ကလော့ပ် မော်ရင်ညိုနဲ့ ဂွာဒီယိုလာတို့ အငြင်းပွားနေတဲ့ FFP ကိစ္စ ဝင်မပါလိုကြောင်း ဆိုးရှား ပြော

UNICODE – ယူနိုက်တက်မန်နေဂျာ ဆိုးရှားက မန်စီးတီးအသင်းကို ဥရောပ ပွဲပယ်ထားမှုကို ပြန်ဖြေပေးလိုက်တဲ့ ကိစ္စအပေါ် အခြားသော ထိပ်တန်းမန်နေဂျာတွေ အငြင်းပွားနေမှုမှာ ဝင်မပါလိုကြောင်း ထုတ်ပြောလိုက်ပါတယ်။

ဆိုးရှားကတော့ စည်းမျဥ်းတွေအတိုင်းပဲ ယူနိုက်တက်က ဆက်လက် အလုပ်လုပ်ဖို့ အာရုံစိုက်တယ်လို့ ပြောဆိုခဲ့ပြီး မန်ချက်စတာ ဒါဘီပြိုင်ဘက်နဲ့ ၎င်းတို့အပေါ် သက်ရောက်မှု ကြီးမားစေမယ့် ယူအီးအက်ဖ်အေ စည်းကမ်းနဲ့ ပက်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်တယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ကတော့ မန်စီးတီး ချန်ပီယံလိဂ် ဝင်ခွင့်ရတာ ဝမ်းသာကြောင်း ထုတ်ပြောခဲ့ပြီး စည်းမျဉ်းတွေအတိုင်း အလုပ်မလုပ်နိုင်တာကတော့ ဘောလုံးလောကအတွက် မကောင်းဘူးလို့ ဝေဖန်ခဲ့တယ်။ မော်ရင်ညိုကလည်း အားကစားခုံရုံးရဲ့ ဆုံးဖြတ်ချက်က လက်မခံစရာဖြစ်ပြီး အပြစ်မရှိရင် ဘာလို့ ဒဏ်ရိုက်နေသေးလဲလို့ ဝေဖန်ခဲ့တာဖြစ်တယ်။

မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကတော့ သူ့အသင်းဘက်က ကာကွယ် ပြောဆိုခဲ့ပြီး ဒါဟာ တရားရုံးတွေက အတည်ပြု ဆုံးဖြတ်ချက် ဖြစ်တာကြောင့် လက်ခံလိုက်ကြဖို့ တုန့်ပြန်ထားတာဖြစ်တယ်။

ဆိုးရှားက ပြောရာမှာ ” အခြားသူတွေက သူတို့ ဆန္ဒရှိတဲ့အတိုင်း ငြင်းခုန်နိုင်ပါတယ်။ အဲ့တာက ကျနော် အလုပ် မဟုတ်ပါဘူး။ ကျနော် အလုပ်က နောက်လာမယ့် ပွဲကို အာရုံစိုက်ဖို့ဖြစ်ပြီး မှန်ကန်တဲ့ ကိစ္စတွေကို လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဘဏ္ဍာရေး စည်းမျဉ်းတွေက ကလပ်တွေရဲ့ ဘဏ္ဍာရေး အခြေအနေကို ထိန်းထားဖို့ ဖြစ်ပြီး အဲ့တာက အရေးကြီးတယ်လို့ ထင်ပါတယ်။ သူတို့က ကျနေ်ာတို့ကိုလည်း ဒီစည်းကမ်း လိုက်နာရမယ်လို့ ပြောထားပြီး ကျနေ်ာတို့ကလည်း အာရုံစိုက်ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေကို မှန်လား၊ မှားလားဆိုတာကိုတော့ အခြားသူတွေကိုပဲ ဆွေးနွေးခွင့် ပေးလိုက်ပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္မန္ေနဂ်ာ ဆိုးရွားက မန္စီးတီးအသင္းကို ဥေရာပ ပြဲပယ္ထားမႈကို ျပန္ေျဖေပးလိုက္တဲ့ ကိစၥအေပၚ အျခားေသာ ထိပ္တန္းမန္ေနဂ်ာေတြ အျငင္းပြားေနမႈမွာ ဝင္မပါလိုေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

