လမ်းပတ်ရဲ့ ချယ်ဆီး ပိုင်ဆိုင်နေတဲ့ အကြီးမားဆုံး အားနည်းချက်ကို ဟက်ဆက်ဘိန့် ထောက်ပြ

UNICODE – ချယ်ဆီး ကစားသမားဟောင်းကြီး ဟက်ဆက်ဘိန့်က လက်ရှိ လမ်းပတ်လက်အောက်မှာ အကောင်းဆုံး လုပ်ပြနေတဲ့ အသင်းကို ချီးကျူးပေမယ့် အဓိက အားနည်းချက်ကို ထောက်ပြသွားခဲ့ပါတယ်။

သူကပဲ လက်ရှိ ချယ်ဆီးအသင်း ခံစစ်ရဲ့ ပေးဂိုး ၄၉ ဂိုးကို ထောက်ပြခဲ့ပြီး ထိပ်ဆုံး ၁၀ သင်းထဲမှာ အညံ့ဆုံးဖြစ်နေတဲ့ ဒီမှတ်တမ်းကို မပြင်နိုင်ဘဲ ဘယ်လိုမှ စိန်ခေါ်သူ ဖြစ်မလာနိုင်ဘူးလို့ သတိပေးစကား ပြောဆိုခဲ့တယ်။

ဟက်ဆက်ဘိန့် ‘ ဖရန့်ရဲ့ အသင်းကို ကြည့်မယ်ဆိုရင် သူက ကောင်းကောင်းလုပ်ပြထားပါတယ်။ သူတို့ကို သေသေချာချာလေး သုံးသပ်ကြည့်မယ်ဆိုရင် ထိပ်ဆုံး လေးသင်းထဲ ကောင်းကောင်းဝင်နိုင်ပါတယ်။ ဒါပေမယ့် သူတို့က ပေးဂိုး ၄၉ ဂိုးတောင် ရှိထားပြီး အဲ့တာက သိပ်များလွန်းပါတယ်။

လူကောင်းကြီးတွေနဲ့ ခံစစ်ပိုင်း မှတ်တမ်းတွေကို ပိုကောင်းလိုတယ်ဆိုရင် လက်မှတ်ထိုးပြီး ကစားသမားသစ် ခေါ်ယူတာကပဲ ပိုကောင်းပါမယ်။ ခံစစ်နဲ့ ပက်သက်ပြီး လမ်းပတ်ကို သွားမေးရင် သူကလည်း အရမ်းစိတ်ပျက်တယ်လို့ ဖြေမှာပါပဲ။ သူတို့ လွယ်လွယ်ကူကူ ကာကွယ်နိုင်တဲ့ ကိစ္စတွေမှာတောင် ဂိုးတွေ ပေးထားရတယ်။

အဆင့်လေးဝင်လိုရင် ကိုယ်ကာကွယ်နိုင်သင့်တဲ့ ကိစ္စတွေကနေ ဂိုးမပေးရအောင် ကာကွယ်နိုင်ရမယ်၊ လိဂ်ကို အနိုင်ရလိုရင် ဒီဂိုးတွေအတွက် ဘယ်လို ဖြေရှင်းရမလဲဆိုတာကို နားလည်ထားရမယ် ‘ လို့ ပြောဆိုခဲ့တာဖြစ်တယ်။

လမ်းပတ်က ချယ်ဆီးအတွက် ရည်ရွယ်ချက်ကောင်းတွေနဲ့အတူ ကစားသမားကောင်းတွေ ခေါ်ယူနေတာဖြစ်ပြီး ဝါနာနဲ့ ဇီယက်တို့ကို ခေါ်ယူထားခဲ့ပါပြီ။

ဟက်ဆက်ဘိန့်ကပဲ ‘ သူတို့ လူစာရင်းက တိုးတက်လာပါလိမ့်မယ်။ မနှစ်တုန်းက လူသစ်ခေါ်လို့ မရတာကြောင့် လူငယ်တွေကို ခေါ်ယူခဲ့ရတယ် ဒါပေမယ့် အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ပဲ လူငယ်တွေကို ပိုတိုးတက်လာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ သူတို့မှာ ရှိရင်းစွဲ ကစားသမားတွေထက် ပိုကောင်းသူတွေနဲ့ပါ ’ လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ZAWGYI – ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး ဟက္ဆက္ဘိန္႔က လက္ရွိ လမ္းပတ္လက္ေအာက္မွာ အေကာင္းဆံုး လုပ္ျပေနတဲ့ အသင္းကို ခ်ီးက်ဴးေပမယ့္ အဓိက အားနည္းခ်က္ကို ေထာက္ျပသြားခဲ့ပါတယ္။

