ယူနိုက်တက် ပစ်မှတ် ဂရေးလစ်ချ်ကို မန်စီးတီးပါ စိတ်ဝင်စားလာတာကြောင့် ဈေးကိုင်ထားတဲ့ ဗီလာ

အက်စတွန်ဗီလာ အသင်းဟာ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ချ်ကို ယူနိုက်တက် စိတ်ဝင်စားနေတဲ့ အပြင် မန်စီးတီး ကပါ ပါဝင်လာတာကြောင့် သတ်မှတ်ထားတဲ့ တန်ကြေး ပေါင် သန်း ၈၀ ကို မလျှော့နိုင်ဘူးလို့ ဆက်လက် တင်းခံနေပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အသက် ၂၄ နှစ်အရွယ် အင်္ဂလန်သား ကွင်းလယ်သမားကို အလိုရှိနေပေမယ့် ဗီလာရဲ့ ဆိုဈေးက မြင့်လွန်းနေတာကြောင့် အခြား ကစားသမားတွေလည်း ဆက်လက် ရှာဖွေနေပါတယ်။

အက်စတွန်ဗီလာဟာ တန်းဆင်းဇုန် အန္တရာယ် ကျရောက်နေစဉ်က ဂရေးလစ်ချ်ကို လျှော့ဈေးနဲ့ ထုတ်ရောင်းရမှာ စိုးရွံ့ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်ခဲ့တာကြောင့် ခပ်မာမာ စောင့်ဆိုင်းတော့မှာ ဖြစ်ပါတယ်။

တန်းဆင်းသွားရတဲ့ သုံးသင်းကတော့ သူတို့ရဲ့ အကောင်းဆုံး ကစားသမားတွေကို လက်လွှတ်နေရပြီ ဖြစ်ပြီး ဘုန်းမောက်မှ အကီကို မန်စီးတီးက ပေါင် သန်း ၄၀ နဲ့ ခေါ်ယူသွားခဲ့ပါတယ်။

အင်္ဂလန်သတင်းဌာနတွေ အဆိုအရတော့ အက်စတွန်ဗီလာ အသင်း တာဝန် ရှိသူတွေက ဂရေးလစ်ချ် တန်ကြေးဟာ အကီထက်တော့ နှစ်ဆ ရသင့်တယ် ယူဆနေကြပြီး ပေါင် သန်း ၈၀ အလိုရှိနေပါတယ်။

ဂရေးလစ်ချ်ဟာ ဇာတိကလပ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိပုံ အနည်းငယ် ပြသနေပေမယ့် ယူနိုက်တက် ဘက်ကတော့ တန်ကြေး မြင့်လွန်းတဲ့ ဂရေးလစ်ချ်ကို ခေါ်ယူဖို့ သွေးအေးလာနေပါတယ်။ အက်စတွန်ဗီလာကတော့ ယူနိုက်တက်ရဲ့ ပြိုင်ဘက် မန်စီးတီးကပါ ဂရေးလစ်ချ်ကို စိတ်ဝင်စားဟန် ပြသလာတာကြောင့် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ရဖို့ ဆက်လက် တင်းခံနေဖို့ ရှိပါတယ်။

Zawgyi – အက်စတွန်ဗီလာ အသင်းဟာ ၄င်းတို့ရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဂျက် ဂရေးလစ်ခ်ျကို ယူနိုက်တက် စိတ်ဝင်စားနေတဲ့ အပြင် မန်စီးတီး ကပါ ပါဝင်လာတာကြောင့် သတ်မှတ်ထားတဲ့ တန်ကြေး ပေါင် သန်း ၈၀ ကို မလျှော့နိုင်ဘူးလို့ ဆက်လက် တင်းခံနေပါတယ်။


အက်စတွန်ဗီလာဟာ တန်းဆင်းဇုန် အန္တရာယ် ကျရောက်နေစဉ်က ဂရေးလစ်ခ်ျကို လျှော့ဈေးနဲ့ ထုတ်ရောင်းရမှာ စိုးရွံ့ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ ဆက်လက် တင်ကျန်ခဲ့တာကြောင့် ခပ်မာမာ စောင့်ဆိုင်းတော့မှာ ဖြစ်ပါတယ်။


အင်္ဂလန်သတင်းဌာနတွေ အဆိုအရတော့ အက်စတွန်ဗီလာ အသင်း တာဝန် ရှိသူတွေက ဂရေးလစ်ခ်ျ တန်ကြေးဟာ အကီထက်တော့ နှစ်ဆ ရသင့်တယ် ယူဆနေကြပြီး ပေါင် သန်း ၈၀ အလိုရှိနေပါတယ်။

ဂရေးလစ်ခ်ျဟာ ဇာတိကလပ်အသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိပုံ အနည်းငယ် ပြသနေပေမယ့် ယူနိုက်တက် ဘက်ကတော့ တန်ကြေး မြင့်လွန်းတဲ့ ဂရေးလစ်ခ်ျကို ခေါ်ယူဖို့ သွေးအေးလာနေပါတယ်။ အက်စတွန်ဗီလာကတော့ ယူနိုက်တက်ရဲ့ ပြိုင်ဘက် မန်စီးတီးကပါ ဂရေးလစ်ခ်ျကို စိတ်ဝင်စားဟန် ပြသလာတာကြောင့် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ရဖို့ ဆက်လက် တင်းခံနေဖို့ ရှိပါတယ်။