မန်နေဂျာဆိုးရှားအတွက် လူဟောင်းအသင်းသားတွေကို မြေလှန် ရှင်းထုတ်တော့မယ့် ယူနိုက်တက်

UNICODE – ယူနိုက်တက်ဟာ မန်နေဂျာဆိုးရှားအတွက် နွေဈေးကွက်မှာ အသုံးစရိတ်တွေ ပံ့ပိုးပေးနိုင်ဖို့ ကလပ်ရဲ့ ကစားသမား ၆ ဦးလောက်ထိကို ရောင်းထုတ်မှာဖြစ်ကာ ကမ်းလှမ်းမှုတွေကို နားထောင်ပေးမယ်လို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ယူနိုက်တက်ဘက်က အရောင်းစာရင်းတင်မယ့် ကစားသမားတွေထဲမှာ ယခင် မန်နေဂျာဟောင်းတွေဖြစ်တဲ့ ဗန်ဟား၊ မော်ရင်ညို လက်ထက်တွေမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေ ပါဝင်လာခဲ့တယ်။ ဆန်းချက်စ်၊ စမောလင်း၊ ရိုဂျို၊ ဖီးဂျုံး၊ လင်ဂတ်၊ ဒါလော့တို့အတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုတွေ ရမယ်ဆိုရင် အိုထရတ်ဖိုဒ့် ပြန်လည် တည်ဆောက်ရေး ကိစ္စတေါအတွက် ရောင်းထုတ်သွားမှာဖြစ်တယ်။

ဆိုးရှားက တောင်ပံတိုက်စစ်၊ ဗဟိုခံစစ် နေရာတွေအတွက် အင်အားဖြည့်ပေးဖို့ ကလပ်ကို တောင်းဆိုထားတယ်။ ဒါပေမယ့်လို့ ကိုရိုနာ ကပ်ဘေး အပြင် လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပါက စပွန်ဆာကြေး ပေါင် ၂၅ သန်း ဖြတ်တောက်ခံရမယ့် ကိစ္စတွေကြောင့် ယူနိုက်တက်ဟာ ဘဏ္ဍာရေးနဲ့ ပက်သက်လို့ ကြိုတင် စီစဉ်မှုတွေ လုပ်လာခဲ့တာဖြစ်တယ်။

မန်နေဂျာဆိုးရှား လက်ထက် ခေါ်ယူထားတဲ့ မက်ဂွဲရား၊ ဘစ်ဆာကာ၊ ဂျိမ်း နဲ့ ဖာနန်ဒက်စ်တို့ဟာ မှန်ကန်တဲ့ ခေါ်ယူမှုတွေ ဖြစ်ခဲ့တယ်။ ဒါကြောင့်လည်း ယူနိုက်တက် တာဝန်ရှိသူတွေက မန်နေဂျာဆိုးရှားကို ယုံကြည်မှုပေးပြီး ခေါ်ယူမှုတွေအတွက် အသုံးစရိတ်တွေ ရှာပေးမှာ ဖြစ်ပါတယ်။

ယူနိုက်တက် ရှင်းထုတ်မယ့် ကစားသမားတွေထဲမှာ ဆန်းချက်စ်ဟာ လုပ်ခ အမြင့်ဆုံးဖြစ်ပြီး ဆုကြေးအပါအဝင် တစ်ပတ်ကို ပေါင် ၄ သိန်းလောက် ကုန်ကျနေခဲ့ခြင်း ဖြစ်သလို အခုလို အငှားချထားစဉ်မှာတောင် အင်တာမီလန်ကို ကစားသမားရဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၇၅၀၀၀ ကို ကူညီပေးနေရဆဲဖြစ်တယ်။

အသက် ၃၀ အရွယ် စမောလင်းနဲ့ ၂၇ နှစ်အရွယ် လင်ဂတ်တို့က နွေမှာ ထွက်ခွာနိုင်ချေ အများဆုံး ကစားသမားဖြစ်သလို သူတို့ နှစ်ဦးကနေ ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းကျော် ရဖို့ ယူနိုက်တက်က ပစ်မှတ်ထားထားပါတယ်။ ရိုဂျို (၃၀ နှစ်)၊ ဖီးဂျုံး (၂၈ နှစ်) တို့ကလည်း ယူနိုက်တက်ရဲ့ ပွဲနေ့ အစီအစဉ်တွေမှာ ပါဝင်မှု နည်းပါလာကြတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ မန္ေနဂ်ာဆိုးရွားအတြက္ ေႏြေစ်းကြက္မွာ အသံုးစရိတ္ေတြ ပံ့ပိုးေပးႏုိင္ဖို႔ ကလပ္ရဲ႕ ကစားသမား ၆ ဦးေလာက္ထိကို ေရာင္းထုတ္မွာျဖစ္ကာ ကမ္းလွမ္းမႈေတြကို နားေထာင္ေပးမယ္လို႔ တယ္လီဂရပ္က ေဖာ္ျပပါတယ္။

