ချန်ပီယံလိဂ်ဖလားနဲ့ ပက်သက်ပြီး မန်စီးတီးကို သတိပေးလိုက်တဲ့ ဝိန်းရွန်းနီ

UNICODE – ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်းနီက မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် ပွဲကြို သုံသပ်မှု ပြုလုပ်သွားပါတယ်။

မတ်လတုန်းက ၁၆ သင်း အဆင့် ပထမအကျော့အဖြစ် နှစ်သင်းဟာ ဘာနေဗျူးမှာ ကစားခဲ့ပြီး မန်စီးတီးက ၂-၁ နဲ့ အနိုင်ရခဲ့တယ်။ ကိုဗစ်ကြောင့် ဒုတိယအကျော့ကို ဆက် မကစားနိုင်ခဲ့ကာ ဒီလထဲမှာ ဒုတိယအကျော့ကို ကစားရမှာ ဖြစ်ပါတယ်။

ဝိန်းရွန်းနီက “ မန်စီးတီးအတွက် ချန်ပီယံလိဂ်ကို အနိုင်ရဖို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေး ထပ်ရနိုင်မှာ မဟုတ်ပါဘူး။ ရာမိုစ့် ပွဲပယ်ခံရမှာကလည်း ရီးရဲလ်ခံစစ်အတွက် အကြီးမားဆုံး ဆုံးရံှူးမှုဖြစ်တယ်။ ဒီပွဲမှာ မန်စီးတီးက ဂိုးသွင်းနိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ကိုယ်တိုင်ရဲ့ ခံစစ်ကကော ကျစ်လစ်မှုရှိမလားကသာ ကျနော် မေးမိတဲ့ မေးခွန်းပါ။

ရီးရဲလ်မက်ဒရစ်က မန်စီးတီးရဲ့ ခံစစ်ကြောင်းကို ပစ်မှတ်ထားပါလိမ့်မယ်။ စိတ်ပူစရာက ဒီရာသီမှာ ကြီး ၆ ကြီး ပြိုင်ဘက် အားလုံးက မန်စီးတီးကို အနိုင်ယူထားတယ်။ ဒါက ဂွာဒီယိုလာက သူ့ရဲ့ အကောင်းဆုံးအသင်းကို ထုတ်သုံးဖို့ ရုန်းကန်နေရတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ရွန်းနီးကတော့ ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က မန်စီးတီးကို ဘောလုံးပိုင်ဆိုင်မှု ပေးထားပြီး သူတို့ရဲ့ ကျော်ကြားတဲ့ ကောင်တာ တိုက်စစ်နဲ့ ကစားမယ်လို့ ယုံကြည်ထားတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက “ ရီးရဲလ်မက်ဒရစ် မန်နေဂျာဘဝ ပထမဆုံး ကိုင်တွယ်စဉ်က ဇီဒန်းဟာ ပွဲကြီးတွေမှာ ဂွာဒီယိုလာစတိုင် အသင်းတွေကို ကောင်တာတွေနဲ့ ရင်ဆိုင်ကစားခဲ့ပြီး အောင်မြင်မှုတွေ ရခဲ့ပါတယ်။ ကျနော်ကတော့ စီးတီးဘက်က လောင်းကြေးထပ်မှာပါ။ သူတို့ သဲကြီးမဲကြီး ကစားဖို့ မလိုဘူး၊ ဂိုးတွေ သွင်းနေဖို့ မလိုဘူး။ ၁-၀ နဲ့ ရံှူးရင်တောင် နောက်တစ်ဆင့်ကို တက်ပါတယ်။

ပထမအကျော့တုန်းက မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်ကို အံ့အားသင့်စေခဲ့တယ်။ ဂွာဒီယိုလာအသင်း အဲ့လို ကစားတာ ပထမဆုံး မြင်ဖူးတာပါပဲ။ အီသီဟတ်မှာလည်း အဲ့လိုပဲ ကစားမယ်လို့ ထင်ပါတယ်။ ကြောင်နဲ့ ကြွက် ကစားတဲ့ပွဲ ဖြစ်လာနိုင်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI – ယူႏုိက္တက္ အသင္းေခါင္းေဆာင္ေဟာင္း ဝိန္းရြန္းနီက မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္ ပြဲၾကိဳ သံုသပ္မႈ ျပဳလုပ္သြားပါတယ္။

