ယူနိုက်တက် အကြီးအကဲဟောင်းကို လစ်လပ်နေတဲ့ အဆင့်မြင့်ရာထူးအတွက် လီဗာပူး ခန့်အပ်

UNICODE – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လီဗာပူးအသင်းဟာ ကလပ်ရဲ့ လစ်လပ်သွားတဲ့ စီးပွားရေးဆိုင်ရာ ဒါရိုက်တာ ရာထူးအတွက် ယူနိုက်တက် အကြီးအကဲဟောင်း မတ် စကမ်မယ်ကို ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်မှာ ယူနိုက်တက်ကို အရောင်း ဒါရိုက်တာအဖြစ် ဝင်ရောက်ခဲ့တဲ့ စကမ်မယ်ဟာ ၂၀၁၇ ခုနှစ်မှာတော့ ကမ္ဘာလုံးဆိုင်ရာ စပွန်ဆာ ရောင်းချရေး အကြီးအကဲဖြစ်လာခဲ့တယ်။ ၂၀၂၀ ဖေဖော်ဝါရီမှာတော့ သူဟာ ယူနိုက်တက်ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကလည်း စီအီးအို ပီတာမိုးနေရာမှာ စီးပွားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ဘီလီ ဟိုဂန်နဲ့ အစားထိုး ခဲ့ပါပြီ။ လစ်လပ်သွားတဲ့ ဟိုဂန်ရဲ့နေရာမှာ စကမ်မယ်နဲ့ တိုက်ရိုက် အစားထိုးမှာဖြစ်တယ်။ စကယ်မယ်ဟာ လီဗာပူးအသင်းမှာလည်း သူ ယူနိုက်တက်မှာ တာဝန်ယူခဲ့သလို ကမ္ဘာလုံးဆိုင်ရာ စပွန်ဆာကိစ္စတွေလို စီးပွားရေး ပိုင်းတွေကို တာဝန်ယူရမှာဖြစ်ပါတယ်။

မတ် စကမ်မယ်ကို တာဝန်ပေးအပြီးမှာ စီအီးအိုသစ် ဟိုဂန်က “ လီဗာပူးကနေ မတ်ကို ကြိုဆိုရတာအတွက် ဝမ်းမြောက်ပါတယ်။ အတိတ်က သူ့ရဲ့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေက ကျနေ်ာတိုပရဲ့ စီပွားရေးဆိုင်ရာ ပါတနာတွေနဲ့ လက်တွဲလုပ်ဆောင်မှုအပေါ်မှန်ကန်တဲ့ ဦးတည်ချက်တွေ ရအောင်လို့ မောင်းနှင်ပေးနိုင်မယ်ဆိုတာ သံသယ မရှိပါဘူး။ သူနဲ့ နီးနီးကပ်ကပ် အလုပ်လုပ်ရဖို့ မျှော်လင့်ထားပါတယ် ” လို့ ဆိုတယ်။

စကမ်မယ် ကိုယ်တိုင်ကလည်း “ ကွင်းတွင်း၊ ကွင်းပြင် အရေးကြီးဆုံး အချိန်မှာ လီဗာပူးအသင်းနဲ့ ပူးပေါင်းရတာအတွက် ကျနော် ဝမ်းမြောက်မိပါတယ်။ အားကစားနဲ့ နည်းပညာပိုင်တွေမှာ ကျနော်ရဲ့ အတွေ့အကြုံကို လီဗာပူးအသင်း ပိုမြင့်မားတဲ့ အနေအထား ရောက်ရှိဖို့အတွက် အသုံးချရမှာကို အာရုံစိုက်သွားပါမယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ လက္ရွိခ်န္ပီယံ လီဗာပူးအသင္းဟာ ကလပ္ရဲ႕ လစ္လပ္သြားတဲ့ စီးပြားေရးဆိုင္ရာ ဒါရိုက္တာ ရာထူးအတြက္ ယူႏုိက္တက္ အၾကီးအကဲေဟာင္း မတ္ စကမ္မယ္ကို ခန္႔အပ္လိုက္ျပီျဖစ္ပါတယ္။

၂၀၁၁ ခုႏွစ္မွာ ယူႏုိက္တက္ကို အေရာင္း ဒါရိုက္တာအျဖစ္ ဝင္ေရာက္ခဲ့တဲ့ စကမ္မယ္ဟာ ၂၀၁၇ ခုႏွစ္မွာေတာ့ ကမၻာလံုးဆိုင္ရာ စပြန္ဆာ ေရာင္းခ်ေရး အၾကီးအကဲျဖစ္လာခ့ဲတယ္။ ၂၀၂၀ ေဖေဖာ္ဝါရီမွာေတာ့ သူဟာ ယူႏုိက္တက္ကေန ထြက္ခြာခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းကလည္း စီအီးအို ပီတာမိုးေနရာမွာ စီးပြားေရးဆိုင္ရာ အၾကီးအကဲျဖစ္သူ ဘီလီ ဟိုဂန္နဲ႔ အစားထိုး ခဲ့ပါျပီ။ လစ္လပ္သြားတဲ့ ဟိုဂန္ရဲ႕ေနရာမွာ စကမ္မယ္နဲ႔ တိုက္ရိုက္ အစားထိုးမွာျဖစ္တယ္။ စကယ္မယ္ဟာ လီဗာပူးအသင္းမွာလည္း သူ ယူႏုိက္တက္မွာ တာဝန္ယူခဲ့သလို ကမၻာလံုးဆိုင္ရာ စပြန္ဆာကိစၥေတြလို စီးပြားေရး ပိုင္းေတြကို တာဝန္ယူရမွာျဖစ္ပါတယ္။

မတ္ စကမ္မယ္ကို တာဝန္ေပးအျပီးမွာ စီအီးအိုသစ္ ဟိုဂန္က “ လီဗာပူးကေန မတ္ကို ၾကိဳဆိုရတာအတြက္ ဝမ္းေျမာက္ပါတယ္။ အတိတ္က သူ႔ရဲ႕ အေတြ႔အၾကံဳနဲ႔ ကၽြမ္းက်င္မႈေတြက က်ေန္ာတိုပရဲ႕ စီပြားေရးဆုိင္ရာ ပါတနာေတြနဲ႔ လက္တြဲလုပ္ေဆာင္မႈအေပၚမွန္ကန္တဲ့ ဦးတည္ခ်က္ေတြ ရေအာင္လို႔ ေမာင္းႏွင္ေပးႏုိင္မယ္ဆိုတာ သံသယ မရွိပါဘူး။ သူနဲ႔ နီးနီးကပ္ကပ္ အလုပ္လုပ္ရဖို႔ ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုတယ္။

စကမ္မယ္ ကိုယ္တိုင္ကလည္း “ ကြင္းတြင္း၊ ကြင္းျပင္ အေရးၾကီးဆံုး အခ်ိန္မွာ လီဗာပူးအသင္းနဲ႔ ပူးေပါင္းရတာအတြက္ က်ေနာ္ ဝမ္းေျမာက္မိပါတယ္။ အားကစားနဲ႔ နည္းပညာပိုင္ေတြမွာ က်ေနာ္ရဲ႕ အေတြ႔အၾကံဳကို လီဗာပူးအသင္း ပိုျမင့္မားတဲ့ အေနအထား ေရာက္ရွိဖို႔အတြက္ အသံုးခ်ရမွာကို အာရံုစိုက္သြားပါမယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။