လီဗာပူး လွှမ်းမိုးတဲ့ ခေတ်မရောက်အောင် ယူနိုက်တက်က ရပ်တန့်ပစ်ရမယ် သတိပေးတဲ့ မာတစ်

UNICODE – ယူနိုက်တက် ကွင်းလယ်လူ မာတစ်က လာမယ့်ရာသီမှာ ပြိုင်ဘက် လီဗာပူးနဲ့ မန်စီးတီးတို့ကို စိန်ခေါ်ပြီး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုကြောင်း ထုတ်ပြောလိုက်ပါတယ်။

ဒီရာသီ အဆင့် ၃ နေရာက ရာသီသိမ်းခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီ လီဗာပူးအသင်း ရာသီသိမ်းဖို့ ၇ ပွဲ အလိုမှာတင် ချန်ပီယံဖြစ်တာကို တားဆီးဖို့ မတတ်နိုင်ခဲ့ပါဘူး။ လာမယ့်ရာသီမှာ တူညီတဲ့ ကိစ္စမျိုးအဖြစ် လီဗာပူးအသင်း ချန်ပီယံထပ်မဖြစ်ဖို့အတွက် ယူနိုက်တက် ကိုယ်တိုင်က ဆုဖလား စိန်ခေါ်နိုင်ဖို့ လိုအပ်ပါတယ်လို့ မာတစ်က သတိပေးစကား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မာတစ်က ” ပုဂ္ဂိုလ်ရေးအရ ပရီးမီးယားလိဂ်ကို ယူနိုက်တက် အနိုင်ရတာကိုပဲ မြင်လိုတယ်။ ကျနေ်ာတို့ အသင်းက ဆုဖလားတွေအတွက် အမြဲတမ်း တိုက်ခိုက်နိုင်မယ် ” လို့ ကလပ် မဂ္ဂဇင်းဖြစ်တဲ့ Inside United အတွက် အင်တာဗျူးမှာ ဖြေပါတယ်။

” ယူနိုက်တက်အတွက် အကောင်းဆုံးတွေကို အမြဲတမ်း ကြိုးစားပေးနိုင်ဖို့ လိုပါတယ်။ ဒီအခြေအနေမှာ ကျနေ်ာတို့ လုပ်နေသလိုပေါ့။ ရာသီကုန်ခါနီး ၇ ပွဲ ၁၀ ပွဲလောက် အလိုမှာ အသင်းတစ်သင်းက ချန်ပီယံဖြစ်နေတာမျိုးကို ကျနော်တို့ ခွင့်ပြုလိုက်ရတာတွေ မဖြစ်သင့်ပါဘူး။ ဒီတော့ ကျနေ်ာတို့ အဆုံးထိ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ကျနေ်ာတို့က ငယ်ရွယ်တဲ့ အသင်းတစ်သင်းဖြစ်ပြီး ဆင်ခြေတွေလည်း မပေးလိုပါဘူး။ ကောင်လေးတွေက ဘောလုံးရာသီ အချို့ကိုလည်း ကစားထားပါပြီ။ ဒီတော့ လာမယ့်ရာသီမှာ ကျနေ်ာတို့က ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ခိုက်ပါမယ်။ ပရီးမီးယားလိဂ်ဖလားကို ကျနေ်ာတို့ အနိုင်ရမလားဆိုတာ မသိပေမယ့် အဆုံးထိ တိုက်ခိုက်သွားမှာဖြစ်တယ်။

