ဝင်ဘာလေက ဗိုလ်လုပွဲမှာ စိတ်အတိုရဆုံး ကိစ္စကို ချယ်ဆီးနည်းပြ လမ်းပတ် ထုတ်ပြော

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ညက အက်ဖ်အေဖလား ပွဲမှာ သူ့အသင်းသားတွေအား အာဆင်နယ်ရဲ့ အဝေးဘော နည်းစနစ်ကို သတိထားဖို့ ကြိုတင်မှာကြားခဲ့ပေမယ့် လစ်လျူရှုခဲ့ကြတာကြောင့် အမျက်ထွက် ပေါက်ကွဲနေပါတယ်။ ချယ်ဆီးအသင်းဟာ ဝင်ဘာလေက ဗိုလ်လုပွဲမှာ အာဆင်နယ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီး ဆုဖလား လက်လွှတ်ခဲ့ရပါတယ်။

ချယ်ဆီးဟာ ပူလီဆစ်ရဲ့ အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့သော်လည်း ပထမပိုင်းမှာတင် ပင်နယ်တီ ပြန်ပေးခဲ့ရတာကြောင့် အူဘာမီးယန်းရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဒုတိယပိုင်းမှာလည်း အူဘာရဲ့ နောက်ထပ် တစ်ဂိုးကို ခွင့်ပြုခဲ့ရပြန်ပါတယ်။

အာဆင်နယ်ရဲ့ အဝေးဘောတွေနဲ့ အဓိက ခြိမ်းခြောက်ပြီး အူဘာမီးယန်းထံ ဆက်သွယ် နေကြတာကို ကြို သတိပေးခဲ့ကြောင်း လမ်းပတ်က ဆိုခဲ့ပြီး နှစ်သင်းကြား ခြားနားချက်ကလည်း ဂါဘွန်သား တိုက်စစ်မှူး ဖြစ်သွားကြောင်း ပွဲအပြီးမှာ ပြောဆိုလာခဲ့ပါတယ်။

” သူက နှစ်ဂိုးသွင်းသွားတယ် တစ်ဂိုးကတော့ ပင်နယ်တီပေါ့။ သူတို့ ဘယ်လို ခြိမ်းခြောက်လာနိုင်တယ် ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိခဲ့တယ်။ အာဆင်နယ်က အနောက်ကနေ အဝေးဘောတွေ တင်ပေးမှာ ဖြစ်တယ်၊ သူတို့ က ဘောလုံးလည်း ကောင်းကောင်း ကစားနိုင်ပါတယ်။ ဒါပေမယ့် အဝေးဘောကတော့ အသက်ပေါ့။

ဒီနေ့ စိတ်အတိုရဆုံး အပိုင်းကတော့ ကစားသမားတွေကို ဒီလို ပါလို့ သေချာ သင်ပြပြီး အလုပ်လုပ်ထားပေမယ့် တဖက်အသင်းကို အလွယ်တကူ ခွင့်ပြုခဲ့ကြတာကိုပါ။ အူဘာမီးယန်းကတော့ တကယ့်ကွာလတီ ကစားသမားပါပဲ။ သူ့ရဲ့ ဒုတိယ ဂိုး သွင်းတာကို ပြန်ကြည့်လိုက်ပါ ဒီလို မြန်နှုန်းနဲ့ အရည်အချင်းတွေက ဒီလိုပွဲမျိုးမှာ နိုင်ဖို့ အဆင့် ရှိတဲ့ ကစားသမား ဆိုတာ ပြသသွားတယ်။

ကျနော်တို့ ဒီနေ့ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး အခွင့်အရေးတွေတော့ ရခဲ့တာပေါ့။ ဒီလို ပွဲမျိုးမှာ အူဘာမီးယန်းလို ကစားသမားမျိုးက ကျနော်တို့ မျှော်လင့်ချက်တွေကို အဆုံးသတ် ပေးနိုင်ပါတယ်။ ” လို့ လမ်းပတ်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ညက အက္ဖ္ေအဖလား ပြဲမွာ သူ႔အသင္းသားေတြအား အာဆင္နယ္ရဲ႕ အေ၀းေဘာ နည္းစနစ္ကို သတိထားဖို႔ ၾကိဳတင္မွာၾကားခဲ့ေပမယ့္ လစ္လ်ဴရႈခဲ့ၾကတာေၾကာင့္ အမ်က္ထြက္ ေပါက္ကြဲေနပါတယ္။ ခ်ယ္ဆီးအသင္းဟာ ၀င္ဘာေလက ဗိုလ္လုပြဲမွာ အာဆင္နယ္ကို ၂-၁ နဲ႕ အေရးနိမ့္ခဲ့ျပီး ဆုဖလား လက္လႊတ္ခဲ့ရပါတယ္။

