တနင်္ဂနွေနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းက အက်ဖ်အေဖလား ဗိုလ်လုပွဲ နိုင်ပွဲ အပြီးမှာ အသင်းမှာ ဆက်ရှိဖို့ အခြေအနေ မေးမြန်းခြင်း ခံရရာမှာတော့ ဖြေဆိုဖို့ ငြင်းဆန်သွားခဲ့ပါတယ်။ ထို အပြုအမူကြောင့် အူဘာတစ်ယောက် အသင်းက ထွက်ဖို့ ဆုံးဖြတ်ချက် ချပြီးပြီလို့ ထင်ကြေး ပေးမှုတွေ မြင့်တက်နေပါတယ်။

ချယ်ဆီးအသင်းကို အောင်မြင်မှုဆီ ခေါ်ဆောင်သွားဖို့ အတွက် နည်းပြ လမ်းပတ် အနေနဲ့ ဆရာဟောင်း ဂျို့စ် မော်ရင်ညို ကဲ့သို့ အောင်မြင်မှု ဆာလောင်တဲ့ စိတ်ဓာတ်တွေ ကစားသမားတွေထံ ရိုက်သွင်းပေးဖို့ လိုဦးမှာ ဖြစ်ကြောင်း Goal သတင်းဌာနက သုံးသပ်သွားခဲ့ပါတယ်။

အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ရခဲ့တဲ့ ဒဏ်ရာတွေကြောင့် ချယ်ဆီးအသင်းဟာ အားထားရတဲ့ တိုက်စစ်သမား ပူလီဆစ်နဲ့ အသင်းခေါင်းဆောင် ကွီတာတို့ိကို ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ပွဲမှာ ထည့်သွင်းနိုင်ဖွယ် မရှိတော့ပါဘူး။

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က အသင်း ဆုဖလားအောင်ပွဲခံ ပါတီကို တက်ခွင့် ဖိတ်ကြားမှုကို ငြင်းဆန်ခဲ့ကြောင်း ထုတ်ပြောလိုက်ပြီး ကလော့ပ်က ကမ္ဘာအကောင်းဆုံး မန်နေဂျာပါလို့ ချီးကျူးလိုက်ပါတယ်။

အာဆင်နယ်မန်နေဂျာ အာတီတာက သူ့ရဲ့ မန်နေဂျာဘဝ ပထမဆုံး ဆုဖလားကို အနိုင်ရအပြီးမှာ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာကို ကျေးဇူးတင်စကာား ပြောဆိုသွားပါတယ်။

ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးနဲ့ အာဆင်နယ်တို့ ပစ်မှတ်ထားခြင်း ခံနေရတဲ့ ကွင်းလယ် ကစားသမား ဒိုမိနစ် ဇိုဘော့စ်လိုင် အတွက် ဆဲလ်ဘတ် အသင်းက တန်ကြေး ပေါင် ၂၆ သန်း သတ်မှတ်လိုက်ပါတယ်။

လီဗာပူးအသင်းနဲ့ Nike တို့ရဲ့ စာချုပ်သစ်ဟာ အနိမ့်ဆုံး ပေါင် ၇၅ သန်းလောက်ထိ အကျိုးအမြတ်ရနိုင်လို့ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံး ဂျာစီစပွန်ဆာရထားတဲ့ ယူနိုက်တက်ကို မှီသွားမှာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် ပွဲကြို သုံသပ်မှု ပြုလုပ်သွားပြီး မက်ဒရစ်က ကောင်တာအသားပေး ကစားမှာဖြစ်ကြောင့်နဲ့ မန်စီးတီးအတွက် ဒီရာသီလောက် ချန်ပီယံလိဂ်ဖလား အောင်မြင်နိုင်ရေး အလေးသာတဲ့ အခြေအနေ ထပ်မရနိုင်ဘူးလို့ ပြောပါတယ်။

ယူနိုက်တက် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ချ်ကို စီးတီးကလည်း စိတ်ဝင်စား လာတာကြောင့် အက်စတွန်ဗီလာကတော့ ပေါင် သန်း ၈၀ ရမှ ရောင်းချမယ်လို့ လေသံပစ်လာပါတယ်။

ရိုးမားမှာ အငှား ကစားနေတဲ့ ခံစစ်မှူး စမောလင်းဟာ ဒီတပတ်ထဲမှာပဲ ယူနိုက်တက်ထံ ပြန်လာတော့မှာ ဖြစ်ပါတယ်။ ၎င်းကို ရိုးမားက အပြီး ခေါ်ယူလိုပေမယ့် ယူနိုက်တက်နဲ့ ညှိနှိုင်းမရတာကြောင့် စပါးခံစစ်မှူး ဗာတွန်ဂန်ကို လိုက်လံ ချိတ်ဆက်နေပါတယ်။

