နေပါလိမ့်မယ်။ ကွာတားဖိုင်နယ် အဆင့်ကို အင်္ဂလန်ကလပ်တွေ တက်ရောက်တာ မြင်ချင်ပေမယ့် ဒီလို ဖြစ်လာဖို့က ခက်ခဲပါတယ်။

ချယ်ဆီး ကစားသမားတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အက်ဖ်အေဖလား ဖိုင်နယ်မှာ အာဆင်နယ်ကို ရှုံးခဲ့တာ အတွက် စိတ်ပျက်နေဆဲ ဖြစ်ပါလိမ့်မယ်။ ဒီပွဲမှာ ဘိုင်ယန်က ချယ်ဆီးအသင်းရဲ့ ဘောလုံးရာသီကို စိတ်ပျက်စရာ အဆုံးသတ်ပေးမှာ မြင်ယောင်နေပါတယ်။ ဂျာမန် ချန်ပီယံ အသင်းကပဲ ၂ ဂိုးပြတ်လောက်နဲ့ အနိုင်ယူမှာပါ။

အိုဝင် ခန့်မှန်းရလဒ်။ ။ ဘိုင်ယန်မြူးနစ် 2-0 ချယ်ဆီး

အခြားပွဲများ ရလဒ်ခန့်မှန်း

အတ္တလန္တာ 1-2 ပီအက်စ်ဂျီ

လိုက်ပ်ဇစ် 1-1 အက်သလက်တီကို မက်ဒရစ်

Zawgyi – ဒီတစ္ပတ္မွာေတာ့ ဥေရာပ ပြဲစဥ္ေတြ ျပန္လည္စတင္ျပီ ျဖစ္ျပီး ၁၆သင္း ရွံဳးထြက္ အဆင့္ ေရာက္ေနတဲ့ ခ်န္ပီယံလိဂ္ ပြဲမ်ားလည္း ပါ၀င္ပါတယ္။ ခ်န္ပီယံလိဂ္ ပြဲေတြ အတြက္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ ရဲ႕ သံုးသပ္ခန္႔မွန္းခ်က္ေတြက ေအာက္ပါအတိုင္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ Vs လိုင္ယြန္

ပထမအေက်ာ့ ရလဒ္။ ။ လိုင္ယြန္ 1-0 ဂ်ဴဗင္တပ္

ပြဲခ်ိန္။ ။ ၾသဂုတ္လ ၈ ရက္ (စေနေန႔) နံနက္ ၁း၃၀ နာရီ

ဂ်ဴဗင္တပ္ကေတာ့ ကြာတားဖိုင္နယ္ အဆင့္ေရာက္ဖို႔ ေနာက္ထပ္ အမွတ္ရစရာ comeback နုိင္ပြဲ တစ္ခု ဖန္တီးရဖို႔ ရွိလာပါျပီ။ ျပီးခဲ့တဲ့ ရာသီက အက္သလက္တီကို မက္ဒရစ္ကို ဒုတိယအေက်ာ့္မွာ သူတို႔ ေက်ာ္ျဖတ္လာခဲ့တဲ့ နုိင္ပြဲကို တခ်ိဳ႕ ေမ့ေလ်ာ့ေနေလာက္ျပီ ထင္ပါတယ္။

လိုင္ယြန္ကေတာ့ သူတို႔ ေနာက္ဆံုး ကစားထားတဲ့ ဥေရာပပြဲ ၁၉ ပြဲမွာ ၄ ပြဲသာ ရွံဳးနိမ့္ထားပါတယ္။ ျပည္တြင္းက ျပင္သစ္ လိဂ္ဖလားမွာေတာ့ ပီအက္စ္ဂ်ီကို ပင္နယ္တီ အဆံုးအျဖတ္မွာ ရွံဳးထားတာေၾကာင့္ ေနာက္ရာသီ ခ်န္ပီယံလိဂ္ ပြဲ ကစားခ်င္ရင္ ဒီရာသီ ဗိုလ္စြဲမွာ ျဖစ္နုိင္မယ့္ ေအနအထား ရွိေနပါတယ္။ ဒီပြဲက ခက္ခဲတဲ့ ပြဲ ျဖစ္မွာ ျဖစ္ျပီး နွစ္သင္းၾကားမွာ အဆံုးအျဖတ္က ရိုနယ္ဒို ျဖစ္သြားနုိင္တယ္ ထင္ပါတယ္။ က်ေနာ္ကေတာ့ ဂ်ဴဗင္တပ္ အနုိင္ဘက္က ရွိပါမယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး ဂိုးသြင္းျပီး ဂ်ဴဗင္တပ္ အနုိင္ (သို႔မဟုတ္) ဂ်ဴဗင္တပ္ 3-1 လိုင္ယြန္

