ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူဖို့ ဒီခြေစွမ်းနဲ့တော့ မရဘူးလို့ အသင်းသားတွေကို ဂွာဒီယိုလာ သတိပေး

UNICODE – မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာက ခြေစွမ်း မတည်ငြိမ်ဖြစ်နေတဲ့ အသင်းသားတွေကို ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို သွားလိုရင် ကျဆင်းနေတဲ့ ခြေစွမ်းတွေကို ပြင်ဆင်ဖို့ သတိပေးလိုက်ပါတယ်

လာမယ့်လမှာတော့ မန်စီးတီးဟာ ရီးရဲလ်မက်ဒရစ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲ ကစားရမှာဖြစ်တယ်။ ရီးရဲလ်မက်ဒရစ်က အကောင်းဆုံး ခြေစွမ်းတွေ ရနေပေမယ့် မန်စီးတီးက ခြေစွမ်းတွေ တည်ငြိမ်ခြင်း မရှိဘဲ အတက်အကျ များနေတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက ” အသင်းသားတွေကို ငါပြောစရာ မလိုဘူး။ သူတို့ သိကြတယ်၊ သူတို့ ခံစားမိကြတယ်။ ငါတို့အသင်းရဲ့ အဆင့်အတန်းက ဒီလိုအဆင့် ပြိုင်ဆိုင်မှုတွေအတွက် ရှိမနေဘူးဆိုတာကို ငါတို့ သိကြတယ်။ ငါတို့ သင်ယူနိုင်တာ ဖြစ်ရင်ဖြစ်မယ် မဟုတ်ရင်လည်း မဟုတ်ဘူး။ ကြည့်ရမှာပေါ့။

ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ပွဲမှာ ငါတို့ရဲ့ စွမ်းဆောင်ရည်က မကောင်းခဲ့ဘူး။ အာဆင်နယ်ပွဲမှာလည်း ပထမပိုင်း စွမ်းဆောင်ရည်က မကောင်းဘူး။ ငါတို့ရဲ့ ပုံမှန် အဆင့်အတန်းကို ရောက်ဖို့အတွက် ရုန်းကန်နေရတယ်။

မက်ဒရစ်ကို ရင်ဆိုင်ကစားဖို့အတွက် ငါတို့ရဲ့ ခြေစွမ်းတွေက တိုးတက်ဖို့လိုတယ်ဆိုတာကို သိဖို့အတွက် ဉာဏ်ကြီးရှင်တွေ ဖြစ်မှ သိနိုင်မယ်လို့ မထင်ပါဘူး။ နောက်တစ်ဆင့်ကို တက်လိုတယ်ဆိုရင် ပိုပြီး ကောင်းလာဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

အက်ဖ်အေဖလားမှာတော့ အာဆင်နယ်ဟာ မန်စီးတီးရဲ့ ဖိအားပေးမှုကို အကောင်းဆုံး ဖောက်ထွက်ပြခဲ့ပြီး ခံစစ်မှာ ဘောလုံးပေးကာ တိုက်စစ်ကို အသွင်ကူးပြောင်းပြခဲ့ပြီး အူဘာမီယန်ရဲ့ အလန်းစား သွင်းဂိုးရအောင် ကြိုးစားပြနိုင်ခဲ့တယ်။ မန်စီးတီးဘက်ကတော့ ဂိုးတွေရဖို့ နီးစပ်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းက သွင်းဂိုးမဖြစ်ခဲ့တာက ရလဒ် ပြတ်သားစေခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာက ေျခစြမ္း မတည္ျငိမ္ျဖစ္ေနတဲ့ အသင္းသားေတြကို ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို သြားလိုရင္ က်ဆင္းေနတဲ့ ေျခစြမ္းေတြကို ျပင္ဆင္ဖို႔ သတိေပးလိုက္ပါတယ္

လာမယ့္လမွာေတာ့ မန္စီးတီးဟာ ရီးရဲလ္မက္ဒရစ္နဲ႔ ခ်န္ပီယံလိဂ္ ဒုတိယအေက်ာ့ပြဲ ကစားရမွာျဖစ္တယ္။ ရီးရဲလ္မက္ဒရစ္က အေကာင္းဆံုး ေျခစြမ္းေတြ ရေနေပမယ့္ မန္စီးတီးက ေျခစြမ္းေတြ တည္ျငိမ္ျခင္း မရွိဘဲ အတက္အက် မ်ားေနတာ ျဖစ္ပါတယ္။

ဂြာဒီယိုလာက ” အသင္းသားေတြကို ငါေျပာစရာ မလိုဘူး။ သူတို႔ သိၾကတယ္၊ သူတို႔ ခံစားမိၾကတယ္။ ငါတို႔အသင္းရဲ႕ အဆင့္အတန္းက ဒီလိုအဆင့္ ျပိဳင္ဆိုင္မႈေတြအတြက္ ရွိမေနဘူးဆိုတာကို ငါတို႔ သိၾကတယ္။ ငါတို႔ သင္ယူႏုိင္တာ ျဖစ္ရင္ျဖစ္မယ္ မဟုတ္ရင္လည္း မဟုတ္ဘူး။ ၾကည့္ရမွာေပါ့။

ဘုန္းေမာက္ကို ရင္ဆုိင္ကစားတဲ့ပြဲမွာ ငါတို႔ရဲ႕ စြမ္းေဆာင္ရည္က မေကာင္းခဲ့ဘူး။ အာဆင္နယ္ပြဲမွာလည္း ပထမပိုင္း စြမ္းေဆာင္ရည္က မေကာင္းဘူး။ ငါတို႔ရဲ႕ ပံုမွန္ အဆင့္အတန္းကို ေရာက္ဖို႔အတြက္ ရုန္းကန္ေနရတယ္။

မက္ဒရစ္ကို ရင္ဆုိင္ကစားဖို႔အတြက္ ငါတို႔ရဲ႕ ေျခစြမ္းေတြက တိုးတက္ဖို႔လိုတယ္ဆိုတာကို သိဖို႔အတြက္ ဥာဏ္ၾကီးရွင္ေတြ ျဖစ္မွ သိႏုိင္မယ္လို႔ မထင္ပါဘူး။ ေနာက္တစ္ဆင့္ကို တက္လိုတယ္ဆိုရင္ ပိုျပီး ေကာင္းလာဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

အက္ဖ္ေအဖလားမွာေတာ့ အာဆင္နယ္ဟာ မန္စီးတီးရဲ႕ ဖိအားေပးမႈကို အေကာင္းဆံုး ေဖာက္ထြက္ျပခဲ့ျပီး ခံစစ္မွာ ေဘာလံုးေပးကာ တိုက္စစ္ကို အသြင္ကူးေျပာင္းျပခဲ့ျပီး အူဘာမီယန္ရဲ႕ အလန္းစား သြင္းဂိုးရေအာင္ ၾကိဳးစားျပႏုိင္ခဲ့တယ္။ မန္စီးတီးဘက္ကေတာ့ ဂိုးေတြရဖို႔ နီးစပ္ခဲ့ေပမယ့္ အဆံုးသတ္ပိုင္းက သြင္းဂိုးမျဖစ္ခဲ့တာက ရလဒ္ ျပတ္သားေစခဲ့တာ ျဖစ္ပါတယ္။