မန်စီးတီးနဲ့ ချန်ပီယံလိဂ်ပွဲအတွက် သတိပေးမှု ပြုလုပ်သွားတဲ့ ရီးရဲလ်မန်နေဂျာ ဇီဒန်း

UNICODE – ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်း ရံှူးထွက် ပထမအကျော့မှာတုန်းက လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ဟာ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးကို အိမ်ကွင်းမှာ ၁-၂ နဲ့ အရေးနိမ့်ထားခဲ့တာပါ။

နှစ်သင်းဟာ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေသေးပြီး ပုံမှန်အားဖြင့် မန်စီးတီးကွင်းမှာ ကစားရမှာ ဖြစ်သော်ညား ရီးရဲလ်မက်ဒရစ်ဘက်က နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ရင် ပိုမို အဆင်ပြေစေဖို့ ပေါ်တူဂီမှာပဲ ကစားခွင့်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ ပြန်စတင်လာကတည်းက ရီးရဲလ်မက်ဒရစ်ဟာ ထူးချွန် ခြေစွမ်းတွေ ဆက်တိုက် ပြသခဲ့ကာ လာလီဂါမှာ ဘာစီလိုနာကို ကျော်တက်ခဲ့ပြီး လိဂ်ချန်ပီယံ ဖြစ်လာခဲ့တယ်။ ဇီဒန်းကတော့ ချန်ပီယံလိဂ်မှာလည်း ရံှူးထွက်ပွဲတွေအတွင်း ရံှူးပွဲမရှိတဲ့ သူ့ရဲ့ မှတ်တမ်းကို ဆက်ထိန်းနိုင်ဖို့ကို အလိုရှိနေဆဲဖြစ်ပါတယ်။

ဇီဒန်းက ” ပွဲက ဘယ်လောက်ထိတောင် ခက်ခဲမလဲဆိုတာကို ကျနော်တို့ သိပါတယ်။ ပထမအကျော့ ပွဲကတောင် ခက်ခဲလွန်းနေခဲ့ပါပြီ။ ဒီတော့ ဒုတိယအကျော့ ယှဉ်ပြိုင်ကစားမယ့် ပွဲကလည်း တူညီစွာပဲ အရမ်းကို ခက်ခဲပါလိမ့်မယ်။ ခက်ခဲပေမယ့်လည်း ပွဲကို ကျနေ်ာတို့ရဲ့ အနိုင်ရလိုစိတ်က မပြောင်းလဲပါဘူး။

ကျနေ်ာတို့ဟာ ပွဲရဲ့ နောက်ဆုံး မိနစ်ထိ တိုက်ခိုက်ပါမယ်။ ပွဲရဲ့ နောက်ဆုံး စက္ကန့်ထိ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ အဲ့တာနဲ့ ပက်သက်ပြီး လုံးဝ သံသယ မရှိကြပါနဲ့။ အဆုံးမှာတော့ ဘာဖြစ်မလဲဆိုတာကို လူတိုင်း တွေ့ရပါမယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့အတွဲမှာ အနိုင်ရတဲ့ အသင်းဟာ နောက်တစ်ဆင့်မှာ လွယ်ကူဦးမှာ မဟုတ်ဘဲ ဂျူဗင်တပ်၊ ဘာစီလိုနာ၊ နာပိုလီတို့ထဲက တစ်သင်းနဲ့ ကွာတားအဆင့်မှာ တွေ့ဆုံရမယ်လို့ မဲခွဲရလဒ် ထွက်ပေါ်ထားတာဖြစ်ပါတယ်။

ZAWGYI – ခ်န္ပီယံလိဂ္ျပိဳင္ပြဲ ၁၆ သင္း ရံွဴးထြက္ ပထမအေက်ာ့မွာတုန္းက လာလီဂါကလပ္ ရီးရဲလ္မက္ဒရစ္ဟာ ပရီးမီးယားလိဂ္ကလပ္ မန္စီးတီးကို အိမ္ကြင္းမွာ ၁-၂ နဲ႔ အေရးနိမ့္ထားခဲ့တာပါ။

