ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားတာ မအောင်မြင်ရင် ကိုးမန်းကို အငှားခေါ်မယ့် ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို ဒီနွေမှာ ခေါ်ယူရေး မအောင်မြင်ခဲ့ရင် ဘိုင်ယန်မြူးနစ် တောင်ပံသမား ကိုးမန်းကို အငှားခေါ်ယူဖို့ ကြိုးစားနိုင်ကြောင်း စကိုင်းစပေါ့က ဖော်ပြပါတယ်။

ယူနိုက်တက်က ပြင်သစ် တိုက်စစ်သမားကို ခေါ်ယူလိုကြောင်းနဲ့ မန်ချက်စတာအသင်း တာဝန်ရှိသူတွေက ၎င်းတို့ ကလပ်အသင်းဟာ တိုက်စစ်သမား တစ်ဦးထက် ပိုမိုပြီးလည်း ခေါ်ယူနိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားကြောင်း အဆိုပါ သတင်းမှာ ပါရှိထားခဲ့တာဖြစ်တယ်။

ကိုးမန်းနဲ့ ယူနိုက်တက်ကြား အပြောင်းအရွှေ့ကို စကိုင်းစပေါ့ကလည်း အတည်ပြုခဲ့ကာ ဒီနွေမှာ တောင်ပံတိုက်စစ်သမား ခေါ်ယူလိုနေတဲ့ မန်ချက်စတာကလပ်ဟာ ကိုးမန်းကို အငှားခေါ်ယူလိုနေတာ ဖြစ်တယ်။ ဒီ ခေါ်ယူမှုဟာ ဆန်ချိုကို မရခဲ့ရင် ဆိုတာအတွက် လျာထားတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

ဒေါ့မွန်မှာ စာချုပ် ၂ နှစ် ကျန်ရှိနေတဲ့ ဆန်ချိုဟာ ပရီးမီးယားလိဂ်ကို ပြန်လိုပေမယ့် ဂျာမနီကလပ်ဘက်က ပေါင် သန်း ၁၀၀ တောင်းခံထားတာဖြစ်တယ်။ လက်ရှိ အချိန်ထိ ဒေါ့မွန်တောင်းတဲ့ ပြောင်းရွှေ့ကြေးကို ပေးမယ့် ကလပ် မပေါ်လာသေးတာလည်း ဖြစ်ပါတယ်။

ဘိုင်ယန်က မန်စီးတီးမှ ဆာနေးကို ခေါ်ယူခဲ့တဲ့နောက် တောင်ပံတိုက်စစ်ပိုင်းမှာ ကစားသမားကောင်းတွေ များလာခဲ့ပါပြီ။ ဒါပေမယ့်လည်း ကိုးမန်းကို လက်လွတ်သွားဖို့ ဘိုင်ယန်ဘက်က ဆန္ဒမရှိသေးပါဘူး။ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ကိုးမန်းဟာ ဘွန်ဒက်လီဂါပွဲ ၂၄ ပွဲအတွင်း ကိုယ်တိုင် ၄ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထားသူဖြစ်တယ်။

၂၀၁၇ ခုနှစ်မှာ ဘိုင်ယန်နဲ့ ပူးပေါင်းခဲ့တဲ့ ကိုးမန်းဟာ ထိပ်တန်းကလပ် အများအပြားမှာ ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာ မှတ်တမ်းမကောင်းထားသူဖြစ်တယ်။ ယူနိုက်တက်ဟာ ကုန်ခဲ့တဲ့ ၁၃ လအတွင်း ဘစ်ဆာကာ၊ မက်ဂွဲရား၊ ဂျိမ်းနဲ့ ဘရူနိုတို့အတွက် ပေါင် သန်း ၂၀၀ အသုံးပြုထားတာကြောင့် ဒီနွေမှာ ခေါ်ယူမှုကြီးတွေကို ထိန်းသိမ်း လုပ်ဆောင်ဖွယ် ရှိပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳကို ဒီေႏြမွာ ေခၚယူေရး မေအာင္ျမင္ခဲ့ရင္ ဘိုင္ယန္ျမဴးနစ္ ေတာင္ပံသမား ကိုးမန္းကို အငွားေခၚယူဖို႔ ၾကိဳးစားႏုိင္ေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