ယူႏုိက္တက္ဘက္က အေရာင္းစာရင္းတင္မယ့္ ကစားသမားေတြထဲမွာ ယခင္ မန္ေနဂ်ာေဟာင္းေတြျဖစ္တဲ့ ဗန္ဟား၊ ေမာ္ရင္ညိဳ လက္ထက္ေတြမွာ ေခၚယူခဲ့တဲ့ ကစားသမားေတြ ပါဝင္လာခဲ့တယ္။ ဆန္းခ်က္စ္၊ စေမာလင္း၊ ရိုဂ်ိဳ၊ ဖီးဂ်ံဳး၊ လင္ဂတ္၊ ဒါေလာ့တို႔အတြက္ မွန္ကန္တဲ့ ကမ္းလွမ္းမႈေတြ ရမယ္ဆိုရင္ အိုထရတ္ဖိုဒ့္ ျပန္လည္ တည္ေဆာက္ေရး ကိစၥေတါအတြက္ ေရာင္းထုတ္သြားမွာျဖစ္တယ္။

ဆိုးရွားက ေတာင္ပံတိုက္စစ္၊ ဗဟိုခံစစ္ ေနရာေတြအတြက္ အင္အားျဖည့္ေပးဖို႔ ကလပ္ကို ေတာင္းဆိုထားတယ္။ ဒါေပမယ့္လို႔ ကိုရိုနာ ကပ္ေဘး အျပင္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့ပါက စပြန္ဆာေၾကး ေပါင္ ၂၅ သန္း ျဖတ္ေတာက္ခံရမယ့္ ကိစၥေတြေၾကာင့္ ယူႏုိက္တက္ဟာ ဘ႑ာေရးနဲ႔ ပက္သက္လို႔ ၾကိဳတင္ စီစဥ္မႈေတြ လုပ္လာခဲ့တာျဖစ္တယ္။

မန္ေနဂ်ာဆိုးရွား လက္ထက္ ေခၚယူထားတဲ့ မက္ဂြဲရား၊ ဘစ္ဆာကာ၊ ဂ်ိမ္း နဲ႔ ဖာနန္ဒက္စ္တို႔ဟာ မွန္ကန္တဲ့ ေခၚယူမႈေတြ ျဖစ္ခဲ့တယ္။ ဒါေၾကာင့္လည္း ယူႏုိက္တက္ တာဝန္ရွိသူေတြက မန္ေနဂ်ာဆိုးရွားကို ယံုၾကည္မႈေပးျပီး ေခၚယူမႈေတြအတြက္ အသံုးစရိတ္ေတြ ရွာေပးမွာ ျဖစ္ပါတယ္။

ယူႏုိက္တက္ ရွင္းထုတ္မယ့္ ကစားသမားေတြထဲမွာ ဆန္းခ်က္စ္ဟာ လုပ္ခ အျမင့္ဆံုးျဖစ္ျပီး ဆုေၾကးအပါအဝင္ တစ္ပတ္ကို ေပါင္ ၄ သိန္းေလာက္ ကုန္က်ေနခဲ့ျခင္း ျဖစ္သလို အခုလို အငွားခ်ထားစဥ္မွာေတာင္ အင္တာမီလန္ကို ကစားသမားရဲ႕ တစ္ပတ္လုပ္ခ ေပါင္ ၁၇၅၀၀၀ ကို ကူညီေပးေနရဆဲျဖစ္တယ္။

အသက္ ၃၀ အရြယ္ စေမာလင္းနဲ႔ ၂၇ ႏွစ္အရြယ္ လင္ဂတ္တို႔က ေႏြမွာ ထြက္ခြာႏုိင္ေခ် အမ်ားဆံုး ကစားသမားျဖစ္သလို သူတို႔ ႏွစ္ဦးကေန ေျပာင္းေရႊ႔ေၾကး ေပါင္ ၃၅ သန္းေက်ာ္ ရဖို႔ ယူႏုိက္တက္က ပစ္မွတ္ထားထားပါတယ္။ ရိုဂ်ိဳ (၃၀ ႏွစ္)၊ ဖီးဂ်ံဳး (၂၈ ႏွစ္) တို႔ကလည္း ယူႏုိက္တက္ရဲ႕ ပြဲေန႔ အစီအစဥ္ေတြမွာ ပါဝင္မႈ နည္းပါလာၾကတဲ့ ကစားသမားေတြ ျဖစ္ပါတယ္။