ဂန်းနားတို့အတွက် သတင်းကောင်း ပေးနိုင်မယ် ထင်ပါကြောင်း အာတီတာ ထုတ်ပြော

UNICODE – မနက်က ယှဉ်ပြိုင်ကစားတဲ့ အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်က နောက်ကနေ လိုက်ကစားရပေမယ့် အူဘာမီယန်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ အနိုင်ရပြီး ၁၄ ကြိမ်မြောက် အက်ဖ်အေဖလားကို အနိုင်ရခဲ့ပါတယ်။

ဒါဟာ အာတီတာအတွက်လည်း ၂၀၁၄ ခုနှစ်က အသင်းခေါင်းဆောင်အဖြစ် အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကို အသင်းမန်နေဂျာအဖြစ် ပြန်လည် အနိုင်ရခြင်းဖြစ်တယ်။ အက်ဖ်အေဖလား အနိုင်ရတာကြောင့် အာဆင်နယ်ဟာ လာမယ့်ရာသီ ယူရိုပါလိဂ်ပွဲကို အုပ်စုအဆင့်ကနေ တိုက်ရိုက် ပါဝင်ကစားရပါမယ်။

အရေးပါတဲ့ သတင်းတစ်ခုအဖြစ် ပွဲအပြီးမှာ မန်နေဂျာအာတီတာက လက်ရှိ အသင်းခေါင်းဆောင် အူဘာမီယန်ဟာ အသင်းမှာ ဆက်နေဖို့ ရွေးချယ်နိုင်ကြောင်း သတင်းကောင်း ပေးလာပါတယ်။

အူဘာမီယန်ရဲ့ အနာဂတ်နဲ့ ပက်သက်လို့ အာတီတာက ပြောရာမှာ ” သူနဲ့ ပက်သက်ပြီး ကျနော် ဘယ်လိုမြင်သလဲဆိုတာကို သူသိပါတယ်။ အသင်းကို သူ့ကို ဝိုင်းရံတဲ့ အနေအထားနဲ့အတူ ကျနော် တည်ဆောက်လိုတာပါ။ သူကလည်း အာဆင်နယ်မှာ ဆက်နေလိုတယ်လို့ ကျနော် ထင်တယ်။ ကိစ္စတွေ ပြီးပြတ်သွားဖို့ လိုပါတယ်။

ဒီအခိုက်အတန့်ကတော့ ကျနေ်ာတို့ဟာ မှန်ကန်တဲ့ လမ်းကြောင်းမှာ ရှိနေတယ်ဆိုတာနဲ့ သူက အာဆင်နယ်အတွက် အရမ်းကို အရေးပါတယ်ဆိုတာ နားလည်စေမယ့် အခိုက်အတန့်ပါပဲ။ ကလပ်က လူတိုင်းက သူ့ကို နှစ်သက်ကြပါတယ်။ သူ ကျနေ်ာတို့နဲ့ ဆက်နေသွားမယ်လို့ မျှော်လင့်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာပါ။

သတင်းထောက်က ဒါဆိုရင် အာဆင်နယ်နဲ့ သက်တမ်းတိုးဖို့ အူဘာမီယန် သဘောတူညီမယ်လို့ ထင်ထားတာလား ဆိုတဲ့ အမေးကို အာတီတာကပဲ ” ကျနော်ကတော့ သူ သက်တမ်းတိုးမယ် ထင်ပါတယ်။ ဟုတ်ပါတယ် သူဆက်နေမှာပါ ” လို့ ဖြေဆိုပေးခဲ့ပါတယ်။

ZAWGYI – မနက္က ယွဥ္ျပိဳင္ကစားတဲ့ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ အာဆင္နယ္က ေနာက္ကေန လိုက္ကစားရေပမယ့္ အူဘာမီယန္ရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔အတူ အႏုိင္ရျပီး ၁၄ ၾကိမ္ေျမာက္ အက္ဖ္ေအဖလားကို အႏုိင္ရခဲ့ပါတယ္။

ဒါဟာ အာတီတာအတြက္လည္း ၂၀၁၄ ခုႏွစ္က အသင္းေခါင္းေဆာင္အျဖစ္ အႏုိင္ရခဲ့တဲ့ အက္ဖ္ေအဖလားကို အသင္းမန္ေနဂ်ာအျဖစ္ ျပန္လည္ အႏုိင္ရျခင္းျဖစ္တယ္။ အက္ဖ္ေအဖလား အႏုိင္ရတာေၾကာင့္ အာဆင္နယ္ဟာ လာမယ့္ရာသီ ယူရိုပါလိဂ္ပြဲကို အုပ္စုအဆင့္ကေန တိုက္ရိုက္ ပါဝင္ကစားရပါမယ္။

အေရးပါတဲ့ သတင္းတစ္ခုအျဖစ္ ပြဲအျပီးမွာ မန္ေနဂ်ာအာတီတာက လက္ရွိ အသင္းေခါင္းေဆာင္ အူဘာမီယန္ဟာ အသင္းမွာ ဆက္ေနဖို႔ ေရြးခ်ယ္ႏုိင္ေၾကာင္း သတင္းေကာင္း ေပးလာပါတယ္။

အူဘာမီယန္ရဲ႕ အနာဂတ္နဲ႔ ပက္သက္လို႔ အာတီတာက ေျပာရာမွာ ” သူနဲ႔ ပက္သက္ျပီး က်ေနာ္ ဘယ္လိုျမင္သလဲဆိုတာကို သူသိပါတယ္။ အသင္းကို သူ႔ကို ဝိုင္းရံတဲ့ အေနအထားနဲ႔အတူ က်ေနာ္ တည္ေဆာက္လိုတာပါ။ သူကလည္း အာဆင္နယ္မွာ ဆက္ေနလိုတယ္လို႔ က်ေနာ္ ထင္တယ္။ ကိစၥေတြ ျပီးျပတ္သြားဖို႔ လိုပါတယ္။

ဒီအခိုက္အတန္႔ကေတာ့ က်ေန္ာတို႔ဟာ မွန္ကန္တဲ့ လမ္းေၾကာင္းမွာ ရွိေနတယ္ဆိုတာနဲ႔ သူက အာဆင္နယ္အတြက္ အရမ္းကို အေရးပါတယ္ဆိုတာ နားလည္ေစမယ့္ အခိုက္အတန္႔ပါပဲ။ ကလပ္က လူတိုင္းက သူ႔ကို ႏွစ္သက္ၾကပါတယ္။ သူ က်ေန္ာတို႔နဲ႔ ဆက္ေနသြားမယ္လို႔ ေမွ်ာ္လင့္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာပါ။

သတင္းေထာက္က ဒါဆိုရင္ အာဆင္နယ္နဲ႔ သက္တမ္းတိုးဖို႔ အူဘာမီယန္ သေဘာတူညီမယ္လို႔ ထင္ထားတာလား ဆိုတဲ့ အေမးကို အာတီတာကပဲ ” က်ေနာ္ကေတာ့ သူ သက္တမ္းတိုးမယ္ ထင္ပါတယ္။ ဟုတ္ပါတယ္ သူဆက္ေနမွာပါ ” လို႔ ေျဖဆိုေပးခဲ့ပါတယ္။