ဒါက ကျနော်ရဲ့ ပုဂ္ဂိုလ်ရေး ပစ်မှတ်ပါပဲ။ ကျန်တဲ့ အသင်းဖော်တွေ အားလုံးလည်း ဒီလိုပဲ ဖြစ်နေမယ်လို့ ထင်ပါတယ် ” ဆိုပြီး မာတစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရခဲ့ပြီဖြစ်တဲ့ ယူနိုက်တက်ဟာ ပြည်တွင်းပွဲတွေ ကစားရဖို့ မရှိတော့ပါဘူး။ ဒါပေမယ့် ယူရိုပါလိဂ်ကို ဆက်လက် ယှဉ်ပြိုင်ရဦးမှာဖြစ်ပြီး ကွာတားအဆင့်ကို တက်ရောက်ဖို့ အခြေအနေကောင်းနေတာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ ကြင္းလယ္လူ မာတစ္က လာမယ့္ရာသီမွာ ျပိဳင္ဘက္ လီဗာပူးနဲ႔ မန္စီးတီးတို႔ကို စိန္ေခၚျပီး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္လိုေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ဒီရာသီ အဆင့္ ၃ ေနရာက ရာသီသိမ္းခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီရာသီ လီဗာပူးအသင္း ရာသီသိမ္းဖို႔ ၇ ပြဲ အလိုမွာတင္ ခ်န္ပီယံျဖစ္တာကို တားဆီးဖို႔ မတတ္ႏုိင္ခဲ့ပါဘူး။ လာမယ့္ရာသီမွာ တူညီတဲ့ ကိစၥမ်ိဳးအျဖစ္ လီဗာပူးအသင္း ခ်န္ပီယံထပ္မျဖစ္ဖို႔အတြက္ ယူႏုိုက္တက္ ကိုယ္တိုင္က ဆုဖလား စိန္ေခၚႏုိင္ဖို႔ လိုအပ္ပါတယ္လို႔ မာတစ္က သတိေပးစကား ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

မာတစ္က ” ပုဂၢိဳလ္ေရးအရ ပရီးမီးယားလိဂ္ကို ယူႏုိက္တက္ အႏုိင္ရတာကိုပဲ ျမင္လိုတယ္။ က်ေန္ာတို႔ အသင္းက ဆုဖလားေတြအတြက္ အျမဲတမ္း တိုက္ခိုက္ႏုိင္မယ္ ” လို႔ ကလပ္ မဂၢဇင္းျဖစ္တဲ့ Inside United အတြက္ အင္တာဗ်ဴးမွာ ေျဖပါတယ္။

” ယူႏုိက္တက္အတြက္ အေကာင္းဆံုးေတြကို အျမဲတမ္း ၾကိဳးစားေပးႏုိင္ဖို႔ လိုပါတယ္။ ဒီအေျခအေနမွာ က်ေန္ာတို႔ လုပ္ေနသလိုေပါ့။ ရာသီကုန္ခါနီး ၇ ပြဲ ၁၀ ပြဲေလာက္ အလိုမွာ အသင္းတစ္သင္းက ခ်န္ပီယံျဖစ္ေနတာမ်ိဳးကို က်ေနာ္တုိ႔ ခြင့္ျပဳလိုက္ရတာေတြ မျဖစ္သင့္ပါဘူး။ ဒီေတာ့ က်ေန္ာတို႔ အဆံုးထိ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

က်ေန္ာတို႔က ငယ္ရြယ္တဲ့ အသင္းတစ္သင္းျဖစ္ျပီး ဆင္ေျခေတြလည္း မေပးလိုပါဘူး။ ေကာင္ေလးေတြက ေဘာလံုးရာသီ အခ်ိဳ႔ကိုလည္း ကစားထားပါျပီ။ ဒီေတာ့ လာမယ့္ရာသီမွာ က်ေန္ာတို႔က ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ခိုက္ပါမယ္။ ပရီးမီးယားလိဂ္ဖလားကို က်ေန္ာတို႔ အႏုိင္ရမလားဆိုတာ မသိေပမယ့္ အဆံုးထိ တိုက္ခိုက္သြားမွာျဖစ္တယ္။

ဒါက က်ေနာ္ရဲ႕ ပုဂၢိဳလ္ေရး ပစ္မွတ္ပါပဲ။ က်န္တဲ့ အသင္းေဖာ္ေတြ အားလံုးလည္း ဒီလိုပဲ ျဖစ္ေနမယ္လို႔ ထင္ပါတယ္ ” ဆိုျပီး မာတစ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ ရခဲ့ျပီျဖစ္တဲ့ ယူႏုိက္တက္ဟာ ျပည္တြင္းပြဲေတြ ကစားရဖို႔ မရွိေတာ့ပါဘူး။ ဒါေပမယ့္ ယူရိုပါလိဂ္ကို ဆက္လက္ ယွဥ္ျပိဳင္ရဦးမွာျဖစ္ျပီး ကြာတားအဆင့္ကို တက္ေရာက္ဖုိ႔ အေျခအေနေကာင္းေနတာ ျဖစ္ပါတယ္။