ဟိုဝီနဲ့ အဓိက ထောက်တိုင်တွေ ဆုံးရံှူးမှုကြောင့် တန်းပြန်တက်ဖို့ အခက်တွေ့မယ့် ဘုန်းမောက်

UNICODE – ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရပြီဖြစ်တဲ့ ဘုန်းမောက်အတွက် စိတ်မကောင်းစရာ သတင်းကတော့ မန်နေဂျာဟိုဝီ အသင်းကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ဟိုဝီဟာ ဘုန်းမောက်အတွက်တော့ ဂန္တဝင်တစ်ဦးလို့ ဆိုရမှာပါ။ သူဟာ ဘုန်းမောက်အသင်းကို ၂ ကြိမ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၁၁ ဇန်နဝါရီမှာ လိဂ်ဝမ်းကလပ်ကနေ တစ်ကြိမ် ထွက်ခွာသွားပြီး ၂၀၁၂ အောက်တိုဘာမှာ ပြန်ပူးပေါင်းတဲ့ ကာလကလွဲရင် ၂၀၀၈ ခုနှစ်တည်းက ဒီရာသီကုန်ထိ ဘုန်းမောက်အသင်းကို ၁၂ နှစ်နီးပါး ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။

ဟိုဝီဟာ အိပ်မက်တွေကို အမှန်တကယ် ဖြစ်လာဖို့ ကြိုးစားပြခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။ သူ ဘုန်းမောက်ကို ကိုင်တွယ်စဉ်က အင်္ဂလန်မှာ ပရော်ဖက်ရှင်နယ်ကလပ် ၉၂ သင်းရှိတဲ့ အထဲက ဘုန်းမောက်က အဆင့် ၈၉ မှာရှိတဲ့ အသင်းဖြစ်တယ်။ သူဟာ လိဂ်တူမှ အဆင့် ၂၁ ကနေ ရာသီသိမ်းခဲ့တဲ့ အသင်းကို ပရီးမီးယားလိဂ်ကို ရောက်လာအောင် ၇ နှစ်ကြာ ပျိုးထောင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ကျင်လယ်တဲ့ ၅ ရာသီမှာလည်း ဘုန်းမောက်က လူလေးစားခံအသင်း ဖြစ်လာခဲ့သလို ကလပ်ရဲ့ အခြေခံ အဆောက်အဦးတွေကို အဆင့်မြင့်တင်နိုင်ခဲ့တယ်။ နောက်ဆုံး တည်ဆောက်နေတဲ့ လေ့ကျင့်ရေးကွင်းဆိုရင် ပရီးမီးယားလိဂ်အဆင့်မှီဖြစ်ပြီး ဒီနွေမှာ အပြီးသတ်သွားမှာပါ။

ဒါပေမယ့်လည်း ဘဏ္ဍာရေးအင်အား နည်းပါးလွန်းသလို အကယ်ဒမီထွက်တွေ ကောင်းကောင်း မွေးထုတ်နိုင်ခြင်း မရှိတာက ဘုန်းမောက်ကို ပရီးမီးယားလိဂ်မှာ ရပ်တည်ဖို့ ခက်ခဲစေခဲ့တာဖြစ်တယ်။ လက်တလောမှာ ဘုန်းမောက်ဟာ အကီကို မန်စီးတီးထံ ပြောင်းခွင့်ပေးဖို့ သဘောတူညီထားပါတယ်။ ဆက်ပြီးလည်း တိုက်စစ်သမား ကော်လန် ဝဲလ်ဆန်ကလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားလိုတယ်ကြောင်း အသင်းကို သတင်းပို့ထားခဲ့တယ်။

ဘုန်းမောက်ဟာ အိုဘ်၊ ဖရေဆာလို ကစားသမားတွေကို အလွတ်တွေ ထွက်ခွင့်ပေးရမှာဖြစ်ပြီး ဘရွတ်လို လူငယ်ကိုလည်း လက်လွတ်ရဖွယ် ရှိနေပါတယ်။ အခုလို ဟိုဝီပါ ထွက်ခွာသွားတာကတော့ ကလပ်သမိုင်းမှာ အကြီးမားဆုံး စိန်ခေါ်မှုဖြစ်လာစေမှာပါ။

အင်္ဂလန်ရဲ့ အောက်တန်းလိဂ်ကနေ အဆင့်မြင့်တန်းကို ရောက်လာဖို့ ကြိုးစားနိုင်ခဲ့တဲ့ ဘုန်းမောက်ဟာ ချန်ပီယံရှစ်ကို ဆင်းကစားရမှာဖြစ်လို့ ဘဏ္ဍာရေးအခက်အခဲအရ လူကောင်းတွေကို ရှင်းထုတ်သွားတော့မှာပါ။ လာမယ့်ရာသီမှာလည်း ဘုန်းမောက်ဟာ လိဂ်ပြန်တက်ရေးဆိုတဲ့ ပန်းတိုင်အတွက် ကြိုးစားနိုင်ပါစေလို့ မျှော်လင့်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ကေန တန္းဆင္းခဲ့ရျပီျဖစ္တဲ့ ဘုန္းေမာက္အတြက္ စိတ္မေကာင္းစရာ သတင္းကေတာ့ မန္ေနဂ်ာဟိုဝီ အသင္းကေန ႏုတ္ထြက္သြားခဲ့ျပီျဖစ္ပါတယ္။

