ကွန်မြူနတီဒိုင်းအတွက် သဘောတူညီမှု တစ်ခုလုပ်ကြဖွယ်ရှိတဲ့ လီဗာပူးနဲ့ အာဆင်နယ်

UNICODE – လီဗာပူးနဲ့ အာဆင်နယ်အသင်းတို့ဟာ ရာသီစ ပထမဆုံးပွဲအဖြစ် သြဂုတ်လ ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို သဘောတူညီမှုတစ်ခု ထားကြဖွယ်ရှိတယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

ဒီရာသီ အဆုံးသတ်ပြီဖြစ်ပေမယ့် လာမယ့်ရာသီအတွက် ရာသီစပွဲစဉ်ကို နှစ်သင်းလုံးက ပြိုင်ဘက်တွေထပ် ခပ်စောစော ယှဉ်ပြိုင်ရမှာပါ။ ကိုရိုနာကပ်ဘေးဟာ နှစ်သင်းလုံးရဲ့ ပွဲစဉ်ဇယားကို ကျပ်တည်းစေမှာဖြစ်လို့ ယာဂင်ကလော့ပ်နဲ့ အာတီတာတို့ဟာ ရာသီအဖွင့်ပွဲကို အရန်နဲ့ လူငယ် ကစားသမားတွေကိုပဲ အဓိက ထုတ်သုံးကြဖွယ် ရှိပါတယ်။

လီဗာပူးကော အာဆင်နယ်ပါ ရာသီကြို အစီအစဉ်တွေ ချမှတ်ရမှာဖြစ်ပြီး လီဗာပူးက သြဂုတ်လ ၁၅ ရက်နေ့မှာ လေ့ကျင့်ရေး ပြန်စဖို့ စီစဉ်ထားကာ အာဆင်နယ်ကတော့ သြဂုတ်လ ၁၇ ရက်နေ့ မတိုင်ခင်ထိ လူစာရင်း ပြန်စုဝေးတာတွေ လုပ်နိုင်မှာ မဟုတ်ပါဘူး။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကာကွယ်လိုတဲ့ ယာဂင်ကလော့ပ်ဟာ ဒဏ်ရာပြဿနာ ရှောင်လွဲဖို့ကို ဦးစားပေးအဖြစ် လုပ်ဆောင်သွားမှာဖြစ်တယ်။ အားလပ်ရက် တိုလွန်းတာက ကစားသမားတွေရဲ့ ကြံ့ခိုင်မှုကို အန္တရာယ်ကြီးနိုင်တာကြောင့် မနှစ်ကရာသီ ပွဲကစားခွင့် နည်းထားတဲ့ အသင်းသားတွေကို လူငယ်တွေနဲ့ တွဲဘက်ပေးတာက ပိုကောင်းတဲ့ နည်းလမ်းဖြစ်ဖို့လည်း ယူဆကြပါတယ်။

ကွန်မြူနတီဒိုင်းကို ပုံမှန်အတိုင်း ကျင်းပမှာဖြစ်သလို အစောပိုင်းမှာ ပရိသတ် ဝင်ခွင့်ပေးမှုတွေကိုလည်း စတင် မိတ်ဆက်မယ်လို့ ဆိုထားပေမယ့် လုပ်နိုင်ဖွယ် မရှိတော့ပါဘူး။ ဗြိတိန်အစိုးရက လော့ဒေါင်းဆိုင်ရာ အမိန့်တွေကို သတိထားလာတာကြောင့် ကွန်မြူနတီဒိုင်းပွဲမှာ လူဝင်ခွင့်ပေးဖို့ အာမခံချက် မပေးထားပါဘူး။

နားရက်ရှည်တွေ မရှိဘဲ ပြင်းထန်တဲ့ ပြိုင်ပွဲကို ကစားစေတာက ကောင်းကျိုးထက် ဆိုးကျိုးတာ ပိုများနိုင်တာကြောင့် နှစ်သင်းက ဘယ်လို လူစာရင်းနဲ့ ယှဉ်ပြိုင်စေမလဲ စဉ်းစားကြဦးမှာဖြစ်တယ်။ လက်ရှိ အခြေအနေထိတော့ လူငယ်တွေကို အသားပေးဖို့ပဲ နှစ်သင်းလုံး ဆန္ဒရှိနေကြတာဖြစ်ပါတယ်။

