အက်ဖ်အေပွဲကြို ထူးခြားသတင်းတွေနဲ့ စနေနေ့ နောက်ဆုံးရ ပရီးမီးယားလိဂ် ညနေခင်းသတင်းများ

UNICODE – ယူနိုက်တက်၊ မန်စီးတီးနဲ့ လီဗာပူးတို့ ပစ်မှတ်ထားခြင်း ခံခဲ့ရတဲ့ ဗဟိုခံစစ်မှူး ကူလီဘိုင်လေကို ဈေးလျှော့ရောင်းမှာ မဟုတ်ဘဲ သတ်မှတ်ဈေး ယူရို သန်း ၉၀ (ပေါင် ၈၁ သန်း) မကျော်တဲ့ ကမ်းလှမ်းမှုတွေကို လက်ခံမှာ မဟုတ်ကြောင်း နာပိုလီ အကြီးအကဲ ဒီလော်ရန်းတစ်စ်က သတိပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဦးစားပေး ပစ်မှတ် ကစားသမား ဆန်ချို ကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀၊ ထပ်ဆောင်း ဆုကြေး ပေါင် သန်း ၅၀ ပါဝင်တဲ့ စုစုပေါင်း ပေါင် သန်း ၁၁၀ ပြောင်းရွှေ့ကြေး ပေးခေါ်ရန် ဒေါ့မွန်နဲ့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း အင်ဒီပန်းဒင့် သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ကတော့ အက်ဖ်အေပွဲမှာ ဂိုးသမားနေရာ ဘယ်သူ့ ပွဲထုတ်ရမလဲ မသေချာသေးဘဲ ရှိနေပြီး ပွဲကြို ရှင်းလင်းပွဲမှာ အတည်ပြုဖြေဆိုဖို့ ငြင်းပယ်ခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ မာတစ်က လာမယ့်ရာသီမှာ ပြိုင်ဘက် လီဗာပူးနဲ့ မန်စီးတီးတို့ကို စိန်ခေါ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုကြောင်း ထုတ်ပြောလိုက်ပါတယ်။

ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ကလပ်ရဲ့ လစ်လပ်သွားတဲ့ စီးပွားရေးဆိုင်ရာ ဒါရိုက်တာ ရာထူးအတွက် ယူနိုက်တက် အကြီးအကဲဟောင်း မတ် စကမ်မယ်ကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

အာဆင်နယ် နည်းပြ အာတီတာကနေ ဒီည အက်ဖ်အေဖလား ပွဲမှာသာ ဗိုလ်စွဲနိုင်ခဲ့ရင် အားထားရတဲ့ တိုက်စစ်မှူး အူဘာမီးယန်းကိုလည်း အသင်းမှာ ဆက်ရှိဖို့ ထိန်းထားနိုင်မယ် ယုံကြည်နေပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်၊ အာဆင်နယ် နည်းပြ အာတီတာ တို့နဲ့ အတူ ကစားသမား ဘဝမှာ အတူတွဲ ကစားခဲ့ဖူးတဲ့ ကွင်းလယ် ကစားသမား ဖာဘရီဂတ်စ်ကတော့ အက်ဖ်အေ ဖလားကို အာတီတာ ဗိုလ်စွဲစေချင်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက သူ့ရဲ့ မန်နေဂျာဘဝ အခက်ခဲဆုံး ပြိုင်ဘက်က လီဗာပူးဖြစ်ပြီး မန်နေဂျာက ယာဂင်ကလော့ပ် ဖြစ်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။

ဒီရာသီ ရလဒ်ဆိုး အခြေအနေဆိုးများ ကြုံခဲ့ရပေမယ့် အက်ဖ်အေဖလား ဗိုလ်လုပွဲမှာ ချယ်ဆီးကို အနိုင်ယူပြီး ဖလားယူနိုင်ခဲ့ရင် ဘောလုံးရာသီဆိုး ထဲကနေ အဖတ် ဆယ်နိုင်မှာ ဖြစ်ကြောင်း အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီက ထောက်ပြခဲ့ပြီး အားကုန် ထုတ်ကြဖို့ အသင်းဖော်တွေ အား တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်နဲ့ လီဗာပူးပစ်မှတ် ကွင်းလယ်လူ အယ်ကန်တာရာကို ခေါ်ယူဖို့ ပီအက်ဂျီက ဘိုင်ယန်တောင်းတဲ့ကြေး ပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြင်သစ်သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အာဆင်နယ် ကွင်းလယ်ကစားသမား အိုဇေးဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲကို ပါဝင်ကစားမှာ မဟုတ်ဘဲ တူရကီကို ထွက်ခွာသွားပြီဖြစ်တယ်။ အခုလို အိုဇေး ဗြိတိန်ပြင်ပကိုပါ ထွက်ခွာသွားတာက ကလပ်နဲ့ သူ့ကြား အနာဂတ် မရှိတော့ဘူးဆိုတဲ့ အမြင်တွေကို ပိုမို မြင့်တက် လာစေပါတယ်။