အာဆင်နယ်မန်နေဂျာ အာတီတာဟာ သူ့ရဲ့အသင်းကို အင်အားဖြည့်ဖို့ ဆီးဗီးလာခံစစ်မှူး ဒီယေဂို ကားလိုစ့်ကို ခေါ်ယူလိုကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

လီဗာပူးအသင်း ဘယ်အစွန်လူ လာရိုစီဟာ လိဒ်ကို ရောက်ဖို့ နီးစပ်နေပြီး လီဗာပူးဘက်ကတော့ အိုလံပီယာကိုစ့် ဘယ်အစွန်လူကို ခေါ်ယူလိုနေပါတယ်။

ယူနိုက်တက်ဟာ ဒီဂီယာ နေရာ အစားထိုးနိုင်ဖို့ ဂိုးသမား ရှာဖွေမှုတွေ ရှိနေပြီး လက်စတာ ဂိုးသမား ကပ်စပါ ရှမိုက်ကယ်ကို စိတ်ဝင်စားနေကြောင်း အင်္ဂလန်သတင်းဌာနတွေမှာ ဖော်ပြလာပါတယ်။

ယူနိုက်တက် လူငယ်ကစားသမား ဂရင်းဝုဒ်ဟာ ဇူလိုင်လ အတွက် ယူနိုက်တက် အကောင်းဆုံး ကစားသမားဆုကို ဖာနန်ဒက်စ်နဲ့ မာရှယ်ကို ကျော်ဖြတ်ကာ ရယူသွားပါတယ်။ မဲပေးမှုမှာ ဂရင်းဝုဒ်က ၄၆% ရရှိခဲ့ပြီး တိုက်စစ်မှူး မာရှယ်က ၂၈%နဲ့ ဘရူနို ဖာနန်ဒက်စ် က ၂၆% အသီးသီး ရရှိခဲ့တာပါ။

ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီဖြစ်တဲ့ ဘုန်းမောက်အတွက် စိတ်မကောင်းစရာ သတင်းကတော့ မန်နေဂျာဟိုဝီ အသင်းကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီးယန္းက အက္ဖ္ေအဖလား ဗိုလ္လုပြဲ နုိင္ပြဲ အျပီးမွာ အသင္းမွာ ဆက္ရွိဖို႔ အေျခအေန ေမးျမန္းျခင္း ခံရရာမွာေတာ့ ေျဖဆိုဖို႔ ျငင္းဆန္သြားခဲ့ပါတယ္။ ထို အျပဳအမူေၾကာင့္ အူဘာတစ္ေယာက္ အသင္းက ထြက္ဖို႔ ဆံုးျဖတ္ခ်က္ ခ်ျပီးျပီလို႔ ထင္ေၾကး ေပးမႈေတြ ျမင့္တက္ေနပါတယ္။

ခ်ယ္ဆီးအသင္းကို ေအာင္ျမင္မႈဆီ ေခၚေဆာင္သြားဖို႔ အတြက္ နည္းျပ လမ္းပတ္ အေနနဲ႕ ဆရာေဟာင္း ဂ်ိဳ႔စ္ ေမာ္ရင္ညိဳ ကဲ့သို႔ ေအာင္ျမင္မႈ ဆာေလာင္တဲ့ စိတ္ဓာတ္ေတြ ကစားသမားေတြထံ ရိုက္သြင္းေပးဖို႔ လိုဦးမွာ ျဖစ္ေၾကာင္း Goal သတင္းဌာနက သံုးသပ္သြားခဲ့ပါတယ္။

အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ရခဲ့တဲ့ ဒဏ္ရာေတြေၾကာင့္ ခ်ယ္ဆီးအသင္းဟာ အားထားရတဲ့ တိုက္စစ္သမား ပူလီဆစ္နဲ႕ အသင္းေခါင္းေဆာင္ ကြီတာတို႔ိကို ဘိုင္ယန္ျမဴးနစ္နဲ႕ ရင္ဆိုင္ရမယ့္ ခ်န္ပီယံလိဂ္ ပြဲမွာ ထည့္သြင္းနုိင္ဖြယ္ မရွိေတာ့ပါဘူး။

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က အသင္း ဆုဖလားေအာင္ပြဲခံ ပါတီကို တက္ခြင့္ ဖိတ္ၾကားမႈကို ျငင္းဆန္ခဲ့ေၾကာင္း ထုတ္ေျပာလိုက္ျပီး ကေလာ့ပ္က ကမၻာအေကာင္းဆံုး မန္ေနဂ်ာပါလို႔ ခ်ီးက်ဴးလိုက္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အာတီတာက သူ႔ရဲ႕ မန္ေနဂ်ာဘဝ ပထမဆံုး ဆုဖလားကို အႏုိင္ရအျပီးမွာ ဆရာေဟာင္းျဖစ္သူ ဂြာဒီယိုလာကို ေက်းဇူးတင္စကာား ေျပာဆိုသြားပါတယ္။

