NEWS: အာဆင်နယ်ကို အသွင်ပြောင်းဖို့ ယူရို ၇၅ သန်းတန် ခံစစ်မှူးကို လိုချင်တဲ့ အာတီတာ

UNICODE – အာဆင်နယ်မန်နေဂျာ အာတီတာဟာ သူ့ရဲ့အသင်းကို အင်အားဖြည့်ဖို့ ဆီးဗီးလာခံစစ်မှူး ဒီယေဂို ကားလိုစ့်ကို ခေါ်ယူလိုကြောင်း တယ်လီဂရပ်က ဖော်ပြပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရာဇီး ခံစစ်သမားကို ခေါ်ယူလိုတဲ့ ကလပ်တွေက ဥရောပမှာကော ပရီးမီးယားလိဂ်မှာ အများအပြား ရှိနေပါတယ်။ အဲ့ထဲမှာတော့ အာဆင်နယ်မန်နေဂျာ အာတီတာနဲ့ နည်းစနစ်ဒါရိုက်တာ အီဒူးတို့ကလည်း ကားလိုစ့်ကို ခေါ်ယူနိုင်ရေး ပစ်မှတ်ထားနေတာပါ။

ခံစစ်ပိုင်းဟာ အာဆင်နယ်ပြင်ဆင်ရမယ့် အဓိက နေရာအဖြစ် သူတို့ နှစ်ဦးက နားလည်ထားတယ်။ အာဆင်နယ်မှာ ဆိုကရေးတက်စ်၊ ချမ်ဘာတို့ ရှိနေသေးပေမယ့် မာရီနဲ့ မူစတာဖီတို့က ရာသီအစောပိုင်းတွေကို လွဲမှာဖြစ်တယ်။ ဆာလီဘာ ပြင်သစ်ကနေ ပြန်ရောက်လာသော်လည်း စီနီယာအဆင့်မှာ တောက်ပဖို့ရာ အသက် ၁၉ နှစ်အရွယ် ကစားသမားက နုနယ်သေးတာဖြစ်တယ်။

လူးဝစ်ကတော့ အာဆင်နယ်နဲ့ သက်တမ်းတိုးထားပြီး ဟိုးဒင်းရဲ့ အနာဂတ်က မသေချာသေးပါဘူး။ ဒါကြောင့် ခံစစ်နှလုံးသားကို ဦးဆောင်ပေးဖို့ရာ ဆီးဗီးလာနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိနေတဲ့ ကားလိုစ့်ကို အာဆင်နယ်က ခေါ်ယူလိုနေတာဖြစ်တယ်။ ကစားသမားရဲ့ စာချုပ်မှာတော့ ယူရို ၇၅ သန်းရမှ ထွက်ခွာခွင့်ပေးဖို့ ပါဝင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဆီးဗီးလာကလည်း သူတို့ ခံစစ်သမားအတွက် ဈေးချပြီး ကမ်းလှမ်းလာမှာတွေကို လက်ခ့လိုတယ်။ ဒါပေမယ့် ယူရို သန်း ၆၀ လောက်ထိ ဈေးချမှာကိုတော့ အင်တင်တင်ဖြစ်နေပါတယ်။ ဒီပမာဏကတောင် အာဆင်နယ်အတွက် အခက်အခဲတွေ ရှိနေဆဲပါ။

အာတီတာက နွေမှာ ကစားသမား ခေါ်ယူလိုပေမယ့် ဘဏ္ဍာရေး အသုံးစရိတ်က နည်းပါးလို့ စပိန်သားဟာ အီဒူးနဲ့ တိုင်ပင်မှုတွေ လုပ်ရမှာဖြစ်တယ်။ အာဆင်နယ်ဟာ ကလပ်ရဲ့ လုပ်ခမြင့် ကစားသမား အိုဇေး၊ လူငယ်ကွင်းလယ်လူ ဂွမ်ဒေါင်ဖီတို့ကို မန်နေဂျာအာတီတာ မီးစိမ်းပြထားမှုကြောင့် ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပါသေးတယ်။

ဂွမ်ဒေါင်ဇီကို ရောင်းထုတ်မှုကနေ ကွင်းလယ်လူတစ်ဦး အင်အားဖြည့်ဖို့က အာဆင်နယ်ရဲ့ ဦးစားပေးဖြစ်ပြီး အက်သလက်တီကို ကွင်းလယ်လူ ပါတေးကို လက်မှတ်ထိုးဖို့က ဖြစ်နိုင်တဲ့ အပြောင်းအရွှေ့ ဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္မန္ေနဂ်ာ အာတီတာဟာ သူ႔ရဲ႕အသင္းကို အင္အားျဖည့္ဖို႔ ဆီးဗီးလာခံစစ္မွဴး ဒီေယဂို ကားလိုစ့္ကို ေခၚယူလိုေၾကာင္း တယ္လီဂရပ္က ေဖာ္ျပပါတယ္။