ႏွစ္သင္းဟာ ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ကစားရဖို႔ ရွိေနေသးျပီး ပံုမွန္အားျဖင့္ မန္စီးတီးကြင္းမွာ ကစားရမွာ ျဖစ္ေသာ္ညား ရီးရဲလ္မက္ဒရစ္ဘက္က ေနာက္တစ္ဆင့္ကို တက္ေရာက္ႏုိင္ခဲ့ရင္ ပိုမို အဆင္ေျပေစဖို႔ ေပၚတူဂီမွာပဲ ကစားခြင့္ကို ေတာင္းဆိုထားတာ ျဖစ္ပါတယ္။

ေဘာလံုးပြဲေတြ ျပန္စတင္လာကတည္းက ရီးရဲလ္မက္ဒရစ္ဟာ ထူးခၽြန္ ေျခစြမ္းေတြ ဆက္တိုက္ ျပသခဲ့ကာ လာလီဂါမွာ ဘာစီလိုနာကို ေက်ာ္တက္ခဲ့ျပီး လိဂ္ခ်န္ပီယံ ျဖစ္လာခဲ့တယ္။ ဇီဒန္းကေတာ့ ခ်န္ပီယံလိဂ္မွာလည္း ရံွဴးထြက္ပြဲေတြအတြင္း ရံွဴးပြဲမရွိတဲ့ သူ႔ရဲ႕ မွတ္တမ္းကို ဆက္ထိန္းႏုိင္ဖို႔ကို အလိုရွိေနဆဲျဖစ္ပါတယ္။

ဇီဒန္းက ” ပြဲက ဘယ္ေလာက္ထိေတာင္ ခက္ခဲမလဲဆိုတာကို က်ေနာ္တို႔ သိပါတယ္။ ပထမအေက်ာ့ ပြဲကေတာင္ ခက္ခဲလြန္းေနခဲ့ပါျပီ။ ဒီေတာ့ ဒုတိယအေက်ာ့ ယွဥ္ျပိဳင္ကစားမယ့္ ပြဲကလည္း တူညီစြာပဲ အရမ္းကို ခက္ခဲပါလိမ့္မယ္။ ခက္ခဲေပမယ့္လည္း ပြဲကို က်ေန္ာတို႔ရဲ႕ အႏုိင္ရလိုစိတ္က မေျပာင္းလဲပါဘူး။

က်ေန္ာတို႔ဟာ ပြဲရဲ႕ ေနာက္ဆံုး မိနစ္ထိ တိုက္ခိုက္ပါမယ္။ ပြဲရဲ႕ ေနာက္ဆံုး စကၠန္႔ထိ တိုက္ခိုက္သြားမွာ ျဖစ္ပါတယ္။ အဲ့တာနဲ႔ ပက္သက္ျပီး လံုးဝ သံသယ မရွိၾကပါနဲ႔။ အဆံုးမွာေတာ့ ဘာျဖစ္မလဲဆိုတာကို လူတိုင္း ေတြ႔ရပါမယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

မန္စီးတီးနဲ႔ ရီးရဲလ္မက္ဒရစ္တို႔အတြဲမွာ အႏုိင္ရတဲ့ အသင္းဟာ ေနာက္တစ္ဆင့္မွာ လြယ္ကူဦးမွာ မဟုတ္ဘဲ ဂ်ဴဗင္တပ္၊ ဘာစီလိုနာ၊ နာပိုလီတို႔ထဲက တစ္သင္းနဲ႔ ကြာတားအဆင့္မွာ ေတြ႔ဆံုရမယ္လို႔ မဲခြဲရလဒ္ ထြက္ေပၚထားတာျဖစ္ပါတယ္။