မန္စီးတီး Vs ရီးရဲလ္မက္ဒရစ္

ပထမအေက်ာ့ ရလဒ္။ ။ ရီးရဲလ္မက္ဒရစ္ 1-2 မန္စီးတီး

ပြဲခ်ိန္။ ။ ၾသဂုတ္လ ၈ ရက္ (စေနေန႔) နံနက္ ၁း၃၀ နာရီ

ဒီပြဲကေတာ့ မန္စီးတီးဟာ ခ်န္ပီယံလိဂ္ ၁၃ ၾကိမ္ ဗိုလ္စြဲထားတဲ့ ရီးရဲလ္ကို ရင္ဆိုင္ရတာ ျဖစ္ပါတယ္။ မန္စီးတီးဟာ ေဖေဖာ္၀ါရီလထဲ ဘာေနဗ်ဴးမွာ ကစားခဲ့တဲ့ ပထမအေက်ာ့ မွာေတာ့ ေနာက္ဆံုး ၁၅ မိနစ္မွာ သြင္းတဲ့ ဂိုးေတြနဲ႕ အနုိင္ရထားပါတယ္။ ေလာ့ေဒါင္းကာလ အျပီးမွာ မန္စီးတီးရဲ႕ စြမ္းေဆာင္ရည္နဲ႕ ရလဒ္ေတြ က်ဆင္းလာေနတာ အံ့အားသင့္ဖြယ္ ေတြ႔ရပါတယ္။ ဒါကလည္း ပရီးမီးယားလိဂ္မွာ သူတို႔က ဒုတိယ ေနရာ ေသခ်ာျပီး ျဖစ္တာေၾကာင့္ ခ်န္ပီယံလိဂ္ ဒုတိယ အေက်ာ့ အတြက္ အာရံုေရာက္ေနျပီ ျဖစ္နုိင္ပါတယ္။

တဖက္မွာေတာ့ ရီးရဲလ္မက္ဒရစ္ဟာ ပြဲေတြ ျပန္စတည္းက အေကာင္းဆံုး ပံုစံ ရေနျပီး ေနာက္ဆံုး ကစားထားတဲ့ လာလီဂါပြဲ ၁၁ ပြဲမွာ ၁၀ ပြဲ ထိ နုိင္ထားပါတယ္။ စိတ္ထဲမွာေတာ့ ဒီပြဲက ၾသဂုတ္ ၂၃ မွာ ကစားျပီး ဖလားေျမွာက္ရမယ့္ ပြဲ ျဖစ္သင့္တယ္ ထင္မိတယ္။

ခန္႔မွန္းရလည္း ခက္ခဲတဲ့ ပြဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မန္စီးတီးကေတာ့ ၾကားကြင္းမွာ မဟုတ္ဘဲ အီတီဟက္မွာလည္း ကစားရမွာ ျဖစ္လို႔ အားသာခ်က္ ၾကီးၾကီး ရထားတယ္ ဆိုရမွာပါ။ ပြဲပယ္ထိထားတဲ့ ဆာဂ်ီယို ရာမုိ႔စ္ကိုလည္း သူ႔အသင္းသားေတြ သိပ္ သတိရေနၾကပါလိမ့္မယ္။ မန္စီးတီးပဲ ေနာက္တစ္ဆင့္ တက္သြားျပီး ဂ်ဴဗင္တပ္နဲ႕ ပြဲေကာင္းေတြ႔ပါလိမ့္မယ္။
အို၀င္ ခန္႔မွန္းရလဒ္။ ။ နွစ္သင္းလံုး ဂိုးသြင္း (သို႔မဟုတ္) မန္စီးတီး 3-1 ရီးရဲလ္မက္ဒရစ္

ဘာစီလိုနာ Vs နာပိုလီ

ပထမအေက်ာ့ ရလဒ္။ ။ နာပိုလီ 1-1 ဘာစီလိုနာ

ပြဲခ်ိန္။ ။ ၾသဂုတ္လ ၉ ရက္ (တနဂၤေႏြေန႔) နံနက္ ၁း၃၀ နာရီ

ဘာစီလိုနာ အသင္းဟာ အိမ္ကြင္းမွာ ဥေရာပပြဲ ရွံဳးပြဲ မရွိတာ ၇ နွစ္ၾကာခဲ့ျပီ ျဖစ္ျပီး ဒီရာသီမွာ ၁၃ၾကိမ္ဆက္ ကြာတားဖိုင္နယ္ တက္ေရာက္ဖို႔ ယံုၾကည္မႈ အျပည့္ ရွိေနပါလိမ့္မယ္။ နာပိုလီကေတာ့ ၁၆သင္း အဆင့္ထက္ ေက်ာ္ဖူးတဲ့ အစဥ္အလာ မရွိပါဘူး။