မတ္လတုန္းက ၁၆ သင္း အဆင့္ ပထမအေက်ာ့အျဖစ္ ႏွစ္သင္းဟာ ဘာေနဗ်ဴးမွာ ကစားခဲ့ျပီး မန္စီးတီးက ၂-၁ နဲ႔ အႏုိင္ရခဲ့တယ္။ ကိုဗစ္ေၾကာင့္ ဒုတိယအေက်ာ့ကို ဆက္ မကစားႏုိင္ခဲ့ကာ ဒီလထဲမွာ ဒုတိယအေက်ာ့ကို ကစားရမွာ ျဖစ္ပါတယ္။

ဝိန္းရြန္းနီက “ မန္စီးတီးအတြက္ ခ်န္ပီယံလိဂ္ကို အႏုိင္ရဖို႔ ဒီေလာက္ေကာင္းတဲ့ အခြင့္အေရး ထပ္ရႏုိင္မွာ မဟုတ္ပါဘူး။ ရာမိုစ့္ ပြဲပယ္ခံရမွာကလည္း ရီးရဲလ္ခံစစ္အတြက္ အၾကီးမားဆံုး ဆံုးရံွဴးမႈျဖစ္တယ္။ ဒီပြဲမွာ မန္စီးတီးက ဂိုးသြင္းႏုိင္လိမ့္မယ္လို႔ က်ေနာ္ ထင္ပါတယ္။ သူတို႔ကိုယ္တိုင္ရဲ႕ ခံစစ္ကေကာ က်စ္လစ္မႈရွိမလားကသာ က်ေနာ္ ေမးမိတဲ့ ေမးခြန္းပါ။

ရီးရဲလ္မက္ဒရစ္က မန္စီးတီးရဲ႕ ခံစစ္ေၾကာင္းကို ပစ္မွတ္ထားပါလိမ့္မယ္။ စိတ္ပူစရာက ဒီရာသီမွာ ၾကီး ၆ ၾကီး ျပိဳင္ဘက္ အားလံုးက မန္စီးတီးကို အႏုိင္ယူထားတယ္။ ဒါက ဂြာဒီယိုလာက သူ႔ရဲ႕ အေကာင္းဆံုးအသင္းကို ထုတ္သံုးဖို႔ ရုန္းကန္ေနရတယ္ဆိုတဲ့ အဓိပၸာယ္ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ရြန္းနီးကေတာ့ ဒီပြဲမွာ ရီးရဲလ္မက္ဒရစ္က မန္စီးတီးကို ေဘာလံုးပိုင္ဆုိင္မႈ ေပးထားျပီး သူတို႔ရဲ႕ ေက်ာ္ၾကားတဲ့ ေကာင္တာ တိုက္စစ္နဲ႔ ကစားမယ္လို႔ ယံုၾကည္ထားတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ေဟာင္းက “ ရီးရဲလ္မက္ဒရစ္ မန္ေနဂ်ာဘဝ ပထမဆံုး ကိုင္တြယ္စဥ္က ဇီဒန္းဟာ ပြဲၾကီးေတြမွာ ဂြာဒီယိုလာစတိုင္ အသင္းေတြကို ေကာင္တာေတြနဲ႔ ရင္ဆိုင္ကစားခဲ့ျပီး ေအာင္ျမင္မႈေတြ ရခဲ့ပါတယ္။ က်ေနာ္ကေတာ့ စီးတီးဘက္က ေလာင္းေၾကးထပ္မွာပါ။ သူတို႔ သဲၾကီးမဲၾကီး ကစားဖို႔ မလိုဘူး၊ ဂိုးေတြ သြင္းေနဖို႔ မလိုဘူး။ ၁-၀ နဲ႔ ရံွဴးရင္ေတာင္ ေနာက္တစ္ဆင့္ကို တက္ပါတယ္။

ပထမအေက်ာ့တုန္းက မန္စီးတီးဟာ ရီးရဲလ္မက္ဒရစ္ကို အံ့အားသင့္ေစခဲ့တယ္။ ဂြာဒီယိုလာအသင္း အဲ့လို ကစားတာ ပထမဆံုး ျမင္ဖူးတာပါပဲ။ အီသီဟတ္မွာလည္း အဲ့လိုပဲ ကစားမယ္လို႔ ထင္ပါတယ္။ ေၾကာင္နဲ႔ ၾကြက္ ကစားတဲ့ပြဲ ျဖစ္လာႏုိင္ပါတယ္ ” လို႔ ဆိုခဲ့ပါတယ္။