ZAWGYI – လီဗာပူးနဲ႔ အာဆင္နယ္အသင္းတို႔ဟာ ရာသီစ ပထမဆံုးပြဲအျဖစ္ ၾသဂုတ္လ ၂၉ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ကြန္ျမဴနတီဒိုင္း ျပိဳင္ပြဲကို သေဘာတူညီမႈတစ္ခု ထားၾကဖြယ္ရွိတယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

ဒီရာသီ အဆံုးသတ္ျပီျဖစ္ေပမယ့္ လာမယ့္ရာသီအတြက္ ရာသီစပြဲစဥ္ကို ႏွစ္သင္းလံုးက ျပိဳင္ဘက္ေတြထပ္ ခပ္ေစာေစာ ယွဥ္ျပိဳင္ရမွာပါ။ ကိုရိုနာကပ္ေဘးဟာ ႏွစ္သင္းလံုးရဲ႕ ပြဲစဥ္ဇယားကို က်ပ္တည္းေစမွာျဖစ္လို႔ ယာဂင္ကေလာ့ပ္နဲ႔ အာတီတာတို႔ဟာ ရာသီအဖြင့္ပြဲကို အရန္နဲ႔ လူငယ္ ကစားသမားေတြကိုပဲ အဓိက ထုတ္သံုးၾကဖြယ္ ရွိပါတယ္။

လီဗာပူးေကာ အာဆင္နယ္ပါ ရာသီၾကိဳ အစီအစဥ္ေတြ ခ်မွတ္ရမွာျဖစ္ျပီး လီဗာပူးက ၾသဂုတ္လ ၁၅ ရက္ေန႔မွာ ေလ့က်င့္ေရး ျပန္စဖို႔ စီစဥ္ထားကာ အာဆင္နယ္ကေတာ့ ၾသဂုတ္လ ၁၇ ရက္ေန႔ မတိုင္ခင္ထိ လူစာရင္း ျပန္စုေဝးတာေတြ လုပ္ႏုိင္မွာ မဟုတ္ပါဘူး။

ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို ကာကြယ္လိုတဲ့ ယာဂင္ကေလာ့ပ္ဟာ ဒဏ္ရာျပႆနာ ေရွာင္လြဲဖို႔ကို ဦးစားေပးအျဖစ္ လုပ္ေဆာင္သြားမွာျဖစ္တယ္။ အားလပ္ရက္ တိုလြန္းတာက ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈကို အႏၱရာယ္ၾကီးႏုိင္တာေၾကာင့္ မႏွစ္ကရာသီ ပြဲကစားခြင့္ နည္းထားတဲ့ အသင္းသားေတြကို လူငယ္ေတြနဲ႔ တြဲဘက္ေပးတာက ပိုေကာင္းတဲ့ နည္းလမ္းျဖစ္ဖို႔လည္း ယူဆၾကပါတယ္။

ကြန္ျမဴနတီဒိုင္းကို ပံုမွန္အတိုင္း က်င္းပမွာျဖစ္သလို အေစာပိုင္းမွာ ပရိသတ္ ဝင္ခြင့္ေပးမႈေတြကိုလည္း စတင္ မိတ္ဆက္မယ္လို႔ ဆိုထားေပမယ့္ လုပ္ႏုိင္ဖြယ္ မရွိေတာ့ပါဘူး။ ျဗိတိန္အစိုးရက ေလာ့ေဒါင္းဆိုင္ရာ အမိန္႔ေတြကို သတိထားလာတာေၾကာင့္ ကြန္ျမဴနတီဒိုင္းပြဲမွာ လူဝင္ခြင့္ေပးဖို႔ အာမခံခ်က္ မေပးထားပါဘူး။

နားရက္ရွည္ေတြ မရွိဘဲ ျပင္းထန္တဲ့ ျပိဳင္ပြဲကို ကစားေစတာက ေကာင္းက်ိဳးထက္ ဆိုးက်ိဳးတာ ပိုမ်ားႏုိင္တာေၾကာင့္ ႏွစ္သင္းက ဘယ္လို လူစာရင္းနဲ႔ ယွဥ္ျပိဳင္ေစမလဲ စဥ္းစားၾကဦးမွာျဖစ္တယ္။ လက္ရွိ အေျခအေနထိေတာ့ လူငယ္ေတြကို အသားေပးဖို႔ပဲ ႏွစ္သင္းလံုး ဆႏၵရွိေနၾကတာျဖစ္ပါတယ္။