အက်ဖ်အေဖလား ချန်ပီယံဖြစ်ပြီးနောက် ဂွာဒီယိုလာကို ကျေးဇူးတင်စကားပြောတဲ့ အာတီတာ

UNICODE – အာဆင်နယ်မန်နေဂျာ အာတီတာက သူ့ရဲ့ မန်နေဂျာဘဝ ပထမဆုံး ဆုဖလားကို အနိုင်ရအပြီးမှာ ဆရာဟောင်းဖြစ်သူ ဂွာဒီယိုလာကို ကျေးဇူးတင်စကာား ပြောဆိုသွားပါတယ်။

အာတီတာဟာ ကုန်ခဲ့တဲ့ သုံးနှစ်မှာ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာရဲ့ လက်ထောက်အဖြစ် အကောင်းဆုံး အလုပ်လုပ်ခဲ့သူပါ။ အသက် ၃၈ နှစ်အရွယ် အာတီတာက မနှစ် နွေထဲက အာဆင်နယ်ကို ပြန်လာဖို့ ကြိုးစားခဲ့ပေမယ့် ဒီဇင်ဘာကမှ အူနိုင်း အမ်မရီနေရာ အစားဝင်ခွင့်ရလာခဲ့တာဖြစ်တယ်။ ဆုဖလားရယူရာမှာ အာတီတာက ဂွာဒီယိုလာကို မမေ့ဘဲ ထည့်ပြောခဲ့ပါတယ်။

အာတီတာက ” နည်းပြတစ်ယောက်အဖြစ် ကျနော်ရဲ့ တိုးတက်လာမှုမှာ ဂွာဒီယိုလာက အဓိကကျသူ ဖြစ်ပါတယ်။ သူကို ကျနော် ကျေးဇူးတင်ပါတယ်။ သူ့ရဲ့ အကူအညီ မပါဘဲ ကျနော် ဒီနေရာကို ရောက်လာမှာ မဟုတ်ပါဘူး။ ဒီလို အချိန်အခါကောင်းမှာ ပပ်ကို ကျေးဇူးတင်ပါတယ် ” လို့ ပြောပါတယ်။

အာတီတာဟာ အာဆင်နယ်ကို ကိုင်တွယ်မှု ၈ လအတွင်းမှာ အဓိက ဆုဖလားတစ်လုံး အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေကို ဆက်ထိန်းပြီး ပြည်တွင်းမှာ ဆုဖလားတွေ ထပ်မံ အောင်မြင်ဖို့ရာ တည်ဆောက်နိုင်ဖို့ အာတီတာက ရည်မှန်းနေပါတယ်။

စပိန်သားကြီးက ” ဒါက ကျနော်ရဲ့ မန်နေဂျာဘဝအတွက် ကြီးမားတဲ့ အခိုက်အတန့် ဖြစ်ပါတယ်။ ခက်ခဲတ့ ကာလတွေကို ကျော်ဖြတ်လာရပြီး ကျနော်မှာ မစ်ရှင်တစ်ခု ရှိခဲ့တယ်။ ကစားသမားတွေနဲ့ အသင်းကို ကျနေ်ာတို့ လုပ်နိုင်တယ်ဆိုတာ ယုံကြည်စေဖိုပပါပဲ။ အဝတ်လဲခန်းတွင်းက အပြောင်းအလဲက ကျနော်ကို ပိုပြီး ဂုဏ်ပြုရစေပါတယ်။

အာဆင်နယ်အသင်း ဘာလိုအပ်တယ်ဆိုတာကို ကျနော် သိပါတယ်။ အာဆင်နယ်ကို လာရင် စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမယ်ဆိုတာ နားလည်ထားပြီး အသင်းထံက ဘာတွေ မျှော်လင့်နေကြမယ်ဆိုတာ ကျနော် သိတယ်။ ဒါက ပထမဆုံးဖလားပါ။ ဒီကနေ့အတွက် ပျော်လိုက်ရအောင်ပါ။ ကျနော်ရဲ့ ကစားသမားတွေက အရမ်းကို ထူးချွန်ပြီး လူတိုင်းက သိပ်ပျော်နေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္မန္ေနဂ်ာ အာတီတာက သူ႔ရဲ႕ မန္ေနဂ်ာဘဝ ပထမဆံုး ဆုဖလားကို အႏုိင္ရအျပီးမွာ ဆရာေဟာင္းျဖစ္သူ ဂြာဒီယိုလာကို ေက်းဇူးတင္စကာား ေျပာဆိုသြားပါတယ္။