အသက္ ၂၇ ႏွစ္အရြယ္ ဘရာဇီး ခံစစ္သမားကို ေခၚယူလိုတဲ့ ကလပ္ေတြက ဥေရာပမွာေကာ ပရီးမီးယားလိဂ္မွာ အမ်ားအျပား ရွိေနပါတယ္။ အဲ့ထဲမွာေတာ့ အာဆင္နယ္မန္ေနဂ်ာ အာတီတာနဲ႔ နည္းစနစ္ဒါရိုက္တာ အီဒူးတို႔ကလည္း ကားလိုစ့္ကို ေခၚယူႏုိင္ေရး ပစ္မွတ္ထားေနတာပါ။

ခံစစ္ပိုင္းဟာ အာဆင္နယ္ျပင္ဆင္ရမယ့္ အဓိက ေနရာအျဖစ္ သူတို႔ ႏွစ္ဦးက နားလည္ထားတယ္။ အာဆင္နယ္မွာ ဆိုကေရးတက္စ္၊ ခ်မ္ဘာတို႔ ရွိေနေသးေပမယ့္ မာရီနဲ႔ မူစတာဖီတို႔က ရာသီအေစာပိုင္းေတြကို လြဲမွာျဖစ္တယ္။ ဆာလီဘာ ျပင္သစ္ကေန ျပန္ေရာက္လာေသာ္လည္း စီနီယာအဆင့္မွာ ေတာက္ပဖို႔ရာ အသက္ ၁၉ ႏွစ္အရြယ္ ကစားသမားက ႏုနယ္ေသးတာျဖစ္တယ္။

လူးဝစ္ကေတာ့ အာဆင္နယ္နဲ႔ သက္တမ္းတိုးထားျပီး ဟိုးဒင္းရဲ႕ အနာဂတ္က မေသခ်ာေသးပါဘူး။ ဒါေၾကာင့္ ခံစစ္ႏွလံုးသားကို ဦးေဆာင္ေပးဖို႔ရာ ဆီးဗီးလာနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေနတဲ့ ကားလိုစ့္ကို အာဆင္နယ္က ေခၚယူလိုေနတာျဖစ္တယ္။ ကစားသမားရဲ႕ စာခ်ဳပ္မွာေတာ့ ယူရို ၇၅ သန္းရမွ ထြက္ခြာခြင့္ေပးဖို႔ ပါဝင္ပါတယ္။

တစ္ခ်ိန္တည္းမွာပဲ ဆီးဗီးလာကလည္း သူတို႔ ခံစစ္သမားအတြက္ ေစ်းခ်ျပီး ကမ္းလွမ္းလာမွာေတြကို လက္ခ့လိုတယ္။ ဒါေပမယ့္ ယူရို သန္း ၆၀ ေလာက္ထိ ေစ်းခ်မွာကိုေတာ့ အင္တင္တင္ျဖစ္ေနပါတယ္။ ဒီပမာဏကေတာင္ အာဆင္နယ္အတြက္ အခက္အခဲေတြ ရွိေနဆဲပါ။

အာတီတာက ေႏြမွာ ကစားသမား ေခၚယူလိုေပမယ့္ ဘ႑ာေရး အသံုးစရိတ္က နည္းပါးလို႔ စပိန္သားဟာ အီဒူးနဲ႔ တိုင္ပင္မႈေတြ လုပ္ရမွာျဖစ္တယ္။ အာဆင္နယ္ဟာ ကလပ္ရဲ႕ လုပ္ချမင့္ ကစားသမား အိုေဇး၊ လူငယ္ကြင္းလယ္လူ ဂြမ္ေဒါင္ဖီတို႔ကို မန္ေနဂ်ာအာတီတာ မီးစိမ္းျပထားမႈေၾကာင့္ ေရာင္းထုတ္ဖို႔ အဆင္သင့္ျဖစ္ေနပါေသးတယ္။

ဂြမ္ေဒါင္ဇီကို ေရာင္းထုတ္မႈကေန ကြင္းလယ္လူတစ္ဦး အင္အားျဖည့္ဖို႔က အာဆင္နယ္ရဲ႕ ဦးစားေပးျဖစ္ျပီး အက္သလက္တီကို ကြင္းလယ္လူ ပါေတးကို လက္မွတ္ထိုးဖို႔က ျဖစ္ႏုိင္တဲ့ အေျပာင္းအေရႊ႔ ျဖစ္ပါတယ္။