ZAWGYI – ယူနိုက္တက္၊ မန္စီးတီးနဲ႕ လီဗာပူးတို႔ ပစ္မွတ္ထားျခင္း ခံခဲ့ရတဲ့ ဗဟိုခံစစ္မွဴး ကူလီဘိုင္ေလကို ေစ်းေလွ်ာ့ေရာင္းမွာ မဟုတ္ဘဲ သတ္မွတ္ေစ်း ယူရို သန္း ၉၀ (ေပါင္ ၈၁ သန္း) မေက်ာ္တဲ့ ကမ္းလွမ္းမႈေတြကို လက္ခံမွာ မဟုတ္ေၾကာင္း နာပိုလီ အၾကီးအကဲ ဒီေလာ္ရန္းတစ္စ္က သတိေပးလိုက္ပါတယ္။

ယူနိုက္တက္ဟာ ဦးစားေပး ပစ္မွတ္ ကစားသမား ဆန္ခ်ိဳ ကို ကနဦး ေျပာင္းေရႊ႕ေၾကး ေပါင္ သန္း ၆၀၊ ထပ္ေဆာင္း ဆုေၾကး ေပါင္ သန္း ၅၀ ပါ၀င္တဲ့ စုစုေပါင္း ေပါင္ သန္း ၁၁၀ ေျပာင္းေရႊ႕ေၾကး ေပးေခၚရန္ ေဒါ့မြန္နဲ႕ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း အင္ဒီပန္းဒင့္ သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ကေတာ့ အက္ဖ္ေအပြဲမွာ ဂိုးသမားေနရာ ဘယ္သူ႔ ပြဲထုတ္ရမလဲ မေသခ်ာေသးဘဲ ရွိေနျပီး ပြဲၾကိဳ ရွင္းလင္းပြဲမွာ အတည္ျပဳေျဖဆိုဖို႔ ျငင္းပယ္ခဲ့ပါတယ္။

ယူႏုိက္တက္ ကြင္းလယ္လူ မာတစ္က လာမယ့္ရာသီမွာ ျပိဳင္ဘက္ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို စိန္ေခၚျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လိုေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ လီဗာပူးအသင္းဟာ ကလပ္ရဲ႕ လစ္လပ္သြားတဲ့ စီးပြားေရးဆိုင္ရာ ဒါရိုက္တာ ရာထူးအတြက္ ယူႏုိက္တက္ အၾကီးအကဲေဟာင္း မတ္ စကမ္မယ္ကို ခန္႔အပ္လိုက္ျပီျဖစ္ပါတယ္။

အာဆင္နယ္ နည္းျပ အာတီတာကေန ဒီည အက္ဖ္ေအဖလား ပြဲမွာသာ ဗိုလ္စြဲနုိင္ခဲ့ရင္ အားထားရတဲ့ တိုက္စစ္မွဴး အူဘာမီးယန္းကိုလည္း အသင္းမွာ ဆက္ရွိဖို႔ ထိန္းထားနိုင္မယ္ ယံုၾကည္ေနပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္၊ အာဆင္နယ္ နည္းျပ အာတီတာ တို႔နဲ႕ အတူ ကစားသမား ဘ၀မွာ အတူတြဲ ကစားခဲ့ဖူးတဲ့ ကြင္းလယ္ ကစားသမား ဖာဘရီဂတ္စ္ကေတာ့ အက္ဖ္ေအ ဖလားကို အာတီတာ ဗိုလ္စြဲေစခ်င္ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက သူ႔ရဲ႕ မန္ေနဂ်ာဘဝ အခက္ခဲဆံုး ျပိဳင္ဘက္က လီဗာပူးျဖစ္ျပီး မန္ေနဂ်ာက ယာဂင္ကေလာ့ပ္ ျဖစ္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

ဒီရာသီ ရလဒ္ဆိုး အေျခအေနဆိုးမ်ား ၾကံဳခဲ့ရေပမယ့္ အက္ဖ္ေအဖလား ဗိုလ္လုပြဲမွာ ခ်ယ္ဆီးကို အနိုင္ယူျပီး ဖလားယူနုိင္ခဲ့ရင္ ေဘာလံုးရာသီဆိုး ထဲကေန အဖတ္ ဆယ္နုိင္မွာ ျဖစ္ေၾကာင္း အာဆင္နယ္ တိုက္စစ္မွဴး လာကာဇက္တီက ေထာက္ျပခဲ့ျပီး အားကုန္ ထုတ္ၾကဖို႔ အသင္းေဖာ္ေတြ အား တိုက္တြန္းလိုက္ပါတယ္။

ယူႏုိက္တက္နဲ႔ လီဗာပူးပစ္မွတ္ ကြင္းလယ္လူ အယ္ကန္တာရာကို ေခၚယူဖို႔ ပီအက္ဂ်ီက ဘိုင္ယန္ေတာင္းတဲ့ေၾကး ေပးဖို႔ အဆင္သင့္ရွိတယ္လို႔ ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

အာဆင္နယ္ ကြင္းလယ္ကစားသမား အိုေဇးဟာ အက္ဖ္ေအဖလား ဗိုလ္လုပြဲကို ပါဝင္ကစားမွာ မဟုတ္ဘဲ တူရကီကို ထြက္ခြာသြားျပီျဖစ္တယ္။ အခုလို အိုေဇး ျဗိတိန္ျပင္ပကိုပါ ထြက္ခြာသြားတာက ကလပ္နဲ႔ သူ႔ၾကား အနာဂတ္ မရွိေတာ့ဘူးဆိုတဲ့ အျမင္ေတြကို ပိုမို ျမင့္တက္ လာေစပါတယ္။