ဟိုဝီဟာ ဘုန္းေမာက္အတြက္ေတာ့ ဂႏၱဝင္တစ္ဦးလို႔ ဆိုရမွာပါ။ သူဟာ ဘုန္းေမာက္အသင္းကို ၂ ၾကိမ္ ကိုင္တြယ္ခဲ့တာျဖစ္ျပီး ၂၀၁၁ ဇန္နဝါရီမွာ လိဂ္ဝမ္းကလပ္ကေန တစ္ၾကိမ္ ထြက္ခြာသြားျပီး ၂၀၁၂ ေအာက္တိုဘာမွာ ျပန္ပူးေပါင္းတဲ့ ကာလကလြဲရင္ ၂၀၀၈ ခုႏွစ္တည္းက ဒီရာသီကုန္ထိ ဘုန္းေမာက္အသင္းကို ၁၂ နွစ္နီးပါး ကိုင္တြယ္ခဲ့သူျဖစ္ပါတယ္။

ဟိုဝီဟာ အိပ္မက္ေတြကို အမွန္တကယ္ ျဖစ္လာဖို႔ ၾကိဳးစားျပခဲ့သူလို႔လည္း ဆိုႏုိင္ပါတယ္။ သူ ဘုန္းေမာက္ကို ကိုင္တြယ္စဥ္က အဂၤလန္မွာ ပေရာ္ဖက္ရွင္နယ္ကလပ္ ၉၂ သင္းရွိတဲ့ အထဲက ဘုန္းေမာက္က အဆင့္ ၈၉ မွာရွိတဲ့ အသင္းျဖစ္တယ္။ သူဟာ လိဂ္တူမွ အဆင့္ ၂၁ ကေန ရာသီသိမ္းခဲ့တဲ့ အသင္းကို ပရီးမီးယားလိဂ္ကို ေရာက္လာေအာင္ ၇ ႏွစ္ၾကာ ပ်ိဳးေထာင္ခဲ့ပါတယ္။

ပရီးမီးယားလိဂ္မွာ က်င္လယ္တဲ့ ၅ ရာသီမွာလည္း ဘုန္းေမာက္က လူေလးစားခံအသင္း ျဖစ္လာခဲ့သလို ကလပ္ရဲ႕ အေျခခံ အေဆာက္အဦးေတြကို အဆင့္ျမင့္တင္ႏုိင္ခဲ့တယ္။ ေနာက္ဆံုး တည္ေဆာက္ေနတဲ့ ေလ့က်င့္ေရးကြင္းဆိုရင္ ပရီးမီးယားလိဂ္အဆင့္မွီျဖစ္ျပီး ဒီေႏြမွာ အျပီးသတ္သြားမွာပါ။

ဒါေပမယ့္လည္း ဘ႑ာေရးအင္အား နည္းပါးလြန္းသလို အကယ္ဒမီထြက္ေတြ ေကာင္းေကာင္း ေမြးထုတ္ႏုိင္ျခင္း မရွိတာက ဘုန္းေမာက္ကို ပရီးမီးယားလိဂ္မွာ ရပ္တည္ဖို႔ ခက္ခဲေစခဲ့တာျဖစ္တယ္။ လက္တေလာမွာ ဘုန္းေမာက္ဟာ အကီကို မန္စီးတီးထံ ေျပာင္းခြင့္ေပးဖို႔ သေဘာတူညီထားပါတယ္။ ဆက္ျပီးလည္း တိုက္စစ္သမား ေကာ္လန္ ဝဲလ္ဆန္ကလည္း ပရီးမီးယားလိဂ္မွာပဲ ဆက္ကစားလိုတယ္ေၾကာင္း အသင္းကို သတင္းပို႔ထားခဲ့တယ္။

ဘုန္းေမာက္ဟာ အိုဘ္၊ ဖေရဆာလို ကစားသမားေတြကို အလြတ္ေတြ ထြက္ခြင့္ေပးရမွာျဖစ္ျပီး ဘရြတ္လို လူငယ္ကိုလည္း လက္လြတ္ရဖြယ္ ရွိေနပါတယ္။ အခုလို ဟိုဝီပါ ထြက္ခြာသြားတာကေတာ့ ကလပ္သမိုင္းမွာ အၾကီးမားဆံုး စိန္ေခၚမႈျဖစ္လာေစမွာပါ။

အဂၤလန္ရဲ႕ ေအာက္တန္းလိဂ္ကေန အဆင့္ျမင့္တန္းကို ေရာက္လာဖို႔ ၾကိဳးစားႏုိင္ခဲ့တဲ့ ဘုန္းေမာက္ဟာ ခ်န္ပီယံရွစ္ကို ဆင္းကစားရမွာျဖစ္လို႔ ဘ႑ာေရးအခက္အခဲအရ လူေကာင္းေတြကို ရွင္းထုတ္သြားေတာ့မွာပါ။ လာမယ့္ရာသီမွာလည္း ဘုန္းေမာက္ဟာ လိဂ္ျပန္တက္ေရးဆိုတဲ့ ပန္းတိုင္အတြက္ ၾကိဳးစားႏုိင္ပါေစလို႔ ေမွ်ာ္လင့္ပါတယ္။