ပထမအေက်ာ့ အိမ္ကြင္းမွာ နာပိုလီက တစ္ဂိုးစီ သေရရလဒ္ ယူထားနုိင္ေပမယ့္ ဂရစၥမန္းရဲ႕ ပြဲခ်ိန္ ၅၇ မိနစ္က ေခ်ပဂိုးေၾကာင့္ အီတလီသားတို႔ ယံုၾကည္ခ်က္ မွိန္ေဖ်ာ့ျပီ ထင္ပါတယ္။ စီးရီးေအမွာလည္း သူတို႔က အဆင့္ ၇ နဲ႕ပဲ သိမ္းထားတာ ျဖစ္ျပီး ဘာစီလိုနာကေတာ့ ေဘာလံုးရာသီ ဆိုးကေန ရုန္းထြက္ဖို႔ ဒီပြဲကေန ရလဒ္ေကာင္း ယူမယ္လို႔ အသည္းအသန္ ဆႏၵရွိေနပါတယ္။ ဒီပြဲမွာေတာ ဆက္တီယန္ရဲ႕ အသင္းသားေတြက သက္ေတာင့္သက္သာ နိုင္ပြဲ ယူသြားပါလိမ့္မယ္။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ဘာစီလိုနာ 2-0 နာပိုလီ

ဘိုင္ယန္ျမဴးနစ္ Vs ခ်ယ္ဆီး

ပထမအေက်ာ့ ရလဒ္။ ။ ခ်ယ္ဆီး 0-3 ဘိုင္ယန္ျမဴးနစ္

ပြဲခ်ိန္။ ။ ၾသဂုတ္လ ၉ ရက္ (တနဂၤေႏြေန႔) နံနက္ ၁း၃၀ နာရီ

ေဖေဖာ္၀ါရီလထဲ စတန္းဖို႔ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ပထမအေက်ာ့ ပြဲမွာ ပထမပိုင္း ဂိုးမရွိ သေရက်ခဲ့ေပမယ့္ ဘိုင္ယန္က ဒုတိယပိုင္း သြင္းဂိုးေတြနဲ႕ ဂိုးျပတ္ အနိုင္ယူထားပါတယ္။ ဖရန္႔လမ္းပတ္ဟာ ၂၀၁၂ ဘိုင္ယန္ကို နုိင္ျပီး အသင္းရဲ႕ ပထမဆံုး ခ်န္ပီယံလိဂ္ ဖလား ကို ယူခဲ့စဥ္က ခ်ယ္ဆီးအသင္းေခါင္းေဆာင္ ျဖစ္ခဲ့ပါတယ္။

ဒီတစ္ၾကိမ္မွာ ဘိုင္ယန္ကို ေက်ာ္ျဖတ္ဖို႔ ဆိုတာ ခ်ယ္ဆီးအတြက္ ေမွ်ာ္လင့္ခ်က္ ေရးေရးသာ ရွိတယ္ ဆိုရမွာပါ။ ဘိုင္ယန္က ေနာက္ဆံုး ကစားထားတဲ့ ခ်န္ပီယံလိဂ္ အိမ္ကြင္းပြဲ ၅ ပြဲမွာ ၃ ပြဲထိ ရွံဳးထားတယ္ ဆိုေပမယ့္ သံုးဂိုး ကြာျခားခ်က္က ခ်ယ္ဆီးတို႔ အတြက္ ခက္ခဲပါတယ္။

ခ်ယ္ဆီးက သံုးဂိုးတင္ သြင္းရမွာ မဟုတ္ဘဲ ဘိုင္ယန္ရဲ႕ ဂိုးသြင္းစက္ကိုလည္း ရပ္တန္႔ရဦးမွာပါ။ လီ၀န္ေဒါစကီးဟာ ဒီရာသီ ခ်န္ပီယံလိဂ္ သြင္းဂိုး ၁၁ ဂိုး ရွိထားျပီး ေနာက္ထပ္ တိုးဖို႔ အသင့္ျပင္ေနပါလိမ့္မယ္။ ကြာတားဖိုင္နယ္ အဆင့္ကို အဂၤလန္ကလပ္ေတြ တက္ေရာက္တာ ျမင္ခ်င္ေပမယ့္ ဒီလို ျဖစ္လာဖို႔က ခက္ခဲပါတယ္။

ခ်ယ္ဆီး ကစားသမားေတြဟာ ျပီးခဲ့တဲ့ သီတင္းပတ္ကုန္က အက္ဖ္ေအဖလား ဖိုင္နယ္မွာ အာဆင္နယ္ကို ရွံဳးခဲ့တာ အတြက္ စိတ္ပ်က္ေနဆဲ ျဖစ္ပါလိမ့္မယ္။ ဒီပြဲမွာ ဘိုင္ယန္က ခ်ယ္ဆီးအသင္းရဲ႕ ေဘာလံုးရာသီကို စိတ္ပ်က္စရာ အဆံုးသတ္ေပးမွာ ျမင္ေယာင္ေနပါတယ္။ ဂ်ာမန္ ခ်န္ပီယံ အသင္းကပဲ ၂ ဂိုးျပတ္ေလာက္နဲ႕ အနုိင္ယူမွာပါ။

အို၀င္ ခန္႔မွန္းရလဒ္။ ။ ဘိုင္ယန္ျမဴးနစ္ 2-0 ခ်ယ္ဆီး

အျခားပြဲမ်ား ရလဒ္ခန္႔မွန္း

အတၱလႏၱာ 1-2 ပီအက္စ္ဂ်ီ

လိုက္ပ္ဇစ္ 1-1 အက္သလက္တီကို မက္ဒရစ္