ယူႏုိက္တက္က ျပင္သစ္ တုိက္စစ္သမားကို ေခၚယူလိုေၾကာင္းနဲ႔ မန္ခ်က္စတာအသင္း တာဝန္ရွိသူေတြက ၄င္းတို႔ ကလပ္အသင္းဟာ တိုက္စစ္သမား တစ္ဦးထက္ ပိုမိုျပီးလည္း ေခၚယူႏုိင္စြမ္းရွိတယ္လို႔ ယံုၾကည္ထားေၾကာင္း အဆိုပါ သတင္းမွာ ပါရွိထားခဲ့တာျဖစ္တယ္။

ကိုးမန္းနဲ႔ ယူႏုိက္တက္ၾကား အေျပာင္းအေရႊ႔ကို စကိုင္းစေပါ့ကလည္း အတည္ျပဳခဲ့ကာ ဒီေႏြမွာ ေတာင္ပံတိုက္စစ္သမား ေခၚယူလိုေနတဲ့ မန္ခ်က္စတာကလပ္ဟာ ကိုးမန္းကို အငွားေခၚယူလိုေနတာျဖစ္တယ္။ ဒီ ေခၚယူမႈဟာ ဆန္ခ်ိဳကို မရခဲ့ရင္ ဆိုတာအတြက္ လ်ာထားတဲ့ ကိစၥလည္း ျဖစ္ပါတယ္။

ေဒါ့မြန္မွာ စာခ်ဳပ္ ၂ ႏွစ္ က်န္ရွိေနတဲ့ ဆန္ခ်ိဳဟာ ပရီးမီးယားလိဂ္ကို ျပန္လိုေပမယ့္ ဂ်ာမနီကလပ္ဘက္က ေပါင္ သန္း ၁၀၀ ေတာင္းခံထားတာျဖစ္တယ္။ လက္ရွိ အခ်ိန္ထိ ေဒါ့မြန္ေတာင္းတဲ့ ေျပာင္းေရႊ႔ေၾကးကို ေပးမယ့္ ကလပ္ မေပၚလာေသးတာလည္း ျဖစ္ပါတယ္။

ဘိုင္ယန္က မန္စီးတီးမွ ဆာေနးကို ေခၚယူခဲ့တဲ့ေနာက္ ေတာင္ပံတိုက္စစ္ပိုင္းမွာ ကစားသမားေကာင္းေတြ မ်ားလာခဲ့ပါျပီ။ ဒါေပမယ့္လည္း ကိုးမန္းကို လက္လြတ္သြားဖို႔ ဘိုင္ယန္ဘက္က ဆႏၵမရွိေသးပါဘူး။ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ကိုးမန္းဟာ ဘြန္ဒက္လီဂါပြဲ ၂၄ ပြဲအတြင္း ကိုယ္တိုင္ ၄ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ လုပ္ထားသူျဖစ္တယ္။

၂၀၁၇ ခုႏွစ္မွာ ဘိုင္ယန္နဲ႔ ပူးေပါင္းခဲ့တဲ့ ကိုးမန္းဟာ ထိပ္တန္းကလပ္ အမ်ားအျပားမွာ ကစားခဲ့ေပမယ့္ ဒဏ္ရာျပႆနာ မွတ္တမ္းမေကာင္းထားသူျဖစ္တယ္။ ယူႏုိက္တက္ဟာ ကုန္ခဲ့တဲ့ ၁၃ လအတြင္း ဘစ္ဆာကာ၊ မက္ဂြဲရား၊ ဂ်ိမ္းနဲ႔ ဘရူႏိုတို႔အတြက္ ေပါင္ သန္း ၂၀၀ အသံုးျပဳထားတာေၾကာင့္ ဒီေႏြမွာ ေခၚယူမႈၾကီးေတြကို ထိန္းသိမ္း လုပ္ေဆာင္ဖြယ္ ရွိပါတယ္။