သူကပဲ လက္ရွိ ခ်ယ္ဆီးအသင္း ခံစစ္ရဲ႕ ေပးဂိုး ၄၉ ဂိုးကို ေထာက္ျပခဲ့ျပီး ထိပ္ဆံုး ၁၀ သင္းထဲမွာ အညံ့ဆံုးျဖစ္ေနတဲ့ ဒီမွတ္တမ္းကို မျပင္ႏုိင္ဘဲ ဘယ္လိုမွ စိန္ေခၚသူ ျဖစ္မလာႏုိင္ဘူးလို႔ သတိေပးစကား ေျပာဆိုခဲ့တယ္။

ဟက္ဆက္ဘိန္႔ ‘ ဖရန္႔ရဲ႕ အသင္းကို ၾကည့္မယ္ဆိုရင္ သူက ေကာင္းေကာင္းလုပ္ျပထားပါတယ္။ သူတို႔ကို ေသေသခ်ာခ်ာေလး သံုးသပ္ၾကည့္မယ္ဆိုရင္ ထိပ္ဆံုး ေလးသင္းထဲ ေကာင္းေကာင္းဝင္ႏုိင္ပါတယ္။ ဒါေပမယ့္ သူတို႔က ေပးဂိုး ၄၉ ဂိုးေတာင္ ရွိထားျပီး အဲ့တာက သိပ္မ်ားလြန္းပါတယ္။

လူေကာင္းၾကီးေတြနဲ႔ ခံစစ္ပိုင္း မွတ္တမ္းေတြကို ပိုေကာင္းလိုတယ္ဆိုရင္ လက္မွတ္ထိုးျပီး ကစားသမားသစ္ ေခၚယူတာကပဲ ပိုေကာင္းပါမယ္။ ခံစစ္နဲ႔ ပက္သက္ျပီး လမ္းပတ္ကို သြားေမးရင္ သူကလည္း အရမ္းစိတ္ပ်က္တယ္လို႔ ေျဖမွာပါပဲ။ သူတို႔ လြယ္လြယ္ကူကူ ကာကြယ္ႏုိင္တဲ့ ကိစၥေတြမွာေတာင္ ဂိုးေတြ ေပးထားရတယ္။

အဆင့္ေလးဝင္လိုရင္ ကိုယ္ကာကြယ္ႏုိင္သင့္တဲ့ ကိစၥေတြကေန ဂိုးမေပးရေအာင္ ကာကြယ္ႏုိင္ရမယ္၊ လိဂ္ကို အႏုိင္ရလိုရင္ ဒီဂိုးေတြအတြက္ ဘယ္လို ေျဖရွင္းရမလဲဆိုတာကို နားလည္ထားရမယ္ ‘ လို႔ ေျပာဆိုခဲ့တာျဖစ္တယ္။

လမ္းပတ္က ခ်ယ္ဆီးအတြက္ ရည္ရြယ္ခ်က္ေကာင္းေတြနဲ႔အတူ ကစားသမားေကာင္းေတြ ေခၚယူေနတာျဖစ္ျပီး ဝါနာနဲ႔ ဇီယက္တို႔ကို ေခၚယူထားခဲ့ပါျပီ။

ဟက္ဆက္ဘိန္႔ကပဲ ‘ သူတို႔ လူစာရင္းက တိုးတက္လာပါလိမ့္မယ္။ မႏွစ္တုန္းက လူသစ္ေခၚလို႔ မရတာေၾကာင့္ လူငယ္ေတြကို ေခၚယူခဲ့ရတယ္ ဒါေပမယ့္ အရမ္းေကာင္းတဲ့ ကစားသမားေတြနဲ႔ပဲ လူငယ္ေတြကို ပိုတိုးတက္လာေအာင္ လုပ္ေဆာင္ေပးလို႔ ရပါတယ္။ သူတို႔မွာ ရွိရင္းစြဲ ကစားသမားေတြထက္ ပိုေကာင္းသူေတြနဲ႔ပါ ’ လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။