အာတီတာဟာ ကုန္ခဲ့တဲ့ သံုးႏွစ္မွာ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာရဲ႕ လက္ေထာက္အျဖစ္ အေကာင္းဆံုး အလုပ္လုပ္ခဲ့သူပါ။ အသက္ ၃၈ ႏွစ္အရြယ္ အာတီတာက မႏွစ္ ေႏြထဲက အာဆင္နယ္ကို ျပန္လာဖို႔ ၾကိဳးစားခဲ့ေပမယ့္ ဒီဇင္ဘာကမွ အူႏုိင္း အမ္မရီေနရာ အစားဝင္ခြင့္ရလာခဲ့တာျဖစ္တယ္။ ဆုဖလားရယူရာမွာ အာတီတာက ဂြာဒီယိုလာကို မေမ့ဘဲ ထည့္ေျပာခဲ့ပါတယ္။

အာတီတာက ” နည္းျပတစ္ေယာက္အျဖစ္ က်ေနာ္ရဲ႕ တိုးတက္လာမႈမွာ ဂြာဒီယိုလာက အဓိကက်သူ ျဖစ္ပါတယ္။ သူကို က်ေနာ္ ေက်းဇူးတင္ပါတယ္။ သူ႔ရဲ႕ အကူအညီ မပါဘဲ က်ေနာ္ ဒီေနရာကို ေရာက္လာမွာ မဟုတ္ပါဘူး။ ဒီလို အခ်ိန္အခါေကာင္းမွာ ပပ္ကို ေက်းဇူးတင္ပါတယ္ ” လို႔ ေျပာပါတယ္။

အာတီတာဟာ အာဆင္နယ္ကို ကိုင္တြယ္မႈ ၈ လအတြင္းမွာ အဓိက ဆုဖလားတစ္လံုး အႏုိင္ရခဲ့တာျဖစ္ပါတယ္။ ဒီအေျခအေနကို ဆက္ထိန္းျပီး ျပည္တြင္းမွာ ဆုဖလားေတြ ထပ္မံ ေအာင္ျမင္ဖို႔ရာ တည္ေဆာက္ႏုိင္ဖို႔ အာတီတာက ရည္မွန္းေနပါတယ္။

စပိန္သားၾကီးက ” ဒါက က်ေနာ္ရဲ႕ မန္ေနဂ်ာဘဝအတြက္ ၾကီးမားတဲ့ အခိုက္အတန္႔ ျဖစ္ပါတယ္။ ခက္ခဲတ့ ကာလေတြကို ေက်ာ္ျဖတ္လာရျပီး က်ေနာ္မွာ မစ္ရွင္တစ္ခု ရွိခဲ့တယ္။ ကစားသမားေတြနဲ႔ အသင္းကို က်ေန္ာတို႔ လုပ္ႏုိင္တယ္ဆိုတာ ယံုၾကည္ေစဖိုပပါပဲ။ အဝတ္လဲခန္းတြင္းက အေျပာင္းအလဲက က်ေနာ္ကို ပိုျပီး ဂုဏ္ျပဳရေစပါတယ္။

အာဆင္နယ္အသင္း ဘာလိုအပ္တယ္ဆိုတာကို က်ေနာ္ သိပါတယ္။ အာဆင္နယ္ကို လာရင္ စိန္ေခၚမႈေတြကို ရင္ဆိုင္ရမယ္ဆိုတာ နားလည္ထားျပီး အသင္းထံက ဘာေတြ ေမွ်ာ္လင့္ေနၾကမယ္ဆိုတာ က်ေနာ္ သိတယ္။ ဒါက ပထမဆံုးဖလားပါ။ ဒီကေန႔အတြက္ ေပ်ာ္လိုက္ရေအာင္ပါ။ က်ေနာ္ရဲ႕ ကစားသမားေတြက အရမ္းကို ထူးခၽြန္ျပီး လူတိုင္းက သိပ္ေပ်ာ္ေနပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။