ဆိုးရွားကေတာ့ စည္းမ်ဥး္ေတြအတိုင္းပဲ ယူႏုိက္တက္က ဆက္လက္ အလုပ္လုပ္ဖို႔ အာရံုစိုက္တယ္လို႔ ေျပာဆိုခဲ့ျပီး မန္ခ်က္စတာ ဒါဘီျပိဳင္ဘက္နဲ႔ ၄င္းတို႔အေပၚ သက္ေရာက္မႈ ၾကီးမားေစမယ့္ ယူအီးအက္ဖ္ေအ စည္းကမ္းနဲ႔ ပက္သက္ျပီး မွတ္ခ်က္ေပးဖို႔ ျငင္းဆန္ခဲ့တာျဖစ္တယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကေတာ့ မန္စီးတီး ခ်န္ပီယံလိဂ္ ဝင္ခြင့္ရတာ ဝမ္းသာေၾကာင္း ထုတ္ေျပာခဲ့ျပီး စည္းမ်ဥ္းေတြအတိုင္း အလုပ္မလုပ္ႏုိင္တာကေတာ့ ေဘာလံုးေလာကအတြက္ မေကာင္းဘူးလို႔ ေဝဖန္ခဲ့တယ္။ ေမာ္ရင္ညိဳကလည္း အားကစားခံုရံုးရဲ႕ ဆံုးျဖတ္ခ်က္က လက္မခံစရာျဖစ္ျပီး အျပစ္မရွိရင္ ဘာလို႔ ဒဏ္ရိုက္ေနေသးလဲလို႔ ေဝဖန္ခဲ့တာျဖစ္တယ္။

မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကေတာ့ သူ႔အသင္းဘက္က ကာကြယ္ ေျပာဆိုခဲ့ျပီး ဒါဟာ တရားရံုးေတြက အတည္ျပဳ ဆံုးျဖတ္ခ်က္ ျဖစ္တာေၾကာင့္ လက္ခံလိုက္ၾကဖို႔ တုန္႔ျပန္ထားတာျဖစ္တယ္။

ဆိုးရွားက ေျပာရာမွာ ” အျခားသူေတြက သူတို႔ ဆႏၵရွိတဲ့အတိုင္း ျငင္းခုန္ႏုိင္ပါတယ္။ အဲ့တာက က်ေနာ္ အလုပ္ မဟုတ္ပါဘူး။ က်ေနာ္ အလုပ္က ေနာက္လာမယ့္ ပြဲကို အာရံုစိုက္ဖို႔ျဖစ္ျပီး မွန္ကန္တဲ့ ကိစၥေတြကို လုပ္ေဆာင္ဖို႔ ျဖစ္ပါတယ္။

ဘ႑ာေရး စည္းမ်ဥ္းေတြက ကလပ္ေတြရဲ႕ ဘ႑ာေရး အေျခအေနကို ထိန္းထားဖို႔ ျဖစ္ျပီး အဲ့တာက အေရးၾကီးတယ္လို႔ ထင္ပါတယ္။ သူတို႔က က်ေန္ာတို႔ကိုလည္း ဒီစည္းကမ္း လိုက္နာရမယ္လို႔ ေျပာထားျပီး က်ေန္ာတို႔ကလည္း အာရံုစိုက္ပါတယ္။ ျဖစ္ပ်က္ခဲ့တာေတြကို မွန္လား၊ မွားလားဆိုတာကိုေတာ့ အျခားသူေတြကိုပဲ ေဆြးေႏြးခြင့္ ေပးလိုက္ပါ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။