ပရီးမီးယားလိဂ္ကလပ္ ခ်ယ္ဆီးနဲ႕ အာဆင္နယ္တို႔ ပစ္မွတ္ထားျခင္း ခံေနရတဲ့ ကြင္းလယ္ ကစားသမား ဒိုမိနစ္ ဇိုေဘာ့စ္လိုင္ အတြက္ ဆဲလ္ဘတ္ အသင္းက တန္ေၾကး ေပါင္ ၂၆ သန္း သတ္မွတ္လိုက္ပါတယ္။

လီဗာပူးအသင္းနဲ႔ Nike တို႔ရဲ႕ စာခ်ဳပ္သစ္ဟာ အနိမ့္ဆံုး ေပါင္ ၇၅ သန္းေလာက္ထိ အက်ိဳးအျမတ္ရႏုိင္လို႔ ပရီးမီးယားလိဂ္ရဲ႕ အျမင့္ဆံုး ဂ်ာစီစပြန္ဆာရထားတဲ့ ယူႏုိက္တက္ကို မွီသြားမွာျဖစ္တယ္လို႔ သံုးသပ္ေနၾကပါတယ္။

ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ဝိန္းရြန္းနီက မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္ ပြဲၾကိဳ သံုသပ္မႈ ျပဳလုပ္သြားျပီး မက္ဒရစ္က ေကာင္တာအသားေပး ကစားမွာျဖစ္ေၾကာင့္နဲ႔ မန္စီးတီးအတြက္ ဒီရာသီေလာက္ ခ်န္ပီယံလိဂ္ဖလား ေအာင္ျမင္ႏုိင္ေရး အေလးသာတဲ့ အေျခအေန ထပ္မရႏုိင္ဘူးလို႔ ေျပာပါတယ္။

ယူနိုက္တက္ ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္တဲ့ ကြင္းလယ္ကစားသမား ဂ်က္ ဂေရးလစ္ခ်္ကို စီးတီးကလည္း စိတ္၀င္စား လာတာေၾကာင့္ အက္စတြန္ဗီလာကေတာ့ ေပါင္ သန္း ၈၀ ရမွ ေရာင္းခ်မယ္လို႔ ေလသံပစ္လာပါတယ္။

ရိုးမားမွာ အငွား ကစားေနတဲ့ ခံစစ္မွဴး စေမာလင္းဟာ ဒီတပတ္ထဲမွာပဲ ယူနိုက္တက္ထံ ျပန္လာေတာ့မွာ ျဖစ္ပါတယ္။ ၄င္းကို ရိုးမားက အျပီး ေခၚယူလိုေပမယ့္ ယူနိုက္တက္နဲ႕ ညွိနိႈင္းမရတာေၾကာင့္ စပါးခံစစ္မွဴး ဗာတြန္ဂန္ကို လိုက္လံ ခ်ိတ္ဆက္ေနပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အာတီတာဟာ သူ႔ရဲ႕အသင္းကို အင္အားျဖည့္ဖို႔ ဆီးဗီးလာခံစစ္မွဴး ဒီေယဂို ကားလိုစ့္ကို ေခၚယူလိုေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

လီဗာပူးအသင္း ဘယ္အစြန္လူ လာရိုစီဟာ လိဒ္ကို ေရာက္ဖို႔ နီးစပ္ေနျပီး လီဗာပူးဘက္ကေတာ့ အိုလံပီယာကိုစ့္ ဘယ္အစြန္လူကို ေခၚယူလိုေနပါတယ္။

ယူနိုက္တက္ဟာ ဒီဂီယာ ေနရာ အစားထိုးနုိင္ဖို႔ ဂိုးသမား ရွာေဖြမႈေတြ ရွိေနျပီး လက္စတာ ဂိုးသမား ကပ္စပါ ရွမိုက္ကယ္ကို စိတ္၀င္စားေနေၾကာင္း အဂၤလန္သတင္းဌာနေတြမွာ ေဖာ္ျပလာပါတယ္။

ယူနိုက္တက္ လူငယ္ကစားသမား ဂရင္း၀ုဒ္ဟာ ဇူလိုင္လ အတြက္ ယူနုိက္တက္ အေကာငး္ဆံုး ကစားသမားဆုကို ဖာနန္ဒက္စ္နဲ႕ မာရွယ္ကို ေက်ာ္ျဖတ္ကာ ရယူသြားပါတယ္။ မဲေပးမႈမွာ ဂရင္း၀ုဒ္က ၄၆% ရရွိခဲ့ျပီး တိုက္စစ္မွဴး မာရွယ္က ၂၈%နဲ႕ ဘရူနို ဖာနန္ဒက္စ္ က ၂၆% အသီးသီး ရရွိခဲ့တာပါ။

ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရျပီျဖစ္တဲ့ ဘုန္းေမာက္အတြက္ စိတ္မေကာင္းစရာ သတင္းကေတာ့ မန္ေနဂ်ာဟိုဝီ အသင္းကေန ႏုတ္ထြက္သြားခဲ့ျပီျဖစ္ပါတယ္။