ခ်ယ္ဆီးဟာ ပူလီဆစ္ရဲ႕ အေစာပိုင္း သြငး္ဂိုးနဲ႕ ဦးေဆာင္နုိင္ခဲ့ေသာ္လည္း ပထမပိုင္းမွာတင္ ပင္နယ္တီ ျပန္ေပးခဲ့ရတာေၾကာင့္ အူဘာမီးယန္းရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရပါတယ္။ ဒုတိယပိုင္းမွာလည္း အူဘာရဲ႕ ေနာက္ထပ္ တစ္ဂိုးကို ခြင့္ျပဳခဲ့ရျပန္ပါတယ္။

အာဆင္နယ္ရဲ႕ အေ၀းေဘာေတြနဲ႕ အဓိက ျခိမ္းေျခာက္ျပီး အူဘာမီးယန္းထံ ဆက္သြယ္ ေနၾကတာကို ၾကိဳ သတိေပးခဲ့ေၾကာင္း လမ္းပတ္က ဆိုခဲ့ျပီး နွစ္သင္းၾကား ျခားနားခ်က္ကလည္း ဂါဘြန္သား တိုက္စစ္မွဴး ျဖစ္သြားေၾကာင္း ပြဲအျပီးမွာ ေျပာဆိုလာခဲ့ပါတယ္။

” သူက နွစ္ဂိုးသြင္းသြားတယ္ တစ္ဂိုးကေတာ့ ပင္နယ္တီေပါ့။ သူတို႔ ဘယ္လို ျခိမ္းေျခာက္လာနုိင္တယ္ ဆိုတာ က်ေနာ္တို႕ ရွင္းရွင္းလင္းလင္း သိခဲ့တယ္။ အာဆင္နယ္က အေနာက္ကေန အေ၀းေဘာေတြ တင္ေပးမွာ ျဖစ္တယ္၊ သူတို႕ က ေဘာလံုးလည္း ေကာင္းေကာင္း ကစားနုိင္ပါတယ္။ ဒါေပမယ့္ အေ၀းေဘာကေတာ့ အသက္ေပါ့။

ဒီေန႔ စိတ္အတိုရဆံုး အပိုင္းကေတာ့ ကစားသမားေတြကို ဒီလို ပါလို႔ ေသခ်ာ သင္ျပျပီး အလုပ္လုပ္ထားေပမယ့္ တဖက္အသင္းကို အလြယ္တကူ ခြင့္ျပဳခဲ့ၾကတာကိုပါ။ အူဘာမီးယန္းကေတာ့ တကယ့္ကြာလတီ ကစားသမားပါပဲ။ သူ႔ရဲ႕ ဒုတိယ ဂိုး သြင္းတာကို ျပန္ၾကည့္လိုက္ပါ ဒီလို ျမန္နႈန္းနဲ႕ အရည္အခ်င္းေတြက ဒီလိုပြဲမ်ိဳးမွာ နုိင္ဖို႔ အဆင့္ ရွိတဲ့ ကစားသမား ဆိုတာ ျပသသြားတယ္။

က်ေနာ္တို႔ ဒီေန႔ ေကာင္းေကာင္း မကစားနုိင္ခဲ့ဘူး အခြင့္အေရးေတြေတာ့ ရခဲ့တာေပါ့။ ဒီလို ပြဲမ်ိဳးမွာ အူဘာမီးယန္းလို ကစားသမားမ်ိဳးက က်ေနာ္တို႔ ေမွ်ာ္လင့္ခ်က္ေတြကို အဆံုးသတ္ ေပးနုိင္ပါတယ္။ ” လို႔ လမ္းပတ္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။